မူးယစ်ဆေးဝါးရောင်းဝယ်မှုမှရသော ငွေကြေးများမှာ အကြမ်းဖက်တိုက်ခိုက်မှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများကို တွန်းအားပေးနေဟု ရဲမှူးချုပ်ဆို

 983

မျိုးကြီး (NP News) - စက်တင်ဘာ ၁၇

မူးယစ်ဆေးဝါး ရောင်းဝယ်မှုမှရသော ငွေကြေးများမှာ အကြမ်းဖက်တိုက်ခိုက်မှု၊ လက် နက်မှောင်ခိုမှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများကို တွန်းအားပေးနေကြောင်း ရဲမှူးချုပ်ဝင်းနိုင်က ပြောသည်။

ယခုရက်ပိုင်းအတွင်း ကျင်းပသော မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ မူးယစ်ဆေးဝါးများတ ရားမဝင်ရောင်းဝယ်ဖောက်ကားမှု တားဆီးကာကွယ်ရေးဆိုင်ရာအစည်းအဝေး၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်က အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် နိုင်ငံအားလုံးနီးကပ်စွာပူးပေါင်းဆောင်ရွက်မှုသည် အဓိကအရေးကြီးသော အခန်းကဏ္ဍတစ်ရပ်အဖြစ် ပါဝင်နေကြောင်းလည်း ရဲမှူးချုပ်ဝင်းနိုင်က ပြောသည်။

ထို့ပြင် မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်မှုမှရရှိသော အကျိုးအမြတ်ငွေကြေးများ သည် အကြမ်းဖက်တိုက်ခိုက်မှု၊ လက်နက်မှောင်ခိုမှု၊ နိုင်ငံဖြတ်ကျော်မှုခင်းများကို အရှိန်မြင့်လာရန် တွန်းအားပေးလျက်ရှိပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေကြောင်း ရဲမှူးချုပ်ဝင်းနိုင်က ထည့်သွင်းပြောဆိုခဲ့သည်။

မူးယစ်ဆေးဝါးပြဿနာများ ဖြေရှင်းရာတွင် စိန်ခေါ်မှုအသစ်များစွာ ကြုံတွေ့နေဆဲဖြစ်ပြီး ဈေးနှုန်းသက်သာသည့် လူလုပ်ဆေးဝါးသစ်များထွက်ပေါ်နေကြောင်း ရဲမှူးချုပ်ဝင်းနိုင်က ပြောသည်။

ခေတ်မီနည်းပညာများတိုးတက်လာခြင်းနှင့်အတူ မူးယစ်ဂိုဏ်းအဖွဲ့များကလည်း နည်းပညာတိုးတက်မှုကို အခွင့်ကောင်းယူအသုံးချပြီး မူးယစ်ဆေးဝါးများကို ပုံစံအမျိုးမျိုးဖြင့် သယ်ဆောင်ရောင်းဝယ်မှုများပြုလုပ်လာကြောင်း ရဲမှူးချုပ်က ဆိုသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား မူးယစ်ဆေးဝါးပြဿနာများကို ဖြေရှင်းရာတွင် ကြုံတွေ့နေရသည့် အခက်အခဲစိန်ခေါ်မှုများ၊ မူးယစ်ဆေးဝါးဖမ်းမိမှုဖြစ်စဉ်များ၊ နှစ်နိုင် ငံအကြား ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို နှစ်ဖက်အကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် မူးယစ်ဆေးဝါးပြဿနာဖြေရှင်းရာ၌ နှစ်နိုင်ငံပူးတွဲကင်းလှည့်ခြင်းဆိုင်ရာကိစ္စရပ်များကိုလည်း မြန်မာ-ဘင်္ဂလားဒေ့ရှ် မူးယစ်ရဲတပ်ဖွဲ့တို့အကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း၌ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုမှာ ပိုမိုများပြားလာသည်ကိုတွေ့ရှိနေရပြီး ကုန်ကားများဖြင့်ပါ သယ်ဆောင်ရောင်းဝယ်မှုများရှိနေသည်ကို တွေ့နေရသည်။

zawgyi version
မူးယစ္ေဆးဝါး ေရာင္းဝယ္မႈမွရေသာ ေငြေၾကးမ်ားမွာ အၾကမ္းဖက္တိုက္ခိုက္မႈႏွင့္ ႏိုင္ငံျဖတ္ေက်ာ္မႈခင္းမ်ားကို တြန္းအားေပးေနဟု ရဲမႉးခ်ဳပ္ဆို
မ်ိဳးႀကီး (NP News) - စက္တင္ဘာ ၁၇

မူးယစ္ေဆးဝါး ေရာင္းဝယ္မႈမွရေသာ ေငြေၾကးမ်ားမွာ အၾကမ္းဖက္တိုက္ခိုက္မႈ၊ လက္ နက္ေမွာင္ခိုမႈႏွင့္ ႏိုင္ငံျဖတ္ေက်ာ္မႈခင္းမ်ားကို တြန္းအားေပးေနေၾကာင္း ရဲမႉးခ်ဳပ္ဝင္းႏိုင္က ေျပာသည္။

