အီလွန်မတ်ခ်ရဲ့ဒေါ်လာသတိပေးချက်၊ BRICS ရဲ့ ငွေကြေးအသစ်နဲ့ အမေရိကန်တို့ရဲ့ ကြွေးမြီပြဿနာ (ဘာသာပြန်ဆောင်ပါး)

4015

Htay Oung (NP News) - မေ ၁၅
BRICS လို့ ခေါ်တဲ့ ကုန်သွယ်ရေး စီးပွားရေး မဟာမိတ်အဖွဲ့က လက်ရှိ နိုင်ငံတကာ အသုံးပြု နေတဲ့ ငွေကြေးအပေါ်မှီခိုအားထားမှုကိုလျှော့ချဖို့ လုပ်ဆောင်လာစဉ် အမေရိကန်ဒေါ်လာနဲ့ ပတ်သက် ပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်က အရေးတကြီး သတိပေးလိုက်ပါတယ်။ ဒေါ်လာငွေ ခိုင်မာအသုံးဝင်မှုနဲ့ပတ်သက်ပြီး ငွေကြေးဆိုင်ရာကျွမ်းကျင်သူတွေက စိုးရိမ်မကင်းဖြစ်နေကြတဲ့အထဲ ဒီတစ်ကြိမ်မှာတော့ အရင် တွစ်တာခေါ် X လူမှုကွန်ရက်ပလက်ဖောင်းကြီး ပိုင်ရှင်အယ်လွန်မတ်ခ် ကိုယ်တိုင်ဖြစ်နေတယ်လို့ ခရစ်ပ်တို ငွေကြေး၊ ဘစ်ကွိုင်နဲ့ ကမ္ဘာ့ငွေကြေး ချိတ်ဆက်မှုတွေရဲ့ လတ်တလောအခြေအနေတွေကို စောင့်ကြည့်နေတဲ့ “WatcherGuru” (3 May 2024) က ရေးသားပါတယ်။
“လက်ရှိ ကမ္ဘာ့စီးပွားရေး၊ ပထဝီနိုင်ငံရေးဆိုင်ရာ အုပ်စုသစ်များ ဖွဲ့စည်းခြင်းဖြင့် နိုင်ငံတကာ အခြေအနေများ ပြောင်းလဲနေစဉ် အမေရိကန်ငွေကြေးနဲ့ပတ်သက်ပြီး ကြီးထွားလာနေတဲ့ စိုးရိမ်ပူပန်မှု ကို မတ်ခ်က မှတ်ချက်ပေးလိုက်ခြင်းဖြစ်ပါတယ်။ အမေရိကန်စီးပွားရေးရဲ့ အကျပ် အတည်းဆီသို့ မကြာမီ ဦးတည်သွားစေနိုင်တဲ့ နိုင်ငံတော်ကြွေးမြီများ တိုးမြင့်လာနေပုံကို CNN သတင်းဌာနဲ့ တွေ့ဆုံစဉ် “ တက်စ်လာ မော်တော်ယာဉ်” ကုမ္ပဏီပိုင်ရှင်ဖြစ်သူက အလေးထားဆွေးနွေးသွားပါတယ်။
“နိုင်ငံတော်ကြွေးမြီကို အမြင့်ဆုံးပမာဏအထိ အကြိမ်ကြိမ်တိုးမြှင့်နေခြင်းဟာ အမေရိကန် အတွက် ငွေကြေးဆိုင်ရာ အကျပ်အတည်းတွေကို ထပ်မံဖန်တီးသလိုရှိနေပြီး စီးပွားရေးကျဆင်းမှုဖြစ် ပေါ်လာစေကြောင်း၊ အမေရိကန်နိုင်ငံ စီးပွားရေး ယိုယွင်းကျဆင်းလာမှုဟာ ဘယ်လိုမှ ငြင်းဆိုဖုံး ကွယ်လို့မှ မရနိုင်ကြောင်း၊ အမေရိကန် ဗဟိုဘဏ်ဟာ နှစ်နှစ်အတိုးနှုန်းမြှင့်တင်ခြင်းဖြင့် ငွေကြေး ဖောင်းပွမှု ကိုကာကွယ်ရန် ကြိုးပမ်းခဲ့ကြောင်း၊ ဒါ့ပြင် တင်းကြပ်တဲ့ စည်းကမ်းချက်တွေနဲ့ စီမံကိန်း ချမှတ်ပြီး အတိုးနှုန်းတွေတည်ငြိမ်အောင်ထိန်းချုပ်ဖို့ အားထုတ်ခဲ့ပေမယ့် မူလလမ်းကြောင်းကို ပြောင်းလဲစေနိုင်ခြင်း မရှိသေးကြောင်း၊ “ ဒီအချက်ဟာ ဘဏ္ဍာရေးလောကအတွက် များစွာသော စိုးရိမ်ပူပန်မှုဖြစ်ပေါ်စေပြီး မက်ခရိုစီးပွားရေးကဏ္ဍနဲ့ ပေါင်းစပ်သွားကြောင်း၊ တခြားတစ်ဖက်မှာလည်း BRICS မဟာမိတ်အဖွဲ့က ကမ္ဘာတစ်ဝန်း ငွေကြေး ကျောထောက်နောက်ခံထားမှုပုံစံကို တားဆီးရန် လုပ်ဆောင်နေကြောင်း အမေရိကန်ဒေါ်လာနဲ့ ပတ်သက်ပြီး ကမ္ဘာ့အချမ်း သာဆုံးပုဂ္ဂိုလ်က အရေးတကြီး သတိပေးလိုက်ပါတယ်။
“ငွေစက္ကူကို အစိမ်းရောင်မင်နဲ့ အများစု ရိုက်နှိပ်တဲ့ ၁၈၆၀ ပြည့်လွန်နှစ်တွေမှာ အမေရိကန် ဒေါ်လာငွေကို “အစိမ်း “Greenback” လို့ ခေါ်ဝေါ် လာကြပါတယ်။ အခွန်ကောက်ခံခွင့်ကို ကွန်ဂရက် လွှတ်တော်က ကန့်သတ်ခြင်းနဲ့ အမေရိကန်ပြည်တွင်းစစ်ကို ငွေကြေးထောက်ပံ့ရာမှာ စက္ကူငွေကြေး ဟာ အလွန်အသုံးတည့်လှပါတယ်။ ဘန်းစကား အနေနဲ့ “ဘတ်ခ်” Buck လို့ ပြောရင် အမေရိကန်တိုင်း သိကြပါတယ်။
“လတ်တလောဖြစ်နေတဲ့ ပြည်တွင်း ပြည်ပ ဝိရောဓိတွေအကြားမှာ ဒေါ်လာငွေကြေးနဲ့ ပတ်သက်ပြီး အယ်လွန်မတ်ခ်က သူ့ရဲ့ စိုးရိမ်မှုကို အရင်ကလည်း ဖော်ပြခဲ့ဖူးပါတယ်။ အမေရိကန်ရဲ့ နိုင်ငံတော်ကြွေးမြီကိစ္စကို အပူတပြင်း ကိုင်တွယ်ရန် လိုအပ်နေကြောင်း၊ ဒီလိုမှ မဟုတ်ရင် မဝေးတဲ့ တစ်နေ့ မှာ ဒေါ်လာငွေဟာ ဘာတန်ဖိုးမှမရှိတဲ့ စက္ကူတစ်ရွက် ဖြစ်သွားနိုင်တယ်လို့ ပြောခဲ့ပါတယ်။
“အမေရိကန် ထိပ်တန်းဘဏ်ကြီးတွေအနေနဲ့ အကြီးအကျယ်ဆုံးရှုံးမှုနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံတော် ကြွေးမြီဟာ ဒေါ်လာ ၃၄ ထရီလီယံကျော်အထိ ဆက်တိုက်တိုးမြင့်လာနေကြောင်း မတ်ခ်က ထောက်ပြပါတယ်။ အတောမသတ်နိုင်အောင် ကြွေးမြီဝန်ထုပ်ဝန်ပိုး ဖိစီးလာခြင်းကို ကိုင်တွယ် ဖြေရှင်း ရန် ပျက်ကွက်နေခြင်းဟာ ဒီပုဆိုးဝတ်သရွေ့ ဒီချေး(ချီး)ပဲ ပေနေရလိမ့်မယ်လို့ ကြီးမားတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
