ဂါဇာဒေသမှာ အစ္စရေးရဲ့ လုပ်ဆောင်ပုံနဲ့ပတ်သက်ပြီး ဖိအားပေးဖို့ အမေရိကန်သမ္မတကို အောက်လွှတ်တော်ဒီမိုကရက်တစ်အမတ်များ တိုက်တွန်း

 264

Pika(NP News) - မေ ၄
ဟားမက်လက်နက်ကိုင်အဖွဲ့နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး လုပ်ဆောင်နေပုံတွေကို မပြောင်းလဲဘူးဆိုရင် အစ္စရေးကို စစ်လက်နက်ပစ္စည်းရောင်းချတာတွေ ရပ်ဆိုင်းဖို့ အောက်လွှတ်တော်ဒီမိုကရက်တစ်ပါတီဝင်တွေက အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကို မေလ(၃)ရက်နေ့မှာ တိုက်တွန်းခဲ့တယ်လို့သိရပါတယ်။

ဒီမိုကရက်တစ်ပါတီဝင်(၈၆)ဦး လက်မှတ်ရေးထိုးပြီး အိမ်ဖြူတော်ကို ပေးပို့လိုက်တဲ့စာထဲမှာ အစ္စရေးနိုင်ငံနဲ့ပတ်သက်ပြီး ခိုင်မာတဲ့ရပ်တည်ချက်တွေ ချမှတ်ဖို့ သမ္မတဂျိုးဘိုင်ဒန်ကို ဖိအားပေးတာမျိုးတွေပါဝင်တယ်လို့လည်း သိရပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးပို့မှုတွေ ဖြတ်တောက်တာတွေအပြင် ထိုးစစ်ဆင်မှုတွေ ဆက်လက်လုပ်ဆောင်နေတဲ့ အစ္စရေးအစိုးရရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး စိုးရိမ်မိတယ်လို့ ဒီမိုကရက်တစ်ပါတီဝင်တွေက ပြောဆိုထားကြပါတယ်။

အဲ့ဒီစာထဲမှာ”ဂါဇာကမ်းမြောင်ဒေသကို အမေရိကန်ကျောထောက်နောက်ခံပြုထားတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ ပေးပို့မှုအပေါ် အစ္စရေးရဲ့ ကန့်သတ်ချက်တွေဟာ မကြုံစဖူးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကပ်ဘေးကို ဖြစ်စေတယ်”လို့ ရေးသားထားပါတယ်။ ဒါ့အပြင် ဂါဇာကမ်းမြောင်ဒေသကို အကူအညီပေးပို့မှုတွေကို ဟန့်တားနေတာဟာ အစ္စရေးကို စစ်လက်နက်ပစ္စည်းရောင်းချမှုတွေအပေါ် အန္တရာယ်တွေဖြစ်လာစေနိုင်တယ်ဆိုတာကို အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုသိအောင်ပြောထားဖို့ ဂျိုးဘိုင်ဒန်ကို ဒီမိုကရက်တစ်ပါတီဝင်တွေက တိုက်တွန်းခဲ့ပါတယ်။

ဒါပေမယ့်လည်း အမေရိကန်ရဲ့ ရန်ပုံငွေထောက်ပံ့မှုရပ်တန့်တာတွေထဲမှာ Iron Dome လိုမျိုး လေကြောင်းကာကွယ်ရေးစနစ်တွေ မပါဝင်ဘူးလို့ အဲ့ဒီစာထဲမှာ ရေးသားဖော်ပြထားပါတယ်။ ဒါ့အပြင် အစ္စရေးကို အသက်ကယ်ဆယ်ရေး ကာကွယ်ရေးရန်ပုံငွေတွေ ဆက်လက်ထောက်ပံ့နေဖို့ လုပ်ဆောင်နေတယ်လို့လည်း စာထဲမှာရေးသားဖော်ပြထားပါတယ်။

Zawgyi Version

ဂါဇာေဒသမွာ အစၥေရးရဲ႕ လုပ္ေဆာင္ပုံနဲ႔ပတ္သက္ၿပီး ဖိအားေပးဖို႔ အေမရိကန္သမၼတကို ေအာက္လႊတ္ေတာ္ဒီမိုကရက္တစ္အမတ္မ်ား တိုက္တြန္း

