တာချီလိတ်မြို့တွင် ငွေကျပ်သိန်း(၁၄ဝဝ)နီးပါးတန်ဖိုးရှိ စိတ်ကြွဆေးပြားများ အပါအဝင် လက်နက်ခဲယမ်းအချို့ဖမ်းဆီးရမိ

 750

NP News - စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း(၁၄ဝဝ)နီးပါး တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ အပါအဝင် လက်နက်ခဲယမ်းအချို့ဖမ်းဆီးရရှိခဲ့ကြောင်း မြန် မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့(CCDAC MYANMAR) မှသတင်းရရှိ သည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁ဝ ရက်၊ ည၆နာရီအချိန်တွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ဝင်များမှ သတင်းများအရ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(တွင်း)၊ လိုမာဟော် တယ်လမ်းရှိ နေအိမ်တစ်အိမ်အား ဝင်ရောက်ရှာဖွေခဲ့ကြောင်း CCDAC မှဆိုသည်။

ထိုသို့ဝင်ရောက်ရှာဖွေခဲ့ရာ အဆိုပါနေအိမ်အတွင်းမှ ကိုနိုင်းခုန်ဆတ်လတ်စနာရိုတင်း ဆိုသူနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား (၁၉၆ဝဝဝ) ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၃၇၂သိန်း)၊ ပစ္စတိုသေနတ် တစ်လက်နှင့် ဆက်စပ်ပစ္စည်းများ၊ ၎င်းကျည် ၁၃တောင့်၊ ကျည်အိမ် ၃ခုနှင့် ခြောက်လုံးပြူးသေနတ် တစ်လက်တို့အား သိမ်း ဆည်းရရှိခဲ့ကြောင်း CCDAC မှထုတ်ပြန်ထားသည်။

ထို့ကြောင့် ကိုနိုင်းခုန်ဆတ်လတ်စနာရိုတင်း(၄၂)နှစ်အား ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များအား ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှဆိုထားသည်။

zawgyi version
တာခ်ီလိတ္ၿမိဳ႕တြင္ ေငြက်ပ္သိန္း(၁၄ဝဝ)နီးပါးတန္ဖိုးရွိ စိတ္ႂကြေဆးျပားမ်ား အပါအဝင္ လက္နက္ခဲယမ္းအခ်ိဳ႕ဖမ္းဆီးရမိ
NP News - စက္တင္ဘာ ၁၂

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕နယ္တြင္ ေငြက်ပ္သိန္း(၁၄ဝဝ)နီးပါး တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား အပါအဝင္ လက္နက္ခဲယမ္းအခ်ိဳ႕ဖမ္းဆီးရရွိခဲ့ေၾကာင္း ျမန္ မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးအဖြဲ႕(CCDAC MYANMAR) မွသတင္းရရွိ သည္။

ျဖစ္စဥ္မွာ စက္တင္ဘာလ ၁ဝ ရက္၊ ည၆နာရီအခ်ိန္တြင္ ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕ဝင္မ်ားမွ သတင္းမ်ားအရ တာခ်ီလိတ္ၿမိဳ႕၊ ဝိန္းေက်ာက္ရပ္ကြက္၊ ေတာ္ေကာ့(တြင္း)၊ လိုမာေဟာ္ တယ္လမ္းရွိ ေနအိမ္တစ္အိမ္အား ဝင္ေရာက္ရွာေဖြခဲ့ေၾကာင္း CCDAC မွဆိုသည္။

ထိုသို႔ဝင္ေရာက္ရွာေဖြခဲ့ရာ အဆိုပါေနအိမ္အတြင္းမွ ကိုႏိုင္းခုန္ဆတ္လတ္စနာ႐ိုတင္း ဆိုသူႏွင့္အတူ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၁၉၆ဝဝဝ) ျပား (ေဒသကာလေပါက္ေဈးတန္ဖိုးေငြက်ပ္ ၁၃၇၂သိန္း)၊ ပစၥတိုေသနတ္ တစ္လက္ႏွင့္ ဆက္စပ္ပစၥည္းမ်ား၊ ၎က်ည္ ၁၃ေတာင့္၊ က်ည္အိမ္ ၃ခုႏွင့္ ေျခာက္လုံးျပဴးေသနတ္ တစ္လက္တို႔အား သိမ္း ဆည္းရရွိခဲ့ေၾကာင္း CCDAC မွထုတ္ျပန္ထားသည္။

ထို႔ေၾကာင့္ ကိုႏိုင္းခုန္ဆတ္လတ္စနာ႐ိုတင္း(၄၂)ႏွစ္အား ေဟာင္လိတ္နယ္ေျမရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အမႈဖြင့္အေရးယူထားရွိၿပီး ကြင္းဆက္မ်ားအား ေဖာ္ထုတ္လ်က္ရွိေၾကာင္း CCDAC MYANMAR မွဆိုထားသည္။

Related news

© 2021. All rights reserved.