ဘလက်ဝါးတား အမေရိကန် ကြေးစားစစ်သားများ၏ စစ်ရာဇဝတ်မှု

 1262

Htay Oung (NP News) - စက်တင်ဘာ ၂၉

ဘဂ္ဂဒက်ပစ်ခတ်မှုအပြီး ချက်ချင်းဆိုသလိုပဲ ဘလက်ဝါးတားတို့ရဲ့ လုပ်ရပ်ဟာ တရားမျှတမှု မရှိကြောင်း သတင်းရင်းမြစ်များရဲ့ဝန်ခံချက်ကို အမေရိကန် မီဒီယာများကလည်း ဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် တရားလက်လွတ် လုပ်ဆောင်ရာရောက်ကြောင်း သက်သေပြဖို့က သိပ်မလွယ်ခဲ့ပါဘူး။

အီရတ်အပေါ် အမေရိကန်နဲ့ ညွန့်ပေါင်းတပ်တို့ရဲ့ စစ်ရေးအရ ကျူးကျော်စွက်ဖက်မှုဟာ ကူဝိတ်အရေးနဲ့ ဆက်စပ်ပြီး ၁၉၉၁ ခုနှစ် သမ္မတဂျော့ဘွတ်ရှ်( အဖေ ဘွတ်ရှ်) လက်ထက် တစ်ကြိမ်၊ ၂ဝဝ၃-၂ဝ၁၁ ခုနှစ် သမ္မတ ဂျော့ဒဗလျူဘွတ်ရှ် (သား ဘွတ်ရှ်) လက်ထက်မှာ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်ရှိခဲ့ပါတယ်။

ဆဒမ်ဟူစိန်ဟာ လူအမြောက်အများ အစုအပုံလိုက် သေဆုံးစေတဲ့ ဖျက်အားပြင်း လက်နက်များကို ထုတ်လုပ် သိုလှောင်နေကြောင်း၊ အယ်လ်ကိုင်ဒါ အကြမ်းဖက်သမားတွေကို ခိုလှုံခွင့်ပေးထားပြီး လေ့ကျင့် လက်နက် တပ်ဆင်ပေးနေကြောင်း အမေရိကန် CIA က ကုလသမဂ္ဂအထိတက်ပြီး စွပ်စွဲပါတယ်။ အဲ့ဒီနောက် 9/11 အပြီး ၂ဝဝ၃ ခုနှစ်မှာ ဂျော့ဒဗလျူဘွတ်ရှ် အစိုးရရဲ့ အကြမ်းဖက် ဖြိုခွင်းရေးစစ်ပွဲ တစ်စိတ်တစ်ပိုင်းအဖြစ် လုံခြုံရေးကောင်စီ တားမြစ်ချက်ကို ဘေးချိတ်ပြီး အီရတ်နိုင်ငံအပေါ် ကျူးကျော်တိုက်ခိုက်ခဲ့ပါတယ်။

နေတိုးစစ်စာချုပ်အဖွဲ့ဝင် ၁၁ နိုင်ငံတို့ရဲ့ ဝေဟင် မြေပြင် ကျူးကျော်တိုက်ခိုက်မှုကို ရက်ပိုင်းမျှသာ ခုခံနိုင်တဲ့ အီရတ်တပ်မတော်ကို အမေရိကန်တို့က ဖျက်သိမ်းလိုက်ပါတယ်။ အီရတ် အစိုးရအဖွဲ့ပျက်ပြားသွားပေမဲ့ သူတို့ ခိုလှုံခွင့်ပေးထားခဲ့တယ်ဆိုတဲ့ အကြမ်းဖက်သမားလည်း တစ်ယောက်မှ မတွေ့ပါဘူး။ အလားတူ အစုအပုံလိုက် သေဆုံးစေတတ်တဲ့ ဖျက်အားပြင်း လက်နက်တွေကို မတွေ့ရသလို ထုတ် လုပ်ခဲ့ကြောင်း အရိပ်လက္ခဏာလည်း ရှိမနေပါဘူး။ ဒါနဲ့ပဲ ဆဒမ်ဟူစိန်ကို အခြား စစ်ရာဇဝတ်မှုများနဲ့ စွဲချက်တင်ပြီး ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။

၂ဝဝ၇ ခုနှစ် နစ်ဆောအာရင်ပြင် ဖြစ်ရပ်မှာ ဘလက်ဝါးတားလက်ချက်နဲ့ ကလေးနှစ်ဦးအပါအဝင် အီရတ်နိုင်ငံသား ၁၇ ဦး သေဆုံးခဲ့ပြီး အခြား လူ ၂ဝ လည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ဝါရှင်တန်ရော ဘဂ္ဂဒက်ပါ အပြိုင် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပေမဲ့ ပင်တာဂွန် စစ်ဖက်ကန်ထရိုက်တွေကို အရေးယူဖို့ဆိုတာ ပြန်လည်ဖွဲ့စည်းထားတဲ့ အီရတ်အစိုးရမှာ အခွင့်အာဏာမျှ မရှိပါဘူး၊။ အဲ့ဒီအချိန် အသက်ဝင်ကျင့်သုံးနေတဲ့ နှစ်နိုင်ငံ သဘောတူညီချက်အရ သူတို့တွေဟာ အီရတ်ရဲ့ တရားစီရင်ပိုင်ခွင့်မှ ကင်းလွတ်ခွင့်ရရှိနေပါတယ်။ ဖြစ်ရပ်ဆိုးကြီးအပြီး ၁၈ လအကြာ ၂ဝဝ၉ ခုနှစ်အထိ စုံစမ်းစစ်ဆေးမှုတွေမှာ ထူးခြားပြောင်းလဲခြင်း မရှိပါဘူး။