“အမေရိကန်ဒေါ်လာနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း အခုလိုပြောဆိုကြတဲ့ ကမ္ဘာသိ ထင်ရှားသူတွေထဲမှာ မတ်ခ်တစ်ဦးတည်းတော့ မဟုတ်ပါဘူး။” အမေရိကန် နယူးယောက်ခ်အခြေစိုက် “ပီဂျေမော်ဂန်ချေ့စ်”လို နိုင်ငံတကာ ငွေကြေး ဆိုင်ရာကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဂျေမီဒီမွန် လည်း ပါဝင်ပါတယ်။ မဝေးတော့တဲ့အနာဂတ်မှာ ပြဿနာကြီးတစ်ခု ဖြစ်လာမှာကို စိုးရိမ်ပူပန်ကြောင်း အလားတူ ပြောခဲ့ဖူးပါတယ်။
ဒီစိုးရိမ်မှုတွေရဲ့တိကျမှုကို ငြင်းဆိုစရာ မရှိပါဘူး။ ဒေါ်လာငွေအပေါ် အားကိုးအားထားမှုကို လျှော့ချဖို့ နိုင်ငံတကာမှာ လုပ်ဆောင်နေကြခိုက် အမေရိကန်နိုင်ငံမှာ ကြွေးမြီဖောင်းပွမှု ဖြစ်ပေါ် နေပါတယ်။ BRICS မဟာမိတ်အဖွဲ့အနေနဲ့ သူတို့ရဲ့ ကြိုးပမ်းမှုတွေအတိုင်း ဆက်လက်ချီတက် နေကြခိုက် အမေရိကန်ဒေါ်လာအတွက် ပိုပြီး စိုးရိမ်စရာဖြစ်လာပါတယ်။
“၂၀ဝ၉ ခုနှစ်မှာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယနဲ့ တရုတ်တို့ပါဝင်တဲ့ BRIC အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ တစ်နှစ်အကြာမှာ တောင်အာဖရိကနိုင်ငံ ပါဝင်လာခဲ့ ပြီး BRICS ဖြစ်လာပါတယ်။ မူလက နိုင်ငံအချင်း ချင်းအကြား ပြည်တွင်းရေး ဝင်မစွက်ဘဲ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ကြဖို့ဖြစ်ပါတယ်။
“ကနဦး အဖွဲ့ဝင် ၅-နိုင်ငံစလုံးဟာ စက်မှုထိပ်သီး G20 အဖွဲ့ဝင်များဖြစ်ကြပြီး ကမ္ဘာ့ အသားတင် ကုန်ထုတ်မှုရဲ့ ၂၇% ကို ပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အီရန်၊ အီဂျစ်၊ အီသီ ယိုးပီးယား၊ ယူအေအီးတို့ ပါဝင်လာပြီး တန်းတူညီမျှရေး အပြန်အလှန်အကျိုးပြုရေး ပထဝီနိုင်ငံရေး အစုအဖွဲ့အသွင် ဖြစ်လာပါတယ်။ အနောက်အုပ်စု လွှမ်းမိုးတဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်တို့ နဲ့အပြိုင် ဖွံ့ဖြိုးရေးဘဏ်ကို ထူထောင်လာပါတယ်။
