နျူကလီးယားလက်နက်နှင့် ဖောက်ခွဲရေးပစ္စည်းများ ပိုင်ဆိုင်သည့်နိုင်ငံများက လက်နက်မရှိသောနိုင်ငံများအား နည်းပညာပေးခြင်းကိုရှောင်ကြဉ်ရန် မြန်မာသဘောထားပေး

 1073

မျိုးကြီး (NP News) - စက်တင်ဘာ ၂၃

နျူကလီးယားလက်နက်ပိုင်ဆိုင်သောနိုင်ငံများမှ လက်နက်မရှိသောနိုင်ငံများသို့ နည်းပညာလွှဲပြောင်းပေးခြင်းကိုရှောင်ကြရန် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် မြန်မာနိုင်ငံက သဘောထားပေးကြောင်း သတင်းရရှိသည်။

နျူကလီးယားလက်နက်မပြန့်ပွားရေးဆိုင်ရာ မြန်မာနိုင်ငံ၏သဘောထားအမြင်ကို သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးမင်းသိမ်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သောရက်ပိုင်းအတွင်း ဗီယင်နာမြို့၌ ကျင်းပသော အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ(IAEA)၏ အုပ်ချုပ်မှုအဖွဲ့တွင် သံအမတ်ကြီး ဦးမင်းသိမ်းက မြန်မာနိုင်ငံ၏သဘော ထားကို အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေး၌ မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုမှုမြှင့်တင်ရေးအား ထောက်ခံကြောင်း သံအမတ်ကြီးဦးမင်းသိမ်းက ဆိုသည်။

သို့သော် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်တည်ငြိမ်းရေးကို ထိန်းသိမ်းရန်အတွက် နျူကလီးယားနည်းပညာအပါအဝင် နျူကလီးယားလက်နက်များနှင့် အခြားနျူကလီးယားဖောက်ရေးပစ္စည်းများရှိသော နိုင်ငံများက နျူကလီးယားလက်နက်မရှိသောနိုင်ငံများသို့ တိုက်ရိုက် (သို့မဟုတ်)
သွယ်ဝိုက်၍ လွှဲပြောင်းခြင်းမှ ရှောင်ကြဉ်ကြရန်လည်း သံအမတ်ကြီးက ထည့်သွင်းပြောဆိုခဲ့ သည်။

ထို့ပြင် နျူကလီးယားလက်နက်မပြန့်စွားရေးကိစ္စရပ်များတွင် IAEA နှင့် အစိုးရအချင်းချင်းဆွေးနွေးမှုလုပ်ငန်းစဉ်များ၏အခန်းကဏ္ဍများကို ဆက်လက်ဆောင်ရွက်ရေးအပေါ်တွင်လည်း မြန်မာနိုင်ငံက ထောက်ခံကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက်မပြန့်ပွားရေးဆိုင်ရာသဘောတူစာချုပ်၊ နျူကလီးယားလက်နက်စမ်းသပ်ဖောက်ခွဲမှုဘက်စုံတားမြစ်ရေးစာချုပ်တို့ကို လက်မှတ်ရေးထိုးထားကြောင်း သိရသည်။

ထို့ပြင် နျူကလီးယားပစ္စည်းနှင့်နျူကလီးယားဆိုင်ရာအထောက်အပံ့ပစ္စည်းများ၏ ရုပ်ပိုင်းဆိုင်ရာအကာအကွယ်ပေးရေးသဘောတူစာချုပ်နှင့် ၎င်း၏ပြင်ဆင်ချက်၊ အရှေ့တောင်အာရှနျူကလီးယားလက်နက်ကင်းမဲ့ဇုန်ဖော်ဆောင်ရေးစာချုပ်တို့တွင်လည်း မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ရုရှားနိုင်ငံ၏အကူအညီဖြင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
န်ဴကလီးယားလက္နက္ႏွင့္ ေဖာက္ခြဲေရးပစၥည္းမ်ား ပိုင္ဆိုင္သည့္ႏိုင္ငံမ်ားက လက္နက္မရွိေသာႏိုင္ငံမ်ားအား နည္းပညာေပးျခင္းကိုေရွာင္ၾကဥ္ရန္ ျမန္မာသေဘာထားေပး
မ်ိဳးႀကီး (NP News) - စက္တင္ဘာ ၂၃

န်ဴကလီးယားလက္နက္ပိုင္ဆိုင္ေသာႏိုင္ငံမ်ားမွ လက္နက္မရွိေသာႏိုင္ငံမ်ားသို႔ နည္းပညာလႊဲေျပာင္းေပးျခင္းကိုေရွာင္ၾကရန္ ကမာၻ႔ၿငိမ္းခ်မ္းေရးအတြက္ ျမန္မာႏိုင္ငံက သေဘာထားေပးေၾကာင္း သတင္းရရွိသည္။

