ဆွစ်ဇာလန်မှာ သက်တမ်းကုန်ဆုံးသွားပြီဖြစ်တဲ့ Moderna ရဲ့ COVID-19 ဆေးပမာဏ ၁ဝ သန်း ဖျက်ဆီးရမည်

 567

ရောင်နီ (NP News) - စက်တင်ဘာ ၂၆

ဆွစ်ဇာလန်နိုင်ငံမှာ ယခုသီတင်းပတ်အတွင်း သက်တမ်းကုန်ဆုံးမယ့် Moderna ရဲ့ COVID-19 ကာကွယ်ဆေး ပမာဏ ၁ဝ ဒသမ ၃ သန်းကို ဖျက်ဆီးပစ်ရတော့မှာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

Keystone-ATS ရဲ့အဆိုအရ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့က အဆိုပါဆေးများ သက်တမ်း ကုန်ဆုံး ခဲ့ပြီဖြစ်တာကြောင့် ဖယ်ရှားဖို့ကလွဲလို့ ရွေးချယ်စရာမရှိဘူးလို့ သိရပါတယ်။ ဆေးပမာဏ ၂ ဒသမ ၅ သန်းကို ဆွစ်ဇာလန်စစ်တပ် ထောက်ပံ့ပို့ဆောင်ရေးစခန်းမှာ သိမ်းဆည်းထားတာဖြစ်ပြီး ကျန်ပမာဏ ၇ ဒသမ ၈ သန်းကို ဘယ်လ်ဂျီယံရှိ ပြင်ပသိုလှောင်ရုံတစ်ခုမှာ ထိန်းသိမ်းထားတာဖြစ်တယ်လို့ ဆိုပါတယ်။

ဖျက်ဆီးပစ်ဖို့သတ်မှတ်ထားတဲ့ ဆေးဝါးများဟာ ဆွစ်ဖရန့်ငွေ သန်း ၂၈ဝ (အမေရိကန်ဒေါ်လာ ၂၈၅ သန်း) ခန့် တန်ဖိုးရှိတယ်လို့ ဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။ အဆိုပါကာကွယ်ဆေးများဟာ ကျန်းမာရေးဝန်ကြီးဌာနက ကမ္ဘာလုံးဆိုင်ရာ COVID-19 ကပ်ရောဂါကို တိုက်ဖျက်ဖို့အတွက် အပြိုင်အဆိုင်ဝယ်ယူခဲ့တဲ့ ကာကွယ်ဆေးတွေ ဖြစ်ပါတယ်။ Moderna နဲ့ Pfizer-BioNTech တို့မှ mRNA နည်းပညာကိုအခြေခံထားတဲ့ ကာကွယ်ဆေးများဟာ ဆွစ်ဇာလန်မှာ ပမာဏများစွာ ပိုလျှံနေခဲ့ပါတယ်။

Swissinfo သတင်းဝဘ်ဆိုဒ်မှ ခန့်မှန်းချက်အရ ဆွစ်ဇာလန်မှာ COVID-19 ကာကွယ်ဆေးအမျိုးမျိုး ပမာဏ ၃၈ သန်းကျော်ရှိပြီး ယခုနှစ်မကုန်မီ သက်တမ်းကုန်ဆုံးမယ်လို့ သိရပါတယ်။ ဆွစ်ဇာလန်ဟာ လာမယ့်လအတွင်း ၎င်းရဲ့ နောက်ထပ် Booster ထိုးနှံမှုများ စတင်ရန်အတွက် Moderna မှ ကာကွယ်ဆေးအသစ် ၃ ဒသမ ၅ သန်းခန့် ရရှိနိုင်ဦးမယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။

နိုင်ငံမှာ ကပ်ရောဂါ စတင်ကတည်းက COVID-19 ကြောင့်သေဆုံးသူ ၁၃၅၅၆ ဦး ရှိပြီး ဆွစ်ဇာလန်နိုင်ငံဟာ ၎င်းရဲ့ လူဦးရေ ၈ ဒသမ ၇ သန်းရဲ့ ၇ဝ ရာခိုင်နှုန်းနီးပါးကို ကာကွယ်ဆေးအပြည့် ထိုးနှံထားတယ်လို့ သိရပါတယ်။

Zawgyi Version;
ဆြစ္ဇာလန္မွာ သက္တမ္းကုန္ဆုံးသြားၿပီျဖစ္တဲ့ Moderna ရဲ႕ COVID-19 ေဆးပမာဏ ၁ဝ သန္း ဖ်က္ဆီးရမည္
ေရာင္နီ (NP News) - စက္တင္ဘာ ၂၆

