ယူကရိန်းရဲ့ဒရုန်းသိုလှောင်ရုံတွေကို ဖျက်ဆီးပစ်ခဲ့ကြောင်း ရုရှားစစ်ဘက် ပြော

 912

Pika (NP News) - ဧပြီ ၂၉

ရုရှားစစ်တပ်ဟာ တိုက်ခိုက်ရေးဒရုန်းတွေ သိုလှောင်ထားတဲ့ ယူကရိန်းရဲ့သိုလှောင်ရုံတွေကို ဖျက်ဆီးပစ်နိုင်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုအများအပြားကို လုပ်ဆောင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါ တယ်။

အဲဒီစစ်ဆင်ရေးမှာ ရုရှားရဲ့မဟာဗျူဟာမြောက်စစ်လေယာဉ်တွေ၊ ဒုံးကျည်တွေနဲ့ အမြောက်တွေ ပါဝင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဧပြီလ(၂၈)ရက်မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။

တိုက်ခိုက်မှုဟာ ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်း Dnepr မြို့နဲ့ ကီလိုမီတာ(၂၀)အကွာအဝေးမှာရှိတဲ့ Kamenka လေယာဉ်ကွင်းက ဒရုန်းတွေကို ပစ်မှတ်ထားခဲ့တာလို့လည်း သိရပါတယ်။ တိုက်ခိုက်မှုအတွင်း ပျက်စီးသွားတဲ့ ဒရုန်း အရေအတွက်နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ပြောဆိုတာမျိုးမရှိခဲ့ဘူးလို့လည်း သိရပါတယ်။

ယူကရိန်းနိုင်ငံအနောက်ပိုင်းနဲ့အလယ်ပိုင်းမှာရှိတဲ့ Priluki နဲ့ Starokonstantinov လေယာဉ်ကွင်းတွေမှာ အမျိုးမျိုး သော လေကြောင်းစစ်လက်နက်ပစ္စည်းတွေနဲ့ ပစ္စည်းကိရိယာတွေ သိုလှောင်ထားတဲ့သိုလှောင်ရုံတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထပ်မံပြောဆိုထားပါတယ်။

ဒါ့အပြင် ယူကရိန်းဘက်ကတိုက်ပွဲဝင်နေတဲ့ နိုင်ငံခြားကြေးစားစစ်သားတွေရဲ့ယာယီစခန်းတွေကိုလည်း ပစ်မှတ် ထားတိုက်ခိုက်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ရုရှားအစိုးရဟာ အနောက်အုပ်စုက ထောက်ပံ့ပေးထားတဲ့စစ်လက်နက်ပစ္စည်းတွေ သိုလှောင်ထားတဲ့ ယူကရိန်းထောက်ပံ့ရေးစင်တာတွေနဲ့ သိုလှောင်ရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်ဖို့ စီစဉ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဆာဂေးရှိုဂူက ယခုလအစောပိုင်းမှာာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

Zawgyi Version;
ယူကရိန္းရဲ႕ဒ႐ုန္းသိုေလွာင္႐ုံေတြကို ဖ်က္ဆီးပစ္ခဲ့ေၾကာင္း ႐ုရွားစစ္ဘက္ ေျပာ
Pika (NP News) - ဧၿပီ ၂၉

႐ုရွားစစ္တပ္ဟာ တိုက္ခိုက္ေရးဒ႐ုန္းေတြ သိုေလွာင္ထားတဲ့ ယူကရိန္းရဲ႕သိုေလွာင္႐ုံေတြကို ဖ်က္ဆီးပစ္ႏိုင္ခဲ့တဲ့ ေလေၾကာင္းတိုက္ခိုက္မႈအမ်ားအျပားကို လုပ္ေဆာင္ခဲ့တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါ တယ္။

အဲဒီစစ္ဆင္ေရးမွာ ႐ုရွားရဲ႕မဟာဗ်ဴဟာေျမာက္စစ္ေလယာဥ္ေတြ၊ ဒုံးက်ည္ေတြနဲ႔ အေျမာက္ေတြ ပါဝင္ခဲ့တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ဧၿပီလ(၂၈)ရက္မွာ ထုတ္ျပန္ေျပာဆိုထားပါတယ္။

တိုက္ခိုက္မႈဟာ ယူကရိန္းႏိုင္ငံ အေရွ႕ေတာင္ပိုင္း Dnepr ၿမိဳ႕နဲ႔ ကီလိုမီတာ(၂၀)အကြာအေဝးမွာရွိတဲ့ Kamenka ေလယာဥ္ကြင္းက ဒ႐ုန္းေတြကို ပစ္မွတ္ထားခဲ့တာလို႔လည္း သိရပါတယ္။ တိုက္ခိုက္မႈအတြင္း ပ်က္စီးသြားတဲ့ ဒ႐ုန္း အေရအတြက္နဲ႔ပတ္သက္ၿပီး အေသးစိတ္အခ်က္အလက္ေတြကို ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ ေျပာဆိုတာမ်ိဳးမရွိခဲ့ဘူးလို႔လည္း သိရပါတယ္။

ယူကရိန္းႏိုင္ငံအေနာက္ပိုင္းနဲ႔အလယ္ပိုင္းမွာရွိတဲ့ Priluki နဲ႔ Starokonstantinov ေလယာဥ္ကြင္းေတြမွာ အမ်ိဳးမ်ိဳး ေသာ ေလေၾကာင္းစစ္လက္နက္ပစၥည္းေတြနဲ႔ ပစၥည္းကိရိယာေတြ သိုေလွာင္ထားတဲ့သိုေလွာင္႐ုံေတြလည္း ထိခိုက္ပ်က္စီးခဲ့တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ထပ္မံေျပာဆိုထားပါတယ္။

ဒါ့အျပင္ ယူကရိန္းဘက္ကတိုက္ပြဲဝင္ေနတဲ့ ႏိုင္ငံျခားေၾကးစားစစ္သားေတြရဲ႕ယာယီစခန္းေတြကိုလည္း ပစ္မွတ္ ထားတိုက္ခိုက္ခဲ့တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာပါတယ္။ ႐ုရွားအစိုးရဟာ အေနာက္အုပ္စုက ေထာက္ပံ့ေပးထားတဲ့စစ္လက္နက္ပစၥည္းေတြ သိုေလွာင္ထားတဲ့ ယူကရိန္းေထာက္ပံ့ေရးစင္တာေတြနဲ႔ သိုေလွာင္႐ုံေတြကို ပစ္မွတ္ထားတိုက္ခိုက္တာကို ပိုမိုအရွိန္ျမႇင့္လုပ္ေဆာင္ဖို႔ စီစဥ္ခဲ့တယ္လို႔ ႐ုရွားကာကြယ္ေရး ဝန္ႀကီးဆာေဂးရႈိဂူက ယခုလအေစာပိုင္းမွာာ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.