နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားသမ္မတပူတင်တို့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် တွေ့ဆုံမည်

1632

မျိုးကြီး (NP News) - စက်တင်ဘာ ၅
ရုရှား၌ ကျင်းပမည့် စီးပွားရေးဖိုရမ်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သမ္မတပူတင်တို့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်(The 7th Eastern Economic Forum-2022) သို့ တက်ရောက်ရန်အတွက် နစကအကြီးအကဲသည် စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းက နေပြည်တော်မှတစ်ဆင့် ရုရှားနိုင်ငံသို့ ထွက်ခွာခဲ့သည်။
လက်ရှိတွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ ရောက်ရှိနေပြီး ၎င်းခရီးစဉ်အတွင်း ရုရှားအစိုးရ အဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားရန်ရှိသကဲ့သို့ တက္ကသိုလ်များ၊ စက်ရုံ၊ အလုပ်ရုံများသို့လည်း သွားရောက်လေ့လာရန်ရှိကြောင်း နစကဘက်က သတင်းထုတ်ပြန်ထားသည်။
အဆိုပါစီးပွားရေးဖိုရမ်ကို ရုရှားနိုင်ငံ၊ ဗလာဒီဘော့စတော့မြို့၌ စက်တင်ဘာလ ၅ ရက်မှစတင်ကာ ၈ ရက်အထိ ကျင်းပမည်ဖြစ်သည်။
စီးပွားရေးဖိုရမ်ကာလ စက်တင်ဘာလ ၇ ရက်တွင် ရုရှားသမ္မတပူတင်နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သည် နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များအတွက် ဆွေး နွေးမည်ဖြစ်ကြောင်း ကရင်မလင်နန်းတော်က အသိပေးထုတ်ပြန်ထားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှစ၍ နိုင်ငံတော်အာဏာရယူပြီးနောက်ပိုင်းတွင် ရုရှားနိုင်ငံသို့ ယခုခရီးစဉ်အပါအဝင် (၃)ကြိမ်ထက်မနည်းရှိခဲ့သည်ကို တွေ့ရသည်။
ထို့ပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားသမ္မတပူတင်တို့ နှစ်နိုင်ငံတွေ့ဆုံဆွေး နွေးရေးအစီအစဉ်မှာလည်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်တွေ့ဆုံမှု ဖြစ်လာမည်ဖြစ်သည်။
လက်ရှိတွင် နစကသည် ပြည်တွင်း၌ စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုကို ထိန်းချုပ်နိုင်ရေးအတွက် ရုရှားနိုင်ငံမှ သက်သာသော ဈေးနှုန်းဖြင့် စက်သုံးဆီတင်သွင်းလျက်ရှိပြီး ကုန် ဈေးနှုန်းကြီးမြင့်နေမှုများကို ဖြေရှင်းရန် ကြိုးပမ်းနေသည်ဟု နစကဘက်က ဆိုထား သည်။
ပြီးခဲ့သော ၂ဝ၁၉ ခုနှစ် ဧပြီလအတွင်းက တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့၌ ကျင်းပသော ဖိုရမ်တစ်ခုတွင် ရုရှားသမ္မတပူတင်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့သည် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှုရှိခဲ့သည်။
ထို့ပြင် ပြီးခဲ့သော ၂ဝ၁၆ ခုနှစ်အတွင်းကလည်း ရုရှား-အာဆီယံအစည်းအဝေးတစ်ရပ်၌ သမ္မတဟောင်း ဦးထင်ကျော်နှင့် ရုရှားသမ္မတပူတင်တို့ နှစ်နိုင်ငံအကြား တွေ့ဆုံဆွေး နွေးခဲ့သော သမိုင်းရှိခဲ့သည်ကို တွေ့ရသည်။
ရုရှား-မြန်မာ စစ်ဘက်ဆက်ဆံရေးသည် ယခင်ကတည်းက ကောင်းမွန်မှုရှိခဲ့ပြီး လက်ရှိအချိန်တွင်လည်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် ထိတွေ့ဆက်ဆံမှုများကို ယခင်ကထက် တိုးမြှင့်လုပ်ဆောင်နေသည်ကို တွေ့ရှိရသည်။
မြန်မာနိုင်ငံသို့ သြဂုတ်လဆန်းပိုင်းက ရုရှားနိုင်ငံနိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂေးလာရော့ လာရောက်သော ခရီးစဉ်ရှိခဲ့ပြီး ၎င်းခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်တိုးမြှင့်ရေးအခြေအနေများကို ဆွေးနွေးခဲ့သည်။
အလားတူ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့၏ မြန်မာနိုင်ငံခရီးအပြီး ယခုသြဂုတ်လကုန်ပိုင်းတွင် ဒုတိယတပ် မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ရုရှားနိုင်ငံသို့ ထပ်မံသွားရောက်သည့် ခရီးစဉ်ဖြစ်ပေါ်လာခဲ့သည်ကို တွေ့ရှိရသည်။