စောစောပိုင်းမှာ အမေရိကန်နိုင်ငံခြားရေးဌာနဟာ ပင်တာဂွန်ရဲ့ စစ်ကန်ထရိုက်တာများကို ကာကွယ်ပေးဖို့ ကြိုးစားခဲ့ပါတယ်။ ဌာနနှစ်ခုအကြား အဲ့ဒီလို ကတိများကို ပေးပိုင်ခွင့် မရှိပေမဲ့ ဘလက်ဝါးတားတို့ရဲ့ “အကန့်အသတ်ဖြင့် ခုခံကာကွယ်ပိုင်ခွင့်” အပေါ် အကာအကွယ်ပေးဖို့ ကတိပြုထားတဲ့ ပင်တာဂွန်ကိုယ်တိုင်က စုံစမ်းစစ်ဆေးရာမှာ သက်သေခံချက်များကို စုဆောင်းသူ ဖြစ်နေပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနဟာ အခင်းဖြစ်ပွားရာနေရာမှ သက်သေအထောက်အထားများကို ဖယ်ရှားရန် ခွင့်ပြုခဲ့ပါတယ်။ FBI က စုံစမ်းစစ်ဆေးမှုကို လွှဲပြောင်း လက်ခံယူချိန်မှာ ဘလက်ဝါးတားတို့ရဲ့ မော်တော်ယာဉ်တွေဟာ ပြုပြင်ပြီး ဆေးကြောသန့်စင်ပြီးဖြစ်နေပါပြီ။ အခင်းဖြစ်ပွားရာ လမ်းဆုံမှ သက်သေခံ ကျည်ခွံများကို ကြေးစားစစ်သားတို့က ကောက်ယူရာမှာ သံတမန်များကပင် ကူညီပေးခဲ့ကြောင်း သတင်းရေးသားချက်အချိုမှာ တွေ့ရှိရပါတယ်။

အမေရိကန် အစိုးရအနေနဲ့ ဘလက်ဝါးတားနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်များကို ဖျက်သိမ်းရန်၊ အီရတ်နိုင်ငံအပေါ် တောင်းပန်ကြောင်း တရားဝင် ထုတ်ပြန်ပေးရန်နဲ့ သေဆုံး သို့မဟုတ် ၎င်းတို့ရဲ့ မိသားစုများကို လျော်ကြေးပေးရန် အဲ့ဒီအချိန် အီရတ်ဝန်ကြီးချုပ် “နောအူရီ အယ်လ် မယ်လီကီ“ က တောင်းဆိုခဲ့ပါတယ်။ အဆိုပါ ဖြစ်ရပ်ပြီးနောက် ပင်တာဂွန်ဟာ ဘလက်ဝါးတားရဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို အီရတ်မှာ ယာယီရုတ်သိမ်းခဲ့ပေမဲ့ ကုမ္ပဏီရဲ့ ဒေါ်လာ (၁) ဘီလျံ စာချုပ်ကို ဖြည့်ဆည်းခွင့်ပြုခဲ့ပြီး သံတမန်များ လုံခြုံရေးဝန်ဆောင်အတွက် ဆက်လက်ငှားရမ်းခြင်းနဲ့ နိဂုံးချုပ်သွားပါတယ်။ အခင်းဖြစ်ရပ်အပြီး (၅)နှစ်အကြာ ၂ဝ၁၂ ခုနှစ်ရောက်မှ သေဆုံးသူ ၁၇ ဦးအနက် ခြောက်ဦးရဲ့ မိသားစုများကိုသာ လျော်ကြေးပေးခဲ့ပါတယ်။

နောက်ဆုံးမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီမှ အဖွဲ့ဝင် လေးဦးတို့ဟာ အဲ့ဒီ ဖြစ်ရပ်အတွက် တာဝန်ယူခဲ့ပါတယ်။ ၎င်းတို့အနက် ၃ ဦးကို လူသတ်မှုနဲ့ ထောင်ဒဏ် အနှစ် ၃ဝ ချမှတ်ခဲ့ပြီး ပစ်ခတ်မှု စတင်ခဲ့သူကို စနိုက်ဘာသမားကိုတော့ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

ပြစ်ဒဏ်များကို ၂ဝ၁၇ နှင့် ၂ဝ၁၉ ခုနှစ်တို့မှာ ပြန်လည်သုံးသပ်ခဲ့ပြီး ထက်ဝက်ကျော် လျှော့ပေါ့ပေးခဲ့ပါတယ်။

