စစ်ကိုင်းတိုင်းရှိ သံဃာနှစ်ပါးအား သတင်းပေး ဒလန်ဟု စွပ်စွဲကာ အကြမ်းဖက်သမားများက ဖမ်းဆီးသွားကြောင်း နစက ထုတ်ပြန်

 697

NP News - စက်တင်ဘာ ၂၅

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာနှစ်ရွာမှ ကျောင်းထိုင်ဆရာတော်နှစ်ပါးအား “သတင်း ပေး၊ ဒလန်”ဟု စွပ်စွဲ၍ အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြာင်း နစကမှထုတ်ပြန်ထားသည်။

နစကမှ ယမန်နေ့(စက်တင်ဘာလ ၂၄ရက်) ညပိုင်းက အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၃ရက်၊ နေ့လည် ၁၂ နာရီအချိန်တွင် ဝက်လက်မြို့၊ မောက်ကြိုးကျေးရွာရှိ ရင်းကျောင်းဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်အား PDF အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားမှု ဖြစ်ပွားခဲ့ကြောင်း နစကမှဆိုထား သည်။

မောက်ကြိုးကျေးရွာရှိ ရင်းကျောင်းဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဥူးပုညသီရိ(၃၇) နှစ် ဝါတော်(၁၈)ဝါသည် ကျန်းမာရေးမကောင်းသဖြင့် မုံရွာမြို့သို့ ဆေးသွားကုရန်အတွက် ၎င်းကျေးရွာတွင်နေထိုင်သူ မောင်ထက်မြတ်နိုင်(၂ဝ)နှစ်နှင့်အတူ ဘုန်းကြီးကျောင်းပိုင်မော်တော်ယာဉ်ဖြင့် အရာတော်-မုံရွာကားလမ်းအတိုင်း ထွက်ခွာလာချိန်တွင် ဖြစ်ပွားခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

အဆိုပါ မော်တော်ယာဉ်သည် ဝက်လက်မြို့၊ ရွာသာကြီးကျေးရွာသင်္ချိုင်းအနီးအရောက်တွင် PDF အကြမ်းဖက်သမား (၃ဝ)ဦးခန့်က ဆရာတော်စီးနင်းလာသည့် မော်တော် ယာဉ်အားတားဆီးကာ ဆရာတော်အား “သတင်းပေး၊ ဒလန်”ဟုစွပ်စွဲ၍ ဘုန်းကြီး ကျောင်းပိုင်မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နစကမှပြော သည်။

သို့သော် မောင်ထက်မြတ်ပိုင်အား အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်ခြင်းမပြုဘဲ ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း နစကမှပြောသည်။

ထို့အတူ ညနေ ၄နာရီအချိန်တွင် ကန့်ဘလူမြို့နယ်၊ အင်္ဂါထောင့်ကျေးရွာ ရွှေအင်းဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်အား PDF အကြမ်းဖက်သမားများက ဖမ်း ဆီးခေါ်ဆောင်သွားခဲ့ကြောင်း နစကမှ ထပ်မံထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဉ်မှာ အင်္ဂါထောင့်ကျေးရွာ၊ ရွှေအင်းဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင် ဆရာတော် ဥူးသောဘဏ(၅၃)နှစ် ဝါတော်(၃၃)ဝါသည် ဘုန်းကြီးကျောင်းအတွင်း ဆရာတော်၏အစ်ကိုဖြစ်သူ ဦးညိုမောင်(၇၈)နှစ်နှင့် ဆရာတော်၏ယာဉ်မောင်း ဦးကျော်ထွန်းဦး(၄ဝ)နှစ်တို့နှစ်ဦးနှင့်အတူရှိနေချိန်တွင် ဖြစ်ပွားခဲ့ကြောင်း နစကမှဆို သည်။

