Nord Stream ပိုက်လိုင်းတွေကို ဘယ်သူဖျက်ဆီးသလဲ

 1314

ရဲထွန်း(သီပေါ) (NP News) - အောက်တိုဘာ ၁၁

စက်တင်ဘာလ ၂၆ ရက်နေ့မှာ ဒိန်းမတ် မြေငလျင်တိုင်းတာရေးဌာနက မြေကြီးတုန်ခါမှုနှစ်ခုကို မှတ်တမ်းတင်ခဲ့ တယ်။ တစ်ခုက ဒေသစံတော်ချိန် ၂ နာရီမှာဖြစ်ပြီး နောက်တစ်ခုက ညပိုင်း ၇ နာရီမှာပါ။ ချက်ခြင်းဆိုသလိုပဲ ဓါတ်ငွေ့ပိုက်လိုင်းတွေမှာ ဖိအားလျော့ကျသွားတာကို ဂျာမဏီနိုင်ငံကလည်း သတိပြုမိလိုက်ပါတယ်။

ဒိန်းမတ်အစိုးရက F-16 ကြားဖြတ်တိုက်လေယာဉ်တွေစေလွှတ်ပြီး စုံစမ်းစစ်ဆေးတဲ့အခါ ပင်လယ်ရေပြင်မှာ ဓါတ်ငွေ့တွေ ပွက်ထနေတာကိုတွေ့ခဲ့ရတယ်။ နောက်တော့ တုန်ခါလှုပ်ရှားမှုဖြစ်တဲ့ဗဟိုချက်နေရာဟာ အဲဒီ ဓါတ်ငွေ့ယိုထွက်တဲ့နေရာ အနီးမှာပဲဆိုတာကို မြေငလျင်တိုင်းတာရေးစခန်းက အတည်ပြုခဲ့ပါတယ်။ အဲဒီနောက် ဒိန်းမတ်နဲ့ ဆွီဒင်နိုင်ငံတွေက Absalon ဆိုတဲ့ စစ်ရေယာဉ်အပါအဝင် စစ်ရေယာဉ်တွေစေလွှတ်ပြီး ဖြစ်ပွားတဲ့နေရာ ကို အရပ်ဖက်သင်္ဘောများ ရှောင်ကွင်းသွားနှိုင်စေဖို့ သတိပေးတားမြစ်တာတွေလုပ်ခဲ့ပါတယ်။



နေတိုးအဖွဲ့စည်းမျဉ်းရဲ့ အပိုဒ် ၅ မှာ တစ်နိုင်ငံကို တိုက်ခိုက်ရင်၊ အားလုံးကိုတိုက်ခိုက်တာပဲလို့မှတ်ယူမယ်ဆိုတဲ့ ပြဌာန်းချက်ပါရှိပါတယ်။ အခုဖြစ်ပွားတဲ့နေရာတွေက ဒိန်းမတ်ပိုင် ဘွန်းဟုမ်း Bornholm ကျွန်းနဲ့နီးပါတယ်။ ပေါက်ကွဲမှုဖြစ်တဲ့နေရာက ဒိန်းမတ်နိုင်ငံရဲ့စီးပွားရေးဇုန်အတွင်းဖြစ်ခဲ့တာပါ။ သူ့ရေပြင်ပိုင်နက်ထဲ တော့မဟုတ်ပါ ဘူး။ ဒါကြောင့် အပိုဒ် ၅ နဲ့တော့ မငြိစွန်းဘူးလို့ဆိုနိုင်ပါတယ်။ နောက်ပေါက်ကွဲမှုတစ် ခုက ဆွီဒင်စီးပွားရေး ဇုန်ထဲမှာ ဖြစ်ပွားတာဖြစ်ပြီး သူ့ရဲ့ရေပြင်ပိုင်နက်ထဲမှာ မဟုတ်ပါဘူး။ နောက်တချက်က ဆွီဒင်ဟာ ယနေ့ထိ နေတိုး အဖွဲ့ဝင်မဖြစ်သေးပါဘူး။ ဒါကြောင့် ဒီပေါက်ကွဲမှုနှစ်ခုလုံးဟာ နေတိုးအဖွဲ့ရဲ့စည်းမျဉ် အပိုဒ် ၅ နဲ့ လုံးဝ မညိစွန်း တာ သေချာပါတယ်။