၂ဝ၂ဝ ပြည့်နှစ်မှာ အဲ့ဒီအမှုကို သမ္မတ ဒေါ်နယ်ထရမ့်က အပြီးသတ်ဖြေရှင်းလိုက်ပါတယ်။ ဘလက်ဝါးတားကို တည်ထောင်သူ “အဲရစ် ပရင့်စ်“ နဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးသူအဖြစ် လူသိများတဲ့ ဒေါ်နယ်ထရမ့်ဟာ နစ်ဆောအာ ရင်ပြင် ပစ်ခတ်မှုမှာ အပြစ်ရှိကြောင်း ထင်ရှားတဲ့အတွက် ပြစ်ဒဏ်ကျခံနေရတဲ့ ဘလက် ဝါးတား ၄ ဦးစလုံးကို သမ္မတတစ်ဦးအဖြစ် အခွင့်အာဏာကို သုံးစွဲပြီး အပြည့်အဝလွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။ ထရမ့်နဲ့ ပရင့်စ်တို့ ဘယ်လောက်အထိ ယုံကြည်ရင်းနှီးကြသလဲဆိုရင် ဘလက်ဝါးတား ကြေးစားစစ်သား ငှားရမ်းရေး နဲ့ အသက်မွေးသူရဲ့ ညီမ “ ဘက်ဆီ ဒီဗို့စ်” ကို ဒေါ်နယ်ထရမ့်က သူ့အစိုး ရအဖွဲ့မှာ “ပညာရေးဝန်ကြီး” ခန့်အပ်ထားတာကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါတယ်။

ဘလက်ဝါးတားတို့ရဲ့ နစ်ဆောအာရင်ပြင်ဖြစ်စဉ်ဟာ အရှေ့အလယ်ပိုင်းမှာရှိတဲ့ အမေရိကန်စစ်တပ်အတွက် ပိုပြီး ခေါင်းကျိန်းစရာဖြစ်လာပါတယ်။ လူသိထင်ရှား နိုင်ငံတကာ အရှုတ်တော်ပုံတစ်ခုလည်း ဖြစ်လာပါတယ်။ သမ္မတ အိုဘားမားလက်ထက် အိုင်စစ် (ISIS, ယခင် ISIL, IS) လို့ခေါ်တဲ့ အစ္စလာမ်မစ်ကမ္ဘာ ထူထောင်သူ အစွန်းရောက်အကြမ်း ဖက်နှိမ်နင်းရေးမှာ အဓိက လက်ရုံးသဖွယ် သတ်မှတ်ထားရာမှ ပြန်လည် ရုတ်သိမ်း လိုက်ရပါတယ်။ အဲ့ဒါဟာ အီရတ်မှာ စီးပွားရေးအကြီးအကျယ်လုပ်ကိုင်နေတဲ့ ကုမ္ပဏီကြီးများရဲ့ လုံခြုံရေး အပေါ်မှာ အထိနာပြီး လုင်ငန်းများ ကျုံဝင်သွားစရာဖြစ်ခဲ့ပါတယ်။

နစ်ဆောအာဖြစ်စဉ် အပြီးမှာ ဘဂ္ဂဒက်က အမေရိကန်နဲ့ နိုင်ငံခြားပုဂ္ဂလိက စစ်ဘက်ကုမ္ပဏီများရဲ့ လုပ်ဆောင် မှုတွေကို အီရတ်နိုင်ငံမှာ ကန့်သတ်ချက်များ ချမှတ်လိုက်ရပါတယ်။ အမေရိကန်တွေရဲ့ တပ်စွဲထားမှုကို လျှော့ ချပြီး နောက်ဆုံး လုံးဝရုတ်သိမ်းပေးဖို့အထိ တွန်းအားပေးတဲ့ လုပ်ငန်းစဉ်ကို ဘဂ္ဂဒက်က စတင်ခဲ့ပါတယ်။

အရပ်သားများ အသတ်ခံရမှုကြောင့် ဒေါသထွက်နေတဲ့ အီရတ်ဟာ ဘလက်ဝါးတားနဲ့ အဲရစ်ပရင့်စ်တို့အတွက် ပုံမှန်အတိုင်း လုပ်ငန်းဆက်လက်လုပ်ကိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး ။ ၂ဝဝ၉ ခုနှစ်မှာ ပရင်စ်ဟာ ဘလက်ဝါးတားရဲ့ CEO အဖြစ်မှ နှုတ်ထွက်ခဲ့ပါတယ်။ အဲ့ဒီနှစ် ဖေဖော်ဝါရီလတွင် အပြည်ပြည်ဆိုင်ရာ ဘလက်ဝါးတား ကုမ္ပဏီရဲ့ အမည်ကို Xe “ရှီ“ လို့ တရားဝင်အမည် ပြောင်းလဲခဲ့ပြီး ၂ဝ၁ဝ ခုနှစ်မှာ “အကယ်ဒမီ“ လို့ ထပ်မံ ပြောင်းလဲပြန်ပါတယ်။

၂ဝ၁၄ ခုနှစ်မှာ “အကယ်ဒမီ” ဟာ “ကွန်စတယ်လစ် အုပ်စု” လက်အောက်ခံ Triple Canopy “ ထရစ်ပဲလ် ကင်နိုပီ ကုမ္ပဏီ” နဲ့ ပေါင်းစည်းခဲ့သည်။ နောက်ပိုင်း မိခင်ကုမ္ပဏီမှာ အပြည့်အဝ ပေါင်းစည်းခဲ့ပြီး ယခုအခါ Constellis "ကွန်စတယ်လစ်" အမည်နဲ့ပဲ လုပ်ငန်းများ လက်ခံဆောင်ရွက်ပေးနေပါတယ်။

