တတိယကမ္ဘာဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် သတိပေး

 872

ဂျန်ဇက် (NP News) – စက်တင်ဘာ ၂၃

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က သူသာ အမေရိကန်သမ္မတအဖြစ် ဆက်ရှိနေမယ်ဆိုရင် ယူကရိန်းနဲ့ ရုရှားကြားစစ်ပွဲဖြစ်လာနိုင်ဖွယ်မရှိကြောင်း ထပ်မံပြောဆိုလိုက်ပါတယ်။

ယူကရိန်းနဲ့ ရုရှားကြားဖြစ်နေတဲ့စစ်ပွဲက တတိယကမ္ဘာစစ်ဖြစ်လာဖို့ ဦးတည်နေတယ်လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

ရုရှားသမ္မတပူတင်က ရုရှားနိုင်ငံရဲ့အချုပ်အခြာအာဏာကို ကာကွယ်နိုင်ဖို့ လုပ်သင့်လုပ်ထိုက်တဲ့ ဆောင်ရွက်စရာများကို လုပ်ဆောင်သွားမယ်လို့ ပြောဆိုခဲ့ပြီးနောက် အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။

ရုရှားသမ္မတပူတင်ဟာ ရုရှားနိုင်ငံရဲ့အချုပ်အခြာကို ကာကွယ်နိုင်ဖို့ အရန်တပ်ဖွဲ့ဝင် ၃ သိန်းကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ စစ်မှုထမ်းဖို့ခေါ်ယူခဲ့ပြီးနောက် ရုရှားနဲ့ အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံများကြား တင်းမာမှုပိုမိုမြင့်တက်လာပါတယ်။

ဒေါ်နယ်ထရမ့် က "ကျွန်တော်ဟာ အိမ်ဖြူတော်မှာ ဆက်ရှိနေမယ်ဆိုရင် ယူကရိန်းနဲ့ ရုရှားကြား စစ်ပွဲဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး၊။ အခုတော့ ယူကရိန်းနဲ့ ရုရှားကြားဖြစ်နေတဲ့ စစ်ပွဲက တတိယကမ္ဘာစစ် ဦးတည်လာနေတယ်" လို့ပြောပါတယ်။

ရုရှားသမ္မတပူတင်က ပြည်သူများကိုကာကွယ်ပေးနိုင်ဖို့ လိုအပ်မယ်ဆိုရင် နျူကလီးယားလက်နက်များအပါအဝင် အသုံးပြုလို့ရနိုင်တဲ့လက်နက်များကို အသုံးပြုမှာဖြစ်ကြောင်း၊ နျူကလီးယားလက်နက်များ အသုံးပြုမယ်ဆိုတဲ့စကားက ခြောက်လုံးလှန့်လုံးစကားမျိုးမဟုတ်ကြောင်း ဆိုပါတယ်။

ရုရှားသမ္မတပူတင်ဟာ အရန်တပ်ဖွဲ့ဝင်များကိုစစ်မှုထမ်းဖို့ ဆင့်ခေါ်ခဲ့မှုနဲ့တူ ကန့်သတ်စစ်ပွဲပြင်ဆင်ခြင်းများလုပ်ဆောင်ဖို့ အမိန့်ထုတ်ပြန်ခဲ့ရာ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံများနဲ့ ဥရောပသမဂ္ဂနိုင်ငံများက ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ အမေရိကန်လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်အပေါ် ယူကရိန်းစစ်ပွဲကိုင်တွယ်ဖြေရှင်းမှုများနဲ့ပတ်သက်ပြီး မကြာခဏပြစ်တင်ဝေဖန်ခဲ့ပြီး ယူကရိန်းကို စစ်ရေးအကူအညီများပေးဖို့ အမေရိကန်ဒေါ်လာ ဘီလျံချီ ကူညီခြင်းက ပဋိပက္ခပိုဖြစ်အောင် မီးမွှေးပေးနေခြင်းဖြစ်ကြောင်း ဝေဖန်ခဲ့ဖူးပါတယ်။

Zawgyi Version;
တတိယကမာၻျဖစ္လာႏိုင္ဖြယ္ရွိေနေၾကာင္း အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္ သတိေပး
ဂ်န္ဇက္ (NP News) – စက္တင္ဘာ ၂၃

အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္က သူသာ အေမရိကန္သမၼတအျဖစ္ ဆက္ရွိေနမယ္ဆိုရင္ ယူကရိန္းနဲ႔ ႐ုရွားၾကားစစ္ပြဲျဖစ္လာႏိုင္ဖြယ္မရွိေၾကာင္း ထပ္မံေျပာဆိုလိုက္ပါတယ္။