ကမ္ဘာသုံးငွေကြေးအဖြစ်မှ အမေရိကန်ဒေါ်လာကို အစားထိုးရန် ကြိုးစားနေကြရာမှာ BRICS အုပ်စုတစ်ခုတည်းတော့ မဟုတ်ပါဘူး။ ယခုအခါ BRICS ရဲ့ အာဖရိက မဟာမိတ်အသစ် ဖြစ်လာတဲ့ နိုင်ဂျာ၊ မာလီနဲ့ ဘာကီနာဖာနိုင်ငံတို့ကလည်း ငွေကြေးအသစ်ဖန်တီးဖို့လုပ်ဆောင်နေပြီး ကုန်သွယ် ရာမှာ အမေရိကန်ဒေါ်လာအသုံးပြုခြင်းမှ ခွဲထွက်သွားစေခဲ့ပါတယ်။
“စစ်အစိုးရများ အုပ်ချုပ်လျက်ရှိကြတဲ့ အဲ့ဒီပြင်သစ်ကိုလိုနီဟောင်းနိုင်ငံတွေဟာ BRICS ရဲ့ စံနမူနာအတိုင်း လိုက်နာကြပြီး သူတို့ရဲ့ ကိုယ်ပိုင်ငွေကြေးကို စတင်အသုံးပြုဖို့ ဆန္ဒရှိနေကြပါတယ်။ ASE ခေါ် “ဆာဟဲဒေသ မဟာမိတ်နိုင်ငံများ” ကာကွယ်ရေးမဟာမိတ်အဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ပြီး အမေရိကန်ဒေါ်လာအစား သူတို့နိုင်ငံ ကုန်သွယ်မှုအတွက် ငွေကြေးအသစ်ကို အသုံးပြုဖို့ စီစဉ်နေပါတယ်။
“ကမ္ဘာ့နိုင်ငံအများအပြားတို့မှာ “ဒီ-ဒေါ် လာရိုက်ဇေးရှင်း”ခေါ် အမေရိကန်ဒေါ်လာကို အရန် ငွေကြေး၊ ကြားခံသို့မဟုတ် မှီခိုအားထားမှုကို လျှော့ချရန် အားထုတ်လာမှုဟာ အမေရိကန်ဒေါ်လာရဲ့ ဖြစ်တည်မှုအပေါ် ထိခိုက်စေပါတယ်။ ငွေကြေးအသစ် ဖန်တီးရခြင်းဟာ ကိုလိုနီဆိုးမွေတွေကနေ ဝေးကွာသွားစေမယ့် နည်းလမ်းတစ်ခုဖြစ်ကြောင်း နိုင်ဂျာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်ကြီး အဗ္ဗဒူရာမိန်း-ထာနီက ပြောတယ်လို့ ပြင်သစ် သတင်းစာ France 24 ( 14 March 2024) က ရေးပါတယ်။
BRICS နိုင်ငံတွေဟာ အမေရိကန်ဒေါ်လာကို အံတုဖို့အတွက် ငွေကြေးအသစ် ဖန်တီးရန် အတူတကွ လုပ်ဆောင်နေကြပါတယ်။ အိမ်ဖြူတော်က ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ ရင်ဆိုင်ရပြီး အမေရိကန်ဒေါ်လာအပေါ် မှီခိုမှုကို လျှော့ချလိုကြပါတယ်။ မဟာမိတ်အဖွဲ့ဟာ BRICS ငွေကြေးအသစ် စတင်ဖို့ ပဏာမရှေ့ပြေးအနေနဲ့ ပြည်တွင်းသုံး ငွေကြေးအချင်းချင်း လဲလှယ်မှုကို မြှင့်တင်နေကြပါ တယ်။ အဲ့ဒီအစီအစဉ်နဲ့ပတ်သက်ပြီး ဆောင်ရွက်လျက်ရှိပုံကို တရုတ်နိုင်ငံဆိုင်ရာ တောင်အာဖရိက သံအမတ်ကြီးက အတည်ပြုခဲ့ပါတယ်။ မေလမှာ အဖွဲ့ဝင်နိုင်ငံတွေ နောက်ထပ်တွေ့ဆုံဆွေးနွေးပြီး လာမယ့် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ထိပ်သီး အစည်းအဝေးမှာ ငွေကြေးအသစ်ကို ကြေညာဖို့ရှိ ကြောင်း ပြောတယ်လို့ WatcherGuru (2 May 2024) က ရေးပါတယ်။