ပင်တဂွန်ဟာ ပုဂ္ဂလိက စစ်ကုမ္ပဏီများနဲ့ ပူးပေါင်းဆောင်ရွက်မှုကို နှစ်အတော်ကြာ ရပ်ဆိုင်းခဲ့ပေမဲ့ ဥပမာအား ဖြင့် အာဖဂန်နစ္စတန်နိုင်ငံမှာ ပြန်လည် အသုံးပြုခဲ့ပါတယ်။ အမေရိကန် ကွန်ဂရက်လွှတ် တော်ကလည်း ပုဂ္ဂလိ က စစ်ကုမ္ပဏီများးရဲ့ လုပ်ကိုင်ဆောင်ရွက်မှုများကို ဥပဒေပြဋ္ဌာန်းဖို့ ကြိုးစားခဲ့ပြီး ၂ဝဝ၇ ခုနှစ်မှာ အပြည့်အဝ ထိန်းချုပ်ထားတဲ့ ဈေးကွက်တစ်ခု ဖြစ်လာပါတယ်။ ဒါပေမဲ့ အီရတ် နစ်ဆောအာ အဖြစ်အပျက်မျိုး နောက်ထပ် မဖြစ်ဖူးလို့ အာမ မခံနိုင်သလို့ ၂ဝ၂၂ ခုနှစ်မှာလည်း လူမသိ သူမသိ ဖြစ်ခဲ့တာမျိုး ရှိနိုင်ပါတယ်။

ပုဂ္ဂလိက ကြေးစားစစ်သားလုပ်ငန်းတွေကို လုံးတားမြစ်သင့်တယ်လို့ ပြောကြပေမဲ့ ဒေသဆိုင်ရာ ရဲများကို စိတ်မချတဲ့ အနောက်တိုင်းကုမ္ပဏီများအနေနဲ့ သူတို့ မရှိရင် လုပ်ငန်းများ ရပ်ဆိုင်းသွားနိုင်ပါတယ်။ သူတို့ အတွက် ဈေးကွက်ဟာ အလွန်ကြီးမားပြီး ငွေကြေးအရ အားသာချက်ရှိနေပါတယ်။ အဲ့ဒီ ကြေးစားစစ်သား ခေါင်းဆောင်တွေက အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်လူမျိုးတွေ များပါတယ်။

ယခု ကိယက်ဗ်ဘက်မှ ပါဝင်တိုက်ခိုက်ပေးနေတဲ့ နိုင်ငံခြား စစ်မှုထမ်းတွေဆိုတာ ယူကရိန်းရဲ့ စစ်ဖက် စစ်ဆင် ရေးများမှာပင် “ ကြေးစားစစ်သား” အဖြစ် တရားဥပဒေထိန်းချုပ်မှု အပြင်ဘက်မှာ တာဝန်ယူလုပ်ကိုင်ပေးကြဖွယ်ရှိနေပါတယ်။

အခုထိတော့ ကြေးစားစစ်သားတွေရဲ့ တရားလက်လွတ် လုပ်ကိုင်ပုံတွေကို မီဒီယာစာမျက်နှာတွေမှာ ကျယ် ကျယ်ပြန့်ပြန့် မဖော်ပြသေးပေမဲ့ ပြီးခဲ့တဲ့နှစ်များအတွင်း ကြီးကြီးမားမား ဖြစ်ရပ်တစ်ခုမှ မရှိခဲ့ဘူးလို့ မပြောနိုင် ပါဘူး၊ နစ်ဆောအာ ရင်ပြင်ဖြစ်ရပ်မျိုး ထပ်ဖြစ်မလာဘူးလို့လည်း တပ်အပ်သေချာ မပြောနိုင်ပါဘူးလို့ ဆောင်းပါးရှင် မာ့က်စ် ဟက်တော့ဗ်က ရေးသားပါတယ်။

zawgyi version
ဘလက္ဝါးတား အေမရိကန္ ေၾကးစားစစ္သားမ်ား၏ စစ္ရာဇဝတ္မႈ
Htay Oung (NP News) - စက္တင္ဘာ ၂၉

ဘဂၢဒက္ပစ္ခတ္မႈအၿပီး ခ်က္ခ်င္းဆိုသလိုပဲ ဘလက္ဝါးတားတို႔ရဲ႕ လုပ္ရပ္ဟာ တရားမွ်တမႈ မရွိေၾကာင္း သတင္းရင္းျမစ္မ်ားရဲ႕ဝန္ခံခ်က္ကို အေမရိကန္ မီဒီယာမ်ားကလည္း ေဖာ္ျပခဲ့ၾကပါတယ္။ ဒါေပမယ့္ တရားလက္လြတ္ လုပ္ေဆာင္ရာေရာက္ေၾကာင္း သက္ေသျပဖို႔က သိပ္မလြယ္ခဲ့ပါဘူး။

