ဧက(၂၀ဝ)ကျယ် ရုပ်ရှင်မြို့တော်စီမံကိန်းမြေပေါ်တွင် Master Plan ဖြင့် ဇုန်(၁၀)ဇုန်ကို အပိုင်းလိုက် တည်ဆောက်သွားမည်

 1661

သန့်ဇင် (NP News) - ဇူလိုင် ၂

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် အတွင်းရှိ ဧက(၂၀ဝ)အကျယ် ရုပ်ရှင်မြို့တော်စီမံ ကိန်းမြေပေါ်တွင် Master Plan ဖြင့် ဇုန် (၁၀) ဇုန်ကို အပိုင်းလိုက် တည်ဆောက်သွားမည်ဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံးမှ တွဲဖက်အတွင်းရေးမှူး ဦးချမ်းသာကြည်စိုးက NP News သို့ပြောသည်။

အဆိုပါမြေနေရာတွင် ရုပ်ရှင်မြို့တော် စီမံကိန်း Master Plan အရ အပိုင်းလိုက် လုပ်ငန်းဖော် ဆောင်ရာတွင် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် စိတ်ပါဝင်စားသူလုပ်ငန်းရှင်များအတွက် စိတ်ဝင်စားမှု ဖော်ပြလွှာ(EOI Form) ကို မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက ဇွန်လ ၂၇ ရက်ကစတင်ရောင်းချခဲ့ပြီး နှုတ်အားဖြင့် စိတ်ဝင်စားကြောင်း ဆက်သွယ်လာသူ များရှိကြောင်း သိရသည်။

“အားလုံးပေါင်း(၁၀)ဇုန်ပါ။ ဇုန်(၁၀)မှာ ဒီဇုန်တွေ၊ ဒီဇုန်တွေကို ကျွန်တော်တို့လုပ်ချင်ပါတယ်ဆို ပြီး နှုတ်အားဖြင့်ကမ်းလှမ်းတဲ့ လုပ်ငန်းရှင်တွေရှိပါတယ်။ နှုတ်အားဖြင့် လုပ်ငန်းရှင်တွေကို ဒီတိုင်းကြီး ပေးဖို့ကလည်းမဖြစ်ဘူးလေ။ မဖြစ်တဲ့အခါကျတော့ ဒါကြီးက စနစ်တကျသွားရမှာဖြစ်တဲ့အခါကျတော့ သူတို့တင်မကဘူး တခြားဘယ်သူတွေက စိတ်ဝင်စားသေးလဲ စိတ်ဝင်စားတဲ့ လုပ်ငန်းရှင်တွေလည်း အဆိုတင်သွင်းခွင့်ရအောင်ဆိုပြီးတော့ ဒီ EOI ကိုခေါ်တာဖြစ်ပါတယ်။ EOI ခေါ်တာမှာလည်း ဒီဇုန် (၁၀) ဇုန်လုံးအတွက်ကို သက်ဆိုင်ပါတယ်”ဟု ဦးချမ်းသာကြည်စိုးက ပြောသည်။

အဆိုပါ ရုပ်ရှင်မြို့တော်စီမံကိန်းအတွင်း လုပ်ငန်းရှင်များစိတ်ဝင်စားသည့်ဇုန်ကို ပူးပေါင်းဆောင် ရွက်လိုပါက အဆိုပြုပေးရန်နှင့် ထိုမှတစ်ဆင့် ပြန်ကြားရေးဝန်ကြီးဌာနနှင့် နစကထံ အဆင့်ဆင့် တင်ပြ သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ “လုပ်ငန်းရှင်တွေဘက်က Proposal ကို ရုပ်ရှင်အစည်း အရုံး ဘက်က EC တွေအကုန်လုံးက ညှိနှိုင်းမယ်။စဉ်းစားမယ်။ ပြီးရင် ဒါလေးကမဆိုးဘူး သင့်တော်တယ်ထင် လို့ရှိရင် အဲဒီအချက်တွေကို ပြန်ကြားရေးဝန်ကြီးဌာနကို ပြန်တင်ပြမယ်။ ဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုကို ခံယူမယ်။ ပြီးရင် နစကအထိတင်ပြပြီးရင် နစကရဲ့လမ်းòန်မှုကို ကျွန်တော်တို့ခံယူမယ်။ ပြီးရင်ဒါတွေ ကတော့ ဥပဒေနဲ့မညီရင် ဥပဒေနဲ့ မညီလို့ပါဆိုပြီး ကျွန်တော်တို့က ဆောင်ရွက်မှာပါ။ ဒါက တင်ဒါ မဟုတ်ဘူးပေါ့။ ဘာလို့လဲဆိုရင် ကျွန်တော်တို့ ငွေထုတ်ပေးမှာမှ မဟုတ်တာ။ ကျွန်တော်တို့က ကျွန် တော်တို့မြေကြီးအပေါ်မှာ စီမံကိန်းကိုအကောင်အထည်ဖော်မယ့်လုပ်ငန်းရှင်ကို ဖိတ်ခေါ်တာ”ဟု ၎င်းကဆက်လက်ပြောသည်။