zawgyi version
အီလြန္မတ္ခ္ရဲ႕ေဒၚလာသတိေပးခ်က္၊ BRICS ရဲ႕ ေငြေၾကးအသစ္နဲ႔ အေမရိကန္တို႔ရဲ႕ ေႂကြးၿမီျပႆနာ (ဘာသာျပန္ေဆာင္ပါး)
Htay Oung (NP News) - ေမ ၁၅
BRICS လို႔ ေခၚတဲ့ ကုန္သြယ္ေရး စီးပြားေရး မဟာမိတ္အဖြဲ႕က လက္ရွိ ႏိုင္ငံတကာ အသုံးျပဳ ေနတဲ့ ေငြေၾကးအေပၚမွီခိုအားထားမႈကိုေလွ်ာ့ခ်ဖို႔ လုပ္ေဆာင္လာစဥ္ အေမရိကန္ေဒၚလာနဲ႔ ပတ္သက္ ၿပီး ကမာၻ႔အခ်မ္းသာဆုံးပုဂၢိဳလ္က အေရးတႀကီး သတိေပးလိုက္ပါတယ္။ ေဒၚလာေငြ ခိုင္မာအသုံးဝင္မႈနဲ႔ပတ္သက္ၿပီး ေငြေၾကးဆိုင္ရာကြၽမ္းက်င္သူေတြက စိုးရိမ္မကင္းျဖစ္ေနၾကတဲ့အထဲ ဒီတစ္ႀကိမ္မွာေတာ့ အရင္ တြစ္တာေခၚ X လူမႈကြန္ရက္ပလက္ေဖာင္းႀကီး ပိုင္ရွင္အယ္လြန္မတ္ခ္ ကိုယ္တိုင္ျဖစ္ေနတယ္လို႔ ခရစ္ပ္တို ေငြေၾကး၊ ဘစ္ကြိဳင္နဲ႔ ကမာၻ႔ေငြေၾကး ခ်ိတ္ဆက္မႈေတြရဲ႕ လတ္တေလာအေျခအေနေတြကို ေစာင့္ၾကည့္ေနတဲ့ “WatcherGuru” (3 May 2024) က ေရးသားပါတယ္။
“လက္ရွိ ကမာၻ႔စီးပြားေရး၊ ပထဝီႏိုင္ငံေရးဆိုင္ရာ အုပ္စုသစ္မ်ား ဖြဲ႕စည္းျခင္းျဖင့္ ႏိုင္ငံတကာ အေျခအေနမ်ား ေျပာင္းလဲေနစဥ္ အေမရိကန္ေငြေၾကးနဲ႔ပတ္သက္ၿပီး ႀကီးထြားလာေနတဲ့ စိုးရိမ္ပူပန္မႈ ကို မတ္ခ္က မွတ္ခ်က္ေပးလိုက္ျခင္းျဖစ္ပါတယ္။ အေမရိကန္စီးပြားေရးရဲ႕ အက်ပ္ အတည္းဆီသို႔ မၾကာမီ ဦးတည္သြားေစႏိုင္တဲ့ ႏိုင္ငံေတာ္ေႂကြးၿမီမ်ား တိုးျမင့္လာေနပုံကို CNN သတင္းဌာနဲ႔ ေတြ႕ဆုံစဥ္ “ တက္စ္လာ ေမာ္ေတာ္ယာဥ္” ကုမၸဏီပိုင္ရွင္ျဖစ္သူက အေလးထားေဆြးေႏြးသြားပါတယ္။
“ႏိုင္ငံေတာ္ေႂကြးၿမီကို အျမင့္ဆုံးပမာဏအထိ အႀကိမ္ႀကိမ္တိုးျမႇင့္ေနျခင္းဟာ အေမရိကန္ အတြက္ ေငြေၾကးဆိုင္ရာ အက်ပ္အတည္းေတြကို ထပ္မံဖန္တီးသလိုရွိေနၿပီး စီးပြားေရးက်ဆင္းမႈျဖစ္ ေပၚလာေစေၾကာင္း၊ အေမရိကန္ႏိုင္ငံ စီးပြားေရး ယိုယြင္းက်ဆင္းလာမႈဟာ ဘယ္လိုမွ ျငင္းဆိုဖုံး ကြယ္လို႔မွ မရႏိုင္ေၾကာင္း၊ အေမရိကန္ ဗဟိုဘဏ္ဟာ ႏွစ္ႏွစ္အတိုးႏႈန္းျမႇင့္တင္ျခင္းျဖင့္ ေငြေၾကး ေဖာင္းပြမႈ ကိုကာကြယ္ရန္ ႀကိဳးပမ္းခဲ့ေၾကာင္း၊ ဒါ့ျပင္ တင္းၾကပ္တဲ့ စည္းကမ္းခ်က္ေတြနဲ႔ စီမံကိန္း ခ်မွတ္ၿပီး အတိုးႏႈန္းေတြတည္ၿငိမ္ေအာင္ထိန္းခ်ဳပ္ဖို႔ အားထုတ္ခဲ့ေပမယ့္ မူလလမ္းေၾကာင္းကို ေျပာင္းလဲေစႏိုင္ျခင္း မရွိေသးေၾကာင္း၊ “ ဒီအခ်က္ဟာ ဘ႑ာေရးေလာကအတြက္ မ်ားစြာေသာ စိုးရိမ္ပူပန္မႈျဖစ္ေပၚေစၿပီး မက္ခ႐ိုစီးပြားေရးက႑နဲ႔ ေပါင္းစပ္သြားေၾကာင္း၊ တျခားတစ္ဖက္မွာလည္း BRICS မဟာမိတ္အဖြဲ႕က ကမာၻတစ္ဝန္း ေငြေၾကး ေက်ာေထာက္ေနာက္ခံထားမႈပုံစံကို တားဆီးရန္ လုပ္ေဆာင္ေနေၾကာင္း အေမရိကန္ေဒၚလာနဲ႔ ပတ္သက္ၿပီး ကမာၻ႔အခ်မ္း သာဆုံးပုဂၢိဳလ္က အေရးတႀကီး သတိေပးလိုက္ပါတယ္။
“ေငြစကၠဴကို အစိမ္းေရာင္မင္နဲ႔ အမ်ားစု ႐ိုက္ႏွိပ္တဲ့ ၁၈၆၀ ျပည့္လြန္ႏွစ္ေတြမွာ အေမရိကန္ ေဒၚလာေငြကို “အစိမ္း “Greenback” လို႔ ေခၚေဝၚ လာၾကပါတယ္။ အခြန္ေကာက္ခံခြင့္ကို ကြန္ဂရက္ လႊတ္ေတာ္က ကန႔္သတ္ျခင္းနဲ႔ အေမရိကန္ျပည္တြင္းစစ္ကို ေငြေၾကးေထာက္ပံ့ရာမွာ စကၠဴေငြေၾကး ဟာ အလြန္အသုံးတည့္လွပါတယ္။ ဘန္းစကား အေနနဲ႔ “ဘတ္ခ္” Buck လို႔ ေျပာရင္ အေမရိကန္တိုင္း သိၾကပါတယ္။
“လတ္တေလာျဖစ္ေနတဲ့ ျပည္တြင္း ျပည္ပ ဝိေရာဓိေတြအၾကားမွာ ေဒၚလာေငြေၾကးနဲ႔ ပတ္သက္ၿပီး အယ္လြန္မတ္ခ္က သူ႔ရဲ႕ စိုးရိမ္မႈကို အရင္ကလည္း ေဖာ္ျပခဲ့ဖူးပါတယ္။ အေမရိကန္ရဲ႕ ႏိုင္ငံေတာ္ေႂကြးၿမီကိစၥကို အပူတျပင္း ကိုင္တြယ္ရန္ လိုအပ္ေနေၾကာင္း၊ ဒီလိုမွ မဟုတ္ရင္ မေဝးတဲ့ တစ္ေန႔ မွာ ေဒၚလာေငြဟာ ဘာတန္ဖိုးမွမရွိတဲ့ စကၠဴတစ္႐ြက္ ျဖစ္သြားႏိုင္တယ္လို႔ ေျပာခဲ့ပါတယ္။
“အေမရိကန္ ထိပ္တန္းဘဏ္ႀကီးေတြအေနနဲ႔ အႀကီးအက်ယ္ဆုံးရႈံးမႈနဲ႔ ရင္ဆိုင္ေနရၿပီး ႏိုင္ငံေတာ္ ေႂကြးၿမီဟာ ေဒၚလာ ၃၄ ထရီလီယံေက်ာ္အထိ ဆက္တိုက္တိုးျမင့္လာေနေၾကာင္း မတ္ခ္က ေထာက္ျပပါတယ္။ အေတာမသတ္ႏိုင္ေအာင္ ေႂကြးၿမီဝန္ထုပ္ဝန္ပိုး ဖိစီးလာျခင္းကို ကိုင္တြယ္ ေျဖရွင္း ရန္ ပ်က္ကြက္ေနျခင္းဟာ ဒီပုဆိုးဝတ္သေ႐ြ႕ ဒီေခ်း(ခ်ီး)ပဲ ေပေနရလိမ့္မယ္လို႔ ႀကီးမားတဲ့ စိုးရိမ္မႈေတြလည္း ရွိေနပါတယ္။
