စစ်မှုထမ်းဖို့ အရန်တပ်ဖွဲ့ဝင်များခေါ်ယူခဲ့ပြီးနောက် သီတင်းပတ်နှစ်ပတ်အတွင်း စစ်မှုထမ်းဖို့ အရန်တပ်ဖွဲ့ဝင်ပေါင်း ၂ သိန်းကျော် ခေါ်ယူစုဆောင်းနိုင်ခဲ့ကြောင်း ရုရှားဆို

 537

ဂျန်ဇက် (NP News) - အောက်တိုဘာ ၅

ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူးက ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အကန့်အသတ်နဲ့ စစ်ပြင်မှုများလုပ်ဆောင်သွားမယ်လို့ ကြေညာခဲ့ပြီးနောက် သီတင်းပတ် နှစ်ပတ်အတွင်း အရန်တပ်ဖွဲ့ဝင်ပေါင်း၂ သိန်းကျော် ခေါ်ယူနိုင်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ရုရှားဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အရန်တပ်ဖွဲ့ဝင်ပေါင်း ၃ သိန်း ခေါ်ယူသွားမယ်လို့ ကြေညာခဲ့ပြီးနောက် သီတင်းပတ်နှစ်ပတ်အတွင်းမှာ ခေါ်ယူမယ့် အရန်တပ်ဖွဲ့ဝင်အရေ အတွက်ရဲ့ သုံးပုံနှစ်ပုံကို ခေါ်ယူနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

ရုရှားသမ္မတပူတင်ဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အကန့်အသတ်နဲ့ပြုလုပ်မယ့် စစ်ပြင်မှုများလုပ်ဆောင်သွားမယ်လို့ ကြေညာခဲ့တယ်လို့ သိရပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ လက်ရှိအချိန်မှာ အရန်တပ်ဖွဲ့ဝင်ပေါင်း ၂ သိန်းကျော်ကို လိုအပ်တဲ့လေ့ကျင့်မှုများလုပ်ဆောင်ပေးသွားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးက ရုရှားစစ်ဘက်တာဝန်ရှိသူများဟာ စစ်မှုထမ်းဖို့ ခေါ်ယူခံရတဲ့ အရန်တပ်ဖွဲ့ဝင်များအတွက်လိုအပ်တဲ့အဝတ်စားနဲ့ အခြားပစ္စည်းများ ပံ့ပိုးကူညီပေးသွားမှာဖြစ်ပြီး စစ်သားအဖြစ် ခန့်အပ်တာဝန်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ရုရှားဟာ ယူကရိန်းကို ဖေဖော်ဝါရီ ၂၄ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ၇ လကျော်အတွင်း ယူကရိန်းပိုင်နက်အချို့ကို သိမ်းပိုက်ထားနိုင်ပေမယ့် မကြာသေးမီက ယူကရိန်းမှာ ရုရှားထိန်းချုပ်ထားတဲ့မြို့အချို့မှ ရုရှားတပ်ဖွဲ့ဝင်များ ပြန်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

ရုရှားတပ်ဖွဲ့များ ဆုတ်ခွာခဲ့ရပြီးနောက် ရုရှားသမ္မတပူတင်ဟာ စစ်ရှိန်မြင့်နိုင်ဖို့ ယူကရိန်းကို စစ်သားများ ထပ်မံစေလွှတ်နိုင်ဖို့ အရန်တပ်ဖွဲ့များ ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးက ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားစစ်ဘက်မှာ ပါဝင်အမှုထမ်းလိုတဲ့အရေအတွက်များပြားနေပြီး စစ်မှုထမ်းလိုသူများကို ငြင်းပယ်သွားမှာမဟုတ်ကြောင်း၊ အရန်တပ်ဖွဲ့ဝင်များဟာ တစ်ဦးနဲ့တစ်ဦး ဂရုစိုက်ပေးဖို့ အရေးကြီးကြောင်းဆိုထားပါတယ်။

Zawgyi Version;
စစ္မႈထမ္းဖို႔ အရန္တပ္ဖြဲ႕ဝင္မ်ားေခၚယူခဲ့ၿပီးေနာက္ သီတင္းပတ္ႏွစ္ပတ္အတြင္း စစ္မႈထမ္းဖို႔ အရန္တပ္ဖြဲ႕ဝင္ေပါင္း ၂ သိန္းေက်ာ္ ေခၚယူစုေဆာင္းႏိုင္ခဲ့ေၾကာင္း ႐ုရွားဆို
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၅

