အမေရိကန်သမ္မတလောင်းတစ်ဦးကို အစ္စရေးဆန့်ကျင်ရေးဆန္ဒပြပွဲတွင် ပါဝင်မှုများအတွက် အမေရိကန်ရဲတပ်ဖွဲ့ ဖမ်းဆီး

 2607

ဂျန်ဇက် (NP News) - ဧပြီ ၂၉

အမေရိကန်သမ္မတလောင်းတစ်ဦးသည် ပြီးခဲ့သောရက်ပိုင်း ကျင်းပခဲ့သော အစ္စရေးနိုင်ငံဆန့်ကျင့်ရေး ဆန္ဒပြပွဲများ တွင် ပါဝင်ခဲ့ပြီးနောက် ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

အမေရိကန်နိုင်ငံ US Green Party ကိုယ်စားပြုပြီး သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ဂျေးစတင်သည် ဝါရှင်တန်တက္ကသိုလ်တွင်ပြုလုပ်သော ပါလက်စတိုင်းလိုလားထောက်ခံသော ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခံလိုက်ရ ခြင်းဖြစ်သည်။ ၎င်းက အစ္စရေးနိုင်ငံသည် ဂါဇာဒေသတွင် လူမျိုးသုန်းသတ်ဖြတ်မှုများ ကျူးလွန်နေကြောင်း စွပ်စွဲဝေဖန်ခဲ့သည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်တက္ကသိုလ်ကျင်းပသော ပါလက်စတိုင်းလိုလားထောက်ခံပြီး အစ္စရေးနိုင်ငံ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဂျေးစတင်က ဦးဆောင်ကျင်းပခဲ့ပြီး ဖမ်းဆီးခံရသူပေါင်း ၁ဝဝ ကျော် ရှိခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့ သည် ဆန္ဒပြပွဲကို ဝင်ရောက်စီးနင်းတားဆီးခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်သုံးဦးက အသက် ၇၃ နှစ်အရွယ်ရှိ ဂျေးစတင်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဝါရှင်တန်တက္ကသိုလ်သည် ပြီးခဲ့သောသီတင်းပတ်များအတွင်း အမေရိကန်နှင့်ကနေဒါနိုင်ငံတို့တဝှမ်းရှိ ကောလိပ် တက္ကသိုလ်များတွင် အစ္စရေးဆန့်ကျင်ရေးဆန္ဒပြပွဲ သပိတ်စခန်းဖွင့်လှစ်ခဲ့သော တက္ကသိုလ်များထဲတွင် အဓိက စခန်းအဖြစ် ပါဝင်ခဲ့သည်။

အမေရိကန်ရဲတပ်ဖွဲ့သည် ပြီးခဲ့သောရက်ပိုင်းတွင် အမေရိကန်နိုင်ငံတဝှမ်းရှိ တက္ကသိုလ်များတွင် ဖွင်လှစ်ထားသော အစ္စရေးဆန့်ကျင့်ရေးသပိတ်စခန်း အနည်းဆုံး ၂၁ ခုကို စီးနင်းခဲ့ကြောင်းသိရသည်။
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အမေရိကန်နိုင်ငံတွင် အစ္စရေးလိုလား သောထောက်ခံပွဲများ ပါလက်စတိုင်းလိုလားသော ထောက်ခံပွဲများ အပြိုင်အဆိုင်ဖြစ်ပွားခဲ့သည်။

အစ္စရေး နှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေသည့် ဂါဇာစစ်ပွဲက ၇ လနီးပါးရှိလာခဲ့သော်လည်း လက်ရှိအချိန်အထိ အပြည့်အဝ အပစ်ခတ်ရပ်စဲရေးရယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

Zawgyi Version;
အေမရိကန္သမၼတေလာင္းတစ္ဦးကို အစၥေရးဆန႔္က်င္ေရးဆႏၵျပပြဲတြင္ ပါဝင္မႈမ်ားအတြက္ အေမရိကန္ရဲတပ္ဖြဲ႕ ဖမ္းဆီး
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၉