ဒီပိုက်လိုင်းတွေကို ရုရှားဂက်စ်ပရွန်း Gazprom ကုမ္ပဏီက အဓိကပိုင်ဆိုင်ပါတယ်။ ဂျာမဏီ၊ ဒတ်ချ်နဲ့ ပြင်သစ် ကုမ္ပဏီတွေက ရှယ်ယာတချို့ပိုင်ပါတယ်။ ပိုက်လိုင်းနှစ်ခုလုံးက ပြဿနာဖြစ်တဲ့ကာလမှာ လုပ်ငန်းတာဝန်ထမ်း ဆောင်ခြင်းမရှိပေ။

ရုရှားနိုင်ငံက နော့စထရင်း ၁ ကနေ ပို့ဆောင်မှုကို စက်တင်ဘာလ ၂ ရက်နေ့မှာ စတင်ရပ်ဆိုင်းခဲ့ပြီးဖြစ်ပါတယ်။ တရားဝင်ပြောတဲ့အကြောင်းပြချက်ကတော့ “စီးပွားရေးပိတ်ဆို့အရေးယူမှုခံရလို့၊ ဖြေရှင်းလို့မရတဲ့ နည်းပညာ ပြဿနာတွေရှိနေတဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။ အနောက်တိုင်းကတော့ ဒီအကြောင်းပြချက်ကို လက်မခံပါ ဘူး။ ဂျာမဏီကို ဆောင်းတွင်းမှာ အအေးဒဏ်ခံရအောင်နဲ့ နေတိုးမဟာမိတ်အဖွဲ့ရဲ့စည်းလုံးညီညွတ်မှုကို ပြိုကွဲ‌ အောင်လုပ်တာသက်သက်ပဲလို့ စွပ်စွဲပါတယ်။

နော့စထရင်း ၂ ပိုက်လိုင်းက အသစ်ဖြစ်ပြီးတော့ ပို့ဆောင်မှုတွေကို ၂ဝ၂၂ ခုနှစ်မှာ စတင်ဖို့ဖြစ်ပါတယ်။ ဒါ‌ပေမဲ့ ရုရှားက ယူကရိန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ဂျာမဏီက အဲဒီပိုက်လိုင်းက ဓါတ်ငွေ့ပို့တာကို လက်မခံပါ ဘူး။ ဓါတ်ငွေ့ပို့လွှတ်တာမရှိဘူးဆိုပေမယ့်လည်း ရုရှားက ပိုက်လိုင်းတွေကို ဖိအားသွင်းထားတဲ့အတွက် ဓါတ်ငွေ့ ယိုစိမ့်မှုဖြစ်ပါတယ်။ ရေအောက်ပေါက်ကွဲမှုတွေကြောင့် ဒီဧရာမ သံမဏိပိုက်လိုင်းကြီးတွေမှာ ပျက်စီးမှုတွေဖြစ် တယ်။ မြေလွှာတုန်ခါမှုတွေဟာ သမရိုးကျငလျင်တွေနဲ့ မတူညီပါဘူး။ ဒီဖြစ်ရပ်ဟာ မတော်တဆဆိုတာတော့ လုံးဝ မဟုတ်နိုင်ပါ။ နော့စထရင်း ၁ နဲ့ နော့စထရင်း ၂ တို့ဟာ သီးခြားစီတည်ရှိတဲ့ ပိုက်လိုင်းနှစ်ခုပါ။