“အေမရိကန္ေဒၚလာနဲ႔ပတ္သက္ၿပီး စိုးရိမ္ပူပန္ေၾကာင္း အခုလိုေျပာဆိုၾကတဲ့ ကမာၻသိ ထင္ရွားသူေတြထဲမွာ မတ္ခ္တစ္ဦးတည္းေတာ့ မဟုတ္ပါဘူး။” အေမရိကန္ နယူးေယာက္ခ္အေျခစိုက္ “ပီေဂ်ေမာ္ဂန္ေခ်႕စ္”လို ႏိုင္ငံတကာ ေငြေၾကး ဆိုင္ရာကုမၸဏီ အမႈေဆာင္အရာရွိခ်ဳပ္ ေဂ်မီဒီမြန္ လည္း ပါဝင္ပါတယ္။ မေဝးေတာ့တဲ့အနာဂတ္မွာ ျပႆနာႀကီးတစ္ခု ျဖစ္လာမွာကို စိုးရိမ္ပူပန္ေၾကာင္း အလားတူ ေျပာခဲ့ဖူးပါတယ္။
ဒီစိုးရိမ္မႈေတြရဲ႕တိက်မႈကို ျငင္းဆိုစရာ မရွိပါဘူး။ ေဒၚလာေငြအေပၚ အားကိုးအားထားမႈကို ေလွ်ာ့ခ်ဖို႔ ႏိုင္ငံတကာမွာ လုပ္ေဆာင္ေနၾကခိုက္ အေမရိကန္ႏိုင္ငံမွာ ေႂကြးၿမီေဖာင္းပြမႈ ျဖစ္ေပၚ ေနပါတယ္။ BRICS မဟာမိတ္အဖြဲ႕အေနနဲ႔ သူတို႔ရဲ႕ ႀကိဳးပမ္းမႈေတြအတိုင္း ဆက္လက္ခ်ီတက္ ေနၾကခိုက္ အေမရိကန္ေဒၚလာအတြက္ ပိုၿပီး စိုးရိမ္စရာျဖစ္လာပါတယ္။
“၂၀ဝ၉ ခုႏွစ္မွာ ဘရာဇီး၊ ႐ုရွား၊ အိႏၵိယနဲ႔ တ႐ုတ္တို႔ပါဝင္တဲ့ BRIC အဖြဲ႕ကို ဖြဲ႕စည္းခဲ့ပါတယ္။ တစ္ႏွစ္အၾကာမွာ ေတာင္အာဖရိကႏိုင္ငံ ပါဝင္လာခဲ့ ၿပီး BRICS ျဖစ္လာပါတယ္။ မူလက ႏိုင္ငံအခ်င္း ခ်င္းအၾကား ျပည္တြင္းေရး ဝင္မစြက္ဘဲ ကုန္သြယ္မႈ၊ ရင္းႏွီးျမႇဳပ္ႏွံမႈ ျပဳလုပ္ၾကဖို႔ျဖစ္ပါတယ္။
“ကနဦး အဖြဲ႕ဝင္ ၅-ႏိုင္ငံစလုံးဟာ စက္မႈထိပ္သီး G20 အဖြဲ႕ဝင္မ်ားျဖစ္ၾကၿပီး ကမာၻ႔ အသားတင္ ကုန္ထုတ္မႈရဲ႕ ၂၇% ကို ပိုင္ဆိုင္ထားၿပီး ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ အီရန္၊ အီဂ်စ္၊ အီသီ ယိုးပီးယား၊ ယူေအအီးတို႔ ပါဝင္လာၿပီး တန္းတူညီမွ်ေရး အျပန္အလွန္အက်ိဳးျပဳေရး ပထဝီႏိုင္ငံေရး အစုအဖြဲ႕အသြင္ ျဖစ္လာပါတယ္။ အေနာက္အုပ္စု လႊမ္းမိုးတဲ့ ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕၊ ကမာၻ႔ဘဏ္တို႔ နဲ႔အၿပိဳင္ ဖြံ႕ၿဖိဳးေရးဘဏ္ကို ထူေထာင္လာပါတယ္။