န်ဴကလီးယားလက္နက္မျပန႔္ပြားေရးဆိုင္ရာ ျမန္မာႏိုင္ငံ၏သေဘာထားအျမင္ကို ၾသစႀတီးယားႏိုင္ငံ၊ ဗီယင္နာၿမိဳ႕အေျခစိုက္ ကုလသမဂၢႏွင့္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္သံအမတ္ႀကီး ဦးမင္းသိမ္းက ေျပာဆိုခဲ့ျခင္းျဖစ္သည္။

ၿပီးခဲ့ေသာရက္ပိုင္းအတြင္း ဗီယင္နာၿမိဳ႕၌ က်င္းပေသာ အျပည္ျပည္ဆိုင္ရာအဏုျမဴစြမ္းအင္ေအဂ်င္စီ(IAEA)၏ အုပ္ခ်ဳပ္မႈအဖြဲ႕တြင္ သံအမတ္ႀကီး ဦးမင္းသိမ္းက ျမန္မာႏိုင္ငံ၏သေဘာ ထားကို အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

အဆိုပါအစည္းအေဝး၌ ျမန္မာႏိုင္ငံအေနျဖင့္ န်ဴကလီးယားစြမ္းအင္ကို ၿငိမ္းခ်မ္းစြာအသုံးျပဳမႈျမႇင့္တင္ေရးအား ေထာက္ခံေၾကာင္း သံအမတ္ႀကီးဦးမင္းသိမ္းက ဆိုသည္။

သို႔ေသာ္ ကမာၻ႔ၿငိမ္းခ်မ္းေရးႏွင့္တည္ၿငိမ္းေရးကို ထိန္းသိမ္းရန္အတြက္ န်ဴကလီးယားနည္းပညာအပါအဝင္ န်ဴကလီးယားလက္နက္မ်ားႏွင့္ အျခားန်ဴကလီးယားေဖာက္ေရးပစၥည္းမ်ားရွိေသာ ႏိုင္ငံမ်ားက န်ဴကလီးယားလက္နက္မရွိေသာႏိုင္ငံမ်ားသို႔ တိုက္႐ိုက္ (သို႔မဟုတ္)
သြယ္ဝိုက္၍ လႊဲေျပာင္းျခင္းမွ ေရွာင္ၾကဥ္ၾကရန္လည္း သံအမတ္ႀကီးက ထည့္သြင္းေျပာဆိုခဲ့ သည္။

ထို႔ျပင္ န်ဴကလီးယားလက္နက္မျပန႔္စြားေရးကိစၥရပ္မ်ားတြင္ IAEA ႏွင့္ အစိုးရအခ်င္းခ်င္းေဆြးေႏြးမႈလုပ္ငန္းစဥ္မ်ား၏အခန္းက႑မ်ားကို ဆက္လက္ေဆာင္႐ြက္ေရးအေပၚတြင္လည္း ျမန္မာႏိုင္ငံက ေထာက္ခံေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံအေနျဖင့္ န်ဴကလီးယားလက္နက္မျပန႔္ပြားေရးဆိုင္ရာသေဘာတူစာခ်ဳပ္၊ န်ဴကလီးယားလက္နက္စမ္းသပ္ေဖာက္ခြဲမႈဘက္စုံတားျမစ္ေရးစာခ်ဳပ္တို႔ကို လက္မွတ္ေရးထိုးထားေၾကာင္း သိရသည္။

ထို႔ျပင္ န်ဴကလီးယားပစၥည္းႏွင့္န်ဴကလီးယားဆိုင္ရာအေထာက္အပံ့ပစၥည္းမ်ား၏ ႐ုပ္ပိုင္းဆိုင္ရာအကာအကြယ္ေပးေရးသေဘာတူစာခ်ဳပ္ႏွင့္ ၎၏ျပင္ဆင္ခ်က္၊ အေရွ႕ေတာင္အာရွန်ဴကလီးယားလက္နက္ကင္းမဲ့ဇုန္ေဖာ္ေဆာင္ေရးစာခ်ဳပ္တို႔တြင္လည္း ျမန္မာႏိုင္ငံက လက္မွတ္ေရးထိုးထားေၾကာင္း သိရသည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံအေနျဖင့္ ႐ုရွားႏိုင္ငံ၏အကူအညီျဖင့္ န်ဴကလီးယားစြမ္းအင္ကို ၿငိမ္းခ်မ္းစြာအသုံးျပဳႏိုင္ေရးအတြက္ စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.