ဖိလစ်ပိုင်သမ္မတ မားကို့စ်နဲ့ ဘိုင်ဒမ် တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာနိုင်ရေးအတွက် ဆွေးနွေး

 717

ရောင်နီ (NP News) - စက်တင်ဘာ ၂၃

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒမ်နဲ့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာတို့ဟာ တောင်တရုတ်ပင်လယ်အတွင်း သြဇာလွှမ်းမိုးနိုင်ဖို့အတွက် တရုတ်နိုင်ငံရဲ့ကြိုးပမ်းမှုကိုတုံ့ပြန်တဲ့ အနေနဲ့ လွတ်လပ်စွာရေကြောင်းသွားလာမှုနဲ့ ပျံသန်းမှုဆိုင်ရာထောက်ခံမှုအတွက် အလေးထား ဆွေးနွေးပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဘိုင်ဒင်နဲ့ မားကို့စ်တို့ဟာ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

“ခေါင်းဆောင်တွေဟာ တောင်တရုတ်ပင်လယ်ရဲ့အခြေအနေတွေကို ဆွေးနွေးခဲ့ကြပြီး လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်နဲ့ ပျံသန်းရေးနဲ့ အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးတို့အတွက် ၄င်းတို့ရဲ့ထောက်ခံမှုကို အလေးပေးပြောကြားခဲ့ပါတယ်” လို့ ဆွေးနွေးပွဲအပြီးမှာ အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။

ဆွေးနွေးပွဲမစတင်မီ ဘိုင်ဒင်က တောင်တရုတ်ပင်လယ်၊ COVID-19 နဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တို့အကြောင်း ဆွေးနွေးလိုကြောင်းနဲ့ ယူကရိန်းမှာ ရုရှားကိုဆန့်ကျင်တဲ့အတွက် မားကို့စ်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
တောင်တရုတ်ပင်လယ်အတွင်းမှာ ပိုင်နက်ဆိုင်ရာ ပြိုင်ဘက်များဟာ ရန်စမှုများ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ အမေရိကန်က ယူဆထားပါတယ်။

“ကျွန်တော်တို့ရဲ့ဒေသတွင်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းခြင်းမှာ အမေရိကန်ရဲ့အခန်းကဏ္ဍဟာ ဒေသတွင်းနိုင်ငံတွေရဲ့ အထူးသဖြင့် ဖိလစ်ပိုင်နိုင်ငံရဲ့ အရမ်းတန်ဖိုးထားရတဲ့အရာဖြစ်ပါတယ်” လို့ မားကို့စ်က ပြောကြားခဲ့ပါတယ်။

ဖိလစ်ပိုင်ဟာ အမေရိကန်ရဲ့အဓိကမဟာမိတ်နိုင်ငံဖြစ်ပြီး ၎င်းရဲ့ပထဝီဝင်အနေအထားအရ ထိုင်ဝမ်အပေါ် တရုတ်ရဲ့တိုက်ခိုက်ခြင်းမှ စစ်ရေးအရ ကာကွယ်ဖို့ လိုအပ်ပါက မဟာဗျူဟာအရ အရေးပါသောနိုင်ငံဖြစ်ပါတယ်။ ယင်းအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တာကြောင့် ဖိလစ်ပိုင်ရှိ အခြေစိုက်စခန်းများသို့ ပိုမိုဝင်ရောက်ခွင့်ရဖို့ အမေရိကန်က စိတ်အားထက်သန်နေပါတယ်။ ကျွန်တော်တို့မှာ အလွန်ရှည်လျားတဲ့ဆက်ဆံရေး အခြေခံအုတ်မြစ်နဲ့ နိုင်ငံရေးအရသာမက စီးပွားရေးအရပါ အမျိုးမျိုးသော ခိုင်မာတဲ့ဆက်ဆံရေးတွေရှိတာကြောင့် အထူးကံကောင်းတယ်လို့ ခံစားမိပါတယ်" လို့ မားကိုစ့်က ဆိုပါတယ်။

"ခေါင်းဆောင်တွေဟာ အမေရိကန်-ဖိလစ်ပိုင် မဟာမိတ်တွေရဲ့အရေးပါမှုကို ထင်ဟပ်ခဲ့ကြပါတယ်။ သမ္မတဘိုင်ဒမ်က ဖိလစ်ပိုင်နိုင်ငံရဲ့ကာကွယ်ရေးအတွက် အမေရိကန်ရဲ့သံချပ်ကာကတိကို ထပ်လောင်းအတည်ပြုခဲ့ပါတယ်" လို့ အိမ်ဖြူတော်က ပြောကြားပါတယ်။

