အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာနရှိ ဗလီတစ်ခုမှာ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၄ ဦး သေဆုံး

 611

ရောင်နီ (NP News) - အောက်တိုဘာ ၆

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်ရှိ အစိုးရဌာနတစ်ခုရှိ ဗလီတစ်ခုမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၄ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရခဲ့ကြောင်း ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံအတွင်း လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ရှိသော အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာနရဲ့ဗလီတစ်ခုအတွင်း အလုပ်သမားများနဲ့ ခရီးသွားဧည့်သည်များ ရှိနေစဉ် အောက်တိုဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဝန်ကြီးဌာနဟာ ကဘူးလ်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးရှိ ကဘူးလ်လမ်းမကြီးပေါ်မှာ တည်ရှိပြီး ၎င်းရဲ့ကိုယ်ပိုင် ခံတပ်ဝင်းအတွင်းမှာ တည်ရှိပါတယ်။ ဝန်ကြီးဌာနရဲ့တာလီဘန်အဖွဲ့မှ ခန့်အပ်ထားတဲ့ပြောရေးဆိုခွင့်ရှိသူ အက်ဒဲနာဖီတက်ခ်ကာ က “ကံမကောင်းစွာပဲ ယနေ့မွန်းလွဲ ၁ နာရီ ၃ဝ မိနစ်ခန့်က ပြည်ထဲရေးဝန်ကြီးဌာနရှိ ဗလီခွဲတစ်ခုတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ဝတ်ပြုသူ ၄ ဦး သေဆုံးကာ ၂၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးနေပြီး အသေးစိတ်အချက်အလက်တွေကို မီဒီယာတွေနဲ့ မျှဝေပေးသွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

အစောပိုင်းက ဝန်ကြီးဌာနမှ အလုပ်သမားများနဲ့ ခရီးသွားများ ဗလီထဲဆုတောင်းနေချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။ ဗုံးပေါက်ကွဲမှုဟာ မည်သည့်အဖွဲ့ရဲ့ လက်ချက်ဖြစ်ကြောင်း မသိရသေးပေမယ့်လည်း အာဖဂန်နစ္စတန်ရှိ ISIL (ISIS) အဖွဲ့ဟာ တာလီဘန်များနဲ့ လူနည်းစု ရှီအာများကို ပစ်မှတ်ထားကာ အကြမ်းဖက်မှုကိုဆင်နွှဲနေပြီး ၂ဝ၂၁ ခုနှစ်၊ ဩဂုတ်လက တာလီဘန်တို့ အာဏာရလာကတည်းက တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခဲ့ပါတယ်။ ကဘူးလ်မြို့ရှိ ဆေးရုံတစ်ရုံကိုလည်ပတ်နေတဲ့ အီတလီ အရေးပေါ်အဖွဲ့က ပေါက်ကွဲမှုကြောင့် လူနာ ၂ဝ ဦး ရောက်ရှိလာခဲ့ပြီး ၎င်းတို့အနက် နှစ်ဦးမှာ သေဆုံးသွားခဲ့ကြောင်း တွစ်တာမှာ ပြောကြားခဲ့ပါတယ်။

လူနာတွေကို ကိုးကားပြီး “ဒါဟာ အသေခံတိုက်ခိုက်မှုပဲ” လို့ အာဖဂန်နစ္စတန်အရေးပေါ်ဌာနဒါရိုက်တာ ဒီဂျန်ပန်းနစ် က ကြေညာချက်တွင် ထည့်သွင်း ပြောကြားခဲ့ပါတယ်။ အောက်တို ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းက အရေးပေါ်ဆေးရုံကို တာလီဘန်တပ်ဖွဲ့ဝင်များက အနီးကပ်စောင့်ကြပ်ထားပြီး အခင်းဖြစ်ပွားရာနေရာတစ်ဝိုက်မှာလည်း တပ်စွဲထားတယ်လို့ သိရပါတယ်။

