Visa Inc က အမေရိကန်စတိုးဆိုင်များမှ သေနတ်ရောင်းချမှုကို အမျိုးအစားခွဲဖော်ထုတ်နိုင်မယ့် ကုဒ်အသစ်တီထွင်မယ်လို့ ဆို

 418

ရောင်နီ (NP News) - စက်တင်ဘာ ၁၂

Visa Inc ဟာ အမေရိကန်ပြည်ထောင်စုရှိ သေနတ်အရောင်းဆိုင်များမှာ ငွေပေးချေမှုများကို ဖော်ထုတ် ပေးမယ့် ကုန်သည်အမျိုးအစား ကုဒ်အသစ်ကို စတင်အကောင်အထည်ဖော်မယ်လို့ စက်တင်ဘာလ ၁ဝ ရက်၊ စနေနေ့က ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံးငွေပေးချေမှု ပရိုဆက်ဆာ Visa Inc မှ ဖော်ထုတ်တဲ့ စက်တင်ဘာလ ၁ဝ ရက်၊ စနေနေ့က ကြေညာချက်ဟာ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေနဲ့ သေနတ်အမျိုးအစားခွဲ ရောင်းချမှုကို ပိုမို ကောင်းမွန်စွာခြေရာခံဖို့ အထောက်အကူဖြစ်စေမယ်လို့ သိရပါတယ်။

အဆိုပါထုတ်ပြန်ချက်ဟာ International Organization for Standardization (ISO) မှ ကုဒ်အသစ် ဖန်တီးမှုကိုအတည်ပြုပြီးနောက် တစ်ရက်အကြာမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။ "ရောင်းချသူအမျိုး အစား ကုဒ်အသစ်တစ်ခုတည်ထောင်ဖို့ ISO ရဲ့ဆုံးဖြတ်ချက်အတိုင်း Visa ဟာ ကျွန်ုပ်တို့ရဲ့သက်တမ်းရှည် စည်းမျဉ်းများနဲ့အညီ Visa ကွန်ရက်ပေါ်ရှိ တရားဝင်ကုန်သွယ်မှုအားလုံးကိုကာကွယ်ပေးပြီး နောက်အဆင့်များ ဆက်လက်လုပ်ဆောင်မှာဖြစ်တယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြွေးဝယ်ကတ် ပရိုဆက်ဆာများဟာ ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်များနဲ့ အခြားအရာများကဲ့သို့ ကဏ္ဍအလိုက်ရောင်းချမှုများကို ခွဲခြားသတ်မှတ်ဖို့ ကုဒ်တွေကို အသုံးပြုပါတယ်။ ကုဒ်အသစ်ဟာ လူတစ်ဦးတစ်ယောက် ငွေသုံးစွဲတဲ့နေရာ စောင့်ကြည့်မှုတွေကိုခြေရာခံဖို့ ကူညီပေးမှာဖြစ်ပြီး မည်သည့် ပစ္စည်းကိုဝယ်ယူခဲ့သည်ကိုတော့ ဖော်ပြမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

Mastercard Inc ကလည်း ကုဒ်အသစ်ကိုလည်း အကောင်အထည်ဖော်မယ်လို့ ပြောကြားထားပါတယ်။ American Express Co ကလည်း ISO မှ ကုဒ်အသစ်တစ်ခု တီထွင်တဲ့အခါ ကုမ္ပဏီဟာ အကောင်အထည် ဖော်မှုမှာ ပင်ပပရိုဆက်ဆာများ၊ ပါတနာများနဲ့ လုပ်ဆောင်မှာဖြစ်ကြောင်း အစောပိုင်းက ပြောကြားခဲ့ပါ တယ်။ သို့ပေမယ့် သေနတ်အခွင့်အရေးထောက်ခံသူများကတော့ သေနတ်စတိုးဆိုင်များမှာ သေနတ် ရောင်းချမှုကိုခြေရာခံခြင်းဟာ တရားဝင်သေနတ်ဝယ်ယူမှုများကို မမျှတစွာ ပစ်မှတ်ထားနိုင်တယ်လို့ ဆို ကာ ငြင်းခုံနေဆဲ ဖြစ်ပါတယ်။

၂ဝ၁၆ ခုနှစ်က ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒိုရှိ Pulse Nightclub မှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မှု ကြောင့် လူ ၄၉ ဦး သေဆုံးမှုဖြစ်စဉ်သာဓကမှာ တိုက်ခိုက်မှုမဖြစ်ခင် တစ်ပတ်အလိုက သေနတ်သမားဟာ ဒေါ်လာ ၂၆ဝဝဝ ကျော်တန်ဖိုးရှိ သေနတ်တွေ ဝယ်ယူဖို့အတွက် အကြွေးဝယ်ကတ်တွေကို အသုံးပြုခဲ့ တယ်လို့ သိရပါတယ်။

Zawgyi Version;
Visa Inc က အေမရိကန္စတိုးဆိုင္မ်ားမွ ေသနတ္ေရာင္းခ်မႈကို အမ်ိဳးအစားခြဲေဖာ္ထုတ္ႏိုင္မယ့္ ကုဒ္ အသစ္တီထြင္မယ္လို႔ ဆို
ေရာင္နီ (NP News) - စက္တင္ဘာ ၁၂