အီရတ္အေပၚ အေမရိကန္နဲ႔ ၫြန႔္ေပါင္းတပ္တို႔ရဲ႕ စစ္ေရးအရ က်ဴးေက်ာ္စြက္ဖက္မႈဟာ ကူဝိတ္အေရးနဲ႔ ဆက္စပ္ၿပီး ၁၉၉၁ ခုႏွစ္ သမၼတေဂ်ာ့ဘြတ္ရွ္( အေဖ ဘြတ္ရွ္) လက္ထက္ တစ္ႀကိမ္၊ ၂ဝဝ၃-၂ဝ၁၁ ခုႏွစ္ သမၼတ ေဂ်ာ့ဒဗလ်ဴဘြတ္ရွ္ (သား ဘြတ္ရွ္) လက္ထက္မွာ တစ္ႀကိမ္ စုစုေပါင္း ႏွစ္ႀကိမ္ရွိခဲ့ပါတယ္။

ဆဒမ္ဟူစိန္ဟာ လူအေျမာက္အမ်ား အစုအပုံလိုက္ ေသဆုံးေစတဲ့ ဖ်က္အားျပင္း လက္နက္မ်ားကို ထုတ္လုပ္ သိုေလွာင္ေနေၾကာင္း၊ အယ္လ္ကိုင္ဒါ အၾကမ္းဖက္သမားေတြကို ခိုလႈံခြင့္ေပးထားၿပီး ေလ့က်င့္ လက္နက္ တပ္ဆင္ေပးေနေၾကာင္း အေမရိကန္ CIA က ကုလသမဂၢအထိတက္ၿပီး စြပ္စြဲပါတယ္။ အဲ့ဒီေနာက္ 9/11 အၿပီး ၂ဝဝ၃ ခုႏွစ္မွာ ေဂ်ာ့ဒဗလ်ဴဘြတ္ရွ္ အစိုးရရဲ႕ အၾကမ္းဖက္ ၿဖိဳခြင္းေရးစစ္ပြဲ တစ္စိတ္တစ္ပိုင္းအျဖစ္ လုံၿခဳံေရးေကာင္စီ တားျမစ္ခ်က္ကို ေဘးခ်ိတ္ၿပီး အီရတ္ႏိုင္ငံအေပၚ က်ဴးေက်ာ္တိုက္ခိုက္ခဲ့ပါတယ္။

ေနတိုးစစ္စာခ်ဳပ္အဖြဲ႕ဝင္ ၁၁ ႏိုင္ငံတို႔ရဲ႕ ေဝဟင္ ေျမျပင္ က်ဴးေက်ာ္တိုက္ခိုက္မႈကို ရက္ပိုင္းမွ်သာ ခုခံႏိုင္တဲ့ အီရတ္တပ္မေတာ္ကို အေမရိကန္တို႔က ဖ်က္သိမ္းလိုက္ပါတယ္။ အီရတ္ အစိုးရအဖြဲ႕ပ်က္ျပားသြားေပမဲ့ သူတို႔ ခိုလႈံခြင့္ေပးထားခဲ့တယ္ဆိုတဲ့ အၾကမ္းဖက္သမားလည္း တစ္ေယာက္မွ မေတြ႕ပါဘူး။ အလားတူ အစုအပုံလိုက္ ေသဆုံးေစတတ္တဲ့ ဖ်က္အားျပင္း လက္နက္ေတြကို မေတြ႕ရသလို ထုတ္ လုပ္ခဲ့ေၾကာင္း အရိပ္လကၡဏာလည္း ရွိမေနပါဘူး။ ဒါနဲ႔ပဲ ဆဒမ္ဟူစိန္ကို အျခား စစ္ရာဇဝတ္မႈမ်ားနဲ႔ စြဲခ်က္တင္ၿပီး ႀကိဳးေပးကြပ္မ်က္ခဲ့ပါတယ္။

၂ဝဝ၇ ခုႏွစ္ နစ္ေဆာအာရင္ျပင္ ျဖစ္ရပ္မွာ ဘလက္ဝါးတားလက္ခ်က္နဲ႔ ကေလးႏွစ္ဦးအပါအဝင္ အီရတ္ႏိုင္ငံသား ၁၇ ဦး ေသဆုံးခဲ့ၿပီး အျခား လူ ၂ဝ လည္း ဒဏ္ရာရရွိခဲ့ပါတယ္။ ဝါရွင္တန္ေရာ ဘဂၢဒက္ပါ အၿပိဳင္ စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ေပမဲ့ ပင္တာဂြန္ စစ္ဖက္ကန္ထ႐ိုက္ေတြကို အေရးယူဖို႔ဆိုတာ ျပန္လည္ဖြဲ႕စည္းထားတဲ့ အီရတ္အစိုးရမွာ အခြင့္အာဏာမွ် မရွိပါဘူး၊။ အဲ့ဒီအခ်ိန္ အသက္ဝင္က်င့္သုံးေနတဲ့ ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္အရ သူတို႔ေတြဟာ အီရတ္ရဲ႕ တရားစီရင္ပိုင္ခြင့္မွ ကင္းလြတ္ခြင့္ရရွိေနပါတယ္။ ျဖစ္ရပ္ဆိုးႀကီးအၿပီး ၁၈ လအၾကာ ၂ဝဝ၉ ခုႏွစ္အထိ စုံစမ္းစစ္ေဆးမႈေတြမွာ ထူးျခားေျပာင္းလဲျခင္း မရွိပါဘူး။