ကဘူးလ်မြို့ရှိ ပညာရေးစင်တာတစ်ခုမှာ ပြီးခဲ့တဲ့သောကြာနေ့က အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် မိန်းကလေးနဲ့ အမျိုးသမီး ၄၆ ဦး အပါအဝင် လူ ၅၃ ဦး သေဆုံးခဲ့ပါတယ်။ ဆယ်စုနှစ် နှစ်ခုကြာ လက်နက်ကိုင်အုံကြွမှုအပြီး ၂ဝ၂၁ ခုနှစ်မှာ အာဏာရတာလီဘန်တို့က ၎င်းတို့ဟာ နိုင်ငံကိုလုံခြုံစေတယ်လို့ ပြောကြားထားပေမယ့်လည်း တိုက်ပွဲများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့ပြီး၊ မကြာသေးမီလများအတွင်း မြို့ပြများမှာ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

Zawgyi Version;
အာဖဂန္ျပည္ထဲေရးဝန္ႀကီးဌာနရွိ ဗလီတစ္ခုမွာ ဗုံးခြဲတိုက္ခိုက္မႈ ျဖစ္ပြားခဲ့ရာ လူ ၄ ဦး ေသဆုံး
ေရာင္နီ (NP News) - ေအာက္တိုဘာ ၆

အာဖဂန္နစၥတန္ႏိုင္ငံ ၿမိဳ႕ေတာ္ကဘူးလ္ရွိ အစိုးရဌာနတစ္ခုရွိ ဗလီတစ္ခုမွာ အေသခံဗုံးခြဲတိုက္ခိုက္မႈတစ္ခုျဖစ္ပြားခဲ့ရာ လူ ၄ ဦး ေသဆုံးၿပီး ၂၅ ဦး ဒဏ္ရာရခဲ့ေၾကာင္း ဝန္ႀကီးဌာနမွ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။

အာဖဂန္နစၥတန္ႏိုင္ငံအတြင္း လုံၿခဳံေရးနဲ႔ တရားဥပေဒစိုးမိုးေရးအတြက္ တာဝန္ရွိေသာ အာဖဂန္ျပည္ထဲေရးဝန္ႀကီးဌာနရဲ႕ဗလီတစ္ခုအတြင္း အလုပ္သမားမ်ားနဲ႔ ခရီးသြားဧည့္သည္မ်ား ရွိေနစဥ္ ေအာက္တိုဘာ ၅ ရက္၊ ဗုဒၶဟူးေန႔ မြန္းလြဲပိုင္းမွာ ေပါက္ကြဲမႈျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

ဝန္ႀကီးဌာနဟာ ကဘူးလ္အျပည္ျပည္ဆိုင္ရာေလဆိပ္အနီးရွိ ကဘူးလ္လမ္းမႀကီးေပၚမွာ တည္ရွိၿပီး ၎ရဲ႕ကိုယ္ပိုင္ ခံတပ္ဝင္းအတြင္းမွာ တည္ရွိပါတယ္။ ဝန္ႀကီးဌာနရဲ႕တာလီဘန္အဖြဲ႕မွ ခန႔္အပ္ထားတဲ့ေျပာေရးဆိုခြင့္ရွိသူ အက္ဒဲနာဖီတက္ခ္ကာ က “ကံမေကာင္းစြာပဲ ယေန႔မြန္းလြဲ ၁ နာရီ ၃ဝ မိနစ္ခန႔္က ျပည္ထဲေရးဝန္ႀကီးဌာနရွိ ဗလီခြဲတစ္ခုတြင္ ေပါက္ကြဲမႈတစ္ခုျဖစ္ပြားခဲ့ၿပီး ဝတ္ျပဳသူ ၄ ဦး ေသဆုံးကာ ၂၅ ဦး ဒဏ္ရာရခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ကို စုံစမ္းစစ္ေဆးေနၿပီး အေသးစိတ္အခ်က္အလက္ေတြကို မီဒီယာေတြနဲ႔ မွ်ေဝေပးသြားမွာပါ” လို႔ ေျပာၾကားခဲ့ပါတယ္။

