ဂျပန် ပရော်ဖက်ရှင်နယ် နပန်းသမားနှင့်နိုင်ငံရေးသမားဟောင်းဖြစ်သူ အန်တိုနီယို အင်နိုကီ ကွယ်လွန်

775

ရောင်နီ (NP News) - အောက်တိုဘာ ၁
ဂျပန်နိုင်ငံရဲ့ ပရော်ဖက်ရှင်နယ် နပန်းသမားတစ်ဦးဖြစ်တဲ့ အသက် (၇၉) နှစ်အရွယ် နပန်းသမား အန်တိုနီယို အင်နိုကီဟာ စနေနေ့ (အောက်တိုဘာလ ၁ ရက်)မှာ ကွယ်လွန်သွားခဲ့ကြောင်း ၎င်းတည်ထောင်ခဲ့တဲ့ New Japan Pro-Nresting ကုမ္ပဏီတစ်ခုရဲ့ ပြောကြားချက်အရ သိရပါတယ်။
အင်နိုကီဟာ လက်ဝှေ့အကျော်အမော် မိုဟာမက်အလီနဲ့ ယှဉ်ပြိုင်ထိုးသတ်မှုမှာလည်းကောင်း၊ မြောက်ကိုရီးယားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့ခြင်းကြောင့် လည်းကောင်း လူသိများပါတယ်။
"ကျွန်ုပ်တို့ရဲ့ New Japan Pro-Nrestling တည်ထောင်သူ အန်တိုနီယို အင်နိုကီ ကွယ်လွန်သွားခဲ့တဲ့အတွက် အလွန်ဝမ်းနည်းမိပါတယ်" လို့ ကုမ္ပဏီက တွစ်တာမှာ ပြောကြားခဲ့ပါတယ်။
ဂျပန်ပြည်သူပိုင် ရုပ်သံလိုင်း NHK ရဲ့ အဆိုအရ သူဟာ နှလုံးရောဂါနဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အင်နိုကီလိုပဲ နပန်းသမားဘဝမှ နိုင်ငံရေးသမားအဖြစ် ကူးပြောင်းခဲ့သူ အက်ဆူရှီ အိုနီတက " အင်နိုကီဟာ ပရော်ဖက်ရှင်နယ် နပန်း သမားတွေရဲ့ အမြင့်မြတ်ဆုံးဖခင်ပါပဲ"လို့ တွစ်တာမှာဆိုကာ ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပါတယ်။
အင်နိုကီဟာ ပရော်ဖက်ရှင်နယ် နပန်းသမားဘဝနဲ့ ၁၉၇၆ ခုနှစ်မှာ လက်ဝှေ့အ ကျော်အမော် မိုဟာမက်အာလီနဲ့ "ရာစုနှစ်၏တိုက်ပွဲ" ဆင်နွဲအနိုင်ရရှိခဲ့ကာ ကမ္ဘာလုံးဆိုင်ရာ သတင်းစာ ခေါင်းကြီးပိုင်းများမှာပင် အထူးတလည် ဖော်ပြခံရလောက်တဲ့ထိ နာမည်ကြီးခဲ့ပါတယ်။ အင်နိုကီဟာ ၁၉၈၉ ခုနှစ်မှာတော့ ဂျပန်ပါလီမန် အထက်လွှတ်တော်မှာ အမတ်နေရာရရှိခဲ့ပြီး နောက်တစ်နှစ်မှာ ပင်လယ်ကွေ့စစ်ပွဲအတွင်း အီရတ်သို့ သွားရောက်ကာ ဂျပန်ဓားစာခံများကို လွှတ်ပေးရန် ညှိနှိုင်းနိုင်ခဲ့ပါတယ်။ ယင်းအပြင် မြောက်ကိုရီးယားနဲ့ ရင်းနှီးသော ဆက်ဆံရေးကိုလည်း တည် ဆောက်နိုင်ခဲ့ပြီး စစ်အေးခေတ်အတွင်း ဂျပန်နိုင်ငံသားများ ပြန်ပေးဆွဲခံရတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် မြောက်ကိုရီးယားသို့ အကြိမ်ပေါင်းများစွာ သွား ရောက်ခဲ့ပါတယ်။
ယင်းကဲ့သို့ ထူးချွန်တဲ့ ပရော်ဖက်ရှင်နယ် နပန်းသမားဟောင်း (သို့မဟုတ်) နိုင်ငံ ရေးသမားဟောင်း အင်နိုကီ ကွယ်လွန်ခြင်းအတွက် ဆိုရှယ်မီဒီယာမှာ အထူးဝမ်း နည်းကြေကွဲကြောင်း ပိုစ့်တွေ မြင်တွေ့ခဲ့ရပါတယ်။

