ရန်ကုန်တိုင်းအတွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်ငါးခုခွင့်ပြု

167

NP News စက်တင်ဘာ၂၅
ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်၅ခုကို အတည်ပြုပေးခဲ့ကြောင်း စက်တင်ဘာ၂၄ရက်ကကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည် ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခု၊ စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခု၊ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁)ခုနှင့် ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၂)ခုတို့ကို အတည်ပြုပေးခဲ့ကြောင်းသိရသည်။ အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်း၊ ၁၀၀%ပြည်ပ တင်ပို့မည့်ပဲအမျိုးမျိုးနှင့် နှမ်း၊ သန့်စင် ကြိတ်ခွဲ ထုတ်လုပ်ခြင်း လုပ်ငန်းနှင့် ဆန်ထွက်ပစ္စည်းများ ကြိတ်ခွဲသန့်စင် ထုတ်လုပ်တင်ပို့ခြင်း လုပ်ငန်း၊ Mattress နှင့် Foam အမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း၊ CMP စနစ်ဖြင့် wearing apparel အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းများဖြစ်ကြသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ ကျပ် ၆,၄၇၃.၈၀၅ သန်းနှင့် အမေရိကန်ဒေါ်လာ ၄.၆၉၃ သန်း ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၁,၄၆၈ ဦးအတွက် ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်းသိရသည်။

ရန္ကုန္တိုင္းအတြင္းရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းသစ္ငါးခုခြင့္ျပဳ
NP News စက္တင္ဘာ၂၅
ရန္ကုန္တိုင္းေဒသႀကီးရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီမွ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းအသစ္၅ခုကို အတည္ျပဳေပးခဲ့ေၾကာင္း စက္တင္ဘာ၂၄ရက္ကက်င္းပခဲ့သည့္ ရန္ကုန္တိုင္းေဒသႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီအစည္းအေဝးမွ သိရသည္။
ရန္ကုန္တိုင္းေဒသႀကီးရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီသည္ ဟိုတယ္ႏွင့္ ခရီးသြားလာေရးက႑တြင္ ရာခိုင္ႏႈန္းျပည့္ျမန္မာႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း (၁) ခု၊ စက္မႈက႑တြင္ ရာခိုင္ႏႈန္းျပည့္ျမန္မာႏိုင္ငံသား ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း (၁) ခု၊ ရာခိုင္ႏႈန္းျပည့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္း (၁)ခုႏွင့္ ဖက္စပ္ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္း (၂)ခုတို႔ကို အတည္ျပဳေပးခဲ့ေၾကာင္းသိရသည္။ အတည္ျပဳေပးခဲ့သည့္ လုပ္ငန္းမ်ားမွာ ဟိုတယ္ဝန္ေဆာင္မႈ လုပ္ငန္း၊ ၁၀၀%ျပည္ပ တင္ပို႔မည့္ပဲအမ်ိဳးမ်ိဳးႏွင့္ ႏွမ္း၊ သန႔္စင္ ႀကိတ္ခြဲ ထုတ္လုပ္ျခင္း လုပ္ငန္းႏွင့္ ဆန္ထြက္ပစၥည္းမ်ား ႀကိတ္ခြဲသန႔္စင္ ထုတ္လုပ္တင္ပို႔ျခင္း လုပ္ငန္း၊ Mattress ႏွင့္ Foam အမ်ိဳးမ်ိဳး ထုတ္လုပ္ေရာင္းခ်ျခင္း လုပ္ငန္း၊ CMP စနစ္ျဖင့္ wearing apparel အမ်ိဳးမ်ိဳး ခ်ဳပ္လုပ္ျခင္းလုပ္ငန္းမ်ားျဖစ္ၾကသည္။
အဆိုပါ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား၏ မတည္ေငြရင္း ပမာဏမွာ က်ပ္ ၆,၄၇၃.၈၀၅ သန္းႏွင့္ အေမရိကန္ေဒၚလာ ၄.၆၉၃ သန္း ျဖစ္ၿပီး ျပည္တြင္းအလုပ္အကိုင္အခြင့္အလမ္း ၁,၄၆၈ ဦးအတြက္ ဖန္တီးေပးႏိုင္မည္ ျဖစ္ေၾကာင္းသိရသည္။