ဘုန်းကြီးကျောင်းအတွင်းသို့ သေနတ်များ၊ ဓားများကိုင်ဆောင်ထားသည့် PDF အကြမ်း ဖက်သမား(၆ဝ)ဦးခန့်ကဝင်ရောက်လာပြီး ဆရာတော်အပါအဝင် ဦးညိုမောင်နှင့် ဦးကျော်ထွန်းဦးတို့ (၃)ဦးစလုံးအား “သတင်းပေး၊ ဒလန်”ဟုစွပ်စွဲ၍ ဘုန်းကြီးကျောင်းပိုင် KLUGER အမျိုးအစား အနက်ရောင်မော်တော်ယာဉ်ပေါ်သို့ တင်ဆောင်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်သမားများ ဖမ်းဆီးခေါ်ဆောင်သွားသည့် သာသနာ့နွယ်ဝင် သံဃာတော်(၂)ပါးအား ပြန်လည်ကယ်တင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်အတွင်း အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ အကြမ်းဖက်သတ် ဖြတ်မှုကြောင့် သံဃာတော် (၅၆)ပါးနှင့် သီလရှင် (၁)ပါးတို့ ပျံလွန်တော်မူခဲ့ပြီး အများဆုံးသတ်ဖြတ်ခံရမှုမှာ စစ်ကိုင်းတိုင်းမှဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version
စစ္ကိုင္းတိုင္းရွိ သံဃာႏွစ္ပါးအား သတင္းေပး ဒလန္ဟု စြပ္စြဲကာ အၾကမ္းဖက္သမားမ်ားက ဖမ္းဆီးသြားၾကာင္း နစက ထုတ္ျပန္
NP News - စက္တင္ဘာ ၂၅

စစ္ကိုင္းတိုင္းအတြင္းရွိ ေက်း႐ြာႏွစ္႐ြာမွ ေက်ာင္းထိုင္ဆရာေတာ္ႏွစ္ပါးအား “သတင္း ေပး၊ ဒလန္”ဟု စြပ္စြဲ၍ အၾကမ္းဖက္သမားမ်ားက ဖမ္းဆီးေခၚေဆာင္သြားခဲ့ၾကာင္း နစကမွထုတ္ျပန္ထားသည္။

နစကမွ ယမန္ေန႔(စက္တင္ဘာလ ၂၄ရက္) ညပိုင္းက အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။

ျဖစ္စဥ္မွာ စက္တင္ဘာလ ၂၃ရက္၊ ေန႔လည္ ၁၂ နာရီအခ်ိန္တြင္ ဝက္လက္ၿမိဳ႕၊ ေမာက္ႀကိဳးေက်း႐ြာရွိ ရင္းေက်ာင္းဘုန္းေတာ္ႀကီးေက်ာင္းမွ ေက်ာင္းထိုင္ဆရာေတာ္အား PDF အၾကမ္းဖက္သမားမ်ားက ဖမ္းဆီးေခၚေဆာင္သြားမႈ ျဖစ္ပြားခဲ့ေၾကာင္း နစကမွဆိုထား သည္။

ေမာက္ႀကိဳးေက်း႐ြာရွိ ရင္းေက်ာင္းဘုန္းေတာ္ႀကီးေက်ာင္းမွ ေက်ာင္းထိုင္ဆရာေတာ္ ဥဴးပုညသီရိ(၃၇) ႏွစ္ ဝါေတာ္(၁၈)ဝါသည္ က်န္းမာေရးမေကာင္းသျဖင့္ မုံ႐ြာၿမိဳ႕သို႔ ေဆးသြားကုရန္အတြက္ ၎ေက်း႐ြာတြင္ေနထိုင္သူ ေမာင္ထက္ျမတ္ႏိုင္(၂ဝ)ႏွစ္ႏွင့္အတူ ဘုန္းႀကီးေက်ာင္းပိုင္ေမာ္ေတာ္ယာဥ္ျဖင့္ အရာေတာ္-မုံ႐ြာကားလမ္းအတိုင္း ထြက္ခြာလာခ်ိန္တြင္ ျဖစ္ပြားခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

အဆိုပါ ေမာ္ေတာ္ယာဥ္သည္ ဝက္လက္ၿမိဳ႕၊ ႐ြာသာႀကီးေက်း႐ြာသခ်ႋဳင္းအနီးအေရာက္တြင္ PDF အၾကမ္းဖက္သမား (၃ဝ)ဦးခန႔္က ဆရာေတာ္စီးနင္းလာသည့္ ေမာ္ေတာ္ ယာဥ္အားတားဆီးကာ ဆရာေတာ္အား “သတင္းေပး၊ ဒလန္”ဟုစြပ္စြဲ၍ ဘုန္းႀကီး ေက်ာင္းပိုင္ေမာ္ေတာ္ယာဥ္ႏွင့္အတူ ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း နစကမွေျပာ သည္။

သို႔ေသာ္ ေမာင္ထက္ျမတ္ပိုင္အား အၾကမ္းဖက္သမားမ်ားက ဖမ္းဆီးေခၚေဆာင္ျခင္းမျပဳဘဲ ျပန္လည္ေစလႊတ္ေပးခဲ့ေၾကာင္း နစကမွေျပာသည္။

