ထိုင်ဝမ်သမ္မတသစ်တက်မလာခင် သီတင်းပတ်တစ်ပတ်အလိုမှာ ထိုင်ဝမ်နဲ့တရုတ်ကြား တင်းမာမှုတွေ ပိုမိုအရှိန်မြင့်တက်လာနေ

1201

Pika (NP News) - မေ ၁၅
ထိုင်ဝမ်သမ္မတသစ်တက်မလာခင် သီတင်းပတ်တစ်ပတ်အလိုမှာ တရုတ်စစ်တပ်ဟာ ရေလက်ကြားအလယ်မျဉ်းကို ဖြတ်ကျော်ပြီး တိုက်လေယာဉ်တွေစေလွှတ်တာမျိုးအပါအဝင် ကျွန်းအနီးမှာ တိုက်ခိုက်ရေးကင်းလှည့်မှုတွေကို မေလ(၁၄)ရက်နေ့က လုပ်ဆောင်ခဲ့ပြီး နှစ်ဖက်ကြား တင်းမာမှုတွေပိုမိုအရှိန်မြင့်တက်လာခဲ့တယ်လို့ ထိုင်ဝမ်အစိုးရကပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့(၄)နှစ်အတွင်း တရုတ်စစ်တပ်ဟာ ထိုင်ဝမ်အပေါ် စစ်ရေးနဲ့နိုင်ငံရေးအရ ဖိအားပေးမှုတွေကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ တရုတ်အစိုးရက ထိုင်ဝမ်ကျွန်းကို ၎င်းရဲ့ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားပေမယ့်လည်း ထိုင်ဝမ်ဘက်ကတော့ တရုတ်ရဲ့ရပ်တည်ချက်တွေကို ငြင်းဆန်ပယ်ချထားတယ်လို့ သိရပါတယ်။ ထိုင်ဝမ်ရွေးကောက်ခံသမ္မတလိုင်ချန်တေးဟာ လာမယ့်မေလ(၂၀)ရက်နေ့မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲလုပ်ဆောင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် လိုင်ချန်တေးကို အန္တရာယ်ရှိတဲ့ ခွဲထွက်ရေးသမားတစ်ဦးအဖြစ် တရုတ်ဘက်က သတ်မှတ်ထားတယ်လို့လည်းသိရပါတယ်။
ထိုင်ဝမ်ရေလက်ကြားတစ်လျှောက်မှာရှိတဲ့ လက်ရှိအနေအထားတွေကို ကာကွယ်ဖို့အတွက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း လိုင်ချန်တေးကပြောဆိုထားပါတယ်။ လိုင်ချန်တေးက 'အပြန်အလှန်လေးစားမှု၊ အပြန် အလှန်အကျိုးဖြစ်ထွန်းမှုတွေနဲ့ ဂုဏ်သိက္ခာဆိုင်ရာ အခြေခံမူတွေအရ တရုတ်နဲ့ဆွေးနွေးပွဲတွေကို ကန့်သတ်ထားတာမျိုးလုပ်ဆောင်ဖို့ ကျွန်တော်အမိန့်ထုတ်မှာမဟုတ်ပါဘူး'လို့ ပြောဆိုခဲ့ပါတယ်။ မေလ(၁၄)ရက်နေ့ ညနေ (၅) နာရီအချိန်မှာ အဆင့်မြင့် Su-30 တိုက်လေယာဉ်တွေအပါအဝင် စစ်သင်္ဘောတွေနဲ့ ပူးတွဲတိုက်ခိုက်ရေးကင်းလှည့်မှုတွေကို လုပ်ဆောင်နေတဲ့ တရုတ်တိုက်လေယာဉ်(၂၃)စင်းကို ခြေရှာခံတွေ့ရှိခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။ တရုတ်တိုက်လေယာဉ်(၁၅)စင်းဟာ ရေလက်ကြားအလယ်မျဉ်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ထိုင်ဝမ်ကျွန်းရဲ့ မြောက်ဘက်၊ အလယ်ပိုင်းနဲ့အနောက်တောင်ဘက်လေပိုင်နက်ထဲမှာ ပျံသန်းမှုတွေလုပ်ဆောင်ခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။
မေလ(၁၄)ရက်နေ့က လုပ်ဆောင်ခဲ့တဲ့ တရုတ်စစ်တပ်ရဲ့ တိုက်ခိုက်ရေးကင်းလှည့်မှုတွေဟာ ယခုလအတွင်း တတိယအကြိမ်မြောက်လုပ်ဆောင်တာဖြစ်တယ်လို့လည်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ အဲဒီတိုက်ခိုက်ရေးလေ့ကျင့်မှုတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့တောင်းဆိုမှုတွေကို တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားတာမျိုးမရှိသေးဘူးလို့လည်း သိရပါတယ်။