႐ုရွားကာကြယ္ေရးဝန္ႀကီး ဆာေဂးရႈိဂူးက ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး အကန႔္အသတ္နဲ႔ စစ္ျပင္မႈမ်ားလုပ္ေဆာင္သြားမယ္လို႔ ေၾကညာခဲ့ၿပီးေနာက္ သီတင္းပတ္ ႏွစ္ပတ္အတြင္း အရန္တပ္ဖြဲ႕ဝင္ေပါင္း၂ သိန္းေက်ာ္ ေခၚယူႏိုင္ခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

႐ုရွားဟာ ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး အရန္တပ္ဖြဲ႕ဝင္ေပါင္း ၃ သိန္း ေခၚယူသြားမယ္လို႔ ေၾကညာခဲ့ၿပီးေနာက္ သီတင္းပတ္ႏွစ္ပတ္အတြင္းမွာ ေခၚယူမယ့္ အရန္တပ္ဖြဲ႕ဝင္အေရ အတြက္ရဲ႕ သုံးပုံႏွစ္ပုံကို ေခၚယူႏိုင္ခဲ့ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးက ေျပာပါတယ္။

႐ုရွားသမၼတပူတင္ဟာ ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး အကန႔္အသတ္နဲ႔ျပဳလုပ္မယ့္ စစ္ျပင္မႈမ်ားလုပ္ေဆာင္သြားမယ္လို႔ ေၾကညာခဲ့တယ္လို႔ သိရပါတယ္။ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနအေနနဲ႔ လက္ရွိအခ်ိန္မွာ အရန္တပ္ဖြဲ႕ဝင္ေပါင္း ၂ သိန္းေက်ာ္ကို လိုအပ္တဲ့ေလ့က်င့္မႈမ်ားလုပ္ေဆာင္ေပးသြားဖို႔ စီစဥ္ေနတယ္လို႔ ဆိုပါတယ္။

႐ုရွားကာကြယ္ေရးဝန္ႀကီးက ႐ုရွားစစ္ဘက္တာဝန္ရွိသူမ်ားဟာ စစ္မႈထမ္းဖို႔ ေခၚယူခံရတဲ့ အရန္တပ္ဖြဲ႕ဝင္မ်ားအတြက္လိုအပ္တဲ့အဝတ္စားနဲ႔ အျခားပစၥည္းမ်ား ပံ့ပိုးကူညီေပးသြားမွာျဖစ္ၿပီး စစ္သားအျဖစ္ ခန႔္အပ္တာဝန္ေပးသြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။ ႐ုရွားဟာ ယူကရိန္းကို ေဖေဖာ္ဝါရီ ၂၄ ရက္ေန႔က စတင္တိုက္ခိုက္ခဲ့ၿပီးေနာက္ပိုင္း ၇ လေက်ာ္အတြင္း ယူကရိန္းပိုင္နက္အခ်ိဳ႕ကို သိမ္းပိုက္ထားႏိုင္ေပမယ့္ မၾကာေသးမီက ယူကရိန္းမွာ ႐ုရွားထိန္းခ်ဳပ္ထားတဲ့ၿမိဳ႕အခ်ိဳ႕မွ ႐ုရွားတပ္ဖြဲ႕ဝင္မ်ား ျပန္ဆုတ္ခြာခဲ့ရတယ္လို႔ သိရပါတယ္။

႐ုရွားတပ္ဖြဲ႕မ်ား ဆုတ္ခြာခဲ့ရၿပီးေနာက္ ႐ုရွားသမၼတပူတင္ဟာ စစ္ရွိန္ျမင့္ႏိုင္ဖို႔ ယူကရိန္းကို စစ္သားမ်ား ထပ္မံေစလႊတ္ႏိုင္ဖို႔ အရန္တပ္ဖြဲ႕မ်ား ေခၚယူခဲ့တယ္လို႔ သိရပါတယ္။ ႐ုရွားကာကြယ္ေရးဝန္ႀကီးက ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ႐ုရွားစစ္ဘက္မွာ ပါဝင္အမႈထမ္းလိုတဲ့အေရအတြက္မ်ားျပားေနၿပီး စစ္မႈထမ္းလိုသူမ်ားကို ျငင္းပယ္သြားမွာမဟုတ္ေၾကာင္း၊ အရန္တပ္ဖြဲ႕ဝင္မ်ားဟာ တစ္ဦးနဲ႔တစ္ဦး ဂ႐ုစိုက္ေပးဖို႔ အေရးႀကီးေၾကာင္းဆိုထားပါတယ္။

Related news

© 2021. All rights reserved.