အေမရိကန္သမၼတေလာင္းတစ္ဦးသည္ ၿပီးခဲ့ေသာရက္ပိုင္း က်င္းပခဲ့ေသာ အစၥေရးႏိုင္ငံဆန႔္က်င့္ေရး ဆႏၵျပပြဲမ်ား တြင္ ပါဝင္ခဲ့ၿပီးေနာက္ ဖမ္းဆီးခံလိုက္ရေၾကာင္း သိရသည္။

အေမရိကန္ႏိုင္ငံ US Green Party ကိုယ္စားျပဳၿပီး သမၼတေ႐ြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ေဂ်းစတင္သည္ ဝါရွင္တန္တကၠသိုလ္တြင္ျပဳလုပ္ေသာ ပါလက္စတိုင္းလိုလားေထာက္ခံေသာ ဆႏၵျပပြဲအတြင္း ဖမ္းဆီးခံလိုက္ရ ျခင္းျဖစ္သည္။ ၎က အစၥေရးႏိုင္ငံသည္ ဂါဇာေဒသတြင္ လူမ်ိဳးသုန္းသတ္ျဖတ္မႈမ်ား က်ဴးလြန္ေနေၾကာင္း စြပ္စြဲေဝဖန္ခဲ့သည္။

အေမရိကန္ႏိုင္ငံ ဝါရွင္တန္တကၠသိုလ္က်င္းပေသာ ပါလက္စတိုင္းလိုလားေထာက္ခံၿပီး အစၥေရးႏိုင္ငံ ဆန႔္က်င္ေရး ဆႏၵျပပြဲကို ေဂ်းစတင္က ဦးေဆာင္က်င္းပခဲ့ၿပီး ဖမ္းဆီးခံရသူေပါင္း ၁ဝဝ ေက်ာ္ ရွိခဲ့ေၾကာင္း သိရသည္။ ရဲတပ္ဖြဲ႕ သည္ ဆႏၵျပပြဲကို ဝင္ေရာက္စီးနင္းတားဆီးခဲ့ၿပီးေနာက္ ရဲတပ္ဖြဲ႕ဝင္သုံးဦးက အသက္ ၇၃ ႏွစ္အ႐ြယ္ရွိ ေဂ်းစတင္ကို ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။
ဝါရွင္တန္တကၠသိုလ္သည္ ၿပီးခဲ့ေသာသီတင္းပတ္မ်ားအတြင္း အေမရိကန္ႏွင့္ကေနဒါႏိုင္ငံတို႔တဝွမ္းရွိ ေကာလိပ္ တကၠသိုလ္မ်ားတြင္ အစၥေရးဆန႔္က်င္ေရးဆႏၵျပပြဲ သပိတ္စခန္းဖြင့္လွစ္ခဲ့ေသာ တကၠသိုလ္မ်ားထဲတြင္ အဓိက စခန္းအျဖစ္ ပါဝင္ခဲ့သည္။

အေမရိကန္ရဲတပ္ဖြဲ႕သည္ ၿပီးခဲ့ေသာရက္ပိုင္းတြင္ အေမရိကန္ႏိုင္ငံတဝွမ္းရွိ တကၠသိုလ္မ်ားတြင္ ဖြင္လွစ္ထားေသာ အစၥေရးဆန႔္က်င့္ေရးသပိတ္စခန္း အနည္းဆုံး ၂၁ ခုကို စီးနင္းခဲ့ေၾကာင္းသိရသည္။
အစၥေရးႏွင့္ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကား စစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္း အေမရိကန္ႏိုင္ငံတြင္ အစၥေရးလိုလား ေသာေထာက္ခံပြဲမ်ား ပါလက္စတိုင္းလိုလားေသာ ေထာက္ခံပြဲမ်ား အၿပိဳင္အဆိုင္ျဖစ္ပြားခဲ့သည္။

အစၥေရး ႏွင့္ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားေနသည့္ ဂါဇာစစ္ပြဲက ၇ လနီးပါးရွိလာခဲ့ေသာ္လည္း လက္ရွိအခ်ိန္အထိ အျပည့္အဝ အပစ္ခတ္ရပ္စဲေရးရယူႏိုင္ျခင္းမရွိေသးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.