အွန်လိုင်း၌ အကြမ်းဖက်အဖွဲ့များ၏ စာများ၊ ပုံများကို like ပေးခြင်း၊ share လုပ်ခြင်းဖြင့် ထောင်ဒဏ် (၁ဝ) နှစ်အထိ ချမှတ်နိုင်ဟု နစကဆို

 890

NP News - စက်တင်ဘာ ၂ဝ

အွန်လိုင်း၌ အကြမ်းဖက်အဖွဲ့များ၏ စာများ၊ ပုံများအား like ပေးခြင်း၊ share လုပ်ခြင်း ဖြင့် ထောင်ဒဏ်(၁ဝ)နှစ်အထိ ချမှတ်နိုင်ကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အသိပေးပြောခဲ့သည်။

နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ယနေ့(စက်တင်ဘာလ ၂ဝရက်)တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်။

“အကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့ NUG၊ CRPH၊ PDF အဖွဲ့တွေရဲ့ စာတွေ၊ ပုံတွေ၊ ဗီဒီယိုတွေ သူတို့ကိုအားပေးထောက်ခံတဲ့ လူတွေရဲ့ စာတွေ၊ ပုံတွေ၊ ဗီဒီယိုကို Like တစ်ခုပေးလိုက်တာပဲဖြစ်ဖြစ်၊ share လုပ်လိုက်တာပဲဖြစ်ဖြစ် လုပ်လိုက်ရင် ရာဇသတ်ကြီး ပုဒ်မ (၁၂၄)(ခ) နဲ့ ငြိစွန်းပါတယ်။ အနည်းဆုံး ထောင်ဒဏ်(၃)နှစ်ကနေ (၁ဝ)နှစ်အထိချမှတ်နိုင်ပါတယ်။ ငွေဒဏ်လည်း ချမှတ်နိုင်တယ်ဆိုတာ အသိပေးပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကဆိုသည်။

ထို့ပြင် ဝန်ထမ်းများ၏ စည်းကမ်းသေဝပ်မှုများကို ထိခိုက်စေသော အကြောင်းအရာများ၊ တာဝန်နှင့် ဝတ္တရားကိုထိခိုက်စေသည့် အကြောင်းအရာများအပါအဝင် ဝန်ထမ်းများအား အနှောင့်အယှက်ပေးနိုင်သော စာများ၊ ပုံများ ကိုယ်တိုင်ရေးခြင်း၊ မျှဝေခြင်းများ ပြုလုပ်ပါက ရာဇသတ်ကြီးပုဒ်မ(၅ဝ၅)(က) နှင့်ငြိစွန်းနိုင်၍ ထောင်ဒဏ်(၂)အထိချမှတ်နိုင်ကြောင်း ၎င်းမှဆက်လက်ပြောသည်။

၎င်းအပြင် အကြမ်းဖက်အဖွဲ့များအား ငွေကျပ်(၁ဝဝ)မှစ၍ ကူရုံသဘောမျိုးဖြင့် လှူဒါန်းသူများကိုလည်း အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ(၅၂)အရ ထောင်ဒဏ်(၃)နှစ်မှ (၇)နှစ်အထိချမှတ်နိုင်ပြီး အွန်လိုင်းမှငွေကြေးထောက်ပံ့ပေးသူများသည်လည်း ဥပဒေပုဒ်မ(၃)(ခ)နှင့် ငြိစွန်းနိုင်ကြောင်း သိရသည်။

“ထပ်ပြီးဆိုးတာက ကိုယ်ကပို့လိုက်တဲ့ပိုက်ဆံ လှူလိုက်တဲ့ဟာကို လက်ခံထားတဲ့သူက လူသတ်တာတွေ၊ အကြမ်းဖက်တာတွေ ကျူးလွန်ခဲ့လို့ရှိရင်၊ အပြင်းအထန်နာကျင်စေမှု ဖြစ်ခဲ့လို့ရှိရင် အကြမ်းဖက်တိုက်ဖက်ရေး ဥပဒေပုဒ်မ(၅၄)အရ ထောင်အနည်းဆုံး (၁ဝ) နှစ်ကနေ သေဒဏ်အထိ ချမှတ်နိုင်တာဖြစ်ပါတယ်”ဟု နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ် ချုပ်ဇော်မင်းထွန်းက အသိပေးပြောသည်။

zawgyi version
အြန္လိုင္း၌ အၾကမ္းဖက္အဖြဲ႕မ်ား၏ စာမ်ား၊ ပုံမ်ားကို like ေပးျခင္း၊ share လုပ္ျခင္းျဖင့္ ေထာင္ဒဏ္ (၁ဝ) ႏွစ္အထိ ခ်မွတ္ႏိုင္ဟု နစကဆို
NP News - စက္တင္ဘာ ၂ဝ