ကမာၻသုံးေငြေၾကးအျဖစ္မွ အေမရိကန္ေဒၚလာကို အစားထိုးရန္ ႀကိဳးစားေနၾကရာမွာ BRICS အုပ္စုတစ္ခုတည္းေတာ့ မဟုတ္ပါဘူး။ ယခုအခါ BRICS ရဲ႕ အာဖရိက မဟာမိတ္အသစ္ ျဖစ္လာတဲ့ ႏိုင္ဂ်ာ၊ မာလီနဲ႔ ဘာကီနာဖာႏိုင္ငံတို႔ကလည္း ေငြေၾကးအသစ္ဖန္တီးဖို႔လုပ္ေဆာင္ေနၿပီး ကုန္သြယ္ ရာမွာ အေမရိကန္ေဒၚလာအသုံးျပဳျခင္းမွ ခြဲထြက္သြားေစခဲ့ပါတယ္။
“စစ္အစိုးရမ်ား အုပ္ခ်ဳပ္လ်က္ရွိၾကတဲ့ အဲ့ဒီျပင္သစ္ကိုလိုနီေဟာင္းႏိုင္ငံေတြဟာ BRICS ရဲ႕ စံနမူနာအတိုင္း လိုက္နာၾကၿပီး သူတို႔ရဲ႕ ကိုယ္ပိုင္ေငြေၾကးကို စတင္အသုံးျပဳဖို႔ ဆႏၵရွိေနၾကပါတယ္။ ASE ေခၚ “ဆာဟဲေဒသ မဟာမိတ္ႏိုင္ငံမ်ား” ကာကြယ္ေရးမဟာမိတ္အဖြဲ႕ကိုလည္း ဖြဲ႕စည္းခဲ့ၿပီး အေမရိကန္ေဒၚလာအစား သူတို႔ႏိုင္ငံ ကုန္သြယ္မႈအတြက္ ေငြေၾကးအသစ္ကို အသုံးျပဳဖို႔ စီစဥ္ေနပါတယ္။
“ကမာၻ႔ႏိုင္ငံအမ်ားအျပားတို႔မွာ “ဒီ-ေဒၚ လာ႐ိုက္ေဇးရွင္း”ေခၚ အေမရိကန္ေဒၚလာကို အရန္ ေငြေၾကး၊ ၾကားခံသို႔မဟုတ္ မွီခိုအားထားမႈကို ေလွ်ာ့ခ်ရန္ အားထုတ္လာမႈဟာ အေမရိကန္ေဒၚလာရဲ႕ ျဖစ္တည္မႈအေပၚ ထိခိုက္ေစပါတယ္။ ေငြေၾကးအသစ္ ဖန္တီးရျခင္းဟာ ကိုလိုနီဆိုးေမြေတြကေန ေဝးကြာသြားေစမယ့္ နည္းလမ္းတစ္ခုျဖစ္ေၾကာင္း ႏိုင္ဂ်ာစစ္အစိုးရေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီး အဗၺဒူရာမိန္း-ထာနီက ေျပာတယ္လို႔ ျပင္သစ္ သတင္းစာ France 24 ( 14 March 2024) က ေရးပါတယ္။
BRICS ႏိုင္ငံေတြဟာ အေမရိကန္ေဒၚလာကို အံတုဖို႔အတြက္ ေငြေၾကးအသစ္ ဖန္တီးရန္ အတူတကြ လုပ္ေဆာင္ေနၾကပါတယ္။ အိမ္ျဖဴေတာ္က ပိတ္ဆို႔ဒဏ္ခတ္မႈေတြနဲ႔ ရင္ဆိုင္ရၿပီး အေမရိကန္ေဒၚလာအေပၚ မွီခိုမႈကို ေလွ်ာ့ခ်လိုၾကပါတယ္။ မဟာမိတ္အဖြဲ႕ဟာ BRICS ေငြေၾကးအသစ္ စတင္ဖို႔ ပဏာမေရွ႕ေျပးအေနနဲ႔ ျပည္တြင္းသုံး ေငြေၾကးအခ်င္းခ်င္း လဲလွယ္မႈကို ျမႇင့္တင္ေနၾကပါ တယ္။ အဲ့ဒီအစီအစဥ္နဲ႔ပတ္သက္ၿပီး ေဆာင္႐ြက္လ်က္ရွိပုံကို တ႐ုတ္ႏိုင္ငံဆိုင္ရာ ေတာင္အာဖရိက သံအမတ္ႀကီးက အတည္ျပဳခဲ့ပါတယ္။ ေမလမွာ အဖြဲ႕ဝင္ႏိုင္ငံေတြ ေနာက္ထပ္ေတြ႕ဆုံေဆြးေႏြးၿပီး လာမယ့္ ၂၀၂၄ ခုႏွစ္ ေအာက္တိုဘာလ ထိပ္သီး အစည္းအေဝးမွာ ေငြေၾကးအသစ္ကို ေၾကညာဖို႔ရွိေၾကာင္း ေျပာတယ္လို႔ WatcherGuru (2 May 2024)က ေရးပါတယ္။