ဒီဖောက်ခွဲမှုတွေလုပ်ဖို့အတွက် စစ်ဖက်သုံးရေယာဉ်ရှိမှ ဖြစ်တာမဟုတ်ပါဘူး။ ရိုးရိုးအရပ်သုံး ရေယာဉ်တစ်စီးစီးက ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်လာပြီး လူကရေအောက်ဆင်းပြီး ဖောက်ခွဲရင်လည်းဖြစ်နိုင်တာပါပဲ။ သဘာဝ ပတ်ဝန်းကျင်ပျက်စီးတာကိုထည့်မတွက်ဘဲပြောမယ်ဆိုရင်တောင် ဒီပျက်စီးမှုက အတော့်ကိုကြီးမားပါတယ်။ ချက်ချင်းပြင်ဆင်မှုတွေ မလုပ်နှိုင်ဘူးဆိုရင် ပင်လယ်ရေနဲ့ထိတွေ့တဲ့ ဒီပိုက်လိုင်းအတွင်းသားတွေဟာ လုံးဝ သုံးမရ အောင်ဖြစ်သွားနိုင်ပါတယ်။ နော့ဒ်စထရင်း ၁ ရဲ့တန်ဖိုးက အမေရိကန်ဒေါ်လာ ၁၅ ဘီလျံတန်ပါတယ်။ Nord Stream-2 ရဲ့တန်ဖိုးက ၁၁ ဘီလျံဒေါ်လာ လောက်ရှိပါတယ်။ ဒါက လုံးဝ အရင်းအစား ပြန်မရနှိုင်တဲ့ဆုံးရှုံးမှုပါ။

ဒီလိုအတိုက်ခိုက်ခံရမှုမျိုးကြုံရနိုင်တယ်လို့ စီအိုင်အေက ဂျာမဏီကို သတိပေးကြောင်း ဒီမတိုင်ခင် သီတင်းပတ် အချို့က ဂျာမန်အပတ်စဉ် မဂ္ဂဇင်း ဒါစပီဂယ် က ရေးပါတယ်။

ဒီလို အဖျက်အမှောင့်လုပ်ငန်းကို ဘယ်သူတွေလုပ်ချင်ကြမလဲ စဉ်းစားကြည့်ကြရအောင်။

(၁) ရုရှား အစိုးရလား။
ရုရှားက ယူကရိန်းကျူးကျော်စစ်ပွဲကို စတင်တိုက်ခိုက်ခဲ့သူဖြစ်သလို၊ Nord Stream-1 ပိုက်လိုင်းက ဓါတ်ငွေ့ ပို့လွှတ်မှုကိုလည်း စက်တင်ဘာလ ၂ ရက်ကတည်းက ပိတ်ချလိုက်ပြီးဖြစ်ပါတယ်။ ရှေ့တန်း စစ်မျက်နှာကို ပို့လွှတ် ဖို့ စစ်သားထောင်ပေါင်းများစွာကိုလည်း စစ်မှုမထမ်းမနေရ ဥပဒေအရ ဆင့်ခေါ်ထားတယ်။ ဒါကြောင့် လူတော် တော်များများက ပူတင်အစိုးရအနေနဲ့ ဒီလိုအဖျက်လုပ်ရပ်မှာ တာဝန်ရှိတယ်လို့ ထင်ကြတာဟာ သိပ်တော့ မထူးဆန်းလှဘူး။ ဒါပေမဲ့ ဒီကိစ္စမှာ ဖြစ်နိုင်ချေရှိတာထက်ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့ ခြေပုန်းခုတ်မှုတွေရှိနေ ပါတယ်။ ဒီမှာ လက်သည်ဟာ ရုရှားအစိုးရ မဖြစ်နှိုင်ဘူးဆိုတဲ့ အဓိက သက်သေခံအချက်အလက်တွေလည်း ရှိနေပါ တယ်။ အဲဒါက ပူတင် အနေနဲ့ ဂျာမဏီကို ဓါတ်ငွေ့ ပို့မယ်/မပို့ဘူးဆိုတဲ့ထိန်းချုပ်မှုကို ဒီပိုက်လိုင်းပေါက်ကွဲမှု မတိုင်ခင်ကပဲ ကောင်းကောင်းလုပ်ခဲ့ပြီးဖြစ်ပါတယ်။ ပိုက်လိုင်းကို ဖောက်ခွဲပစ်စရာမလိုပါ။