အြန္လိုင္း၌ အၾကမ္းဖက္အဖြဲ႕မ်ား၏ စာမ်ား၊ ပုံမ်ားအား like ေပးျခင္း၊ share လုပ္ျခင္း ျဖင့္ ေထာင္ဒဏ္(၁ဝ)ႏွစ္အထိ ခ်မွတ္ႏိုင္ေၾကာင္း နစကေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အသိေပးေျပာခဲ့သည္။

နစကေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း ယေန႔(စက္တင္ဘာလ ၂ဝရက္)တြင္ ေနျပည္ေတာ္ရွိ ျပန္ၾကားေရးဝန္ႀကီးဌာန၌ ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာခဲ့ျခင္းျဖစ္သည္။

“အၾကမ္းဖက္အဖြဲ႕ေတြျဖစ္တဲ့ NUG၊ CRPH၊ PDF အဖြဲ႕ေတြရဲ႕ စာေတြ၊ ပုံေတြ၊ ဗီဒီယိုေတြ သူတို႔ကိုအားေပးေထာက္ခံတဲ့ လူေတြရဲ႕ စာေတြ၊ ပုံေတြ၊ ဗီဒီယိုကို Like တစ္ခုေပးလိုက္တာပဲျဖစ္ျဖစ္၊ share လုပ္လိုက္တာပဲျဖစ္ျဖစ္ လုပ္လိုက္ရင္ ရာဇသတ္ႀကီး ပုဒ္မ (၁၂၄)(ခ) နဲ႔ ၿငိစြန္းပါတယ္။ အနည္းဆုံး ေထာင္ဒဏ္(၃)ႏွစ္ကေန (၁ဝ)ႏွစ္အထိခ်မွတ္ႏိုင္ပါတယ္။ ေငြဒဏ္လည္း ခ်မွတ္ႏိုင္တယ္ဆိုတာ အသိေပးေျပာၾကားလိုပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကဆိုသည္။

ထို႔ျပင္ ဝန္ထမ္းမ်ား၏ စည္းကမ္းေသဝပ္မႈမ်ားကို ထိခိုက္ေစေသာ အေၾကာင္းအရာမ်ား၊ တာဝန္ႏွင့္ ဝတၱရားကိုထိခိုက္ေစသည့္ အေၾကာင္းအရာမ်ားအပါအဝင္ ဝန္ထမ္းမ်ားအား အေႏွာင့္အယွက္ေပးႏိုင္ေသာ စာမ်ား၊ ပုံမ်ား ကိုယ္တိုင္ေရးျခင္း၊ မွ်ေဝျခင္းမ်ား ျပဳလုပ္ပါက ရာဇသတ္ႀကီးပုဒ္မ(၅ဝ၅)(က) ႏွင့္ၿငိစြန္းႏိုင္၍ ေထာင္ဒဏ္(၂)အထိခ်မွတ္ႏိုင္ေၾကာင္း ၎မွဆက္လက္ေျပာသည္။

၎အျပင္ အၾကမ္းဖက္အဖြဲ႕မ်ားအား ေငြက်ပ္(၁ဝဝ)မွစ၍ ကူ႐ုံသေဘာမ်ိဳးျဖင့္ လႉဒါန္းသူမ်ားကိုလည္း အၾကမ္းဖက္တိုက္ဖ်က္ေရး ဥပေဒပုဒ္မ(၅၂)အရ ေထာင္ဒဏ္(၃)ႏွစ္မွ (၇)ႏွစ္အထိခ်မွတ္ႏိုင္ၿပီး အြန္လိုင္းမွေငြေၾကးေထာက္ပံ့ေပးသူမ်ားသည္လည္း ဥပေဒပုဒ္မ(၃)(ခ)ႏွင့္ ၿငိစြန္းႏိုင္ေၾကာင္း သိရသည္။

“ထပ္ၿပီးဆိုးတာက ကိုယ္ကပို႔လိုက္တဲ့ပိုက္ဆံ လႉလိုက္တဲ့ဟာကို လက္ခံထားတဲ့သူက လူသတ္တာေတြ၊ အၾကမ္းဖက္တာေတြ က်ဴးလြန္ခဲ့လို႔ရွိရင္၊ အျပင္းအထန္နာက်င္ေစမႈ ျဖစ္ခဲ့လို႔ရွိရင္ အၾကမ္းဖက္တိုက္ဖက္ေရး ဥပေဒပုဒ္မ(၅၄)အရ ေထာင္အနည္းဆုံး (၁ဝ) ႏွစ္ကေန ေသဒဏ္အထိ ခ်မွတ္ႏိုင္တာျဖစ္ပါတယ္”ဟု နစက ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ ခ်ဳပ္ေဇာ္မင္းထြန္းက အသိေပးေျပာသည္။