zawgyi version
နစကအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ ႐ုရွားသမၼတပူတင္တို႔ သမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ ေတြ႕ဆုံမည္
မ်ိဳးႀကီး (NP News) - စက္တင္ဘာ ၅
႐ုရွား၌ က်င္းပမည့္ စီးပြားေရးဖိုရမ္အတြင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ သမၼတပူတင္တို႔ သမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ ေတြ႕ဆုံသြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။
(၇)ႀကိမ္ေျမာက္ အေရွ႕ဖ်ားစီးပြားေရးဖိုရမ္(The 7th Eastern Economic Forum-2022) သို႔ တက္ေရာက္ရန္အတြက္ နစကအႀကီးအကဲသည္ စက္တင္ဘာလ ၄ ရက္ နံနက္ပိုင္းက ေနျပည္ေတာ္မွတစ္ဆင့္ ႐ုရွားႏိုင္ငံသို႔ ထြက္ခြာခဲ့သည္။
လက္ရွိတြင္ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ ႐ုရွားႏိုင္ငံသို႔ ေရာက္ရွိေနၿပီး ၎ခရီးစဥ္အတြင္း ႐ုရွားအစိုးရ အဖြဲ႕တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးသြားရန္ရွိသကဲ့သို႔ တကၠသိုလ္မ်ား၊ စက္႐ုံ၊ အလုပ္႐ုံမ်ားသို႔လည္း သြားေရာက္ေလ့လာရန္ရွိေၾကာင္း နစကဘက္က သတင္းထုတ္ျပန္ထားသည္။
အဆိုပါစီးပြားေရးဖိုရမ္ကို ႐ုရွားႏိုင္ငံ၊ ဗလာဒီေဘာ့စေတာ့ၿမိဳ႕၌ စက္တင္ဘာလ ၅ ရက္မွစတင္ကာ ၈ ရက္အထိ က်င္းပမည္ျဖစ္သည္။
စီးပြားေရးဖိုရမ္ကာလ စက္တင္ဘာလ ၇ ရက္တြင္ ႐ုရွားသမၼတပူတင္ႏွင့္ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္တို႔သည္ ႏွစ္ႏိုင္ငံအက်ိဳးတူကိစၥရပ္မ်ားအတြက္ ေဆြး ေႏြးမည္ျဖစ္ေၾကာင္း ကရင္မလင္နန္းေတာ္က အသိေပးထုတ္ျပန္ထားသည္။
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္မွစ၍ ႏိုင္ငံေတာ္အာဏာရယူၿပီးေနာက္ပိုင္းတြင္ ႐ုရွားႏိုင္ငံသို႔ ယခုခရီးစဥ္အပါအဝင္ (၃)ႀကိမ္ထက္မနည္းရွိခဲ့သည္ကို ေတြ႕ရသည္။
ထို႔ျပင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ ႐ုရွားသမၼတပူတင္တို႔ ႏွစ္ႏိုင္ငံေတြ႕ဆုံေဆြး ေႏြးေရးအစီအစဥ္မွာလည္း သမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ေတြ႕ဆုံမႈ ျဖစ္လာမည္ျဖစ္သည္။
လက္ရွိတြင္ နစကသည္ ျပည္တြင္း၌ စက္သုံးဆီေဈးႏႈန္းႀကီးျမင့္မႈကို ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ ႐ုရွားႏိုင္ငံမွ သက္သာေသာ ေဈးႏႈန္းျဖင့္ စက္သုံးဆီတင္သြင္းလ်က္ရွိၿပီး ကုန္ ေဈးႏႈန္းႀကီးျမင့္ေနမႈမ်ားကို ေျဖရွင္းရန္ ႀကိဳးပမ္းေနသည္ဟု နစကဘက္က ဆိုထား သည္။
ၿပီးခဲ့ေသာ ၂ဝ၁၉ ခုႏွစ္ ဧၿပီလအတြင္းက တ႐ုတ္ႏိုင္ငံ၊ ေဘဂ်င္းၿမိဳ႕၌ က်င္းပေသာ ဖိုရမ္တစ္ခုတြင္ ႐ုရွားသမၼတပူတင္ႏွင့္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိလ္ေဟာင္း ေဒၚေအာင္ဆန္းစုၾကည္တို႔သည္ ပထမဆုံးအႀကိမ္ ေတြ႕ဆုံေဆြးေႏြးမႈရွိခဲ့သည္။
ထို႔ျပင္ ၿပီးခဲ့ေသာ ၂ဝ၁၆ ခုႏွစ္အတြင္းကလည္း ႐ုရွား-အာဆီယံအစည္းအေဝးတစ္ရပ္၌ သမၼတေဟာင္း ဦးထင္ေက်ာ္ႏွင့္ ႐ုရွားသမၼတပူတင္တို႔ ႏွစ္ႏိုင္ငံအၾကား ေတြ႕ဆုံေဆြး ေႏြးခဲ့ေသာ သမိုင္းရွိခဲ့သည္ကို ေတြ႕ရသည္။
႐ုရွား-ျမန္မာ စစ္ဘက္ဆက္ဆံေရးသည္ ယခင္ကတည္းက ေကာင္းမြန္မႈရွိခဲ့ၿပီး လက္ရွိအခ်ိန္တြင္လည္း ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္မႈႏွင့္ ထိေတြ႕ဆက္ဆံမႈမ်ားကို ယခင္ကထက္ တိုးျမႇင့္လုပ္ေဆာင္ေနသည္ကို ေတြ႕ရွိရသည္။
ျမန္မာႏိုင္ငံသို႔ ၾသဂုတ္လဆန္းပိုင္းက ႐ုရွားႏိုင္ငံႏိုင္ငံျခားေရးဝန္ႀကီး မစၥတာဆာေဂးလာေရာ့ လာေရာက္ေသာ ခရီးစဥ္ရွိခဲ့ၿပီး ၎ခရီးစဥ္အတြင္း ႏွစ္ႏိုင္ငံအၾကား ပူးေပါင္းေဆာင္႐ြက္တိုးျမႇင့္ေရးအေျခအေနမ်ားကို ေဆြးေႏြးခဲ့သည္။
အလားတူ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာ့၏ ျမန္မာႏိုင္ငံခရီးအၿပီး ယခုၾသဂုတ္လကုန္ပိုင္းတြင္ ဒုတိယတပ္ မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ႐ုရွားႏိုင္ငံသို႔ ထပ္မံသြားေရာက္သည့္ ခရီးစဥ္ျဖစ္ေပၚလာခဲ့သည္ကို ေတြ႕ရွိရသည္။