ထိုင်ဝမ် ပဋိပက္ခဖြစ်ပွားချိန်မှာ ဖိလစ်ပိုင်ဟာ အမေရိကန်တပ်ဖွဲ့ဝင်တွေကို အရှေ့တောင်အာရှနိုင်ငံများရဲ့စစ်အခြေစိုက်စခန်းများကို အသုံးပြုခွင့်ပေးမယ်လို့ အမေရိကန်ပြည်ထောင်စုဆိုင်ရာ မနီလာသံအမတ်ကြီးက ယခုလမှာ ပြောကြားခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးစဉ်အတွင်း မားကို့စ်ဟာ ဖိလစ်ပိုင်ကို COVID-19 ကပ်ရောဂါကာလအတွင်း အထူးသဖြင့် ကာကွယ်ဆေးများ ပံ့ပိုးပေးမှုမှာ အမေရိကန်ရဲ့ "ကြီးမားသောအကူအညီ" အတွက် ဘိုင်ဒမ်ကို ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ဖိလစ္ပိုင္သမၼတ မားကို႔စ္နဲ႔ ဘိုင္ဒမ္ ေတာင္တ႐ုတ္ပင္လယ္အတြင္း လြတ္လပ္စြာ ေရေၾကာင္းသြားလာႏိုင္ေရးအတြက္ ေဆြးေႏြး
ေရာင္နီ (NP News) - စက္တင္ဘာ ၂၃

အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒမ္နဲ႔ ဖိလစ္ပိုင္သမၼတ ဖာဒီနန္မားကို႔စ္ဂ်ဴနီယာတို႔ဟာ ေတာင္တ႐ုတ္ပင္လယ္အတြင္း ၾသဇာလႊမ္းမိုးႏိုင္ဖို႔အတြက္ တ႐ုတ္ႏိုင္ငံရဲ႕ႀကိဳးပမ္းမႈကိုတုံ႔ျပန္တဲ့ အေနနဲ႔ လြတ္လပ္စြာေရေၾကာင္းသြားလာမႈနဲ႔ ပ်ံသန္းမႈဆိုင္ရာေထာက္ခံမႈအတြက္ အေလးထား ေဆြးေႏြးေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

ဘိုင္ဒင္နဲ႔ မားကို႔စ္တို႔ဟာ ကုလသမဂၢအေထြေထြညီလာခံမွာ ပထမဆုံးအႀကိမ္ မ်က္ႏွာခ်င္းဆိုင္ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္။

“ေခါင္းေဆာင္ေတြဟာ ေတာင္တ႐ုတ္ပင္လယ္ရဲ႕အေျခအေနေတြကို ေဆြးေႏြးခဲ့ၾကၿပီး လြတ္လပ္စြာ ေရေၾကာင္းသြားလာခြင့္နဲ႔ ပ်ံသန္းေရးနဲ႔ အျငင္းပြားမႈေတြကို ၿငိမ္းခ်မ္းစြာ ေျဖရွင္းေရးတို႔အတြက္ ၄င္းတို႔ရဲ႕ေထာက္ခံမႈကို အေလးေပးေျပာၾကားခဲ့ပါတယ္” လို႔ ေဆြးေႏြးပြဲအၿပီးမွာ အိမ္ျဖဴေတာ္က ထုတ္ျပန္ခဲ့ပါတယ္။

ေဆြးေႏြးပြဲမစတင္မီ ဘိုင္ဒင္က ေတာင္တ႐ုတ္ပင္လယ္၊ COVID-19 နဲ႔ ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္တို႔အေၾကာင္း ေဆြးေႏြးလိုေၾကာင္းနဲ႔ ယူကရိန္းမွာ ႐ုရွားကိုဆန႔္က်င္တဲ့အတြက္ မားကို႔စ္ကို ေက်းဇူးတင္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။
ေတာင္တ႐ုတ္ပင္လယ္အတြင္းမွာ ပိုင္နက္ဆိုင္ရာ ၿပိဳင္ဘက္မ်ားဟာ ရန္စမႈမ်ား တိုးျမႇင့္လုပ္ေဆာင္ေနတယ္လို႔ အေမရိကန္က ယူဆထားပါတယ္။

“ကြၽန္ေတာ္တို႔ရဲ႕ေဒသတြင္း ၿငိမ္းခ်မ္းေရးကို ထိန္းသိမ္းျခင္းမွာ အေမရိကန္ရဲ႕အခန္းက႑ဟာ ေဒသတြင္းႏိုင္ငံေတြရဲ႕ အထူးသျဖင့္ ဖိလစ္ပိုင္ႏိုင္ငံရဲ႕ အရမ္းတန္ဖိုးထားရတဲ့အရာျဖစ္ပါတယ္” လို႔ မားကို႔စ္က ေျပာၾကားခဲ့ပါတယ္။