Picture

Htun Aung Kyaw

20/09/2022 22:38

အပြောနဲ့တော့ မလုပ်နဲ့နော် 🥴

Picture

Ko Moe

21/09/2022 11:50

အမှားတွေကို အမှန်ထင်ရတဲ့ အကြောင်းအရင်းက 1/စီးပွားရေး အဆင်မပြေခြင်း 2/ပြည်ပနိုင်ငံများကို အရမ်းအားကျနေပြီး မိမိအလုပ်ကို ဖိဖိစည်းမလုပ်ခြင်း 3/မိမိအပြစ်ကို မမြင်ခြင်း ပေါ့လျော့ ပျင်းရိခြင်း 4/မိမိပတ်ဝန်းကျင်၏ အားနည်းချက်တွေကိုပဲ ကြည့်မြင်နေကြခြင်း 5/စာမဖတ်ကြခြင်း ဗဟုသုတနည်းပါးခြင်း။ခရီးသွားပြီး အများကောင်းကျိူးကို မလေ့လာကြခြင်း 6/ဘယ်အစိုးရတက်တက် မကောင်းမြင်ခြင်း 7/ဝန်ထမ်းများ ကြီးပွားချမ်းသာခြင်းကို မလိုလားခြင်း 8/လာဘ်ပေး လာဘ်ယလုပ်မှူ့ကို မကြိုက်ကြခြင်း 9/အစိုးရနဲ့ ဝန်ထမ်းများ၏ အနစ်နာခံရမှူ့ကို လျစ်လျူရှူ့ခြင်းတို့ပဲ ဖြစ်ကြပါတယ်။ တကယ်တော့ ဝန်ထမ်းသားသမီးတွေ ချမ်းသာနေရတာဟာ အများစု ‌‌အဖေအမေဝန်ထမ်းအားကိုးပြီးချမ်းသာနေကြတယ်လို့ မြင်တာဟာ ပြည်သူကမြင်လာကြသလို တိုင်းရင်းသားအစွန်းရောက်တချိူ့က မြင်မြဲမြင်နေကြတာပါ။လက်နက်ကိုင်လူကြီးသားသမီး အမျိူးတွေလည်း ချမ်းသာနေကြတာပဲ မနည်းကြပါဘူး။ဒါက တကယ်မှန်နေပါသလား ဝေဖန်စမ်းစစ်ကြရရင် ဝန်ထမ်းမ်သားစုတွေ ချမ်းသာနေကြတယ်ဆိုတာ တကယ်ဟုတ်ပါသလား? ဒါဆိုရင် ဝန်ထမ်းတိုင်းချမ်းသာနေကြသလား? နိုးပါ မချမ်းသာကြပါဘူး။ထိုအတူ လက်နက်ကိုင်ခေါင်းခေါင်သားသမီးတွေတိုင်းလည်း ချမ်းသာနေကြသလား မဟုတ်လောက်ပါဘူး။ဝန်ထမ်းမိသာစုထဲမှာလည်း ဝန်ထမ်းမိန်းမ ယောက်ျား သားသမီးတွေ လိမ္မာလို့ လည်ဝယ်လို့ ချမ်းသာနေကြတာအများကြီးပါပဲ။နောက်တစ်ခုက အရေးကြိးတာက ဒီနိုင်ငံဟာ ပြည်သူချမ်းသာဖို့ အင်မတန်နည်းတဲ့ နိုင်ငံဖြသ်နေတာဟာ သယံဇာတ ထုတ်ယူသုံးစွဲနေတဲ့ နိုင်ငံမို့ဆိုတာ အသေအချာ မှန်ကန်စွာ မြင်တတ်ကြရမှာပဲ ဖြစ်ပါတယ်။သယံဇာတကိုပဲ တူးဖော်နေသ၍ ပြည်သူအစွမ်းအစ ပျောက်နေမှာပါ။ပြည်သူအစွမ်းအစ မပျောက်ဖို့ ဆိုရင် စက်မှူ့ လက်မှူ့ပညာတွေ ထွန်းကားလာမှသာ ပြည်သူ့ အလှည့်ရောက်ကြရမှာပါ။ပြည်သူ့သူဌေးတွေ ပြည်သူထဲကညပညာတတ်တွေဟာ ဒါကို အဓိက ထားကြရမှာပဲ ဖြစ်ပါတယ်။သယံဇာတနဲ့ ချမ်းသာဖို့ကတော့ ကံကောင်းမှ ဖလောင်း ဖားဖြစ်ပါပဲ။လက်နက်ကိုင်တွေ ကြီးစိုးရာနေရာမှန်သမျှဟာ သယံဇာတနယ်မှာပါပဲ။သယံဇာတဆိုတာ ကိုယ့်အစွမ်းနဲ့ရတာ လုံးဝ လုံးဝ မဟုတ်ပါဘူး။ပြည်သူကပြောမယ် ဒါကျွန်တော်တို့မပိုင်ဘူးလား လို့ ပိုင်တယ်လေ သေနတ်ကိုင်ပြီး တောင်းတတ်ရင်ပေါ့။သယံဇာတဆိုတာ အစိုးရတွေပဲ ပိုင်တာပါ။လက်နက်ကိုင်တွေ အကြောင်းမပြောတော့ဘူဗျာ။အစိုးရအကြောင်းပဲ ပြောကြစို့ အစိုးရက ဝန်ထမ်းကို ပေးတဲ့ ငွေက ဘယ်ကရလဲ စဉ်းစားကြနော် ပြည်သူတွေ ကိုယ်တိုင်မတတ်လို့ မလုပ်လို့ ပြည်ပကနေ လေယာဉ်ပျံတေဖွ သင်္ဘောတွေ ရထားတွေ ကားပေါင်းစုံနဲ့ ဆီ စားဆီနီစ်မျိူး အပြင် စက်ဘိးကအစ အဝတ်အစား ထမင်းပေါင်းအိုးအပါ သောက်ရေခွက် ပကန်ပြား အပါ အားလုံးကို ပြည်ပမှာ ဒေါ်လာနဲ့ဝယ်ရတယ် ဘယ်က ဒေါ်လာရမလဲ စဉ်းစားကြနေည် ဘိလပ်မြေစက်ရုံအခုမှ တည်နိုင်တာ အရင် ဘိလပ်မြေ သံချေိာင်းပစ္စည်း ကတ္တရာစေးကအစ ပြည်ပက ဝယ်ရတယ် စက်ရုံပိုင်းဆိုပြောမနေနဲ့ လက်နက်စက်ရုံ မုန့်စက်ရုံ ပြည်ပကနေ ဒေါ်လာနဲ့ဝယ်ရတာ ဘာနဲ့ ဝယ်ကြမလဲ?ပြည်သူသန်း ၆၀ နီးပါးဟာ ဘာမဆိုပြည်ပ ပစ္စည်းကြီးသုံးနေတဲ့ ပစ္စည်းအားလုံးဟာ ဒေါ်လာနဲ့ ပဲ ဝယ်လို့ရတာပါ။ဒါ့ကြောင့် သယံဇာတ ကရတဲ့ဒေါ်လာတွေဟာ တရုတ်နိုင်ငံ ထိုင်းနိုင်ငံ စင်္ကာပူ အိန္ဒိယ ဂျပန်န်ုင်ငံတို့နဲ့အခြားသော နိုင်ငံပေါင်းစုံကို နှစ်စဉ် ဘီလျံ နှစ်ဆယ် ပတ်ချာလည် ပစ္စည်းပေါင်းစုံရရှိရေး ပေးကမ်း လဲလည်နေကြရတာပဲ ဖြသ်ပါတယ်။အဲဒိလို မိမိနိုင်ငံက ဘာကုန်ချောမှ ထိထိမိမိမထုတ်နိုင်တဲ့ န်ုင်ငံဟာ ချမ်းသာဖို့ အင်မတန်ဝေးသွားကြရတာ သဘာဝမကျပေဘူးလား။အဲဒိမှာ ချမ်းသာသွားကြတာက ကုန်သည်တွေပေါ့ လူပေါင်းသန်းငါးဆယ်ကို ပစ္စည်းရောင်းတဲ့ ကုန်သည်တွေမချမ်းသာပဲ ဘယ်နေပါ့မလဲ။ဝန်ထမ်းအမျိူးတွေကလည်း ကုန်သည်လုပ်နေကြသူတွေအများကြိး မရှိနိုင်ဘူးလား။ပြည်သူစစ်စစ်ထဲကလည်း ကုန်သည်တွေ မချမ်းသာကြဘူးလား ချမ်းသာကြတာပါပဲ။ကိုယ်တိုင်မထုတ်တတ်သရွေ့ပြည်သူအများစု လုံးဝ မချမ်းသာရတဲ့ အကြောင်ူအရင်းက ဒါပါပဲဗျာ။နောက်မှ ရေးပါအုံးမည်။လက်နက်ကိုင်နယ်မြေမှ သူဌေးတွေအကြောင်းလေး...👍

Picture

Than Naing

20/09/2022 19:46

🌍🌍🌍

Picture

Myint Cherry

20/09/2022 18:43

ok

Picture

Ye Htun

20/09/2022 20:16

တကယ်ထိထိရောက်ရောက်လုပ်ပစ်...

Related news

© 2021. All rights reserved.