(၄၃)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲ၌ ပုံမှန်ပေးနေသည့် ကျပ်သိန်းတစ်ထောင် အထူးဆု ပါဝင်ခြင်းမရှိဘဲ ကျပ်တစ်သောင်း ဆုများသာ တိုးလာ

 1210

ပုံစာ - ၄၂ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲ

မျိုးကြီး (NP News) - စက်တင်ဘာ ၃ဝ

မနက်ဖြန် (အောက်တိုဘာလ ၁ ရက်)တွင်ပြုလုပ်မည့် (၄၃)ကြိမ်မြောက် အောင် ဘာလေထီဖွင့်ပွဲ၌ ပုံမှန်ပေးနေသည့် ကျပ်သိန်းတစ်ထောင် အထူးဆုမှာ ပါဝင်ခြင်းမရှိတော့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။

အောက်တိုဘာလ(၁)ရက်တွင် ကျင်းပမည့် (၄၃)ကြိမ်မြောက် ထီဖွင့်ပွဲအတွက် ထီလက်မှတ်များကို "က" အက္ခရာမှ "ည" အက္ခရာအထိ စုစုပေါင်း အက္ခရာ(၁ဝ)လုံး၌ ထီစာအုပ် ၃၃၄၅၇ဝ အုပ်ရောင်းချခဲ့ရကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲက ကြေညာထားသည်။

အဆိုပါလက်မှတ်များ ရောင်းချရငွေမှာ ငွေကျပ်သန်း ၃၃၄၇ ဒသမ ၅ဝဝ ဖြစ်ပြီး ၇ဝ ရာခိုင်နှုန်းဖြစ်သော ငွေကျပ်သန်း ၂၃၄၃ ဒသမ ၂၅ဝ ကို ထီဆုငွေအဖြစ် ခွဲဝေချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဘဏ္ဍာသိမ်းရငွေ ငွေကျပ်သန်း ၇၈ ဒသမ ဝ၅ဝ ကိုလည်း ထီဆုငွေအဖြစ် ထည့်သွင်းကာ ပြန်လည်ချီးမြှင့်ပေးမည်ဟု အောင်ဘာလေသိန်းဆုဌာနခွဲက ဆို သည်။

မနက်ဖြန် ကျင်းပမည့် အောင်ဘာလေထီဖွင့်ပွဲ၌ အထူးဆုကြီးအနေဖြင့် ကျပ်သိန်းငါးထောင် (၁)ဆုသာပါဝင်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲ၏ ကြေညာချက်အရ သိရသည်။

ပြီးခဲ့သော လများအတွင်းက ကျင်းပခဲ့သော ထီဖွင့်များတွင် အထူးဆုကြီးအနေဖြင့် ကျပ်သိန်းငါးထောင် (၁)ဆုနှင့် ကျပ် သိန်းတစ်ထောင် (၁)ဆုတို့ကို ပုံမှန်ထည့်သွင်းကာ ချီးမြှင့်ပေးခဲ့သည်ကိုတွေ့ရပြီး ယခု(၄၃)ကြိမ်မြောက်တွင် ကျပ်သိန်း တစ်ထောင် အထူးဆုမှာ ပါဝင်လာခြင်းမရှိသည်ကို တွေ့ရသည်။

၎င်းထီဖွင့်ပွဲ၌ ဝေဝေဆာဆာပဒေသာဆုမဲစနစ်မှ ရောင်းမကုန်သောထီလက်မှတ်များ ထွက်ပေါ်လာပါက အဆိုပါဆုမဲတန်ဖိုးစုစုပေါင်းအား အခြားသင့်လျော်သောဆုမဲများအဖြစ် ဆုတစ်ဆုချင်းစနစ်နှင့် ကျပ်ငါးသောင်းဆုမဲများအပြင် အက္ခရာနှင့် ရှေ့ဂဏန်းတစ်လုံးတူပါက ကျပ်တစ်သောင်းဆုများ ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ် ကြောင်း ကြေညာထားသည်။

ပြီးခဲ့သော အစိုးရလက်ထက်တွင် အောင်ဘာထီဆုများ၌ အမြင့်ဆုံးအဖြစ် ငွေကျပ်သိန်းတစ်သောင်းခွဲအထိ ဖွင့်လှစ်ချီးမြှင့်ပေးနိုင်ခဲ့သည်ကိုတွေ့ရပြီး လက်ရှိအခြေ အနေတွင် အကြောင်းအမျိုးမျိုးကြောင့် အမြင့်ဆုံးဆုအနေဖြင့် ကျပ်သိန်းငါးထောင် သာ ချီးမြှင့်ပေးအပ်နိုင်သေးကြောင်း တွေ့ရသည်။

zawgyi version
(၄၃)ႀကိမ္ေျမာက္ ေအာင္ဘာေလထီဖြင့္ပြဲ၌ ပုံမွန္ေပးေနသည့္ က်ပ္သိန္းတစ္ေထာင္ အထူးဆုပါဝင္ျခင္းမရွိဘဲ က်ပ္တစ္ေသာင္း ဆုမ်ားသာတိုးလာ
မ်ိဳးႀကီး (NP News) - စက္တင္ဘာ ၃ဝ