ေစာေစာပိုင္းမွာ အေမရိကန္ႏိုင္ငံျခားေရးဌာနဟာ ပင္တာဂြန္ရဲ႕ စစ္ကန္ထ႐ိုက္တာမ်ားကို ကာကြယ္ေပးဖို႔ ႀကိဳးစားခဲ့ပါတယ္။ ဌာနႏွစ္ခုအၾကား အဲ့ဒီလို ကတိမ်ားကို ေပးပိုင္ခြင့္ မရွိေပမဲ့ ဘလက္ဝါးတားတို႔ရဲ႕ “အကန႔္အသတ္ျဖင့္ ခုခံကာကြယ္ပိုင္ခြင့္” အေပၚ အကာအကြယ္ေပးဖို႔ ကတိျပဳထားတဲ့ ပင္တာဂြန္ကိုယ္တိုင္က စုံစမ္းစစ္ေဆးရာမွာ သက္ေသခံခ်က္မ်ားကို စုေဆာင္းသူ ျဖစ္ေနပါတယ္။

အေမရိကန္ ႏိုင္ငံျခားေရးဌာနဟာ အခင္းျဖစ္ပြားရာေနရာမွ သက္ေသအေထာက္အထားမ်ားကို ဖယ္ရွားရန္ ခြင့္ျပဳခဲ့ပါတယ္။ FBI က စုံစမ္းစစ္ေဆးမႈကို လႊဲေျပာင္း လက္ခံယူခ်ိန္မွာ ဘလက္ဝါးတားတို႔ရဲ႕ ေမာ္ေတာ္ယာဥ္ေတြဟာ ျပဳျပင္ၿပီး ေဆးေၾကာသန႔္စင္ၿပီးျဖစ္ေနပါၿပီ။ အခင္းျဖစ္ပြားရာ လမ္းဆုံမွ သက္ေသခံ က်ည္ခြံမ်ားကို ေၾကးစားစစ္သားတို႔က ေကာက္ယူရာမွာ သံတမန္မ်ားကပင္ ကူညီေပးခဲ့ေၾကာင္း သတင္းေရးသားခ်က္အခ်ိဳမွာ ေတြ႕ရွိရပါတယ္။

အေမရိကန္ အစိုးရအေနနဲ႔ ဘလက္ဝါးတားနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္မ်ားကို ဖ်က္သိမ္းရန္၊ အီရတ္ႏိုင္ငံအေပၚ ေတာင္းပန္ေၾကာင္း တရားဝင္ ထုတ္ျပန္ေပးရန္နဲ႔ ေသဆုံး သို႔မဟုတ္ ၎တို႔ရဲ႕ မိသားစုမ်ားကို ေလ်ာ္ေၾကးေပးရန္ အဲ့ဒီအခ်ိန္ အီရတ္ဝန္ႀကီးခ်ဳပ္ “ေနာအူရီ အယ္လ္ မယ္လီကီ“ က ေတာင္းဆိုခဲ့ပါတယ္။ အဆိုပါ ျဖစ္ရပ္ၿပီးေနာက္ ပင္တာဂြန္ဟာ ဘလက္ဝါးတားရဲ႕ လုပ္ငန္းလုပ္ကိုင္ခြင့္လိုင္စင္ကို အီရတ္မွာ ယာယီ႐ုတ္သိမ္းခဲ့ေပမဲ့ ကုမၸဏီရဲ႕ ေဒၚလာ (၁) ဘီလ်ံ စာခ်ဳပ္ကို ျဖည့္ဆည္းခြင့္ျပဳခဲ့ၿပီး သံတမန္မ်ား လုံၿခဳံေရးဝန္ေဆာင္အတြက္ ဆက္လက္ငွားရမ္းျခင္းနဲ႔ နိဂုံးခ်ဳပ္သြားပါတယ္။ အခင္းျဖစ္ရပ္အၿပီး (၅)ႏွစ္အၾကာ ၂ဝ၁၂ ခုႏွစ္ေရာက္မွ ေသဆုံးသူ ၁၇ ဦးအနက္ ေျခာက္ဦးရဲ႕ မိသားစုမ်ားကိုသာ ေလ်ာ္ေၾကးေပးခဲ့ပါတယ္။

ေနာက္ဆုံးမွာ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားတဲ့ ပုဂၢလိကလုံၿခဳံေရးကုမၸဏီမွ အဖြဲ႕ဝင္ ေလးဦးတို႔ဟာ အဲ့ဒီ ျဖစ္ရပ္အတြက္ တာဝန္ယူခဲ့ပါတယ္။ ၎တို႔အနက္ ၃ ဦးကို လူသတ္မႈနဲ႔ ေထာင္ဒဏ္ အႏွစ္ ၃ဝ ခ်မွတ္ခဲ့ၿပီး ပစ္ခတ္မႈ စတင္ခဲ့သူကို စႏိုက္ဘာသမားကိုေတာ့ တစ္သက္တစ္ကြၽန္း ျပစ္ဒဏ္ခ်မွတ္ခဲ့ပါတယ္။

ျပစ္ဒဏ္မ်ားကို ၂ဝ၁၇ ႏွင့္ ၂ဝ၁၉ ခုႏွစ္တို႔မွာ ျပန္လည္သုံးသပ္ခဲ့ၿပီး ထက္ဝက္ေက်ာ္ ေလွ်ာ့ေပါ့ေပးခဲ့ပါတယ္။