ပိုက်လိုင်းဖောက်ခွဲခံရမှုသတင်းကြောင့် ဓါတ်ငွေ့စျေးတွေ ထောင်တက်ကုန်ပါတယ်။ ဒါပေမဲ့ ကာလလတ် ပို့လွှတ်မှု ပိတ်ပင်တာကို လုပ်ခဲ့ပြီးဖြစ်လို့ စျေးတက်တာကနေ ရုရှားက အကျိုးအမြတ်ရပြီးဖြစ်ပါတယ်။ အခုပိုက်လိုင်းကို ဖောက်ခွဲပစ်လိုက်တဲ့အတွက် သူ့အနေနဲ့ အဲဒီပို့လွှတ်မှုကနေ အကျိုးအမြတ်ရစရာကို မမျှော်လင့်နိုင်တော့ပါဘူး။ ဖောက်ခွဲဖျက်ဆီးမှုကို သူကိုယ်တိုင်လုပ်တယ်ဆိုရင် တစ်နေ့တစ်လုံး ရွှေဥ ဥပေးနေတဲ့ ငန်းကို သတ်လိုက်သလိုဖြစ် သွားမှာပါ။ ရုရှားက အဲဒီလောက် မိုက်မဲပါ့မလား။

ဒါကြောင့် ဒီဖောက်ခွဲမှုကို ရုရှားလုပ်တာဆိုတဲ့စွပ်စွဲချက်က မဆီလျော်လှပါ။ ရေရှည်မှာ ဒီပိုက်လိုင်းရှိတာကြောင့် ဓါတ်ငွေ့စျေးတွေက ကျဆင်းဖို့ပဲ ရှိပါတယ်။ အခုပိုက်လိုင်းမရှိတော့တဲ့အတွက် အနောက်တိုင်းက ရင်းနှီးမြှုပ်နှံသူ တွေဟာ တခြားရွေးချယ်စရာဓါတ်ငွေ့လုပ်ငန်းတွေမှာ အပြည့်အဝ ရင်းနှီးမြှုပ်နှံမှုလုပ်နိုင်ကြပါလိမ့်မယ်။

နောက်ပြီး တချို့က ပြောတာရှိပါသေးတယ်။ ရုရှားက စာချုပ်အတိုင်း အပြည့်အဝအကောင်အထည်မဖော်နိုင်လို့ အကြောင်းပြချက်တစ်ခုရအောင် ပိုက်လိုင်းကိုဖျက်ဆီးတာလို့လည်း စွပ်စွဲတာပါ။ ဒါပေမဲ့ ရုရှားက ဓါတ်ငွေ့အပေါ် မှာ ကောင်းကောင်းထိန်းချုပ်ထားခဲ့ပြီးဖြစ်ပါတယ်။ ပူတင်က သဘောတူညီချက်ကို လေးစားလိုက်နာတာဟာ သူအဓိက ဦးစားပေးတဲ့အရာမဟုတ်ဘူးဆိုတာ ပြခဲ့ပြီးပါပြီ။

“နည်းပညာပြဿနာ” ကြောင့်ဆိုတာနဲ့ အကြောင်းပြပြီးဓါတ်ငွေ့ပို့လွှတ်မှုကို ရပ်ဆိုင်းခဲ့ပြီးဖြစ်ပါတယ်။ ပိုက်လိုင်း ကို အပြစ်မဖို့ဘဲ အနောက်အုပ်စုက ဆန်ရှင်လုပ် ပိတ်ဆို့အရေးယူမှုကြောင့်လို့ ပြောပြီးပါပြီ။

နောက်ထပ် တွေးဆချက်တစ်ခုကတော့ ရုရှားဟာ ဒီပိုက်လိုင်းကို ဖောက်ခွဲလိုက်ခြင်းအားဖြင့် နောက်ထပ် ပိုက်လိုင်းတွေကိုလည်း ဖောက်ခွဲဖျက်ဆီးပစ်နိုင်တယ်ဆိုပြီး အနောက်တိုင်းကိုခြိမ်းခြောက်ချင်တာလို့ဆိုကြတဲ့ အချက်ပါ။ ဒါပေမဲ့ ဒီဖြစ်နိုင်ချေနဲ့ပတ်သက်ပြီး တိကျတဲ့အချက်အလက်မရှိပါဘူး။ ဒါ့အပြင် ရုရှားက ဒီလို မခြိမ်း ခြောက်လည်း လုပ်မယ်ဆိုရင် လုပ်နိုင်တဲ့အစွမ်းရှိတယ်ဆိုတာ ဘယ်နိုင်ငံခြားထောက်လှမ်းရေးဌာနကမှ အငြင်း ပွားကြမယ်မထင်ပါ။