ဖိလစ္ပိုင္ဟာ အေမရိကန္ရဲ႕အဓိကမဟာမိတ္ႏိုင္ငံျဖစ္ၿပီး ၎ရဲ႕ပထဝီဝင္အေနအထားအရ ထိုင္ဝမ္အေပၚ တ႐ုတ္ရဲ႕တိုက္ခိုက္ျခင္းမွ စစ္ေရးအရ ကာကြယ္ဖို႔ လိုအပ္ပါက မဟာဗ်ဴဟာအရ အေရးပါေသာႏိုင္ငံျဖစ္ပါတယ္။ ယင္းအေျခအေနအတြက္ ႀကိဳတင္ျပင္ဆင္ထားဖို႔ လိုအပ္တာေၾကာင့္ ဖိလစ္ပိုင္ရွိ အေျခစိုက္စခန္းမ်ားသို႔ ပိုမိုဝင္ေရာက္ခြင့္ရဖို႔ အေမရိကန္က စိတ္အားထက္သန္ေနပါတယ္။ ကြၽန္ေတာ္တို႔မွာ အလြန္ရွည္လ်ားတဲ့ဆက္ဆံေရး အေျခခံအုတ္ျမစ္နဲ႔ ႏိုင္ငံေရးအရသာမက စီးပြားေရးအရပါ အမ်ိဳးမ်ိဳးေသာ ခိုင္မာတဲ့ဆက္ဆံေရးေတြရွိတာေၾကာင့္ အထူးကံေကာင္းတယ္လို႔ ခံစားမိပါတယ္" လို႔ မားကိုစ့္က ဆိုပါတယ္။

"ေခါင္းေဆာင္ေတြဟာ အေမရိကန္-ဖိလစ္ပိုင္ မဟာမိတ္ေတြရဲ႕အေရးပါမႈကို ထင္ဟပ္ခဲ့ၾကပါတယ္။ သမၼတဘိုင္ဒမ္က ဖိလစ္ပိုင္ႏိုင္ငံရဲ႕ကာကြယ္ေရးအတြက္ အေမရိကန္ရဲ႕သံခ်ပ္ကာကတိကို ထပ္ေလာင္းအတည္ျပဳခဲ့ပါတယ္" လို႔ အိမ္ျဖဴေတာ္က ေျပာၾကားပါတယ္။

ထိုင္ဝမ္ ပဋိပကၡျဖစ္ပြားခ်ိန္မွာ ဖိလစ္ပိုင္ဟာ အေမရိကန္တပ္ဖြဲ႕ဝင္ေတြကို အေရွ႕ေတာင္အာရွႏိုင္ငံမ်ားရဲ႕စစ္အေျခစိုက္စခန္းမ်ားကို အသုံးျပဳခြင့္ေပးမယ္လို႔ အေမရိကန္ျပည္ေထာင္စုဆိုင္ရာ မနီလာသံအမတ္ႀကီးက ယခုလမွာ ေျပာၾကားခဲ့ပါတယ္။ ေတြ႕ဆုံေဆြးေႏြးစဥ္အတြင္း မားကို႔စ္ဟာ ဖိလစ္ပိုင္ကို COVID-19 ကပ္ေရာဂါကာလအတြင္း အထူးသျဖင့္ ကာကြယ္ေဆးမ်ား ပံ့ပိုးေပးမႈမွာ အေမရိကန္ရဲ႕ "ႀကီးမားေသာအကူအညီ" အတြက္ ဘိုင္ဒမ္ကို ေက်းဇူးတင္ေၾကာင္းလည္း ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

Picture

Ko Moe

23/09/2022 18:38

ခရစ်ယာန်အစွန်းရောက် ဘိုင်ဒန်စီက စက်ရုံတွေ များများ မပါ ဖိလစ်ပင်ကြီးရေ။ဒိကောင်ကြီးက အစွန်းရောက်ကြီးပါပဲ။ထရမ့်ကမှ သူလောက်ဆိုးမယ့်မထင်ဘူး။အခုလည်း တရုတ်ရုရှား မျက်စိလှည့်ပြီး ထရမ့်နဲ့ ရန်ဖြစ်ပြနေတာ။ဝီကီလိ တည်ထောင်သူ မစ္စတာ ရမ်းနဲ့လည်း အမေရိကန်က ရန်ဖြစ်ပြခဲ့သေးတာပါပဲနော်။ဝီကီလိဆိုတာ အမေရိကန် သူလျှိူအကြီးစား တစ်ခုပါပဲ။

Picture

Ko Moe

23/09/2022 18:55

Julian Paul Assange ဝီကီလိ ဆရာကြီး နဲ့ Edward Snow den တို့ဟာ အမေရိကန်နဲ့ တကယ် ပြဿနာ တွေက ထူးဆန်းတယ်လို့ပဲ မြင်ပါတယ်ဗျာ။

Related news

© 2021. All rights reserved.