ယင်းရုပ်ရှင်မြို့တော်စီမံကိန်းအတွင်း ပထမဆုံးအနေဖြင့် ကျေးရွာဇုန်နှင့် ရုပ်ရှင်ရုံအသေးစား များအတွက် ကမ်းလှမ်းလာသည့် လုပ်ငန်းရှင်များရှိနေပြီဖြစ်ကြောင်းလည်း ဦးချမ်းသာကြည်စိုးက ဆို သည်။ “ပထမအပိုင်းအနေနဲ့ ကျွန်တော်ကလည်း ဖော်ဆောင်ချင်တာ လုပ်ငန်းရှင်ကလည်း ဖော်ဆောင် ချင်တာကရှိတယ်။ လောလောဆယ်ဆယ်တော့ ကမ်းလှမ်းလာတာတော့ မြန်မာရွာလေးတွေ ဆောက်ဖို့ ဆိုတဲ့ အပိုင်းပေါ့။ ကျေးရွာငယ်လေးတွေဆောက်ဖို့ အ တွက်ကို ကမ်းလှမ်းလာတာလေးတွေရှိတယ်။ နောက်တစ်ခုက ရုပ်ရှင်ရုံအသေးစားလေးတွေပေါ့။ အပန်း ဖြေဖို့အတွက် ရုပ်ရှင်ရုံအသေးစားလေးတွေ ကမ်းလှမ်းလာတာလေးတွေရှိတယ်။ နောက်တစ်ခုက‌တော့ တောအုပ်တွေပေါ့။ တောဆိုတဲ့ နေရာမှာ လည်း တောအုပ်ဖြစ်အောင်စိုက်ရဦးမှာ”ဟု ၎င်းကပြောသည်။

ရုပ်ရှင်မြို့တော်စီမံကိန်းနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဇွန်လ(၁၅)ရက်က ရုပ်ရှင်မြို့တော်စီမံကိန်း နေရာတွင် ပြုလုပ်သော မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ တော်တွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း က ညှိနှိုင်းဆွေးနွေးမှုများပြီးပါက ရုပ်ရှင်နှင့်ပတ် သက်သည့်အဆောက်အအုံများကို ဦးစွာဆောက်လုပ် စေလိုကြောင်း ပြောကြားခဲ့ဖူးသည်။ လက်ရှိ နှစ် (၃၀)လုပ်ပိုင်ခွင့်ရရှိထားသော အဆိုပါ ရုပ်ရှင်မြို့တော် စီမံကိန်းသည် အမြန်လမ်း၊ မိုင်တိုင်(၂၀)၊(၄)ဖာလုံတွင်တည်ရှိပြီး ၎င်း၏ဇုန်(၁၀)ဇုန်ထဲတွင် မြန်မာနိုင်ငံ မြို့ကြီးများမှ အထင်ကရနေရာများ၊ ရုပ်ရှင်လောကသားများလိုအပ်သည့် တိုင်းရင်းသားလူမျိုး အသီးသီး တို့၏ နေအိမ်များ၊ ချောင်းများပါဝင်သည့် တောအုပ်များနှင့် စတူဒီယိုများအပါအဝင် ပြည်သူများအတွက် အပန်းဖြေနားနေရန်နေရာများ၊ စားသောက် ဆိုင်များနှင့် ကလေးကစားကွင်းများစသဖြင့် ပါဝင်ကြောင်း သိရသည်။

zawgyi version
ဧက(၂၀ဝ)က်ယ္ ႐ုပ္ရွင္ၿမိဳ႕ေတာ္စီမံကိန္းေျမေပၚတြင္ Master Plan ျဖင့္ ဇုန္(၁၀)ဇုန္ကို အပိုင္းလိုက္ တည္ေဆာက္သြားမည္
သန႔္ဇင္ (NP News) - ဇူလိုင္ ၂

ရန္ကုန္တိုင္းေဒသႀကီး လွည္းကူးၿမိဳ႕နယ္ အတြင္းရွိ ဧက(၂၀ဝ)အက်ယ္ ႐ုပ္ရွင္ၿမိဳ႕ေတာ္စီမံ ကိန္းေျမေပၚတြင္ Master Plan ျဖင့္ ဇုန္ (၁၀) ဇုန္ကို အပိုင္းလိုက္ တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း ႐ုပ္ရွင္အစည္းအ႐ုံးမွ တြဲဖက္အတြင္းေရးမႉး ဦးခ်မ္းသာၾကည္စိုးက NP News သို႔ေျပာသည္။