ဆြစ္ဇာလန္ႏိုင္ငံမွာ ယခုသီတင္းပတ္အတြင္း သက္တမ္းကုန္ဆုံးမယ့္ Moderna ရဲ႕ COVID-19 ကာကြယ္ေဆး ပမာဏ ၁ဝ ဒသမ ၃ သန္းကို ဖ်က္ဆီးပစ္ရေတာ့မွာျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။

Keystone-ATS ရဲ႕အဆိုအရ ၿပီးခဲ့တဲ့ စက္တင္ဘာလ ၂၁ ရက္၊ ဗုဒၶဟူးေန႔က အဆိုပါေဆးမ်ား သက္တမ္း ကုန္ဆုံး ခဲ့ၿပီျဖစ္တာေၾကာင့္ ဖယ္ရွားဖို႔ကလြဲလို႔ ေ႐ြးခ်ယ္စရာမရွိဘူးလို႔ သိရပါတယ္။ ေဆးပမာဏ ၂ ဒသမ ၅ သန္းကို ဆြစ္ဇာလန္စစ္တပ္ ေထာက္ပံ့ပို႔ေဆာင္ေရးစခန္းမွာ သိမ္းဆည္းထားတာျဖစ္ၿပီး က်န္ပမာဏ ၇ ဒသမ ၈ သန္းကို ဘယ္လ္ဂ်ီယံရွိ ျပင္ပသိုေလွာင္႐ုံတစ္ခုမွာ ထိန္းသိမ္းထားတာျဖစ္တယ္လို႔ ဆိုပါတယ္။

ဖ်က္ဆီးပစ္ဖို႔သတ္မွတ္ထားတဲ့ ေဆးဝါးမ်ားဟာ ဆြစ္ဖရန႔္ေငြ သန္း ၂၈ဝ (အေမရိကန္ေဒၚလာ ၂၈၅ သန္း) ခန႔္ တန္ဖိုးရွိတယ္လို႔ ဝန္ႀကီးဌာနက အတည္ျပဳခဲ့ပါတယ္။ အဆိုပါကာကြယ္ေဆးမ်ားဟာ က်န္းမာေရးဝန္ႀကီးဌာနက ကမာၻလုံးဆိုင္ရာ COVID-19 ကပ္ေရာဂါကို တိုက္ဖ်က္ဖို႔အတြက္ အၿပိဳင္အဆိုင္ဝယ္ယူခဲ့တဲ့ ကာကြယ္ေဆးေတြ ျဖစ္ပါတယ္။ Moderna နဲ႔ Pfizer-BioNTech တို႔မွ mRNA နည္းပညာကိုအေျခခံထားတဲ့ ကာကြယ္ေဆးမ်ားဟာ ဆြစ္ဇာလန္မွာ ပမာဏမ်ားစြာ ပိုလွ်ံေနခဲ့ပါတယ္။

Swissinfo သတင္းဝဘ္ဆိုဒ္မွ ခန႔္မွန္းခ်က္အရ ဆြစ္ဇာလန္မွာ COVID-19 ကာကြယ္ေဆးအမ်ိဳးမ်ိဳး ပမာဏ ၃၈ သန္းေက်ာ္ရွိၿပီး ယခုႏွစ္မကုန္မီ သက္တမ္းကုန္ဆုံးမယ္လို႔ သိရပါတယ္။ ဆြစ္ဇာလန္ဟာ လာမယ့္လအတြင္း ၎ရဲ႕ ေနာက္ထပ္ Booster ထိုးႏွံမႈမ်ား စတင္ရန္အတြက္ Moderna မွ ကာကြယ္ေဆးအသစ္ ၃ ဒသမ ၅ သန္းခန႔္ ရရွိႏိုင္ဦးမယ္လို႔ ဝန္ႀကီးဌာနက ဆိုပါတယ္။

ႏိုင္ငံမွာ ကပ္ေရာဂါ စတင္ကတည္းက COVID-19 ေၾကာင့္ေသဆုံးသူ ၁၃၅၅၆ ဦး ရွိၿပီး ဆြစ္ဇာလန္ႏိုင္ငံဟာ ၎ရဲ႕ လူဦးေရ ၈ ဒသမ ၇ သန္းရဲ႕ ၇ဝ ရာခိုင္ႏႈန္းနီးပါးကို ကာကြယ္ေဆးအျပည့္ ထိုးႏွံထားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.