တာချီလိတ်မြို့တွင် ငွေကျပ်သိန်း(၄ဝဝဝ)တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) မူးယစ်ဆေးများ ဖမ်းဆီးရမိ

 902

NP News - စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း(၄ဝဝဝ)တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) မူးယစ်ဆေးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၂ရက် ညနေ ၄ နာရီခွဲအချိန်တွင် တာချီလိတ်မြို့နယ်၊ မယ်ဟုတ်(ရွာသစ်)ကျေးရွာအနီးတွင် မယ်ယန်းကျေးရွာမှ မယ်ဟုတ်(ရွာသစ်)ဘက်သို့ ကိုစိုင်းဆိုင်လူ မောင်းနှင်လာသည့် Mark-ll မော်တော်ယာဉ်အား စစ်ဆေးခဲ့ရာတွင် မူးယစ်ဆေးများတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။

အဆိုပါမော်တော်ယာဉ်အား စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ရပ်တန့်မပေးပဲ မောင်းနှင်ထွက် ပြေးပြီး လမ်းဘေးခြံစည်းရိုးအုတ်တံတိုင်းအားတိုက်မိ၍ ရပ်တန့်သွားခဲ့ရာ စစ်ဆေးရှာ ဖွေခဲ့ချိန်တွင် ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း (၄ဝဝဝ)တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) (၅ဝ)ကီလို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ထို့ကြောင့် ကိုစိုင်းဆိုင်လူအား ဥပဒေအရအရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန် သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆိုထားသည်။

zawgyi version
တာခ်ီလိတ္ၿမိဳ႕တြင္ ေငြက်ပ္သိန္း(၄ဝဝဝ)တန္ဖိုးရွိ အိုက္စ္(မက္သ္အဖက္တမင္း) မူးယစ္ေဆးမ်ား ဖမ္းဆီးရမိ
NP News - စက္တင္ဘာ ၁၅

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕နယ္တြင္ ေငြက်ပ္သိန္း(၄ဝဝဝ)တန္ဖိုးရွိ အိုက္စ္(မက္သ္အဖက္တမင္း) မူးယစ္ေဆးမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ စက္တင္ဘာလ ၁၂ရက္ ညေန ၄ နာရီခြဲအခ်ိန္တြင္ တာခ်ီလိတ္ၿမိဳ႕နယ္၊ မယ္ဟုတ္(႐ြာသစ္)ေက်း႐ြာအနီးတြင္ မယ္ယန္းေက်း႐ြာမွ မယ္ဟုတ္(႐ြာသစ္)ဘက္သို႔ ကိုစိုင္းဆိုင္လူ ေမာင္းႏွင္လာသည့္ Mark-ll ေမာ္ေတာ္ယာဥ္အား စစ္ေဆးခဲ့ရာတြင္ မူးယစ္ေဆးမ်ားေတြ႕ရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။

အဆိုပါေမာ္ေတာ္ယာဥ္အား စစ္ေဆးရန္ရပ္တန႔္ခိုင္းစဥ္ ရပ္တန႔္မေပးပဲ ေမာင္းႏွင္ထြက္ ေျပးၿပီး လမ္းေဘးၿခံစည္း႐ိုးအုတ္တံတိုင္းအားတိုက္မိ၍ ရပ္တန႔္သြားခဲ့ရာ စစ္ေဆးရွာ ေဖြခဲ့ခ်ိန္တြင္ ယာဥ္ေပၚမွ ေဒသကာလတန္ဖိုး ေငြက်ပ္သိန္း (၄ဝဝဝ)တန္ဖိုးရွိ အိုက္စ္ (မက္သ္အဖက္တမင္း) (၅ဝ)ကီလို သိမ္းဆည္းရမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ သိရသည္။

ထို႔ေၾကာင့္ ကိုစိုင္းဆိုင္လူအား ဥပေဒအရအေရးယူထားၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္ သူမ်ားအား ဆက္လက္စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ဆိုထားသည္။

Picture

Ko Moe

15/09/2022 13:43

ရဲတွေဟာ မူးယစ်ဆေးကို မနိုင်တာလား အဖမ်းတာလား ဒါပြေးနေတဲ့ ပြစ်မှတ်ပေါ့နော်။အငြိမ်ထိုင်ရောင်းတဲ့ ပြစ်မှတ်က်ု မဖမ်းတာ ဘာသဘောလဲ။လီးနဲ့ ထ်ုင်ဆဲရင် လီးပါထောင်မှာ မဟုတ်တော့ဘူး။

Picture

Ko Moe

15/09/2022 13:46

အကုန်ဖမ်းပါ မင်းတို့သားသမိး တူမတွေဖျက်ဆီးနေတာတင်မကဘူး။ရဲဆို လီးနဲ့ ထိုးချင်စရာ သတ္တဝါလို့ ထင်လောက်အောင် သိက္ခာကျစေတယ်ကွ နားလည်လား။ငါပြည်သူပဲ ရဲမကောင်းကြောင်ူပြောရင် ငါသိပ်မကြိုက်ဘူး။ဒါပေမဲ့ မင်းတို့ကမှ မဖမ်းတာလေ။

Picture

Ko Moe

15/09/2022 13:53

ငါ့အမျိူးထဲ ရဲမ‌ရှိဘူး။မင်းတို့က အဆဲခံရ နှခေါင်းအရှူံ့ခံရတာက ဒိ မူးယစ်ဆေးကြောင့်ပဲ။နိုင်ငံရေးက ဘာမှ မဟုတ်ဘူး ဒိနိုင်ငံက နိုင်ငံရေးသမားမှန်သေနတ်ကြောက်တွေကြိးပါ။ဘယ်ရမလဲ ဖာဖြစ်သွားမှာပေါ့။ ဒီလောက် လက်နက်ကိုင်အဖွဲ့များတဲ့ နိုင်ငံမှာ နိုင်ငံရေးသမားစစ်စစ်အတွက် နေရာမရှိသေးပါဘူး။မူးယစ်ဆေးကလည်း ပထမ မဟုတ်ရင် ဒုတိယ တိုင်းပြည်ဖျက်တဲ့ အရာကြီး တစ်ခုပါပဲ

Related news

© 2021. All rights reserved.