Visa Inc ဟာ အေမရိကန္ျပည္ေထာင္စုရွိ ေသနတ္အေရာင္းဆိုင္မ်ားမွာ ေငြေပးေခ်မႈမ်ားကို ေဖာ္ထုတ္ ေပးမယ့္ ကုန္သည္အမ်ိဳးအစား ကုဒ္အသစ္ကို စတင္အေကာင္အထည္ေဖာ္မယ္လို႔ စက္တင္ဘာလ ၁ဝ ရက္၊ စေနေန႔က ေျပာၾကားခဲ့ပါတယ္။

ကမာၻ႔အႀကီးဆုံးေငြေပးေခ်မႈ ပ႐ိုဆက္ဆာ Visa Inc မွ ေဖာ္ထုတ္တဲ့ စက္တင္ဘာလ ၁ဝ ရက္၊ စေနေန႔က ေၾကညာခ်က္ဟာ အစုလိုက္အၿပဳံလိုက္ပစ္ခတ္မႈေတြနဲ႔ ေသနတ္အမ်ိဳးအစားခြဲ ေရာင္းခ်မႈကို ပိုမို ေကာင္းမြန္စြာေျခရာခံဖို႔ အေထာက္အကူျဖစ္ေစမယ္လို႔ သိရပါတယ္။

အဆိုပါထုတ္ျပန္ခ်က္ဟာ International Organization for Standardization (ISO) မွ ကုဒ္အသစ္ ဖန္တီးမႈကိုအတည္ျပဳၿပီးေနာက္ တစ္ရက္အၾကာမွာ ထြက္ေပၚလာတာျဖစ္ပါတယ္။ "ေရာင္းခ်သူအမ်ိဳး အစား ကုဒ္အသစ္တစ္ခုတည္ေထာင္ဖို႔ ISO ရဲ႕ဆုံးျဖတ္ခ်က္အတိုင္း Visa ဟာ ကြၽႏ္ုပ္တို႔ရဲ႕သက္တမ္းရွည္ စည္းမ်ဥ္းမ်ားနဲ႔အညီ Visa ကြန္ရက္ေပၚရွိ တရားဝင္ကုန္သြယ္မႈအားလုံးကိုကာကြယ္ေပးၿပီး ေနာက္အဆင့္မ်ား ဆက္လက္လုပ္ေဆာင္မွာျဖစ္တယ္” လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အေႂကြးဝယ္ကတ္ ပ႐ိုဆက္ဆာမ်ားဟာ ကုန္စုံဆိုင္မ်ား၊ စားေသာက္ဆိုင္မ်ားနဲ႔ အျခားအရာမ်ားကဲ့သို႔ က႑အလိုက္ေရာင္းခ်မႈမ်ားကို ခြဲျခားသတ္မွတ္ဖို႔ ကုဒ္ေတြကို အသုံးျပဳပါတယ္။ ကုဒ္အသစ္ဟာ လူတစ္ဦးတစ္ေယာက္ ေငြသုံးစြဲတဲ့ေနရာ ေစာင့္ၾကည့္မႈေတြကိုေျခရာခံဖို႔ ကူညီေပးမွာျဖစ္ၿပီး မည္သည့္ ပစၥည္းကိုဝယ္ယူခဲ့သည္ကိုေတာ့ ေဖာ္ျပမွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။

Mastercard Inc ကလည္း ကုဒ္အသစ္ကိုလည္း အေကာင္အထည္ေဖာ္မယ္လို႔ ေျပာၾကားထားပါတယ္။ American Express Co ကလည္း ISO မွ ကုဒ္အသစ္တစ္ခု တီထြင္တဲ့အခါ ကုမၸဏီဟာ အေကာင္အထည္ ေဖာ္မႈမွာ ပင္ပပ႐ိုဆက္ဆာမ်ား၊ ပါတနာမ်ားနဲ႔ လုပ္ေဆာင္မွာျဖစ္ေၾကာင္း အေစာပိုင္းက ေျပာၾကားခဲ့ပါ တယ္။ သို႔ေပမယ့္ ေသနတ္အခြင့္အေရးေထာက္ခံသူမ်ားကေတာ့ ေသနတ္စတိုးဆိုင္မ်ားမွာ ေသနတ္ ေရာင္းခ်မႈကိုေျခရာခံျခင္းဟာ တရားဝင္ေသနတ္ဝယ္ယူမႈမ်ားကို မမွ်တစြာ ပစ္မွတ္ထားႏိုင္တယ္လို႔ ဆို ကာ ျငင္းခုံေနဆဲ ျဖစ္ပါတယ္။

၂ဝ၁၆ ခုႏွစ္က ဖေလာ္ရီဒါျပည္နယ္၊ ေအာ္လန္ဒိုရွိ Pulse Nightclub မွာ အစုလိုက္အၿပဳံလိုက္ ပစ္ခတ္မႈ ေၾကာင့္ လူ ၄၉ ဦး ေသဆုံးမႈျဖစ္စဥ္သာဓကမွာ တိုက္ခိုက္မႈမျဖစ္ခင္ တစ္ပတ္အလိုက ေသနတ္သမားဟာ ေဒၚလာ ၂၆ဝဝဝ ေက်ာ္တန္ဖိုးရွိ ေသနတ္ေတြ ဝယ္ယူဖို႔အတြက္ အေႂကြးဝယ္ကတ္ေတြကို အသုံးျပဳခဲ့ တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.