၂ဝ၂ဝ ျပည့္ႏွစ္မွာ အဲ့ဒီအမႈကို သမၼတ ေဒၚနယ္ထရမ့္က အၿပီးသတ္ေျဖရွင္းလိုက္ပါတယ္။ ဘလက္ဝါးတားကို တည္ေထာင္သူ “အဲရစ္ ပရင့္စ္“ နဲ႔ ပုဂၢိဳလ္ေရး ရင္းႏွီးသူအျဖစ္ လူသိမ်ားတဲ့ ေဒၚနယ္ထရမ့္ဟာ နစ္ေဆာအာ ရင္ျပင္ ပစ္ခတ္မႈမွာ အျပစ္ရွိေၾကာင္း ထင္ရွားတဲ့အတြက္ ျပစ္ဒဏ္က်ခံေနရတဲ့ ဘလက္ ဝါးတား ၄ ဦးစလုံးကို သမၼတတစ္ဦးအျဖစ္ အခြင့္အာဏာကို သုံးစြဲၿပီး အျပည့္အဝလြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးခဲ့ပါတယ္။ ထရမ့္နဲ႔ ပရင့္စ္တို႔ ဘယ္ေလာက္အထိ ယုံၾကည္ရင္းႏွီးၾကသလဲဆိုရင္ ဘလက္ဝါးတား ေၾကးစားစစ္သား ငွားရမ္းေရး နဲ႔ အသက္ေမြးသူရဲ႕ ညီမ “ ဘက္ဆီ ဒီဗို႔စ္” ကို ေဒၚနယ္ထရမ့္က သူ႔အစိုး ရအဖြဲ႕မွာ “ပညာေရးဝန္ႀကီး” ခန႔္အပ္ထားတာကို ၾကည့္ျခင္းအားျဖင့္ သိရွိႏိုင္ပါတယ္။

ဘလက္ဝါးတားတို႔ရဲ႕ နစ္ေဆာအာရင္ျပင္ျဖစ္စဥ္ဟာ အေရွ႕အလယ္ပိုင္းမွာရွိတဲ့ အေမရိကန္စစ္တပ္အတြက္ ပိုၿပီး ေခါင္းက်ိန္းစရာျဖစ္လာပါတယ္။ လူသိထင္ရွား ႏိုင္ငံတကာ အရႈတ္ေတာ္ပုံတစ္ခုလည္း ျဖစ္လာပါတယ္။ သမၼတ အိုဘားမားလက္ထက္ အိုင္စစ္ (ISIS, ယခင္ ISIL, IS) လို႔ေခၚတဲ့ အစၥလာမ္မစ္ကမာၻ ထူေထာင္သူ အစြန္းေရာက္အၾကမ္း ဖက္ႏွိမ္နင္းေရးမွာ အဓိက လက္႐ုံးသဖြယ္ သတ္မွတ္ထားရာမွ ျပန္လည္ ႐ုတ္သိမ္း လိုက္ရပါတယ္။ အဲ့ဒါဟာ အီရတ္မွာ စီးပြားေရးအႀကီးအက်ယ္လုပ္ကိုင္ေနတဲ့ ကုမၸဏီႀကီးမ်ားရဲ႕ လုံၿခဳံေရး အေပၚမွာ အထိနာၿပီး လုင္ငန္းမ်ား က်ဳံဝင္သြားစရာျဖစ္ခဲ့ပါတယ္။

နစ္ေဆာအာျဖစ္စဥ္ အၿပီးမွာ ဘဂၢဒက္က အေမရိကန္နဲ႔ ႏိုင္ငံျခားပုဂၢလိက စစ္ဘက္ကုမၸဏီမ်ားရဲ႕ လုပ္ေဆာင္ မႈေတြကို အီရတ္ႏိုင္ငံမွာ ကန႔္သတ္ခ်က္မ်ား ခ်မွတ္လိုက္ရပါတယ္။ အေမရိကန္ေတြရဲ႕ တပ္စြဲထားမႈကို ေလွ်ာ့ ခ်ၿပီး ေနာက္ဆုံး လုံးဝ႐ုတ္သိမ္းေပးဖို႔အထိ တြန္းအားေပးတဲ့ လုပ္ငန္းစဥ္ကို ဘဂၢဒက္က စတင္ခဲ့ပါတယ္။

အရပ္သားမ်ား အသတ္ခံရမႈေၾကာင့္ ေဒါသထြက္ေနတဲ့ အီရတ္ဟာ ဘလက္ဝါးတားနဲ႔ အဲရစ္ပရင့္စ္တို႔အတြက္ ပုံမွန္အတိုင္း လုပ္ငန္းဆက္လက္လုပ္ကိုင္ဖို႔ မျဖစ္ႏိုင္ေတာ့ပါဘူး ။ ၂ဝဝ၉ ခုႏွစ္မွာ ပရင္စ္ဟာ ဘလက္ဝါးတားရဲ႕ CEO အျဖစ္မွ ႏႈတ္ထြက္ခဲ့ပါတယ္။ အဲ့ဒီႏွစ္ ေဖေဖာ္ဝါရီလတြင္ အျပည္ျပည္ဆိုင္ရာ ဘလက္ဝါးတား ကုမၸဏီရဲ႕ အမည္ကို Xe “ရွီ“ လို႔ တရားဝင္အမည္ ေျပာင္းလဲခဲ့ၿပီး ၂ဝ၁ဝ ခုႏွစ္မွာ “အကယ္ဒမီ“ လို႔ ထပ္မံ ေျပာင္းလဲျပန္ပါတယ္။