နောက်ဆုံးအနေနဲ့ စဉ်းစားရမယ့်အချက်က ပိုက်လိုင်းဖောက်ခွဲဖျက်ဆီးခံရတဲ့နေရာ ပတ်ဝန်းကျင်ပါ။ ရုရှားက သာ အဲဒီဖောက်ခွဲဖျက်ဆီးတာကိုလုပ်ခဲ့မယ်ဆိုရင် ရေငုပ်သင်္ဘော ဒါမှမဟုတ် ရေငုပ်သင်္ဘောသားတွေ စေလွှတ်ပြီး လုပ်ရမှာဖြစ်ပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာဟာ ဒိန်းမတ်၊ ဆွီဒင်၊ ဂျာမန် နဲ့ ပိုလန် ကမ်းခြေစောင့် တပ်ဖွဲ့တွေ နဲ့ ရေတပ်တို့ အမြဲတန်းမျက်ခြေမပြတ်စောင့်ကြည့်နေတဲ့ဧရိယာဖြစ်ပါတယ်။ ဒီနိုင်ငံတွေအားလုံးက ရုရှားနဲ့ မတည့်တဲ့နိုင်ငံတွေပါ။ ရုရှားက အဲဒီနေရာကိုသွားဖို့ဆိုရင် ရုရှားပိုင် ဘောလ်တစ် ပင်လယ်ကမ်းခြေ ဆိပ်ကမ်းမြို့ တစ်မြို့ဖြစ်တဲ့ ကာလင်နင်ဂရက် ကနေသွားရမှာပါ။ ကာလင်နင်ဂရက်မြို့ဟာ ရုရှားပိုင်ဖြစ်ပေမယ့် တောင်ဖက်မှာ ပိုလန်နိုင်ငံ၊ မြောက်နဲ့ အရှေ့ဖက်မှာ လစ်သူယေးနီးယားနိုင်ငံနဲ့ အနောက်မြောက်ဖက်မှာ ဘောလတစ်ပင်လယ်တို့ ပတ်ဝိုင်းထားတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။

ကာလင်နင်ဂရက် ကနေ ပိုက်လိုင်းဖောက်ခွဲခံရတဲ့နေရာဟာ အတော်ဝေးပါတယ်။ တကယ်လို့ အဲဒီဖောက်ခွဲ ဖျက်ဆီးတဲ့ကိစ္စ ရုရှားက သွားလုပ်တာဆိုခဲ့ရင် မိမိကိုဆန့်ကျင်သူတွေ ပတ်လည်ဝိုင်းနေတဲ့နေရာမှာ သဲလွန်စ အထောက်အထား မကျန်အောင်လုပ်ဖို့ အတော်ခက်ခဲပါလိမ့်မယ်။

အထက်ကဖော်ပြခဲ့တဲ့အချက်အလက်တွေကြောင့် ဒီအဖျက်အမှောင့်လုပ်ငန်းကို ရုရှားက လုပ်ဆောင်ခဲ့တာ မဖြစ်နိုင်ပါဘူး။

(၂) ယူကရိန်း ဖြစ်နိုင်လား။
ရုရှားကုမ္ပဏီတစ်ခု ရှယ်ယာအများစုပိုင်ဆိုင်တဲ့ဓါတ်ငွေ့ပိုက်လိုင်းကို ၄င်းနဲ့ စစ်မက်ဖက်ပြိုင်တိုက်ခိုက်နေတဲ့ ယူကရိန်း က ဖောက်ခွဲဖျက်ဆီးလိုက်တာလို့ယူဆရင် အလွန်ကို ကျိုးကြောင်းဆီလျော်တဲ့ကိစ္စပါပဲ။

