Yangon Water Bus ခရီးစဉ်များကို လာမည့် အောက်တိုဘာလ(၆)ရက်တွင် ပြန်လည်ပြေးဆွဲမည်

 549

ယွန်း (NP News) - စက်တင်ဘာ ၂၇

Yangon Water Bus ခရီးစဉ်များကို အောက်တိုဘာလ (၆)ရက်တွင် ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Yangon Water Bus မှ ယနေ့(စက်တင်ဘာလ ၂၇)ရက် နံနက်ပိုင်းတွင် ၎င်းတို့၏လူမှုကွန်ရက်စာမျက်နှာတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားသည်။

၂ဝ၁၇ ခုနှစ် အောက်တိုဘာလ(၆)ရက်တွင် Yangon Water Bus ကို စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လာမည့် အောက်တိုဘာလ(၆)ရက်တွင် (၅)နှစ်ပြည့်ပြီဖြစ် ကြောင်း သိရသည်။

ယခင်က အောက်တိုဘာလ (၁)ရက်တွင် ပြန်လည်ပြေးဆွဲရန် သတ်မှတ်ခဲ့သော် လည်း (၅)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် (၆)ရက်မှ ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“ဆီဈေးပေါ်မှာမူတည်ပြီး စီးနင်းခတွေကို public ကို ပြန်ပြီးတော့ ကြေညာပေးမှာဖြစ်တယ်။ အများကြီးပြောင်းလဲမှုရှိမှာတော့ မဟုတ်ဘူး” ဟု Tint Tint Myanmar Group ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က ယခင်က ပြောကြားဖူးသည်။

လက်ရှိတွင် Yangon Water Bus လုပ်ငန်းရပ်နားထားသည်မှာ (၂)နှစ်ကျော်ရှိခဲ့ပြီဖြစ်ပြီး ပြန်လည်ပြေးဆွဲရာတွင် ဗိုလ်တစ်ထောင်၊ ပန်းဆိုးတန်း၊ လမ်းသစ်၊ ဆာပါချောင်နှင့် အံ့ကြီးမှတ်တိုင်များဖြစ်သော ဆိပ်ကမ်း(၅)ခုအား ရေယာဉ်နှစ်စီးဖြင့် ပြေးဆွဲသွားမည်ဖြစ်သည်။

ထို့ပြင် ယာဉ်စီးခပေးချေရာတွင်လည်း ငွေသားပေးချေခြင်းမျိုးမဟုတ်ဘဲ K Pay၊ CB Pay၊ AYA Pay၊ A Payနှင့် Wave Pay တို့ဖြင့်သာ ပေးချေကောက်ခံခြင်းမျိုး ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Yangon Water Bus (၅)နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် စတင်ပြေးဆွဲမည့်အောက်တိုဘာလ(၆)ရက် တစ်နေ့တာကို အခမဲ့ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရ သည်။

zawgyi version
Yangon Water Bus ခရီးစဥ္မ်ားကို လာမည့္ ေအာက္တိုဘာလ(၆)ရက္တြင္ ျပန္လည္ေျပးဆြဲမည္
ယြန္း (NP News) - စက္တင္ဘာ ၂၇

Yangon Water Bus ခရီးစဥ္မ်ားကို ေအာက္တိုဘာလ (၆)ရက္တြင္ ျပန္လည္ေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။

Yangon Water Bus မွ ယေန႔(စက္တင္ဘာလ ၂၇)ရက္ နံနက္ပိုင္းတြင္ ၎တို႔၏လူမႈကြန္ရက္စာမ်က္ႏွာတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားသည္။

၂ဝ၁၇ ခုႏွစ္ ေအာက္တိုဘာလ(၆)ရက္တြင္ Yangon Water Bus ကို စတင္ဖြင့္လွစ္ခဲ့ျခင္းျဖစ္ၿပီး လာမည့္ ေအာက္တိုဘာလ(၆)ရက္တြင္ (၅)ႏွစ္ျပည့္ၿပီျဖစ္ ေၾကာင္း သိရသည္။

ယခင္က ေအာက္တိုဘာလ (၁)ရက္တြင္ ျပန္လည္ေျပးဆြဲရန္ သတ္မွတ္ခဲ့ေသာ္ လည္း (၅)ႏွစ္ျပည့္အထိမ္းအမွတ္အျဖစ္ (၆)ရက္မွ ျပန္လည္ေျပးဆြဲမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

“ဆီေဈးေပၚမွာမူတည္ၿပီး စီးနင္းခေတြကို public ကို ျပန္ၿပီးေတာ့ ေၾကညာေပးမွာျဖစ္တယ္။ အမ်ားႀကီးေျပာင္းလဲမႈရွိမွာေတာ့ မဟုတ္ဘူး” ဟု Tint Tint Myanmar Group ဥကၠ႒ ေဒၚတင့္တင့္လြင္က ယခင္က ေျပာၾကားဖူးသည္။

လက္ရွိတြင္ Yangon Water Bus လုပ္ငန္းရပ္နားထားသည္မွာ (၂)ႏွစ္ေက်ာ္ရွိခဲ့ၿပီျဖစ္ၿပီး ျပန္လည္ေျပးဆြဲရာတြင္ ဗိုလ္တစ္ေထာင္၊ ပန္းဆိုးတန္း၊ လမ္းသစ္၊ ဆာပါေခ်ာင္ႏွင့္ အံ့ႀကီးမွတ္တိုင္မ်ားျဖစ္ေသာ ဆိပ္ကမ္း(၅)ခုအား ေရယာဥ္ႏွစ္စီးျဖင့္ ေျပးဆြဲသြားမည္ျဖစ္သည္။

ထို႔ျပင္ ယာဥ္စီးခေပးေခ်ရာတြင္လည္း ေငြသားေပးေခ်ျခင္းမ်ိဳးမဟုတ္ဘဲ K Pay၊ CB Pay၊ AYA Pay၊ A Payႏွင့္ Wave Pay တို႔ျဖင့္သာ ေပးေခ်ေကာက္ခံျခင္းမ်ိဳး ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Yangon Water Bus (၅)ႏွစ္ျပည့္ အထိမ္းအမွတ္အေနျဖင့္ စတင္ေျပးဆြဲမည့္ေအာက္တိုဘာလ(၆)ရက္ တစ္ေန႔တာကို အခမဲ့ေျပးဆြဲေပးမည္ျဖစ္ေၾကာင္း သိရ သည္။

Related news

© 2021. All rights reserved.