Pika(NP News) - ေမ ၄
ဟားမက္လက္နက္ကိုင္အဖြဲ႕နဲ႔ ျဖစ္ပြားေနတဲ့ စစ္ပြဲနဲ႔ပတ္သက္ၿပီး လုပ္ေဆာင္ေနပုံေတြကို မေျပာင္းလဲဘူးဆိုရင္ အစၥေရးကို စစ္လက္နက္ပစၥည္းေရာင္းခ်တာေတြ ရပ္ဆိုင္းဖို႔ ေအာက္လႊတ္ေတာ္ဒီမိုကရက္တစ္ပါတီဝင္ေတြက အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ကို ေမလ(၃)ရက္ေန႔မွာ တိုက္တြန္းခဲ့တယ္လို႔သိရပါတယ္။

ဒီမိုကရက္တစ္ပါတီဝင္(၈၆)ဦး လက္မွတ္ေရးထိုးၿပီး အိမ္ျဖဴေတာ္ကို ေပးပို႔လိုက္တဲ့စာထဲမွာ အစၥေရးႏိုင္ငံနဲ႔ပတ္သက္ၿပီး ခိုင္မာတဲ့ရပ္တည္ခ်က္ေတြ ခ်မွတ္ဖို႔ သမၼတဂ်ိဳးဘိုင္ဒန္ကို ဖိအားေပးတာမ်ိဳးေတြပါဝင္တယ္လို႔လည္း သိရပါတယ္။

ဂါဇာကမ္းေျမာင္ေဒသကို လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီေပးပို႔မႈေတြ ျဖတ္ေတာက္တာေတြအျပင္ ထိုးစစ္ဆင္မႈေတြ ဆက္လက္လုပ္ေဆာင္ေနတဲ့ အစၥေရးအစိုးရရဲ႕ လုပ္ရပ္နဲ႔ပတ္သက္ၿပီး စိုးရိမ္မိတယ္လို႔ ဒီမိုကရက္တစ္ပါတီဝင္ေတြက ေျပာဆိုထားၾကပါတယ္။

အဲ့ဒီစာထဲမွာ”ဂါဇာကမ္းေျမာင္ေဒသကို အေမရိကန္ေက်ာေထာက္ေနာက္ခံျပဳထားတဲ့ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအကူအညီေတြ ေပးပို႔မႈအေပၚ အစၥေရးရဲ႕ ကန႔္သတ္ခ်က္ေတြဟာ မႀကဳံစဖူးလူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာကပ္ေဘးကို ျဖစ္ေစတယ္”လို႔ ေရးသားထားပါတယ္။ ဒါ့အျပင္ ဂါဇာကမ္းေျမာင္ေဒသကို အကူအညီေပးပို႔မႈေတြကို ဟန႔္တားေနတာဟာ အစၥေရးကို စစ္လက္နက္ပစၥည္းေရာင္းခ်မႈေတြအေပၚ အႏၲရာယ္ေတြျဖစ္လာေစႏိုင္တယ္ဆိုတာကို အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုသိေအာင္ေျပာထားဖို႔ ဂ်ိဳးဘိုင္ဒန္ကို ဒီမိုကရက္တစ္ပါတီဝင္ေတြက တိုက္တြန္းခဲ့ပါတယ္။

ဒါေပမယ့္လည္း အေမရိကန္ရဲ႕ ရန္ပုံေငြေထာက္ပံ့မႈရပ္တန႔္တာေတြထဲမွာ Iron Dome လိုမ်ိဳး ေလေၾကာင္းကာကြယ္ေရးစနစ္ေတြ မပါဝင္ဘူးလို႔ အဲ့ဒီစာထဲမွာ ေရးသားေဖာ္ျပထားပါတယ္။ ဒါ့အျပင္ အစၥေရးကို အသက္ကယ္ဆယ္ေရး ကာကြယ္ေရးရန္ပုံေငြေတြ ဆက္လက္ေထာက္ပံ့ေနဖို႔ လုပ္ေဆာင္ေနတယ္လို႔လည္း စာထဲမွာေရးသားေဖာ္ျပထားပါတယ္။

Related news

© 2021. All rights reserved.