zawgyi version
ထိုင္ဝမ္သမၼတသစ္တက္မလာခင္ သီတင္းပတ္တစ္ပတ္အလိုမွာ ထိုင္ဝမ္နဲ႔တ႐ုတ္ၾကား တင္းမာမႈေတြ ပိုမိုအရွိန္ျမင့္တက္လာေန
Pika (NP News) - ေမ ၁၅
ထိုင္ဝမ္သမၼတသစ္တက္မလာခင္ သီတင္းပတ္တစ္ပတ္အလိုမွာ တ႐ုတ္စစ္တပ္ဟာ ေရလက္ၾကားအလယ္မ်ဥ္းကို ျဖတ္ေက်ာ္ၿပီး တိုက္ေလယာဥ္ေတြေစလႊတ္တာမ်ိဳးအပါအဝင္ ကြၽန္းအနီးမွာ တိုက္ခိုက္ေရးကင္းလွည့္မႈေတြကို ေမလ(၁၄)ရက္ေန႔က လုပ္ေဆာင္ခဲ့ၿပီး ႏွစ္ဖက္ၾကား တင္းမာမႈေတြပိုမိုအရွိန္ျမင့္တက္လာခဲ့တယ္လို႔ ထိုင္ဝမ္အစိုးရကေျပာၾကားခဲ့ပါတယ္။
ၿပီးခဲ့တဲ့(၄)ႏွစ္အတြင္း တ႐ုတ္စစ္တပ္ဟာ ထိုင္ဝမ္အေပၚ စစ္ေရးနဲ႔ႏိုင္ငံေရးအရ ဖိအားေပးမႈေတြကို ပိုမိုအရွိန္ျမႇင့္လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။ တ႐ုတ္အစိုးရက ထိုင္ဝမ္ကြၽန္းကို ၎ရဲ႕ပိုင္နက္နယ္ေျမအျဖစ္ ရႈျမင္ထားေပမယ့္လည္း ထိုင္ဝမ္ဘက္ကေတာ့ တ႐ုတ္ရဲ႕ရပ္တည္ခ်က္ေတြကို ျငင္းဆန္ပယ္ခ်ထားတယ္လို႔ သိရပါတယ္။ ထိုင္ဝမ္ေ႐ြးေကာက္ခံသမၼတလိုင္ခ်န္ေတးဟာ လာမယ့္ေမလ(၂၀)ရက္ေန႔မွာ သမၼတအျဖစ္ က်မ္းသစၥာက်ိန္ဆိုပြဲလုပ္ေဆာင္မွာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ လိုင္ခ်န္ေတးကို အႏၲရာယ္ရွိတဲ့ ခြဲထြက္ေရးသမားတစ္ဦးအျဖစ္ တ႐ုတ္ဘက္က သတ္မွတ္ထားတယ္လို႔လည္းသိရပါတယ္။
ထိုင္ဝမ္ေရလက္ၾကားတစ္ေလွ်ာက္မွာရွိတဲ့ လက္ရွိအေနအထားေတြကို ကာကြယ္ဖို႔အတြက္ လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔လည္း လိုင္ခ်န္ေတးကေျပာဆိုထားပါတယ္။ လိုင္ခ်န္ေတးက 'အျပန္အလွန္ေလးစားမႈ၊ အျပန္ အလွန္အက်ိဳးျဖစ္ထြန္းမႈေတြနဲ႔ ဂုဏ္သိကၡာဆိုင္ရာ အေျခခံမူေတြအရ တ႐ုတ္နဲ႔ေဆြးေႏြးပြဲေတြကို ကန႔္သတ္ထားတာမ်ိဳးလုပ္ေဆာင္ဖို႔ ကြၽန္ေတာ္အမိန႔္ထုတ္မွာမဟုတ္ပါဘူး'လို႔ ေျပာဆိုခဲ့ပါတယ္။ ေမလ(၁၄)ရက္ေန႔ ညေန (၅) နာရီအခ်ိန္မွာ အဆင့္ျမင့္ Su-30 တိုက္ေလယာဥ္ေတြအပါအဝင္ စစ္သေဘၤာေတြနဲ႔ ပူးတြဲတိုက္ခိုက္ေရးကင္းလွည့္မႈေတြကို လုပ္ေဆာင္ေနတဲ့ တ႐ုတ္တိုက္ေလယာဥ္(၂၃)စင္းကို ေျခရွာခံေတြ႕ရွိခဲ့တယ္လို႔ ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနကေျပာၾကားခဲ့ပါတယ္။ တ႐ုတ္တိုက္ေလယာဥ္(၁၅)စင္းဟာ ေရလက္ၾကားအလယ္မ်ဥ္းကို ျဖတ္ေက်ာ္ဝင္ေရာက္ခဲ့ၿပီး ထိုင္ဝမ္ကြၽန္းရဲ႕ ေျမာက္ဘက္၊ အလယ္ပိုင္းနဲ႔အေနာက္ေတာင္ဘက္ေလပိုင္နက္ထဲမွာ ပ်ံသန္းမႈေတြလုပ္ေဆာင္ခဲ့တယ္လို႔ ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနကေျပာၾကားခဲ့ပါတယ္။
ေမလ(၁၄)ရက္ေန႔က လုပ္ေဆာင္ခဲ့တဲ့ တ႐ုတ္စစ္တပ္ရဲ႕ တိုက္ခိုက္ေရးကင္းလွည့္မႈေတြဟာ ယခုလအတြင္း တတိယအႀကိမ္ေျမာက္လုပ္ေဆာင္တာျဖစ္တယ္လို႔လည္း ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။ အဲဒီတိုက္ခိုက္ေရးေလ့က်င့္မႈေတြနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ေတာင္းဆိုမႈေတြကို တ႐ုတ္ကာကြယ္ေရးဝန္ႀကီးဌာနက ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ေျဖၾကားတာမ်ိဳးမရွိေသးဘူးလို႔လည္း သိရပါတယ္။