ထို႔အတူ ညေန ၄နာရီအခ်ိန္တြင္ ကန႔္ဘလူၿမိဳ႕နယ္၊ အဂၤါေထာင့္ေက်း႐ြာ ေ႐ႊအင္းဘုန္းေတာ္ႀကီးေက်ာင္းမွ ေက်ာင္းထိုင္ဆရာေတာ္အား PDF အၾကမ္းဖက္သမားမ်ားက ဖမ္း ဆီးေခၚေဆာင္သြားခဲ့ေၾကာင္း နစကမွ ထပ္မံထုတ္ျပန္ထားသည္။

အဆိုပါျဖစ္စဥ္မွာ အဂၤါေထာင့္ေက်း႐ြာ၊ ေ႐ႊအင္းဘုန္းေတာ္ႀကီးေက်ာင္းမွ ေက်ာင္းထိုင္ ဆရာေတာ္ ဥဴးေသာဘဏ(၅၃)ႏွစ္ ဝါေတာ္(၃၃)ဝါသည္ ဘုန္းႀကီးေက်ာင္းအတြင္း ဆရာေတာ္၏အစ္ကိုျဖစ္သူ ဦးညိဳေမာင္(၇၈)ႏွစ္ႏွင့္ ဆရာေတာ္၏ယာဥ္ေမာင္း ဦးေက်ာ္ထြန္းဦး(၄ဝ)ႏွစ္တို႔ႏွစ္ဦးႏွင့္အတူရွိေနခ်ိန္တြင္ ျဖစ္ပြားခဲ့ေၾကာင္း နစကမွဆို သည္။

ဘုန္းႀကီးေက်ာင္းအတြင္းသို႔ ေသနတ္မ်ား၊ ဓားမ်ားကိုင္ေဆာင္ထားသည့္ PDF အၾကမ္း ဖက္သမား(၆ဝ)ဦးခန႔္ကဝင္ေရာက္လာၿပီး ဆရာေတာ္အပါအဝင္ ဦးညိဳေမာင္ႏွင့္ ဦးေက်ာ္ထြန္းဦးတို႔ (၃)ဦးစလုံးအား “သတင္းေပး၊ ဒလန္”ဟုစြပ္စြဲ၍ ဘုန္းႀကီးေက်ာင္းပိုင္ KLUGER အမ်ိဳးအစား အနက္ေရာင္ေမာ္ေတာ္ယာဥ္ေပၚသို႔ တင္ေဆာင္ၿပီး ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။

အထက္ပါျဖစ္စဥ္မ်ားမွ အၾကမ္းဖက္သမားမ်ား ဖမ္းဆီးေခၚေဆာင္သြားသည့္ သာသနာ့ႏြယ္ဝင္ သံဃာေတာ္(၂)ပါးအား ျပန္လည္ကယ္တင္ႏိုင္ေရးအတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လုံၿခဳံေရးလုပ္ငန္းစဥ္မ်ားႏွင့္အညီ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ႏိုင္ငံေတာ္အတြင္း အၾကမ္းဖက္သမားမ်ား၏ အေၾကာင္းမဲ့ အၾကမ္းဖက္သတ္ ျဖတ္မႈေၾကာင့္ သံဃာေတာ္ (၅၆)ပါးႏွင့္ သီလရွင္ (၁)ပါးတို႔ ပ်ံလြန္ေတာ္မူခဲ့ၿပီး အမ်ားဆုံးသတ္ျဖတ္ခံရမႈမွာ စစ္ကိုင္းတိုင္းမွျဖစ္ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Picture

Htun Aung Kyaw

25/09/2022 15:36

😢😢

Picture

Khinkyaw Nyo

27/09/2022 05:02

ကိုယ်ပြုသည့်ကံကိုယ့်ထံပြန်လာလိမ့်မယ်နောင်တစ်ချိန်နောင်လာနောက်သားတွေကိုငါpdfလုပ်ခဲ့တယ်လို့ခေါင်းမော့ပြောရဲပါ့မလားသမိုင်းမှာအမည်ဆိုးနဲ့လူတိုင်းနှာခေါင်းရှုံ့ရတဲ့ဘဝမကြာမှီရောက်မှာပါခုချိန်တော့နီပိန်းနီပိတ်တွေရဲ့အားပေးမှု့နဲ့ထင်တိုင်းကြဲထားဦးပေါ့

Related news

© 2021. All rights reserved.