၂ဝ၁၄ ခုႏွစ္မွာ “အကယ္ဒမီ” ဟာ “ကြန္စတယ္လစ္ အုပ္စု” လက္ေအာက္ခံ Triple Canopy “ ထရစ္ပဲလ္ ကင္ႏိုပီ ကုမၸဏီ” နဲ႔ ေပါင္းစည္းခဲ့သည္။ ေနာက္ပိုင္း မိခင္ကုမၸဏီမွာ အျပည့္အဝ ေပါင္းစည္းခဲ့ၿပီး ယခုအခါ Constellis "ကြန္စတယ္လစ္" အမည္နဲ႔ပဲ လုပ္ငန္းမ်ား လက္ခံေဆာင္႐ြက္ေပးေနပါတယ္။

ပင္တဂြန္ဟာ ပုဂၢလိက စစ္ကုမၸဏီမ်ားနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈကို ႏွစ္အေတာ္ၾကာ ရပ္ဆိုင္းခဲ့ေပမဲ့ ဥပမာအား ျဖင့္ အာဖဂန္နစၥတန္ႏိုင္ငံမွာ ျပန္လည္ အသုံးျပဳခဲ့ပါတယ္။ အေမရိကန္ ကြန္ဂရက္လႊတ္ ေတာ္ကလည္း ပုဂၢလိ က စစ္ကုမၸဏီမ်ားးရဲ႕ လုပ္ကိုင္ေဆာင္႐ြက္မႈမ်ားကို ဥပေဒျပ႒ာန္းဖို႔ ႀကိဳးစားခဲ့ၿပီး ၂ဝဝ၇ ခုႏွစ္မွာ အျပည့္အဝ ထိန္းခ်ဳပ္ထားတဲ့ ေဈးကြက္တစ္ခု ျဖစ္လာပါတယ္။ ဒါေပမဲ့ အီရတ္ နစ္ေဆာအာ အျဖစ္အပ်က္မ်ိဳး ေနာက္ထပ္ မျဖစ္ဖူးလို႔ အာမ မခံႏိုင္သလို႔ ၂ဝ၂၂ ခုႏွစ္မွာလည္း လူမသိ သူမသိ ျဖစ္ခဲ့တာမ်ိဳး ရွိႏိုင္ပါတယ္။

ပုဂၢလိက ေၾကးစားစစ္သားလုပ္ငန္းေတြကို လုံးတားျမစ္သင့္တယ္လို႔ ေျပာၾကေပမဲ့ ေဒသဆိုင္ရာ ရဲမ်ားကို စိတ္မခ်တဲ့ အေနာက္တိုင္းကုမၸဏီမ်ားအေနနဲ႔ သူတို႔ မရွိရင္ လုပ္ငန္းမ်ား ရပ္ဆိုင္းသြားႏိုင္ပါတယ္။ သူတို႔ အတြက္ ေဈးကြက္ဟာ အလြန္ႀကီးမားၿပီး ေငြေၾကးအရ အားသာခ်က္ရွိေနပါတယ္။ အဲ့ဒီ ေၾကးစားစစ္သား ေခါင္းေဆာင္ေတြက အေမရိကန္၊ ၿဗိတိန္၊ ျပင္သစ္လူမ်ိဳးေတြ မ်ားပါတယ္။

ယခု ကိယက္ဗ္ဘက္မွ ပါဝင္တိုက္ခိုက္ေပးေနတဲ့ ႏိုင္ငံျခား စစ္မႈထမ္းေတြဆိုတာ ယူကရိန္းရဲ႕ စစ္ဖက္ စစ္ဆင္ ေရးမ်ားမွာပင္ “ ေၾကးစားစစ္သား” အျဖစ္ တရားဥပေဒထိန္းခ်ဳပ္မႈ အျပင္ဘက္မွာ တာဝန္ယူလုပ္ကိုင္ေပးၾကဖြယ္ရွိေနပါတယ္။

အခုထိေတာ့ ေၾကးစားစစ္သားေတြရဲ႕ တရားလက္လြတ္ လုပ္ကိုင္ပုံေတြကို မီဒီယာစာမ်က္ႏွာေတြမွာ က်ယ္ က်ယ္ျပန႔္ျပန႔္ မေဖာ္ျပေသးေပမဲ့ ၿပီးခဲ့တဲ့ႏွစ္မ်ားအတြင္း ႀကီးႀကီးမားမား ျဖစ္ရပ္တစ္ခုမွ မရွိခဲ့ဘူးလို႔ မေျပာႏိုင္ ပါဘူး၊ နစ္ေဆာအာ ရင္ျပင္ျဖစ္ရပ္မ်ိဳး ထပ္ျဖစ္မလာဘူးလို႔လည္း တပ္အပ္ေသခ်ာ မေျပာႏိုင္ပါဘူးလို႔ ေဆာင္းပါးရွင္ မာ့က္စ္ ဟက္ေတာ့ဗ္က ေရးသားပါတယ္။

Related news

© 2021. All rights reserved.