တမူးမြို့တွင် ကုန်စုံဆိုင်အတွင်း ဈေးဝယ်နေသော အမျိုးသားတစ်ဦး သေနတ်ဖြင့်အပစ်ခံရ၍ သေဆုံး

 958

NP News - စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် ကုန်စုံဆိုင်အတွင်း ဈေးဝယ်နေသော အမျိုးသားတစ်ဦး သေနတ်ဖြင့် အပစ်ခံရ၍ သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၉ ရက်၊ နေ့လည် ၁နာရီခွဲအချိန်တွင် တမူးမြို့နယ်၊ ခမ်းပါတ်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “ကောင်းမြတ်ဘုန်း” ကုန်စုံဆိုင်တွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။

အဆိုပါကုန်စုံဆိုင်အတွင်း ခမ်းပါတ်မြို့၊ အမှတ်(၁)ရပ်ကွက်တွင် နေထိုင်သူ ကိုရန်နောင်စိုး(၃၈)နှစ်သည် ဈေးဝယ်နေချိန်တွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုး သား(၂)ဦးကသေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။

၎င်းပစ်ခတ်မှုကြောင့် ကိုရန်နောင်စိုးတွင် သေနတ်ထိမှန်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

အလားတူ ည ၆နာရီခွဲအချိန်တွင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ လယ်သာကြီး ကျေး ရွာအနီးတွင် သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ရဲ တပ်ဖွဲ့မှ သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်မှာ ငါန်းဇွန်မြို့၊ ပန်းရွာကျေးရွာတွင် နေထိုင်သူ ဦးဖြူဖွေး(၅၅)နှစ်သည် နေအိမ်မှ အုန္နဲဘုတ်ရွာသို့ တစ်ဦးတည်းလမ်းလျှောက်သွားစဉ် လယ်သာကြီးကျေးရွာရှိ ဘောလုံးကွင်းအနီးအရောက်တွင် ဆိုင်ကယ်မောင်းလာသည့် အမျိုးသား(၂)ဦးက သေ နတ်ဖြင့် ပစ်ခတ်ထွက်ပြေးခဲ့ကြောင် ရဲတပ်ဖွဲ့မှဆိုသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးဖြူဖွေးသည် ဒဏ်ရာများရရှိခဲ့၍ အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
တမူးၿမိဳ႕တြင္ ကုန္စုံဆိုင္အတြင္း ေဈးဝယ္ေနေသာ အမ်ိဳးသားတစ္ဦး ေသနတ္ျဖင့္အပစ္ခံရ၍ ေသဆုံး
NP News - စက္တင္ဘာ ၁၁

စစ္ကိုင္းတိုင္း၊ တမူးၿမိဳ႕တြင္ ကုန္စုံဆိုင္အတြင္း ေဈးဝယ္ေနေသာ အမ်ိဳးသားတစ္ဦး ေသနတ္ျဖင့္ အပစ္ခံရ၍ ေသဆုံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ စက္တင္ဘာလ ၉ ရက္၊ ေန႔လည္ ၁နာရီခြဲအခ်ိန္တြင္ တမူးၿမိဳ႕နယ္၊ ခမ္းပါတ္ၿမိဳ႕၊ အမွတ္(၃)ရပ္ကြက္ရွိ “ေကာင္းျမတ္ဘုန္း” ကုန္စုံဆိုင္တြင္ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။

အဆိုပါကုန္စုံဆိုင္အတြင္း ခမ္းပါတ္ၿမိဳ႕၊ အမွတ္(၁)ရပ္ကြက္တြင္ ေနထိုင္သူ ကိုရန္ေနာင္စိုး(၃၈)ႏွစ္သည္ ေဈးဝယ္ေနခ်ိန္တြင္ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အမ်ိဳး သား(၂)ဦးကေသနတ္ျဖင့္ ပစ္ခတ္ထြက္ေျပးသြားေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။

၎ပစ္ခတ္မႈေၾကာင့္ ကိုရန္ေနာင္စိုးတြင္ ေသနတ္ထိမွန္ဒဏ္ရာမ်ား ရရွိကာ အခင္းျဖစ္ရာေနရာတြင္ ေသဆုံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

အလားတူ ည ၆နာရီခြဲအခ်ိန္တြင္ မႏၲေလးတိုင္း၊ ငါန္းဇြန္ၿမိဳ႕နယ္၊ လယ္သာႀကီး ေက်း ႐ြာအနီးတြင္ ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ အမ်ိဳးသားတစ္ဦး ေသဆုံးခဲ့ေၾကာင္း ရဲ တပ္ဖြဲ႕မွ သတင္းရရွိသည္။

အဆိုပါျဖစ္စဥ္မွာ ငါန္းဇြန္ၿမိဳ႕၊ ပန္း႐ြာေက်း႐ြာတြင္ ေနထိုင္သူ ဦးျဖဴေဖြး(၅၅)ႏွစ္သည္ ေနအိမ္မွ အုႏၷဲဘုတ္႐ြာသို႔ တစ္ဦးတည္းလမ္းေလွ်ာက္သြားစဥ္ လယ္သာႀကီးေက်း႐ြာရွိ ေဘာလုံးကြင္းအနီးအေရာက္တြင္ ဆိုင္ကယ္ေမာင္းလာသည့္ အမ်ိဳးသား(၂)ဦးက ေသ နတ္ျဖင့္ ပစ္ခတ္ထြက္ေျပးခဲ့ေၾကာင္ ရဲတပ္ဖြဲ႕မွဆိုသည္။

ေသနတ္ျဖင့္ပစ္ခတ္ခံရမႈေၾကာင့္ ဦးျဖဴေဖြးသည္ ဒဏ္ရာမ်ားရရွိခဲ့၍ အခင္းျဖစ္ရာေနရာတြင္ ေသဆုံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.