အဆိုပါေျမေနရာတြင္ ႐ုပ္ရွင္ၿမိဳ႕ေတာ္ စီမံကိန္း Master Plan အရ အပိုင္းလိုက္ လုပ္ငန္းေဖာ္ ေဆာင္ရာတြင္ အက်ိဳးတူပူးေပါင္းေဆာင္႐ြက္ရန္ စိတ္ပါဝင္စားသူလုပ္ငန္းရွင္မ်ားအတြက္ စိတ္ဝင္စားမႈ ေဖာ္ျပလႊာ(EOI Form) ကို ျမန္မာႏိုင္ငံ႐ုပ္ရွင္ အစည္းအ႐ုံးက ဇြန္လ ၂၇ ရက္ကစတင္ေရာင္းခ်ခဲ့ၿပီး ႏႈတ္အားျဖင့္ စိတ္ဝင္စားေၾကာင္း ဆက္သြယ္လာသူ မ်ားရွိေၾကာင္း သိရသည္။

“အားလုံးေပါင္း(၁၀)ဇုန္ပါ။ ဇုန္(၁၀)မွာ ဒီဇုန္ေတြ၊ ဒီဇုန္ေတြကို ကြၽန္ေတာ္တို႔လုပ္ခ်င္ပါတယ္ဆို ၿပီး ႏႈတ္အားျဖင့္ကမ္းလွမ္းတဲ့ လုပ္ငန္းရွင္ေတြရွိပါတယ္။ ႏႈတ္အားျဖင့္ လုပ္ငန္းရွင္ေတြကို ဒီတိုင္းႀကီး ေပးဖို႔ကလည္းမျဖစ္ဘူးေလ။ မျဖစ္တဲ့အခါက်ေတာ့ ဒါႀကီးက စနစ္တက်သြားရမွာျဖစ္တဲ့အခါက်ေတာ့ သူတို႔တင္မကဘူး တျခားဘယ္သူေတြက စိတ္ဝင္စားေသးလဲ စိတ္ဝင္စားတဲ့ လုပ္ငန္းရွင္ေတြလည္း အဆိုတင္သြင္းခြင့္ရေအာင္ဆိုၿပီးေတာ့ ဒီ EOI ကိုေခၚတာျဖစ္ပါတယ္။ EOI ေခၚတာမွာလည္း ဒီဇုန္ (၁၀) ဇုန္လုံးအတြက္ကို သက္ဆိုင္ပါတယ္”ဟု ဦးခ်မ္းသာၾကည္စိုးက ေျပာသည္။

အဆိုပါ ႐ုပ္ရွင္ၿမိဳ႕ေတာ္စီမံကိန္းအတြင္း လုပ္ငန္းရွင္မ်ားစိတ္ဝင္စားသည့္ဇုန္ကို ပူးေပါင္းေဆာင္ ႐ြက္လိုပါက အဆိုျပဳေပးရန္ႏွင့္ ထိုမွတစ္ဆင့္ ျပန္ၾကားေရးဝန္ႀကီးဌာနႏွင့္ နစကထံ အဆင့္ဆင့္ တင္ျပ သြားမည္ျဖစ္ေၾကာင္း ၎ကဆိုသည္။ “လုပ္ငန္းရွင္ေတြဘက္က Proposal ကို ႐ုပ္ရွင္အစည္း အ႐ုံး ဘက္က EC ေတြအကုန္လုံးက ညႇိႏႈိင္းမယ္။စဥ္းစားမယ္။ ၿပီးရင္ ဒါေလးကမဆိုးဘူး သင့္ေတာ္တယ္ထင္ လို႔ရွိရင္ အဲဒီအခ်က္ေတြကို ျပန္ၾကားေရးဝန္ႀကီးဌာနကို ျပန္တင္ျပမယ္။ ဝန္ႀကီးဌာနရဲ႕ လမ္းၫႊန္မႈကို ခံယူမယ္။ ၿပီးရင္ နစကအထိတင္ျပၿပီးရင္ နစကရဲ႕လမ္းòန္မႈကို ကြၽန္ေတာ္တို႔ခံယူမယ္။ ၿပီးရင္ဒါေတြ ကေတာ့ ဥပေဒနဲ႔မညီရင္ ဥပေဒနဲ႔ မညီလို႔ပါဆိုၿပီး ကြၽန္ေတာ္တို႔က ေဆာင္႐ြက္မွာပါ။ ဒါက တင္ဒါ မဟုတ္ဘူးေပါ့။ ဘာလို႔လဲဆိုရင္ ကြၽန္ေတာ္တို႔ ေငြထုတ္ေပးမွာမွ မဟုတ္တာ။ ကြၽန္ေတာ္တို႔က ကြၽန္ ေတာ္တို႔ေျမႀကီးအေပၚမွာ စီမံကိန္းကိုအေကာင္အထည္ေဖာ္မယ့္လုပ္ငန္းရွင္ကို ဖိတ္ေခၚတာ”ဟု ၎ကဆက္လက္ေျပာသည္။

