မြန်မာနိုင်ငံ၌ လူ(၁၂)ဦးတွင် သက်ကြီးရွယ်အိုတစ်ဦးပါဝင်နေပြီး အများစုမှာ အမျိုးသမီးများ ဖြစ်နေဟုဆို

 931

ယွန်း (NP News) - အောက်တိုဘာ ၁

မြန်မာနိုင်ငံ၌ လူ(၁၂)ဦးတွင် သက်ကြီးရွယ်အိုတစ်ဦး ပါဝင်နေပြီး အများစုမှာ အမျိုး သမီးများဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ သတင်းအချက်အလက်များအရ သိရသည်။

အသက်(၆ဝ)နှစ်နှင့်အထက် သက်ကြီးရွယ်အို ရာခိုင်နှုန်းသည် (၁၉၇၃)ခုနှစ်တွင် မြန်မာနိုင်ငံ၌ (၆)ရာခိုင်နှုန်းသာရှိပြီး (၂ဝ၁၉)ခုနှစ်တွင် (၁ဝ ဒသမ ၁) ရာခိုင်နှုန်းအထိ တိုးတက်ပြောင်းလဲလာခဲ့ကြောင်း အချက်အလက်များအရ သိရသည်။

ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော သက်ကြီးရွယ်အိုနှင့်ပတ်သတ်သည့် သုတေသနစာတမ်းအရ မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အိုဦးရေ (၄ ဒသမ ၅)သန်းခန့်ရှိကြောင်း သိရသည်။

အဆိုပါ သက်ကြီးရွယ်အိုဦးရေ (၄ ဒသမ ၅)သန်းအား မြန်မာနိုင်ငံ၏လူဦးရေ (၅၄) သန်းနှင့်တွက်ကြည့်ပါက မြန်မာ(၁၂)ဦးတွင် (၁)ဦးသည် သက်ကြီးရွယ်အိုစာရင်းတွင် ပါဝင်နေပြီး ၎င်းဦးရေ၏ (၅၇)ရာခိုင်နှုန်းမှာ အမျိုးသမီး သက်ကြီးရွယ်အိုများ ဖြစ်သည်။

မြန်မာနိုင်ငံတွင် (၂ဝ၁၃)ခုနှစ်၌ “သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာ”ကို ရန်ကုန်မြို့တွင် နမူနာပြဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်အစိုးရမှ (၂ဝ၁၆)ခုနှစ်၊ ဒီဇင်ဘာလ (၃ဝ)ရက်တွင် “သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ” ကိုပြဋ္ဌာန်းပေးခဲ့သည်။

ထို့နောက် နိုင်ငံတော်အစိုးရမှ (၂ဝ၁၇-၂ဝ၁၈)ဘဏ္ဍာနှစ်မှစ၍ အသက်(၉ဝ)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများကို တစ်ဦးလျှင် လစဉ် ကျပ်တစ်သောင်းနှုန်း ထောက် ပံ့ပေးခဲ့ပြီး (၂ဝ၁၈-၂ဝ၁၉)ဘဏ္ဍာနှစ်အစ အောက်တိုဘာလမှစ၍ အသက်(၈၅)နှစ်သို့ ပြောင်းလဲလျှော့ချ၍ တစ်နိုင်ငံလုံးရှိ သက်ကြီးရွယ်အို (၂၅ဝဝဝဝ)ခန့်ကို သုံးလတစ်ကြိမ်ထောက်ပံ့ပေးခဲ့ကြောင် သတင်းအချက်အလက်များအရ သိရသည်။

ထို့ပြင် အလုပ်လုပ်နိုင်စွမ်းရှိသေးသော နိုင်ငံ့ဝန်ထမ်းသက်ကြီးရွယ်အိုများကို ပင် စင်ယူရမည့် အသက်ကို ယခင်(၆ဝ)နှစ်မှ (၆၂)နှစ်အထိ တိုးမြှင့်သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
ျမန္မာႏိုင္ငံ၌ လူ(၁၂)ဦးတြင္ သက္ႀကီး႐ြယ္အိုတစ္ဦးပါဝင္ေနၿပီး အမ်ားစုမွာ အမ်ိဳးသမီးမ်ား ျဖစ္ေနဟုဆို
ယြန္း (NP News) - ေအာက္တိုဘာ ၁

