မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ကုန်တင်ရထားပြေးဆွဲမှု ပြန်လည်စတင်ပြီ

 420

ရောင်နီ (NP News) - စက်တင်ဘာ ၂၇

ငါးလကြာ ဆိုင်းငံ့ထားပြီးနောက် မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်ရေး ရထားပြေးဆွဲမှု ပြန်လည်စတင်လိုက်ပြီဖြစ်ကြောင်း တောင်ကိုရီးယား Yonhap သတင်းဌာနက တနင်္လာနေ့ (စက်တင်ဘာ ၂၆ ရက်) မှ ဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံ၊ ဒန်ဒုံမှ ပြေးဆွဲလာတဲ့ ကုန်တင်ရထားတစ်စီး တံတားတစ်ခုမှဖြတ်သန်းကာ မြောက်ကိုရီးယားနိုင်ငံ၊ စီနူဂျူ မြို့သို့ ဝင်ရောက်သွားခဲ့ကြောင်း Yonhap က ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံဟာ ၎င်းရဲ့ နယ်စပ်မြို့ ဒန်ဒုံမှာ COVID-19 ကူးစက်မှုဆိုင်ရာညှိနှိုင်းမှုတွေပြုလုပ်ပြီးနောက် ဧပြီလ ၂၉ ရက်ကတည်းက မြောက်ကိုရီးယားနဲ့ ရထားပြေးဆွဲမှုများကို ခေတ္တရပ်ဆိုင်းထားခဲ့ပါတယ်။ မကြာမီ က မြောက်ကိုရီးယားဟာ COVID-19 ကူးစက်ဖြစ်ပွားမှုများ ပြီးဆုံးသွားပြီဖြစ်ကြောင်း ကြေညာခဲ့ကာ ၂ဝ၂ဝ ပြည့်နှစ် အစောပိုင်းက ကိုရိုနာဗိုင်းရပ်စ်ဆန့်ကျင်ရေးပြဋ္ဌာန်းထားတဲ့ နယ်နိမိတ်ပိတ်ဆို့မှုများကို ဖြေလျှော့ပေးခဲ့ပါတယ်။

ကမ္ဘာလုံးဆိုင်ရာအကူအညီပေးရေးအဖွဲ့များက မြောက်ကိုရီးယားရဲ့ ဆိုးရွားလာတဲ့စီးပွားရေး မပြေလည်မှုများနဲ့ စားနပ်ရိက္ခာ ထောက်ပံ့မှုအန္တရာယ်များအတွက် နယ်စပ်အစီအမံများကို အပြစ်တင်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့လက မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ် ဟာ COVID-19 ပြီးဆုံးကြောင်း အောင်ပွဲခံကြေညာခဲ့ပါ တယ်။ မြောက်ကိုရီးယားဟာ "သံမဏိကပ်ရောဂါတိုက်ဖျက်ရေးအတားအဆီး" ကို ဆက်လက်ထိန်းသိမ်းထားရ မှာဖြစ်ပြီး မေလက ချမှတ်ထားတဲ့ ကူးစက်ရောဂါတိုက်ဖျက်ရေး အမြင့်ဆုံးအစီအမံများကိုရုတ်သိမ်းဖို့ အမိန့်ပေးခဲ့ ပါတယ်။

မြောက်ကိုရီးယားဟာ COVID-19 ကို ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်နိုင်တဲ့နည်းလမ်းများ ကင်းမဲ့နေတဲ့အပြင် လူဦးရေ မည်မျှ ကူးစက်ခံခဲ့ရကြောင်း အတည်မပြုခဲ့တာကြောင့် ကျွမ်းကျင်သူများက ၎င်းရဲ့ကူးစက်မှု ကိန်းဂဏန်း များအပေါ် သံသယဝင်ခဲ့ကြပါတယ်။

Zawgyi Version;
ေျမာက္ကိုရီးယားနဲ႔ တ႐ုတ္ႏိုင္ငံအၾကား နယ္စပ္ျဖတ္ေက်ာ္ ကုန္တင္ရထားေျပးဆြဲမႈ ျပန္လည္စတင္ၿပီ
ေရာင္နီ (NP News) - စက္တင္ဘာ ၂၇