မနက္ျဖန္ (ေအာက္တိုဘာလ ၁ ရက္)တြင္ျပဳလုပ္မည့္ (၄၃)ႀကိမ္ေျမာက္ ေအာင္ ဘာေလထီဖြင့္ပြဲ၌ ပုံမွန္ေပးေနသည့္ က်ပ္သိန္းတစ္ေထာင္ အထူးဆုမွာ ပါဝင္ျခင္းမရွိေတာ့ေၾကာင္း စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာန၊ ေအာင္ဘာေလသိန္းဆုဌာနခြဲမွ သိရသည္။

ေအာက္တိုဘာလ(၁)ရက္တြင္ က်င္းပမည့္ (၄၃)ႀကိမ္ေျမာက္ ထီဖြင့္ပြဲအတြက္ ထီလက္မွတ္မ်ားကို "က" အကၡရာမွ "ည" အကၡရာအထိ စုစုေပါင္း အကၡရာ(၁ဝ)လုံး၌ ထီစာအုပ္ ၃၃၄၅၇ဝ အုပ္ေရာင္းခ်ခဲ့ရေၾကာင္း ေအာင္ဘာေလသိန္းဆုဌာနခြဲက ေၾကညာထားသည္။

အဆိုပါလက္မွတ္မ်ား ေရာင္းခ်ရေငြမွာ ေငြက်ပ္သန္း ၃၃၄၇ ဒသမ ၅ဝဝ ျဖစ္ၿပီး ၇ဝ ရာခိုင္ႏႈန္းျဖစ္ေသာ ေငြက်ပ္သန္း ၂၃၄၃ ဒသမ ၂၅ဝ ကို ထီဆုေငြအျဖစ္ ခြဲေဝခ်ီးျမႇင့္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ဘ႑ာသိမ္းရေငြ ေငြက်ပ္သန္း ၇၈ ဒသမ ဝ၅ဝ ကိုလည္း ထီဆုေငြအျဖစ္ ထည့္သြင္းကာ ျပန္လည္ခ်ီးျမႇင့္ေပးမည္ဟု ေအာင္ဘာေလသိန္းဆုဌာနခြဲက ဆို သည္။

မနက္ျဖန္ က်င္းပမည့္ ေအာင္ဘာေလထီဖြင့္ပြဲ၌ အထူးဆုႀကီးအေနျဖင့္ က်ပ္သိန္းငါးေထာင္ (၁)ဆုသာပါဝင္ေၾကာင္း ေအာင္ဘာေလသိန္းဆုဌာနခြဲ၏ ေၾကညာခ်က္အရ သိရသည္။

ၿပီးခဲ့ေသာ လမ်ားအတြင္းက က်င္းပခဲ့ေသာ ထီဖြင့္မ်ားတြင္ အထူးဆုႀကီးအေနျဖင့္ က်ပ္သိန္းငါးေထာင္ (၁)ဆုႏွင့္ က်ပ္ သိန္းတစ္ေထာင္ (၁)ဆုတို႔ကို ပုံမွန္ထည့္သြင္းကာ ခ်ီးျမႇင့္ေပးခဲ့သည္ကိုေတြ႕ရၿပီး ယခု(၄၃)ႀကိမ္ေျမာက္တြင္ က်ပ္သိန္း တစ္ေထာင္ အထူးဆုမွာ ပါဝင္လာျခင္းမရွိသည္ကို ေတြ႕ရသည္။

၎ထီဖြင့္ပြဲ၌ ေဝေဝဆာဆာပေဒသာဆုမဲစနစ္မွ ေရာင္းမကုန္ေသာထီလက္မွတ္မ်ား ထြက္ေပၚလာပါက အဆိုပါဆုမဲတန္ဖိုးစုစုေပါင္းအား အျခားသင့္ေလ်ာ္ေသာဆုမဲမ်ားအျဖစ္ ဆုတစ္ဆုခ်င္းစနစ္ႏွင့္ က်ပ္ငါးေသာင္းဆုမဲမ်ားအျပင္ အကၡရာႏွင့္ ေရွ႕ဂဏန္းတစ္လုံးတူပါက က်ပ္တစ္ေသာင္းဆုမ်ား ျပန္လည္ဖြင့္လွစ္ေပးမည္ျဖစ္ ေၾကာင္း ေၾကညာထားသည္။

ၿပီးခဲ့ေသာ အစိုးရလက္ထက္တြင္ ေအာင္ဘာထီဆုမ်ား၌ အျမင့္ဆုံးအျဖစ္ ေငြက်ပ္သိန္းတစ္ေသာင္းခြဲအထိ ဖြင့္လွစ္ခ်ီးျမႇင့္ေပးႏိုင္ခဲ့သည္ကိုေတြ႕ရၿပီး လက္ရွိအေျခ အေနတြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အျမင့္ဆုံးဆုအေနျဖင့္ က်ပ္သိန္းငါးေထာင္ သာ ခ်ီးျမႇင့္ေပးအပ္ႏိုင္ေသးေၾကာင္း ေတြ႕ရသည္။

Related news

© 2021. All rights reserved.