ယင္း႐ုပ္ရွင္ၿမိဳ႕ေတာ္စီမံကိန္းအတြင္း ပထမဆုံးအေနျဖင့္ ေက်း႐ြာဇုန္ႏွင့္ ႐ုပ္ရွင္႐ုံအေသးစား မ်ားအတြက္ ကမ္းလွမ္းလာသည့္ လုပ္ငန္းရွင္မ်ားရွိေနၿပီျဖစ္ေၾကာင္းလည္း ဦးခ်မ္းသာၾကည္စိုးက ဆို သည္။ “ပထမအပိုင္းအေနနဲ႔ ကြၽန္ေတာ္ကလည္း ေဖာ္ေဆာင္ခ်င္တာ လုပ္ငန္းရွင္ကလည္း ေဖာ္ေဆာင္ ခ်င္တာကရွိတယ္။ ေလာေလာဆယ္ဆယ္ေတာ့ ကမ္းလွမ္းလာတာေတာ့ ျမန္မာ႐ြာေလးေတြ ေဆာက္ဖို႔ ဆိုတဲ့ အပိုင္းေပါ့။ ေက်း႐ြာငယ္ေလးေတြေဆာက္ဖို႔ အ တြက္ကို ကမ္းလွမ္းလာတာေလးေတြရွိတယ္။ ေနာက္တစ္ခုက ႐ုပ္ရွင္႐ုံအေသးစားေလးေတြေပါ့။ အပန္း ေျဖဖို႔အတြက္ ႐ုပ္ရွင္႐ုံအေသးစားေလးေတြ ကမ္းလွမ္းလာတာေလးေတြရွိတယ္။ ေနာက္တစ္ခုက‌ေတာ့ ေတာအုပ္ေတြေပါ့။ ေတာဆိုတဲ့ ေနရာမွာ လည္း ေတာအုပ္ျဖစ္ေအာင္စိုက္ရဦးမွာ”ဟု ၎ကေျပာသည္။

႐ုပ္ရွင္ၿမိဳ႕ေတာ္စီမံကိန္းႏွင့္ပတ္သက္၍ ၿပီးခဲ့သည့္ ဇြန္လ(၁၅)ရက္က ႐ုပ္ရွင္ၿမိဳ႕ေတာ္စီမံကိန္း ေနရာတြင္ ျပဳလုပ္ေသာ မိုးရာသီသစ္ပင္စိုက္ပ်ိဳးပြဲ ေတာ္တြင္ ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္း က ညႇိႏႈိင္းေဆြးေႏြးမႈမ်ားၿပီးပါက ႐ုပ္ရွင္ႏွင့္ပတ္ သက္သည့္အေဆာက္အအုံမ်ားကို ဦးစြာေဆာက္လုပ္ ေစလိုေၾကာင္း ေျပာၾကားခဲ့ဖူးသည္။ လက္ရွိ ႏွစ္ (၃၀)လုပ္ပိုင္ခြင့္ရရွိထားေသာ အဆိုပါ ႐ုပ္ရွင္ၿမိဳ႕ေတာ္ စီမံကိန္းသည္ အျမန္လမ္း၊ မိုင္တိုင္(၂၀)၊(၄)ဖာလုံတြင္တည္ရွိၿပီး ၎၏ဇုန္(၁၀)ဇုန္ထဲတြင္ ျမန္မာႏိုင္ငံ ၿမိဳ႕ႀကီးမ်ားမွ အထင္ကရေနရာမ်ား၊ ႐ုပ္ရွင္ေလာကသားမ်ားလိုအပ္သည့္ တိုင္းရင္းသားလူမ်ိဳး အသီးသီး တို႔၏ ေနအိမ္မ်ား၊ ေခ်ာင္းမ်ားပါဝင္သည့္ ေတာအုပ္မ်ားႏွင့္ စတူဒီယိုမ်ားအပါအဝင္ ျပည္သူမ်ားအတြက္ အပန္းေျဖနားေနရန္ေနရာမ်ား၊ စားေသာက္ ဆိုင္မ်ားႏွင့္ ကေလးကစားကြင္းမ်ားစသျဖင့္ ပါဝင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.