ရာထူးမှထုတ်ပယ်ခဲ့သော ကာကွယ်ရေးဦးစီးချုပ်ကို ဗြိတိန်သံအမတ်ကြီးအသစ်အဖြစ် ယူကရိန်းသမ္မတ ခန့်အပ်

 732

ဂျန်ဇက် (NP News) - မေ ၁ဝ

ယူကရိန်းသမ္မတဇီလန်စကီးသည် အငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း ရာထူးမှ ထုတ်ပယ်ခဲ့သော ယူကရိန်း စစ်ဦးစီးချုပ်ကို ဗြိတိန်နိုင်ငံဆိုင်ရာ ယူကရိန်း သံအမတ်ကြီးအသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း သိရသည်။

ယူကရိန်း နှင့် ရုရှားနိုင်ငံကြားဖြစ်ပွားသော စစ်ပွဲနှင့်ပတ်သက်ပြီး သမ္မတဇီလန်စကီးသည် ယူကရိန်းကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဗာလီရီ ဇာလူနီ နှင့် အငြင်းပွားမှုများ၊ သဘောထားကွဲလွဲမှုများ မကြာသေးမီက ဖြစ်ပွားခဲ့ပြီးနောက် ဖေဖော်ဝါရီလအတွင်းတွင် ရာထူးမှထုတ်ပယ်ခဲ့ကြောင်း သိရသည်။
ဇာလူနီသည် ပြီးခဲ့သော ၂ဝ၂၁ ခုနှစ် နောက်ပိုင်းကတည်းက ယူကရိန်းကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသူ ဖြစ်ပြီး ယူကရိန်းသမ္မတဇီလန်စကီးက ရာထူးမှ ထုတ်ပယ်ခဲ့သော ယူကရိန်းကာကွယ်ရေးဦးစီးချုပ်များထဲတွင် ပါဝင်ခဲ့ကြောင်း သိရသည်။

ယူကရိန်းသမ္မတဇီလန်စကီးသည် ရုရှားနှင့်စစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း မျှော်လင့်သလောက်ရလဒ် မကောင်းသည့် အတွက် ကာကွယ်ရေးဦးစီးချုပ်များကို ရာထူးမှ ထုတ်ပယ်ခဲ့ရာ ဇာလူနီက နောက်ဆုံး ထုတ်ပယ်ခံခဲ့ရသူဖြစ်သည်။ ဇာလူနီကို ရာထူးမှ ထုတ်ပယ်ခဲ့မှုနှင့်ပတ်သက်ပြီး ယူကရိန်းပြည်သူများကြား အငြင်းပွားမှုများဖြစ်ပွားခဲ့ပြီး မကြာသေးမီက ပြုလုပ်သောစစ်တမ်းများတွင် ယူကရိန်းပြည်သူများက သမ္မတဇီလန်စကီးထက် ကာကွယ်ရေးဦးစီး ချုပ် ဇာလူနီကို ပိုမိုနှစ်သက်လိုလားနေကြောင်း ဖော်ပြထားသည်။

ယူကရိန်းသမ္မတသည် ဇာလူနီကို ရာထူးမှထုတ်ပယ်ခဲ့ပြီးနောက် ဗိုလ်ချုပ်တစ်ဦးဖြစ်သူ အလက်ဇန်ဒါ ဆာစကီးကို ကာကွယ်ရေးဦးစီးချုပ်အသစ်အဖြစ် ခန့်အပ်ခဲ့သည်။ ရုရှားအစိုးရက ဗိုလ်ချုပ်ကြီးဇာလူနီကို ပြောင်းလဲပြီးစစ်ပွဲ ရလဒ်ကို ပြောင်းလဲရန်ကြိုးပမ်းသော်လည်း ယူကရိန်းအတွက် ရလဒ်ကောင်းများ ဖြစ်လာမည်မဟုတ်ကြောင်း ပြောသည်။

ယူကရိန်းနှင့် ရုရှားနိုင်ငံကြား ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အပစ်ခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးနိုင်ခြင်းမရှိသေးသည့်အတွက် ငြိမ်းချမ်းရေး ရယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။ ယူကရိန်း သည် ကာကွယ်ရေးဦးစီးချုပ်များကို ရာထူးမှ ထုတ်ပယ်ရာတွင် အမေရိကန်အစိုးရ နှင့် ထောက်လှမ်းရေးအဖွဲ့များ၏ အကြံပေးချက်များအတိုင်း လုပ်ဆောင်နေခြင်းမျိုးဖြစ်ကြောင်း သတင်များ ထွက်ပေါ်နေသည်။

Zawgyi Version;
ရာထူးမွထုတ္ပယ္ခဲ့ေသာ ကာကြယ္ေရးဦးစီးခ်ဳပ္ကို ၿဗိတိန္သံအမတ္ႀကီးအသစ္အျဖစ္ ယူကရိန္းသမၼတ ခန႔္အပ္
ဂ်န္ဇက္ (NP News) - ေမ ၁ဝ