ယူကရိန္းနဲ႔ ႐ုရွားၾကားျဖစ္ေနတဲ့စစ္ပြဲက တတိယကမာၻစစ္ျဖစ္လာဖို႔ ဦးတည္ေနတယ္လို႔ ေဒၚနယ္ထရမ့္က ေျပာပါတယ္။

႐ုရွားသမၼတပူတင္က ႐ုရွားႏိုင္ငံရဲ႕အခ်ဳပ္အျခာအာဏာကို ကာကြယ္ႏိုင္ဖို႔ လုပ္သင့္လုပ္ထိုက္တဲ့ ေဆာင္႐ြက္စရာမ်ားကို လုပ္ေဆာင္သြားမယ္လို႔ ေျပာဆိုခဲ့ၿပီးေနာက္ အေမရိကန္သမၼတေဟာင္းေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္ပါတယ္။

႐ုရွားသမၼတပူတင္ဟာ ႐ုရွားႏိုင္ငံရဲ႕အခ်ဳပ္အျခာကို ကာကြယ္ႏိုင္ဖို႔ အရန္တပ္ဖြဲ႕ဝင္ ၃ သိန္းကို ၿပီးခဲ့တဲ့ရက္ပိုင္းမွာ စစ္မႈထမ္းဖို႔ေခၚယူခဲ့ၿပီးေနာက္ ႐ုရွားနဲ႔ အေမရိကန္ဦးေဆာင္တဲ့အေနာက္အုပ္စုႏိုင္ငံမ်ားၾကား တင္းမာမႈပိုမိုျမင့္တက္လာပါတယ္။

ေဒၚနယ္ထရမ့္ က "ကြၽန္ေတာ္ဟာ အိမ္ျဖဴေတာ္မွာ ဆက္ရွိေနမယ္ဆိုရင္ ယူကရိန္းနဲ႔ ႐ုရွားၾကား စစ္ပြဲဘယ္ေတာ့မွျဖစ္လာမွာမဟုတ္ဘူး၊။ အခုေတာ့ ယူကရိန္းနဲ႔ ႐ုရွားၾကားျဖစ္ေနတဲ့ စစ္ပြဲက တတိယကမာၻစစ္ ဦးတည္လာေနတယ္" လို႔ေျပာပါတယ္။

႐ုရွားသမၼတပူတင္က ျပည္သူမ်ားကိုကာကြယ္ေပးႏိုင္ဖို႔ လိုအပ္မယ္ဆိုရင္ န်ဴကလီးယားလက္နက္မ်ားအပါအဝင္ အသုံးျပဳလို႔ရႏိုင္တဲ့လက္နက္မ်ားကို အသုံးျပဳမွာျဖစ္ေၾကာင္း၊ န်ဴကလီးယားလက္နက္မ်ား အသုံးျပဳမယ္ဆိုတဲ့စကားက ေျခာက္လုံးလွန႔္လုံးစကားမ်ိဳးမဟုတ္ေၾကာင္း ဆိုပါတယ္။

႐ုရွားသမၼတပူတင္ဟာ အရန္တပ္ဖြဲ႕ဝင္မ်ားကိုစစ္မႈထမ္းဖို႔ ဆင့္ေခၚခဲ့မႈနဲ႔တူ ကန႔္သတ္စစ္ပြဲျပင္ဆင္ျခင္းမ်ားလုပ္ေဆာင္ဖို႔ အမိန႔္ထုတ္ျပန္ခဲ့ရာ အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုႏိုင္ငံမ်ားနဲ႔ ဥေရာပသမဂၢႏိုင္ငံမ်ားက ျပစ္တင္ေဝဖန္ခဲ့ပါတယ္။

အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္ဟာ အေမရိကန္လက္ရွိသမၼတ ဂ်ိဳးဘိုင္ဒန္အေပၚ ယူကရိန္းစစ္ပြဲကိုင္တြယ္ေျဖရွင္းမႈမ်ားနဲ႔ပတ္သက္ၿပီး မၾကာခဏျပစ္တင္ေဝဖန္ခဲ့ၿပီး ယူကရိန္းကို စစ္ေရးအကူအညီမ်ားေပးဖို႔ အေမရိကန္ေဒၚလာ ဘီလ်ံခ်ီ ကူညီျခင္းက ပဋိပကၡပိုျဖစ္ေအာင္ မီးေမႊးေပးေနျခင္းျဖစ္ေၾကာင္း ေဝဖန္ခဲ့ဖူးပါတယ္။

Related news

© 2021. All rights reserved.