ျမန္မာႏိုင္ငံ၌ လူ(၁၂)ဦးတြင္ သက္ႀကီး႐ြယ္အိုတစ္ဦး ပါဝင္ေနၿပီး အမ်ားစုမွာ အမ်ိဳး သမီးမ်ားျဖစ္ေၾကာင္း လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။

အသက္(၆ဝ)ႏွစ္ႏွင့္အထက္ သက္ႀကီး႐ြယ္အို ရာခိုင္ႏႈန္းသည္ (၁၉၇၃)ခုႏွစ္တြင္ ျမန္မာႏိုင္ငံ၌ (၆)ရာခိုင္ႏႈန္းသာရွိၿပီး (၂ဝ၁၉)ခုႏွစ္တြင္ (၁ဝ ဒသမ ၁) ရာခိုင္ႏႈန္းအထိ တိုးတက္ေျပာင္းလဲလာခဲ့ေၾကာင္း အခ်က္အလက္မ်ားအရ သိရသည္။

ဝန္ႀကီးဌာနမွ ထုတ္ျပန္ထားေသာ သက္ႀကီး႐ြယ္အိုႏွင့္ပတ္သတ္သည့္ သုေတသနစာတမ္းအရ ျမန္မာႏိုင္ငံတြင္ သက္ႀကီး႐ြယ္အိုဦးေရ (၄ ဒသမ ၅)သန္းခန႔္ရွိေၾကာင္း သိရသည္။

အဆိုပါ သက္ႀကီး႐ြယ္အိုဦးေရ (၄ ဒသမ ၅)သန္းအား ျမန္မာႏိုင္ငံ၏လူဦးေရ (၅၄) သန္းႏွင့္တြက္ၾကည့္ပါက ျမန္မာ(၁၂)ဦးတြင္ (၁)ဦးသည္ သက္ႀကီး႐ြယ္အိုစာရင္းတြင္ ပါဝင္ေနၿပီး ၎ဦးေရ၏ (၅၇)ရာခိုင္ႏႈန္းမွာ အမ်ိဳးသမီး သက္ႀကီး႐ြယ္အိုမ်ား ျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ (၂ဝ၁၃)ခုႏွစ္၌ “သက္ႀကီး႐ြယ္အိုမ်ား ေန႔ပိုင္းေစာင့္ေရွာက္ေရး ေဂဟာ”ကို ရန္ကုန္ၿမိဳ႕တြင္ နမူနာျပဖြင့္လွစ္ခဲ့ၿပီး ႏိုင္ငံေတာ္အစိုးရမွ (၂ဝ၁၆)ခုႏွစ္၊ ဒီဇင္ဘာလ (၃ဝ)ရက္တြင္ “သက္ႀကီး႐ြယ္အိုမ်ားဆိုင္ရာဥပေဒ” ကိုျပ႒ာန္းေပးခဲ့သည္။

ထို႔ေနာက္ ႏိုင္ငံေတာ္အစိုးရမွ (၂ဝ၁၇-၂ဝ၁၈)ဘ႑ာႏွစ္မွစ၍ အသက္(၉ဝ)ႏွစ္ႏွင့္အထက္ သက္ႀကီး႐ြယ္အိုမ်ားကို တစ္ဦးလွ်င္ လစဥ္ က်ပ္တစ္ေသာင္းႏႈန္း ေထာက္ ပံ့ေပးခဲ့ၿပီး (၂ဝ၁၈-၂ဝ၁၉)ဘ႑ာႏွစ္အစ ေအာက္တိုဘာလမွစ၍ အသက္(၈၅)ႏွစ္သို႔ ေျပာင္းလဲေလွ်ာ့ခ်၍ တစ္ႏိုင္ငံလုံးရွိ သက္ႀကီး႐ြယ္အို (၂၅ဝဝဝဝ)ခန႔္ကို သုံးလတစ္ႀကိမ္ေထာက္ပံ့ေပးခဲ့ေၾကာင္ သတင္းအခ်က္အလက္မ်ားအရ သိရသည္။

ထို႔ျပင္ အလုပ္လုပ္ႏိုင္စြမ္းရွိေသးေသာ ႏိုင္ငံ့ဝန္ထမ္းသက္ႀကီး႐ြယ္အိုမ်ားကို ပင္ စင္ယူရမည့္ အသက္ကို ယခင္(၆ဝ)ႏွစ္မွ (၆၂)ႏွစ္အထိ တိုးျမႇင့္သတ္မွတ္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.