ဆိုမာလီနိုင်ငံတွင် စစ်သွေးကြွ(၄၅) ဦးကို ထပ်မံသုတ်သင်နိုင်ခဲ့ကြောင်း ဆိုမာလီ အစိုးရဆို

 368

ဖြိုးခန့်(NP News) - စက်တင်ဘာ ၁၉

ဆိုမာလီနိုင်ငံ Hirshabelle ပြည်နယ် Hiran ဒေသတွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် ဆိုမာလီပြည်သူ့စစ်သည် al Shabaab အယ်ရှာဘတ် စစ်သွေးကြွ(၄၅)ဦးကို သုတ်သင်ခဲ့ကြောင်း မျက်မြင်သက်သေများ၏ပြောကြားချက်အရ သိရသည်။

အယ်ရှာဘတ်အဖွဲ့သည် မွတ်စလင်ရှာရီယာဥပဒေ အား တင်းကြပ်စွာအကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် အဖွဲ့ဖြစ်ပြီး အာဖရိကနိုင်ငံတွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ တိုက်ပွဲများဆင်နွဲနေရကြောင်းသိရသည်၊၊

အယ်ရှာဘတ်စစ်သွေးကြွအဖွဲ့ကိုရှင်းလင်းရန် ဒေသတွင်းနှင့် ဒေသဆိုင်ရာတပ်ဖွဲ့များက ကြိုးပမ်းနေကြသော် လည်း အဆိုပါစစ်သွေးကြွအဖွဲ့များသည် နိုင်ငံနေရာအနှံ့အပြားတွင် ဆူပူသောင်းကျန်းမှုများကို ဆက်လက်လုပ် ဆောင်နေကြောင်း သိရသည်။

စစ်သွေးကြွအဖွဲ့သည် ပြီးခဲ့သည့်လတွင် မြို့တော်မိုဂါဒစ်ရှုးရှိ ဟိုတယ်တစ်ခုကို နာရီ(၃ဝ) ကျော်ကြာ ဝိုင်းရံထားခဲ့ ကြပြီး လူ(၂၁)ဦးကို သတ်ပစ်ခဲ့ကာ အခြားလူပေါင်း(၁ဝဝ)ကျော်ကို ထိခိုက်ဒဏ်ရာရရှိအောင်လုပ်ခဲ့ကြောင်း သိရသည်။ အယ်လ်ရှာဘတ်စစ်သွေးကြွများသည် ဇွန်လတွင် အီသီယိုးပီးယားနှင့် နယ်စပ်အနီးရှိ ကျေးရွာများကို တိုက်ခိုက်မှုအများအပြားပြုလုပ်ခဲ့ပြီး လူတစ်ဒါဇင်ကျော် သေဆုံးခဲ့ကြောင်း အဆိုပါတိုက်ခိုက်မှုအတွင်း စစ်သွေးကြွ အဖွဲ့မှ လူများလည်း ဒါဇင်နှင့်ချီသေဆုံးခဲ့ကြောင်းသိရသည်။

ဆိုမာလီနိုင်ငံသမ္မတ Hassan Sheikh Mohamud အယ်ရှာဘတ်စစ်သွေးကြွအဖွဲ့များကို တိုက်ခိုက်ရာတွင် တိုးတက်မှုများရှိနေခဲ့ကြောင်း စက်တင်ဘာ(၁၆)ရက်နေ့က ထုတ်ပြန်ပြောကြားခဲ့သည်။

Zawgyi Version;
ဆိုမာလီႏိုင္ငံတြင္ စစ္ေသြးႂကြ(၄၅) ဦးကို ထပ္မံသုတ္သင္ႏိုင္ခဲ့ေၾကာင္း ဆိုမာလီ အစိုးရဆို
ၿဖိဳးခန႔္(NP News) - စက္တင္ဘာ ၁၉

ဆိုမာလီႏိုင္ငံ Hirshabelle ျပည္နယ္ Hiran ေဒသတြင္ တိုက္ပြဲမ်ားျဖစ္ပြားၿပီးေနာက္ ဆိုမာလီျပည္သူ႔စစ္သည္ al Shabaab အယ္ရွာဘတ္ စစ္ေသြးႂကြ(၄၅)ဦးကို သုတ္သင္ခဲ့ေၾကာင္း မ်က္ျမင္သက္ေသမ်ား၏ေျပာၾကားခ်က္အရ သိရသည္။

အယ္ရွာဘတ္အဖြဲ႕သည္ မြတ္စလင္ရွာရီယာဥပေဒ အား တင္းၾကပ္စြာအေကာင္အထည္ေဖာ္ရန္ ႀကိဳးပမ္းေနသည့္ အဖြဲ႕ျဖစ္ၿပီး အာဖရိကႏိုင္ငံတြင္ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာ တိုက္ပြဲမ်ားဆင္ႏြဲေနရေၾကာင္းသိရသည္၊၊

အယ္ရွာဘတ္စစ္ေသြးႂကြအဖြဲ႕ကိုရွင္းလင္းရန္ ေဒသတြင္းႏွင့္ ေဒသဆိုင္ရာတပ္ဖြဲ႕မ်ားက ႀကိဳးပမ္းေနၾကေသာ္ လည္း အဆိုပါစစ္ေသြးႂကြအဖြဲ႕မ်ားသည္ ႏိုင္ငံေနရာအႏွံ႔အျပားတြင္ ဆူပူေသာင္းက်န္းမႈမ်ားကို ဆက္လက္လုပ္ ေဆာင္ေနေၾကာင္း သိရသည္။

စစ္ေသြးႂကြအဖြဲ႕သည္ ၿပီးခဲ့သည့္လတြင္ ၿမိဳ႕ေတာ္မိုဂါဒစ္ရႈးရွိ ဟိုတယ္တစ္ခုကို နာရီ(၃ဝ) ေက်ာ္ၾကာ ဝိုင္းရံထားခဲ့ ၾကၿပီး လူ(၂၁)ဦးကို သတ္ပစ္ခဲ့ကာ အျခားလူေပါင္း(၁ဝဝ)ေက်ာ္ကို ထိခိုက္ဒဏ္ရာရရွိေအာင္လုပ္ခဲ့ေၾကာင္း သိရသည္။ အယ္လ္ရွာဘတ္စစ္ေသြးႂကြမ်ားသည္ ဇြန္လတြင္ အီသီယိုးပီးယားႏွင့္ နယ္စပ္အနီးရွိ ေက်း႐ြာမ်ားကို တိုက္ခိုက္မႈအမ်ားအျပားျပဳလုပ္ခဲ့ၿပီး လူတစ္ဒါဇင္ေက်ာ္ ေသဆုံးခဲ့ေၾကာင္း အဆိုပါတိုက္ခိုက္မႈအတြင္း စစ္ေသြးႂကြ အဖြဲ႕မွ လူမ်ားလည္း ဒါဇင္ႏွင့္ခ်ီေသဆုံးခဲ့ေၾကာင္းသိရသည္။

ဆိုမာလီႏိုင္ငံသမၼတ Hassan Sheikh Mohamud အယ္ရွာဘတ္စစ္ေသြးႂကြအဖြဲ႕မ်ားကို တိုက္ခိုက္ရာတြင္ တိုးတက္မႈမ်ားရွိေနခဲ့ေၾကာင္း စက္တင္ဘာ(၁၆)ရက္ေန႔က ထုတ္ျပန္ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.