အရပ်ဘက်ခရီးသည်တင်လေယာဉ်အား ပစ်ခတ်တိုက်ခိုက်မှုကျူးလွန်သူများကို သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ဟု နစက သတိပေးထုတ်ပြန်

749

NP News - အောက်တိုဘာ ၃
အရပ်ဘက်ခရီးသည်တင်လေယာဉ်အား ပစ်ခတ်တိုက်ခိုက်မှုကျူးလွန်သူများကို သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း နစကမှ အသိပေးထုတ်ပြန်ထားသည်။
နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့က အောက်တိုဘာလ ၂ ရက် ညပိုင်းတွင် အထက်ပါကဲ့သို့ ထည့်သွင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၉ တွင် မည်သူမဆို လေယာဉ်ဝန်ဆောင်မှုပေးချိန်တွင် လေယာဉ်ပေါ်၌ လေယာဉ်ဘေးကင်းလုံခြုံမှုကို အန္တရာယ်ဖြစ်စေရန် လေယာဉ်ပေါ်ရှိသူတစ်ဦးဦးကို အတင်းအဓမ္မပြုလုပ်မှု၊ လေယာဉ်ပျံသန်းစဉ် ဘေး အန္တရာယ်ဖြစ်စေမှုတို့မှာ ပြစ်မှုမြောက်ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ မြို့ပြလေကြောင်းပျံသန်းရေးအား ဘေးအန္တရာယ်ဖြစ်စေနိုင်သော ပြစ်မှု တစ်စုံတစ်ခုကို ကျူးလွန်ပါက အနည်း ဆုံးထောင်ဒဏ်(၁ဝ)နှစ်မှ အများဆုံးထောင်ဒဏ် တစ်သက်အထိဖြစ်စေ၊ သေဒဏ် အထိဖြစ် ချမှတ်နိုင်ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ထို့ပြင် ၎င်းဥပဒေ ပုဒ်မ ၄၉ တွင် အကြမ်းဖက်မှုတစ်ခုခုကို ကျူးလွန်ရာ၌ လူတစ်ဦး ဦးကို ဖြစ်စေ၊ အများကိုဖြစ်စေ သေစေလျှင် သို့မဟုတ် အပြင်းအထန်နာကျင်စေလျှင် ကျူးလွန်သူကို အနည်းဆုံးထောင်ဒဏ်(၁ဝ)နှစ်မှ အများဆုံးသေဒဏ်အထိ ချ မှတ်ရမည်ဟု ပြဋ္ဌာန်းထားကြောင်း နစကမှ ဆိုသည်။
KNPP နှင့် PDF များအနေဖြင့် လေယာဉ်ဝန်ဆောင်မှုပေးနေချိန်၌ အကြမ်းဖက်ပစ် ခတ်တိုက်ခိုက်မှုကြောင့် လေယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည်၏ မျက်နှာအားထိမှန်ဒဏ်ရာရရှိစေခြင်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မများကို ကျူးလွန်ရာရောက်ကြောင်း တွေ့ရှိရသည်ဟု နစကမှ ပြောဆိုထားသည်။
၎င်းအပြင် စစ်ရေးပစ်မှတ်နှင့် မသက်ဆိုင်သော အရပ်ဘက်ပစ်မှတ်များနှင့် အရပ် သားပြည်သူများကို အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခြင်းမှာလည်း ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေများအရ စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ် ကြောင်းလည်း နစကမှ ထုတ်ပြန်ထားသည်။
KNPP နှင့် PDF အနေဖြင့် အရပ်ဘက်ဆိုင်ရာလေယာဉ်၊ ပစ္စည်းများနှင့် အရပ်သားများကို တိုက်ခိုက်ခြင်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးဥပဒေ၊ ဂျီနီဗာကွန်ဗန်းရှင်းတို့အရ ကြီးလေးသော ပြစ်မှုများကို ချိုးဖောက်ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ကျူးလွန်ခဲ့သူများကို နိုင်ငံတော်၏တည်ဆဲဥပဒေများအရ ထိရောက်ပြင်း ထန်စွာ အရေးယူနိုင်ရေးလိုအပ်သကဲ့သို့ ဆောင်ရွက်သွားမည်ဟုလည်း နစကမှ သတိပေးထုတ်ပြန်ထားသည်။