zawgyi version
ဂ်ပန္ ပေရာ္ဖက္ရွင္နယ္ နပန္းသမားႏွင့္ႏိုင္ငံေရးသမားေဟာင္းျဖစ္သူ အန္တိုနီယို အင္ႏိုကီ ကြယ္လြန္
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁
ဂ်ပန္ႏိုင္ငံရဲ႕ ပေရာ္ဖက္ရွင္နယ္ နပန္းသမားတစ္ဦးျဖစ္တဲ့ အသက္ (၇၉) ႏွစ္အ႐ြယ္ နပန္းသမား အန္တိုနီယို အင္ႏိုကီဟာ စေနေန႔ (ေအာက္တိုဘာလ ၁ ရက္)မွာ ကြယ္လြန္သြားခဲ့ေၾကာင္း ၎တည္ေထာင္ခဲ့တဲ့ New Japan Pro-Nresting ကုမၸဏီတစ္ခုရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။
အင္ႏိုကီဟာ လက္ေဝွ႔အေက်ာ္အေမာ္ မိုဟာမက္အလီနဲ႔ ယွဥ္ၿပိဳင္ထိုးသတ္မႈမွာလည္းေကာင္း၊ ေျမာက္ကိုရီးယားနဲ႔ ရင္းႏွီးတဲ့ ဆက္ဆံေရး တည္ေဆာက္ႏိုင္ခဲ့ျခင္းေၾကာင့္ လည္းေကာင္း လူသိမ်ားပါတယ္။
"ကြၽႏ္ုပ္တို႔ရဲ႕ New Japan Pro-Nrestling တည္ေထာင္သူ အန္တိုနီယို အင္ႏိုကီ ကြယ္လြန္သြားခဲ့တဲ့အတြက္ အလြန္ဝမ္းနည္းမိပါတယ္" လို႔ ကုမၸဏီက တြစ္တာမွာ ေျပာၾကားခဲ့ပါတယ္။
ဂ်ပန္ျပည္သူပိုင္ ႐ုပ္သံလိုင္း NHK ရဲ႕ အဆိုအရ သူဟာ ႏွလုံးေရာဂါနဲ႔ ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ အင္ႏိုကီလိုပဲ နပန္းသမားဘဝမွ ႏိုင္ငံေရးသမားအျဖစ္ ကူးေျပာင္းခဲ့သူ အက္ဆူရွီ အိုနီတက " အင္ႏိုကီဟာ ပေရာ္ဖက္ရွင္နယ္ နပန္း သမားေတြရဲ႕ အျမင့္ျမတ္ဆုံးဖခင္ပါပဲ"လို႔ တြစ္တာမွာဆိုကာ ဝမ္းနည္းေၾကာင္း ေဖာ္ျပခဲ့ပါတယ္။
အင္ႏိုကီဟာ ပေရာ္ဖက္ရွင္နယ္ နပန္းသမားဘဝနဲ႔ ၁၉၇၆ ခုႏွစ္မွာ လက္ေဝွ႔အ ေက်ာ္အေမာ္ မိုဟာမက္အာလီနဲ႔ "ရာစုႏွစ္၏တိုက္ပြဲ" ဆင္ႏြဲအႏိုင္ရရွိခဲ့ကာ ကမာၻလုံးဆိုင္ရာ သတင္းစာ ေခါင္းႀကီးပိုင္းမ်ားမွာပင္ အထူးတလည္ ေဖာ္ျပခံရေလာက္တဲ့ထိ နာမည္ႀကီးခဲ့ပါတယ္။ အင္ႏိုကီဟာ ၁၉၈၉ ခုႏွစ္မွာေတာ့ ဂ်ပန္ပါလီမန္ အထက္လႊတ္ေတာ္မွာ အမတ္ေနရာရရွိခဲ့ၿပီး ေနာက္တစ္ႏွစ္မွာ ပင္လယ္ေကြ႕စစ္ပြဲအတြင္း အီရတ္သို႔ သြားေရာက္ကာ ဂ်ပန္ဓားစာခံမ်ားကို လႊတ္ေပးရန္ ညႇိႏႈိင္းႏိုင္ခဲ့ပါတယ္။ ယင္းအျပင္ ေျမာက္ကိုရီးယားနဲ႔ ရင္းႏွီးေသာ ဆက္ဆံေရးကိုလည္း တည္ ေဆာက္ႏိုင္ခဲ့ၿပီး စစ္ေအးေခတ္အတြင္း ဂ်ပန္ႏိုင္ငံသားမ်ား ျပန္ေပးဆြဲခံရတဲ့ ျပႆနာကို ေျဖရွင္းဖို႔အတြက္ ေျမာက္ကိုရီးယားသို႔ အႀကိမ္ေပါင္းမ်ားစြာ သြား ေရာက္ခဲ့ပါတယ္။
ယင္းကဲ့သို႔ ထူးခြၽန္တဲ့ ပေရာ္ဖက္ရွင္နယ္ နပန္းသမားေဟာင္း (သို႔မဟုတ္) ႏိုင္ငံ ေရးသမားေဟာင္း အင္ႏိုကီ ကြယ္လြန္ျခင္းအတြက္ ဆိုရွယ္မီဒီယာမွာ အထူးဝမ္း နည္းေၾကကြဲေၾကာင္း ပိုစ့္ေတြ ျမင္ေတြ႕ခဲ့ရပါတယ္။