ထိုင်းနိုင်ငံတစ်ဝှမ်းတွင် ရေကြီးရေလျှံမှုအတွက် သတိပေးချက်များထုတ်ပြန်

918

ဖြိုးခန့်(NP News) - စက်တင်ဘာ ၁၂
ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် (၂၄ )နာရီအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘန်ကောက်မြို့နှင့် ၎င်း၏ဆင်ခြေဖုံးရပ်ကွက်များအပါအဝင် ပြည်နယ် (၅၆) ခုမှ ပြည်သူများအား မြစ်များရေလျှံမှုကိုသတိပြုရန် ထိုင်းနိုင်ငံ၏ အမျိုးသားရေအရင်းအမြစ်အသုံးချရေးနှင့် ထိန်းချုပ်ရေးဗဟိုဌာနက စက်တင်ဘာ(၁၀)ရက်နေ့တွင် သတိပေးချက်ထုတ်ပြန်ခဲ့ကြောင်းသိရသည်၊၊
ထိုင်းအစိုးရ ဆည်မြောင်းဦးစီးဌာနသည် ဘန်ကောက်မြို့အနီးရှိ Pathum Thani ခရိုင်တွင် ရေကြီးရေလျှံမှုများကို လျှော့ချရန်အတွက် Rangsit Prayoonsak တူးမြောင်းမှ ရေများကို Chao Phraya မြစ် နှင့် အရှေ့ဘက် Chachoengsao ခရိုင်ရှိ Bang Pakong မြစ်အတွင်းသို့ တူးမြောင်းများ သွယ်တန်းကာ စီးဆင်းစေခြင်းဖြင့် ရေများကို ထိုင်းပင်လယ်ကွေ့သို့ ရောက်ရှိစေရန် လုပ်ဆောင်ခဲ့ကြောင်းသိရသည်၊၊
Pathum Thani ခရိုင်ရှိ နေရာအများအပြားထဲမှ Rangsit မြို့တွင် စက်တင်ဘာ(၇)ရက်နေ့တည်းက ရေကြီးမှုများဖြစ်ပေါ်နေပြီး Rangsit Prayoonsak တူးမြောင်းထဲမှ
ရေမျက်နှာပြင်သည် မြင့်တက်နေဆဲဖြစ်ပြီး ရေများစီးဆင်းရန် ခက်ခဲနေကြောင်း သိရသည်၊၊
ထိုင်းနိုင်ငံတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် အသေးစား စီးပွားရေးလုပ်ငန်းများထိခိုက်မှုများဖြစ်ပေါ်ခဲ့ရကြောင်း ထိုင်းသတင်းတွေက ဆိုသည်။ ရေများသည် အိမ်တွေထဲအထိ ဝင်ရောက်တာမျိုးတွေဖြစ်ခဲ့ကြောင်း၊ ရေကြီးမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံဘန်ကောက်မြို့ဝန်းကျင်ရှိ ကျောင်းများပိတ်သိမ်းခဲ့ရကြောင်း သိရသည်။
ထိုင်းတွင်ရေကြီးမှုများကြောင့် မီးပွိုင်များတွင်ကားပိတ်မှုများဖြစ်ခဲ့ရသလို တက္ကဆီ၊ ဘက်စ်ကားများ အပါအဝင် အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများလည်း ထိခိုက်ခဲ့ရကြောင်း ဆိုသည်။

Zawgyi Version;
ထိုင္းႏိုင္ငံတစ္ဝွမ္းတြင္ ေရႀကီးေရလွ်ံမႈအတြက္ သတိေပးခ်က္မ်ားထုတ္ျပန္
ၿဖိဳးခန႔္(NP News) - စက္တင္ဘာ ၁၂
ထိုင္းႏိုင္ငံတြင္ ၿပီးခဲ့သည့္ (၂၄ )နာရီအတြင္း မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ဘန္ေကာက္ၿမိဳ႕ႏွင့္ ၎၏ဆင္ေျခဖုံးရပ္ကြက္မ်ားအပါအဝင္ ျပည္နယ္ (၅၆) ခုမွ ျပည္သူမ်ားအား ျမစ္မ်ားေရလွ်ံမႈကိုသတိျပဳရန္ ထိုင္းႏိုင္ငံ၏ အမ်ိဳးသားေရအရင္းအျမစ္အသုံးခ်ေရးႏွင့္ ထိန္းခ်ဳပ္ေရးဗဟိုဌာနက စက္တင္ဘာ(၁၀)ရက္ေန႔တြင္ သတိေပးခ်က္ထုတ္ျပန္ခဲ့ေၾကာင္းသိရသည္၊၊
ထိုင္းအစိုးရ ဆည္ေျမာင္းဦးစီးဌာနသည္ ဘန္ေကာက္ၿမိဳ႕အနီးရွိ Pathum Thani ခ႐ိုင္တြင္ ေရႀကီးေရလွ်ံမႈမ်ားကို ေလွ်ာ့ခ်ရန္အတြက္ Rangsit Prayoonsak တူးေျမာင္းမွ ေရမ်ားကို Chao Phraya ျမစ္ ႏွင့္ အေရွ႕ဘက္ Chachoengsao ခ႐ိုင္ရွိ Bang Pakong ျမစ္အတြင္းသို႔ တူးေျမာင္းမ်ား သြယ္တန္းကာ စီးဆင္းေစျခင္းျဖင့္ ေရမ်ားကို ထိုင္းပင္လယ္ေကြ႕သို႔ ေရာက္ရွိေစရန္ လုပ္ေဆာင္ခဲ့ေၾကာင္းသိရသည္၊၊
Pathum Thani ခ႐ိုင္ရွိ ေနရာအမ်ားအျပားထဲမွ Rangsit ၿမိဳ႕တြင္ စက္တင္ဘာ(၇)ရက္ေန႔တည္းက ေရႀကီးမႈမ်ားျဖစ္ေပၚေနၿပီး Rangsit Prayoonsak တူးေျမာင္းထဲမွ
ေရမ်က္ႏွာျပင္သည္ ျမင့္တက္ေနဆဲျဖစ္ၿပီး ေရမ်ားစီးဆင္းရန္ ခက္ခဲေနေၾကာင္း သိရသည္၊၊
ထိုင္းႏိုင္ငံတြင္ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚခဲ့ျခင္းေၾကာင့္ အေသးစား စီးပြားေရးလုပ္ငန္းမ်ားထိခိုက္မႈမ်ားျဖစ္ေပၚခဲ့ရေၾကာင္း ထိုင္းသတင္းေတြက ဆိုသည္။ ေရမ်ားသည္ အိမ္ေတြထဲအထိ ဝင္ေရာက္တာမ်ိဳးေတြျဖစ္ခဲ့ေၾကာင္း၊ ေရႀကီးမႈမ်ားျဖစ္ေပၚခဲ့ျခင္းေၾကာင့္ ထိုင္းႏိုင္ငံဘန္ေကာက္ၿမိဳ႕ဝန္းက်င္ရွိ ေက်ာင္းမ်ားပိတ္သိမ္းခဲ့ရေၾကာင္း သိရသည္။
ထိုင္းတြင္ေရႀကီးမႈမ်ားေၾကာင့္ မီးပြိဳင္မ်ားတြင္ကားပိတ္မႈမ်ားျဖစ္ခဲ့ရသလို တကၠဆီ၊ ဘက္စ္ကားမ်ား အပါအဝင္ အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးလုပ္ငန္းမ်ားလည္း ထိခိုက္ခဲ့ရေၾကာင္း ဆိုသည္။