zawgyi version
အရပ္ဘက္ခရီးသည္တင္ေလယာဥ္အား ပစ္ခတ္တိုက္ခိုက္မႈက်ဴးလြန္သူမ်ားကို ေသဒဏ္အထိ ျပစ္ဒဏ္ခ်မွတ္ႏိုင္ဟု နစက သတိေပးထုတ္ျပန္
NP News - ေအာက္တိုဘာ ၃
အရပ္ဘက္ခရီးသည္တင္ေလယာဥ္အား ပစ္ခတ္တိုက္ခိုက္မႈက်ဴးလြန္သူမ်ားကို ေသဒဏ္အထိ ျပစ္ဒဏ္ခ်မွတ္ႏိုင္ေၾကာင္း နစကမွ အသိေပးထုတ္ျပန္ထားသည္။
နစက၏ သတင္းထုတ္ျပန္ေရးအဖြဲ႕က ေအာက္တိုဘာလ ၂ ရက္ ညပိုင္းတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။
အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၉ တြင္ မည္သူမဆို ေလယာဥ္ဝန္ေဆာင္မႈေပးခ်ိန္တြင္ ေလယာဥ္ေပၚ၌ ေလယာဥ္ေဘးကင္းလုံၿခဳံမႈကို အႏၲရာယ္ျဖစ္ေစရန္ ေလယာဥ္ေပၚရွိသူတစ္ဦးဦးကို အတင္းအဓမၼျပဳလုပ္မႈ၊ ေလယာဥ္ပ်ံသန္းစဥ္ ေဘး အႏၲရာယ္ျဖစ္ေစမႈတို႔မွာ ျပစ္မႈေျမာက္ေၾကာင္း ေဖာ္ျပထားသည္။
ထို႔ေၾကာင့္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒအရ ၿမိဳ႕ျပေလေၾကာင္းပ်ံသန္းေရးအား ေဘးအႏၲရာယ္ျဖစ္ေစႏိုင္ေသာ ျပစ္မႈ တစ္စုံတစ္ခုကို က်ဴးလြန္ပါက အနည္း ဆုံးေထာင္ဒဏ္(၁ဝ)ႏွစ္မွ အမ်ားဆုံးေထာင္ဒဏ္ တစ္သက္အထိျဖစ္ေစ၊ ေသဒဏ္ အထိျဖစ္ ခ်မွတ္ႏိုင္ေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္တြင္ ထည့္သြင္းေဖာ္ျပထားသည္။
ထို႔ျပင္ ၎ဥပေဒ ပုဒ္မ ၄၉ တြင္ အၾကမ္းဖက္မႈတစ္ခုခုကို က်ဴးလြန္ရာ၌ လူတစ္ဦး ဦးကို ျဖစ္ေစ၊ အမ်ားကိုျဖစ္ေစ ေသေစလွ်င္ သို႔မဟုတ္ အျပင္းအထန္နာက်င္ေစလွ်င္ က်ဴးလြန္သူကို အနည္းဆုံးေထာင္ဒဏ္(၁ဝ)ႏွစ္မွ အမ်ားဆုံးေသဒဏ္အထိ ခ် မွတ္ရမည္ဟု ျပ႒ာန္းထားေၾကာင္း နစကမွ ဆိုသည္။
KNPP ႏွင့္ PDF မ်ားအေနျဖင့္ ေလယာဥ္ဝန္ေဆာင္မႈေပးေနခ်ိန္၌ အၾကမ္းဖက္ပစ္ ခတ္တိုက္ခိုက္မႈေၾကာင့္ ေလယာဥ္ေပၚတြင္ လိုက္ပါလာေသာ ခရီးသည္၏ မ်က္ႏွာအားထိမွန္ဒဏ္ရာရရွိေစျခင္းမွာ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မမ်ားကို က်ဴးလြန္ရာေရာက္ေၾကာင္း ေတြ႕ရွိရသည္ဟု နစကမွ ေျပာဆိုထားသည္။
၎အျပင္ စစ္ေရးပစ္မွတ္ႏွင့္ မသက္ဆိုင္ေသာ အရပ္ဘက္ပစ္မွတ္မ်ားႏွင့္ အရပ္ သားျပည္သူမ်ားကို အၾကမ္းဖက္ပစ္ခတ္ တိုက္ခိုက္ျခင္းမွာလည္း ဂ်ီနီဗာကြန္ဗန္းရွင္းမ်ားႏွင့္ အျပည္ျပည္ဆိုင္ရာဥပေဒမ်ားအရ စစ္ရာဇဝတ္မႈကို က်ဴးလြန္ျခင္းျဖစ္ ေၾကာင္းလည္း နစကမွ ထုတ္ျပန္ထားသည္။
KNPP ႏွင့္ PDF အေနျဖင့္ အရပ္ဘက္ဆိုင္ရာေလယာဥ္၊ ပစၥည္းမ်ားႏွင့္ အရပ္သားမ်ားကို တိုက္ခိုက္ျခင္းမွာ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒ၊ ရာဇသတ္ႀကီးဥပေဒ၊ ဂ်ီနီဗာကြန္ဗန္းရွင္းတို႔အရ ႀကီးေလးေသာ ျပစ္မႈမ်ားကို ခ်ိဳးေဖာက္က်ဴးလြန္ခဲ့ျခင္းျဖစ္ၿပီး က်ဴးလြန္ခဲ့သူမ်ားကို ႏိုင္ငံေတာ္၏တည္ဆဲဥပေဒမ်ားအရ ထိေရာက္ျပင္း ထန္စြာ အေရးယူႏိုင္ေရးလိုအပ္သကဲ့သို႔ ေဆာင္႐ြက္သြားမည္ဟုလည္း နစကမွ သတိေပးထုတ္ျပန္ထားသည္။