ငါးလၾကာ ဆိုင္းငံ့ထားၿပီးေနာက္ ေျမာက္ကိုရီးယားနဲ႔ တ႐ုတ္ႏိုင္ငံၾကား နယ္စပ္ျဖတ္ေက်ာ္ ကုန္စည္ပို႔ေဆာင္ေရး ရထားေျပးဆြဲမႈ ျပန္လည္စတင္လိုက္ၿပီျဖစ္ေၾကာင္း ေတာင္ကိုရီးယား Yonhap သတင္းဌာနက တနလၤာေန႔ (စက္တင္ဘာ ၂၆ ရက္) မွ ေဖာ္ျပခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံ၊ ဒန္ဒုံမွ ေျပးဆြဲလာတဲ့ ကုန္တင္ရထားတစ္စီး တံတားတစ္ခုမွျဖတ္သန္းကာ ေျမာက္ကိုရီးယားႏိုင္ငံ၊ စီႏူဂ်ဴ ၿမိဳ႕သို႔ ဝင္ေရာက္သြားခဲ့ေၾကာင္း Yonhap က ေဖာ္ျပထားပါတယ္။

တ႐ုတ္ႏိုင္ငံဟာ ၎ရဲ႕ နယ္စပ္ၿမိဳ႕ ဒန္ဒုံမွာ COVID-19 ကူးစက္မႈဆိုင္ရာညႇိႏႈိင္းမႈေတြျပဳလုပ္ၿပီးေနာက္ ဧၿပီလ ၂၉ ရက္ကတည္းက ေျမာက္ကိုရီးယားနဲ႔ ရထားေျပးဆြဲမႈမ်ားကို ေခတၱရပ္ဆိုင္းထားခဲ့ပါတယ္။ မၾကာမီ က ေျမာက္ကိုရီးယားဟာ COVID-19 ကူးစက္ျဖစ္ပြားမႈမ်ား ၿပီးဆုံးသြားၿပီျဖစ္ေၾကာင္း ေၾကညာခဲ့ကာ ၂ဝ၂ဝ ျပည့္ႏွစ္ အေစာပိုင္းက ကို႐ိုနာဗိုင္းရပ္စ္ဆန္႔က်င္ေရးျပ႒ာန္းထားတဲ့ နယ္နိမိတ္ပိတ္ဆို႔မႈမ်ားကို ေျဖေလွ်ာ့ေပးခဲ့ပါတယ္။

ကမာၻလုံးဆိုင္ရာအကူအညီေပးေရးအဖြဲ႕မ်ားက ေျမာက္ကိုရီးယားရဲ႕ ဆိုး႐ြားလာတဲ့စီးပြားေရး မေျပလည္မႈမ်ားနဲ႔ စားနပ္ရိကၡာ ေထာက္ပံ့မႈအႏၲရာယ္မ်ားအတြက္ နယ္စပ္အစီအမံမ်ားကို အျပစ္တင္ခဲ့ၾကပါတယ္။

ၿပီးခဲ့တဲ့လက ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအမ္ ဟာ COVID-19 ၿပီးဆုံးေၾကာင္း ေအာင္ပြဲခံေၾကညာခဲ့ပါ တယ္။ ေျမာက္ကိုရီးယားဟာ "သံမဏိကပ္ေရာဂါတိုက္ဖ်က္ေရးအတားအဆီး" ကို ဆက္လက္ထိန္းသိမ္းထားရ မွာျဖစ္ၿပီး ေမလက ခ်မွတ္ထားတဲ့ ကူးစက္ေရာဂါတိုက္ဖ်က္ေရး အျမင့္ဆုံးအစီအမံမ်ားကို႐ုတ္သိမ္းဖို႔ အမိန႔္ေပးခဲ့ ပါတယ္။

ေျမာက္ကိုရီးယားဟာ COVID-19 ကို က်ယ္က်ယ္ျပန႔္ျပန႔္ စမ္းသပ္ႏိုင္တဲ့နည္းလမ္းမ်ား ကင္းမဲ့ေနတဲ့အျပင္ လူဦးေရ မည္မွ် ကူးစက္ခံခဲ့ရေၾကာင္း အတည္မျပဳခဲ့တာေၾကာင့္ ကြၽမ္းက်င္သူမ်ားက ၎ရဲ႕ကူးစက္မႈ ကိန္းဂဏန္း မ်ားအေပၚ သံသယဝင္ခဲ့ၾကပါတယ္။

Related news

© 2021. All rights reserved.