အမေရိကန်နိုင်ငံတွင် လူကုန်ကူးများနှင့်ဆက်နွယ်သူပေါင်း ၁၆ဝ ကျော်ကို ဖမ်းဆီးထိန်းသိမ်း

 384

ဖြိုးခန့် (NP News) - စက်တင်ဘာ ၁၂

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ Polk County Sheriff’s Office နှင့် အခြားအာဏာပိုင်များသည် Fall Haul-2 ဟု အမည်ပေးထားသော တစ်ပတ်ကြာလူကုန်ကူးမှုစစ်ဆင်ရေးတွင် လူပေါင်း(၁၆ဝ) နီးပါး ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

ခရိုင်ရဲမှူးဂရက်ဒီဂျူ့ဒ်က စက်တင်ဘာ(၉)ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်၊၊ အဆိုပါလူကုန်ကူးမှု ကြောင့် တရားစွဲဆိုခံရသူများတွင် Disney ကုမ္ပဏီမှဝန်ထမ်းတစ်ဦး၊ ကျောင်းဆရာအများအပြား၊ ဒုတိယ ရဲချုပ်တစ်ဦး၊ ပြုပြင်ရေးအရာရှိတစ်ဦးနှင့် အိမ်ထောင်သည်အမျိုးသား ၂၆ ဦးတို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါလူကုန်ကူးမှုတွင် (၈၆) ဦးမှာ လိင်ပိုင်းဆိုင်ရာလူကုန်ကူးမှုများလုပ်ခဲ့ကြောင်း စွပ်စွဲခံရပြီး၊ အခြား (၆၅) ဦးမှာ ဝယ်ယူရန် ကြိုးစားခဲ့မှုဖြင့် စွပ်စွဲခံခဲ့ရကြောင်း သိရသည်၊၊

အဆိုပါဖမ်းဆီးခံရသူများထဲမှ (၁၆) ဦးသာ Polk ပေါ့်ခ်ခရိုင်မှဖြစ်ပြီး အများစုမှာ ဖလော်ရီဒါပြည်နယ်မှ ဖြစ်ကြောင်း (၁၅) ဦးမှာ ပြည်နယ်ပြင်ပမှဖြစ်ကြောင်း သိရသည်၊၊ ဂျော်ဂျီယာပြည်နယ် Cartersville မှ ဒုရဲချုပ် ဂျေဆွန်ဒီပရီမာသည် Fall Haul စစ်ဆင်ရေးတွင် အရေးပါဆုံးဖမ်းမိသူဖြစ်ပြီး အွန်လိုင်းမှတဆင့် လျှို့ဝှက်စုံစမ်းထောက်လှမ်းနေသူကိုဖြေကြားမိခဲ့သည့်နောက်ပိုင်း စက်တင်ဘာ(၈)ရက်နေ့တွင် ဖမ်းဆီး ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်ရဲမှူးဂရက်ဒီဂျူ့ဒ်က ဒုရဲချုပ်ဂျေဆွန်ဒီပရီမာ၏အသေးစိတ်အချက်အလက်များကို သတင်းသမား များထံသို့ ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ၎င်းသည် ရာထူးမှ နှုတ်ထွက်သွားခဲ့ကြောင်း သိရသည်၊၊ Orange County အထက်တန်းကျောင်းမှ အလုပ်ဖြုတ်ခံထားရသော ကွန်ပျူတာပညာရှင် ကမ်မရွန် ဘရွတ်ခ်သည် ကျောင်းတွင် အသက် (၁၅) နှစ်အရွယ် ကျောင်းသူတစ်ဦး နှင့် လိင်ဆက်ဆံခဲ့ကြောင်း စွပ်စွဲ ခံရပြီးနောက် ထပ်မံဖမ်းဆီးခံရခြင်းဖြစ်သည်။

သင်္ချာဆရာ ကားလို့စ်ဂွန်ဇာလက်ဇ်သည် ပြည့်တန်ဆာနှစ်ယောက်နှင့်အတူ ဖမ်းမိခြင်းမှ ထွက်ပြေးရန် ကြိုးပမ်းခဲ့ပြီးနောက် ဖမ်းဆီးခံရခြင်းဖြစ်သည်။ Disney ကုမ္ပဏီ၏ဝန်ထမ်းတစ်ဦးဖြစ်သူ Guillermo Perez သည် ပန်းခြံတွင် bellhop အဖြစ်လုပ်ကိုင်ခဲ့ပြီး လိင်ကိစ္စများနှင့်ပတ်သက်ပြီး လျှို့ဝှက်စုံစမ်း ထောက်လှမ်းနေသူကို ဒေါ်လာ(၈ဝ) ပေးဆောင်ခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်၊၊

Lake Correctional Institution မှ အရာရှိ ကိဗ်နီယဲဗက်စ်သည် ရုပ်ဖျက်ထားသော ရဲတစ်ဦးနှင့် လိင် ဆက်ဆံရန်ကြိုးစားခဲ့ပြီးနောက် ဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်၊၊

Zawgyi Version;
အေမရိကန္ႏိုင္ငံတြင္ လူကုန္ကူးမ်ားႏွင့္ဆက္ႏြယ္သူေပါင္း ၁၆ဝ ေက်ာ္ကို ဖမ္းဆီးထိန္းသိမ္း
ၿဖိဳးခန႔္ (NP News) - စက္တင္ဘာ ၁၂