ယခုရက္ပိုင္းအတြင္း က်င္းပေသာ ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံ မူးယစ္ေဆးဝါးမ်ားတ ရားမဝင္ေရာင္းဝယ္ေဖာက္ကားမႈ တားဆီးကာကြယ္ေရးဆိုင္ရာအစည္းအေဝး၌ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕မႉး ရဲမႉးခ်ဳပ္ဝင္းႏိုင္က အထက္ပါကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။

မူးယစ္ေဆးဝါးျပႆနာကို ကိုင္တြယ္ေျဖရွင္းရာတြင္ ႏိုင္ငံအားလုံးနီးကပ္စြာပူးေပါင္းေဆာင္႐ြက္မႈသည္ အဓိကအေရးႀကီးေသာ အခန္းက႑တစ္ရပ္အျဖစ္ ပါဝင္ေနေၾကာင္းလည္း ရဲမႉးခ်ဳပ္ဝင္းႏိုင္က ေျပာသည္။

ထို႔ျပင္ မူးယစ္ေဆးဝါးထုတ္လုပ္ေရာင္းဝယ္မႈမွရရွိေသာ အက်ိဳးအျမတ္ေငြေၾကးမ်ား သည္ အၾကမ္းဖက္တိုက္ခိုက္မႈ၊ လက္နက္ေမွာင္ခိုမႈ၊ ႏိုင္ငံျဖတ္ေက်ာ္မႈခင္းမ်ားကို အရွိန္ျမင့္လာရန္ တြန္းအားေပးလ်က္ရွိၿပီး နယ္စပ္ေဒသတည္ၿငိမ္ေအးခ်မ္းမႈကို ထိခိုက္ေစေၾကာင္း ရဲမႉးခ်ဳပ္ဝင္းႏိုင္က ထည့္သြင္းေျပာဆိုခဲ့သည္။

မူးယစ္ေဆးဝါးျပႆနာမ်ား ေျဖရွင္းရာတြင္ စိန္ေခၚမႈအသစ္မ်ားစြာ ႀကဳံေတြ႕ေနဆဲျဖစ္ၿပီး ေဈးႏႈန္းသက္သာသည့္ လူလုပ္ေဆးဝါးသစ္မ်ားထြက္ေပၚေနေၾကာင္း ရဲမႉးခ်ဳပ္ဝင္းႏိုင္က ေျပာသည္။

ေခတ္မီနည္းပညာမ်ားတိုးတက္လာျခင္းႏွင့္အတူ မူးယစ္ဂိုဏ္းအဖြဲ႕မ်ားကလည္း နည္းပညာတိုးတက္မႈကို အခြင့္ေကာင္းယူအသုံးခ်ၿပီး မူးယစ္ေဆးဝါးမ်ားကို ပုံစံအမ်ိဳးမ်ိဳးျဖင့္ သယ္ေဆာင္ေရာင္းဝယ္မႈမ်ားျပဳလုပ္လာေၾကာင္း ရဲမႉးခ်ဳပ္က ဆိုသည္။

ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံအၾကား မူးယစ္ေဆးဝါးျပႆနာမ်ားကို ေျဖရွင္းရာတြင္ ႀကဳံေတြ႕ေနရသည့္ အခက္အခဲစိန္ေခၚမႈမ်ား၊ မူးယစ္ေဆးဝါးဖမ္းမိမႈျဖစ္စဥ္မ်ား၊ ႏွစ္ႏိုင္ ငံအၾကား ဆက္လက္ပူးေပါင္းေဆာင္႐ြက္မည့္ကိစၥရပ္မ်ားကို ႏွစ္ဖက္အၾကား ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ မူးယစ္ေဆးဝါးျပႆနာေျဖရွင္းရာ၌ ႏွစ္ႏိုင္ငံပူးတြဲကင္းလွည့္ျခင္းဆိုင္ရာကိစၥရပ္မ်ားကိုလည္း ျမန္မာ-ဘဂၤလားေဒ့ရွ္ မူးယစ္ရဲတပ္ဖြဲ႕တို႔အၾကား ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံအတြင္း၌ မူးယစ္ေဆးဝါးဖမ္းဆီးရမိမႈမွာ ပိုမိုမ်ားျပားလာသည္ကိုေတြ႕ရွိေနရၿပီး ကုန္ကားမ်ားျဖင့္ပါ သယ္ေဆာင္ေရာင္းဝယ္မႈမ်ားရွိေနသည္ကို ေတြ႕ေနရသည္။

Picture

Ko Moe

17/09/2022 17:40

မင်းတို့ ထောင်မှူ့းတွေဆိုတာ လီးလို ကောင်တွေ။ပျော့တော့တော့ လုပ် ငွေယူ လွှတ်ပေးရတာနဲ့ မင်းသားလို ထားရတာနဲ့။အဲကောင်ကြီးတွေ ထောင်ထဲ ပြန်ထည့်ပေးရမှာ အကုန်သိမ်းပြီး။လီးထောင်မူးများ နာနာ အရေးယူကြရမှာပါ။

Picture

Yesaitpho email Yesaitphone

18/09/2022 05:50

ထောင်ကနောက်မှမူးယစ်ရဲတေချမ်းသာချက်ကြိကြိကြိတက်😋

Related news

© 2021. All rights reserved.