ယူကရိန္းသမၼတဇီလန္စကီးသည္ အျငင္းပြားမႈမ်ားျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ရာထူးမွ ထုတ္ပယ္ခဲ့ေသာ ယူကရိန္း စစ္ဦးစီးခ်ဳပ္ကို ၿဗိတိန္ႏိုင္ငံဆိုင္ရာ ယူကရိန္း သံအမတ္ႀကီးအသစ္အျဖစ္ ခန႔္အပ္လိုက္ေၾကာင္း သိရသည္။

ယူကရိန္း ႏွင့္ ႐ုရွားႏိုင္ငံၾကားျဖစ္ပြားေသာ စစ္ပြဲႏွင့္ပတ္သက္ၿပီး သမၼတဇီလန္စကီးသည္ ယူကရိန္းကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး ဗာလီရီ ဇာလူနီ ႏွင့္ အျငင္းပြားမႈမ်ား၊ သေဘာထားကြဲလြဲမႈမ်ား မၾကာေသးမီက ျဖစ္ပြားခဲ့ၿပီးေနာက္ ေဖေဖာ္ဝါရီလအတြင္းတြင္ ရာထူးမွထုတ္ပယ္ခဲ့ေၾကာင္း သိရသည္။
ဇာလူနီသည္ ၿပီးခဲ့ေသာ ၂ဝ၂၁ ခုႏွစ္ ေနာက္ပိုင္းကတည္းက ယူကရိန္းကာကြယ္ေရးဦးစီးခ်ဳပ္အျဖစ္ ခန႔္အပ္ခံခဲ့ရသူ ျဖစ္ၿပီး ယူကရိန္းသမၼတဇီလန္စကီးက ရာထူးမွ ထုတ္ပယ္ခဲ့ေသာ ယူကရိန္းကာကြယ္ေရးဦးစီးခ်ဳပ္မ်ားထဲတြင္ ပါဝင္ခဲ့ေၾကာင္း သိရသည္။

ယူကရိန္းသမၼတဇီလန္စကီးသည္ ႐ုရွားႏွင့္စစ္ပြဲ စတင္ခဲ့ၿပီးေနာက္ပိုင္း ေမွ်ာ္လင့္သေလာက္ရလဒ္ မေကာင္းသည့္ အတြက္ ကာကြယ္ေရးဦးစီးခ်ဳပ္မ်ားကို ရာထူးမွ ထုတ္ပယ္ခဲ့ရာ ဇာလူနီက ေနာက္ဆုံး ထုတ္ပယ္ခံခဲ့ရသူျဖစ္သည္။ ဇာလူနီကို ရာထူးမွ ထုတ္ပယ္ခဲ့မႈႏွင့္ပတ္သက္ၿပီး ယူကရိန္းျပည္သူမ်ားၾကား အျငင္းပြားမႈမ်ားျဖစ္ပြားခဲ့ၿပီး မၾကာေသးမီက ျပဳလုပ္ေသာစစ္တမ္းမ်ားတြင္ ယူကရိန္းျပည္သူမ်ားက သမၼတဇီလန္စကီးထက္ ကာကြယ္ေရးဦးစီး ခ်ဳပ္ ဇာလူနီကို ပိုမိုႏွစ္သက္လိုလားေနေၾကာင္း ေဖာ္ျပထားသည္။

ယူကရိန္းသမၼတသည္ ဇာလူနီကို ရာထူးမွထုတ္ပယ္ခဲ့ၿပီးေနာက္ ဗိုလ္ခ်ဳပ္တစ္ဦးျဖစ္သူ အလက္ဇန္ဒါ ဆာစကီးကို ကာကြယ္ေရးဦးစီးခ်ဳပ္အသစ္အျဖစ္ ခန႔္အပ္ခဲ့သည္။ ႐ုရွားအစိုးရက ဗိုလ္ခ်ဳပ္ႀကီးဇာလူနီကို ေျပာင္းလဲၿပီးစစ္ပြဲ ရလဒ္ကို ေျပာင္းလဲရန္ႀကိဳးပမ္းေသာ္လည္း ယူကရိန္းအတြက္ ရလဒ္ေကာင္းမ်ား ျဖစ္လာမည္မဟုတ္ေၾကာင္း ေျပာသည္။

ယူကရိန္းႏွင့္ ႐ုရွားႏိုင္ငံၾကား ၂ဝ၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ စစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္း အပစ္ခတ္ရပ္စဲေရး ေတြ႕ဆုံေဆြးေႏြးႏိုင္ျခင္းမရွိေသးသည့္အတြက္ ၿငိမ္းခ်မ္းေရး ရယူႏိုင္ျခင္းမရွိေသးေၾကာင္း သိရသည္။ ယူကရိန္း သည္ ကာကြယ္ေရးဦးစီးခ်ဳပ္မ်ားကို ရာထူးမွ ထုတ္ပယ္ရာတြင္ အေမရိကန္အစိုးရ ႏွင့္ ေထာက္လွမ္းေရးအဖြဲ႕မ်ား၏ အႀကံေပးခ်က္မ်ားအတိုင္း လုပ္ေဆာင္ေနျခင္းမ်ိဳးျဖစ္ေၾကာင္း သတင္မ်ား ထြက္ေပၚေနသည္။

Related news

© 2021. All rights reserved.