အေမရိကန္ႏိုင္ငံ ဖေလာ္ရီဒါျပည္နယ္ရွိ Polk County Sheriff’s Office ႏွင့္ အျခားအာဏာပိုင္မ်ားသည္ Fall Haul-2 ဟု အမည္ေပးထားေသာ တစ္ပတ္ၾကာလူကုန္ကူးမႈစစ္ဆင္ေရးတြင္ လူေပါင္း(၁၆ဝ) နီးပါး ဖမ္းဆီးမိခဲ့ေၾကာင္း သိရသည္။

ခ႐ိုင္ရဲမႉးဂရက္ဒီဂ်ဴ႕ဒ္က စက္တင္ဘာ(၉)ရက္ေန႔တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္၊၊ အဆိုပါလူကုန္ကူးမႈ ေၾကာင့္ တရားစြဲဆိုခံရသူမ်ားတြင္ Disney ကုမၸဏီမွဝန္ထမ္းတစ္ဦး၊ ေက်ာင္းဆရာအမ်ားအျပား၊ ဒုတိယ ရဲခ်ဳပ္တစ္ဦး၊ ျပဳျပင္ေရးအရာရွိတစ္ဦးႏွင့္ အိမ္ေထာင္သည္အမ်ိဳးသား ၂၆ ဦးတို႔ ပါဝင္ေၾကာင္း သိရသည္။

အဆိုပါလူကုန္ကူးမႈတြင္ (၈၆) ဦးမွာ လိင္ပိုင္းဆိုင္ရာလူကုန္ကူးမႈမ်ားလုပ္ခဲ့ေၾကာင္း စြပ္စြဲခံရၿပီး၊ အျခား (၆၅) ဦးမွာ ဝယ္ယူရန္ ႀကိဳးစားခဲ့မႈျဖင့္ စြပ္စြဲခံခဲ့ရေၾကာင္း သိရသည္၊၊

အဆိုပါဖမ္းဆီးခံရသူမ်ားထဲမွ (၁၆) ဦးသာ Polk ေပါ့္ခ္ခ႐ိုင္မွျဖစ္ၿပီး အမ်ားစုမွာ ဖေလာ္ရီဒါျပည္နယ္မွ ျဖစ္ေၾကာင္း (၁၅) ဦးမွာ ျပည္နယ္ျပင္ပမွျဖစ္ေၾကာင္း သိရသည္၊၊ ေဂ်ာ္ဂ်ီယာျပည္နယ္ Cartersville မွ ဒုရဲခ်ဳပ္ ေဂ်ဆြန္ဒီပရီမာသည္ Fall Haul စစ္ဆင္ေရးတြင္ အေရးပါဆုံးဖမ္းမိသူျဖစ္ၿပီး အြန္လိုင္းမွတဆင့္ လွ်ိဳ႕ဝွက္စုံစမ္းေထာက္လွမ္းေနသူကိုေျဖၾကားမိခဲ့သည့္ေနာက္ပိုင္း စက္တင္ဘာ(၈)ရက္ေန႔တြင္ ဖမ္းဆီး ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ခ႐ိုင္ရဲမႉးဂရက္ဒီဂ်ဴ႕ဒ္က ဒုရဲခ်ဳပ္ေဂ်ဆြန္ဒီပရီမာ၏အေသးစိတ္အခ်က္အလက္မ်ားကို သတင္းသမား မ်ားထံသို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီးေနာက္ ၎သည္ ရာထူးမွ ႏႈတ္ထြက္သြားခဲ့ေၾကာင္း သိရသည္၊၊ Orange County အထက္တန္းေက်ာင္းမွ အလုပ္ျဖဳတ္ခံထားရေသာ ကြန္ပ်ဴတာပညာရွင္ ကမ္မ႐ြန္ ဘ႐ြတ္ခ္သည္ ေက်ာင္းတြင္ အသက္ (၁၅) ႏွစ္အ႐ြယ္ ေက်ာင္းသူတစ္ဦး ႏွင့္ လိင္ဆက္ဆံခဲ့ေၾကာင္း စြပ္စြဲ ခံရၿပီးေနာက္ ထပ္မံဖမ္းဆီးခံရျခင္းျဖစ္သည္။

သခ်ၤာဆရာ ကားလို႔စ္ဂြန္ဇာလက္ဇ္သည္ ျပည့္တန္ဆာႏွစ္ေယာက္ႏွင့္အတူ ဖမ္းမိျခင္းမွ ထြက္ေျပးရန္ ႀကိဳးပမ္းခဲ့ၿပီးေနာက္ ဖမ္းဆီးခံရျခင္းျဖစ္သည္။ Disney ကုမၸဏီ၏ဝန္ထမ္းတစ္ဦးျဖစ္သူ Guillermo Perez သည္ ပန္းၿခံတြင္ bellhop အျဖစ္လုပ္ကိုင္ခဲ့ၿပီး လိင္ကိစၥမ်ားႏွင့္ပတ္သက္ၿပီး လွ်ိဳ႕ဝွက္စုံစမ္း ေထာက္လွမ္းေနသူကို ေဒၚလာ(၈ဝ) ေပးေဆာင္ခဲ့ၿပီးေနာက္ ဖမ္းဆီးခံခဲ့ရေၾကာင္းသိရသည္၊၊

Lake Correctional Institution မွ အရာရွိ ကိဗ္နီယဲဗက္စ္သည္ ႐ုပ္ဖ်က္ထားေသာ ရဲတစ္ဦးႏွင့္ လိင္ ဆက္ဆံရန္ႀကိဳးစားခဲ့ၿပီးေနာက္ ဖမ္းခံခဲ့ရျခင္းျဖစ္ေၾကာင္းသိရသည္၊၊

Related news

© 2021. All rights reserved.