အေစာပိုင္းက ဝန္ႀကီးဌာနမွ အလုပ္သမားမ်ားနဲ႔ ခရီးသြားမ်ား ဗလီထဲဆုေတာင္းေနခ်ိန္တြင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း ၎က ေျပာၾကားခဲ့ပါတယ္။ ဗုံးေပါက္ကြဲမႈဟာ မည္သည့္အဖြဲ႕ရဲ႕ လက္ခ်က္ျဖစ္ေၾကာင္း မသိရေသးေပမယ့္လည္း အာဖဂန္နစၥတန္ရွိ ISIL (ISIS) အဖြဲ႕ဟာ တာလီဘန္မ်ားနဲ႔ လူနည္းစု ရွီအာမ်ားကို ပစ္မွတ္ထားကာ အၾကမ္းဖက္မႈကိုဆင္ႏႊဲေနၿပီး ၂ဝ၂၁ ခုႏွစ္၊ ဩဂုတ္လက တာလီဘန္တို႔ အာဏာရလာကတည္းက တိုက္ခိုက္မႈမ်ား ပိုမိုျပင္းထန္လာခဲ့ပါတယ္။ ကဘူးလ္ၿမိဳ႕ရွိ ေဆး႐ုံတစ္႐ုံကိုလည္ပတ္ေနတဲ့ အီတလီ အေရးေပၚအဖြဲ႕က ေပါက္ကြဲမႈေၾကာင့္ လူနာ ၂ဝ ဦး ေရာက္ရွိလာခဲ့ၿပီး ၎တို႔အနက္ ႏွစ္ဦးမွာ ေသဆုံးသြားခဲ့ေၾကာင္း တြစ္တာမွာ ေျပာၾကားခဲ့ပါတယ္။

လူနာေတြကို ကိုးကားၿပီး “ဒါဟာ အေသခံတိုက္ခိုက္မႈပဲ” လို႔ အာဖဂန္နစၥတန္အေရးေပၚဌာနဒါ႐ိုက္တာ ဒီဂ်န္ပန္းနစ္ က ေၾကညာခ်က္တြင္ ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။ ေအာက္တို ဘာ ၅ ရက္၊ ဗုဒၶဟူးေန႔ မြန္းလြဲပိုင္းက အေရးေပၚေဆး႐ုံကို တာလီဘန္တပ္ဖြဲ႕ဝင္မ်ားက အနီးကပ္ေစာင့္ၾကပ္ထားၿပီး အခင္းျဖစ္ပြားရာေနရာတစ္ဝိုက္မွာလည္း တပ္စြဲထားတယ္လို႔ သိရပါတယ္။

ကဘူးလ္ၿမိဳ႕ရွိ ပညာေရးစင္တာတစ္ခုမွာ ၿပီးခဲ့တဲ့ေသာၾကာေန႔က အေသခံဗုံးခြဲတိုက္ခိုက္မႈေၾကာင့္ မိန္းကေလးနဲ႔ အမ်ိဳးသမီး ၄၆ ဦး အပါအဝင္ လူ ၅၃ ဦး ေသဆုံးခဲ့ပါတယ္။ ဆယ္စုႏွစ္ ႏွစ္ခုၾကာ လက္နက္ကိုင္အုံႂကြမႈအၿပီး ၂ဝ၂၁ ခုႏွစ္မွာ အာဏာရတာလီဘန္တို႔က ၎တို႔ဟာ ႏိုင္ငံကိုလုံၿခဳံေစတယ္လို႔ ေျပာၾကားထားေပမယ့္လည္း တိုက္ပြဲမ်ား က်ယ္က်ယ္ျပန႔္ျပန႔္ျဖစ္ပြားခဲ့ၿပီး၊ မၾကာေသးမီလမ်ားအတြင္း ၿမိဳ႕ျပမ်ားမွာ ေပါက္ကြဲမႈမ်ား ဆက္တိုက္ျဖစ္ပြားခဲ့ပါတယ္။

Related news

© 2021. All rights reserved.