ဒီဓါတ်ငွေ့ပိုက်လိုင်း လုံးဝပျက်စီးသွားခြင်းက ရုရှားရဲ့စီးပွားရေးကို ထိခိုက်စေမှာပါ။ ပူတင်အစိုးရရဲ့ ဝင်ငွေကို လည်း လျော့နည်းသွားစေမှာဖြစ်ပြီး ယူကရိန်းစစ်ပွဲအပေါ်လည်း သက်ရောက်မှုရှိမှာဖြစ်ပါတယ်။ လတ်တလောမှာ ပိုက်လိုင်းကနေ ဓါတ်ငွေ့ပို့လွှတ်မှုရပ်ဆိုင်းထားတယ်ဆိုပေမယ့် မကြာခင်မှာ ဓါတ်ငွေ့အရောင်းအဝယ် ပြန်စဖို့ရှိ တယ်ဆိုတဲ့သတင်းအချို့ကို ယူကရိန်းက ရရှိထားတယ်လို့ဆိုပါတယ်။ ဒါကိုတားဆီးဖို့ ယူကရိန်းက ဖောက်ခွဲလိုက် တာလို့ ယူဆနိုင်ပေမယ့် တိကျတဲ့သတင်းအချက်အလက်တော့ မရှိပါဘူး။

ယူကရိန်းကနေ အခင်းဖြစ်ပွားတဲ့နေရာကို ဖောက်ခွဲရေးပစ္စည်းတွေတင်ဆောင်ပြီးသွားမယ်ဆိုရင် စစ်မြေ ပြင်ဖြစ် နေတဲ့ပင်လယ်နက်ကို ဖြတ်သန်းရပါလိမ့်မယ်။ ဘော့စ်စဖိုရပ် ရေလက်ကြားကိုဖြတ်သန်းတဲ့အခါ စစ်ဆေးရေးဂိတ် ကိုဖြတ်ရမှာပါ။ အဲဒီကမှတဆင့် မြေထဲပင်လယ်၊ ဂျီဘရော်လတာရေလက်ကြား၊ နောက် ဥရောပတိုက်ကို ပတ်ပြီး သွားပါမှ အခင်းဖြစ်တဲ့နေရာကို ရောက်ရှိမှာဖြစ်ပါတယ်။ ယူကရိန်းအနေနဲ့ အဲဒီလို တကွေ့တပတ်ကြီးသွားတာ ထက် ဘောလတစ်ပင်လယ်အနီးတဝိုက်မှာပဲ လျှို့ဝှက်ပြင်ဆင်လုပ်ဆောင်မယ်ဆိုရင် ပိုမိုလွယ်ကူမှာဖြစ်ပါတယ်။ ဒါပေမဲ့ ယခုထိတော့ ခိုင်မာတဲ့အချက်အလက်အထောက်အထား မရှိသေးပါ။

(၃) ဘယ်သူတွေ အကျိုးအမြတ်ကြီးမလဲ။



ဒီပိုက်လိုင်းပေါက်ကွဲပျက်စီးသွားတာကြောင့် ဘယ်သူတွေအမြတ်ပိုရမလဲဆိုတဲ့ အခြေအနေကနေ စဉ်းစားကြည့် ကြပါစို့။

အမြတ်ထွက်နိုင်တဲ့နိုင်ငံတွေကတော့ ကမ္ဘာတဝှမ်းက ဓါတ်ငွေ့ထုတ်လုပ်တဲ့နိုင်ငံတွေပါ။ ပိုက်လိုင်းပေါက်ကွဲ ပျက်စီးသွားတဲ့အတွက် ဂျာမဏီဟာ စျေးသက်သက်သာသာနဲ့ ဓါတ်ငွေ့မရနိုင်တော့ဘူး။ ဓါတ်ငွေ့စျေးတွေ တက် မယ်။ ဓါတ်ငွေ့ထုတ်လုပ်တဲ့နိုင်ငံတွေ အကျိုးအမြတ်ရမယ်။ ဂျာမဏီကို ဓါတ်ငွေ့တင်ပို့နေတဲ့နိုင်ငံတွေ အများဆုံးရ မယ်။ အဲဒီနိုင်ငံတွေထဲမှာ အမေရိကန်၊ ယူကေနဲ့ ပြင်သစ်တို့ပါ ပါဝင်ပါတယ်။

ရုရှားနိုင်ငံကနေ ဂျာမဏီက ဓါတ်ငွေ့ဝယ်ယူနေတာကို မကျေမနပ်ဖြစ်နေတာ ဘယ်နိုင်ငံတွေလဲ။
ဥရောပကဝယ်ယူနေတဲ့ ဓါတ်ငွေ့အားလုံးရဲ့ ၄ဝ ရာခိုင်နှုန်းဟာ ရုရှား နော့ဒ်စထရင်း ၁ ပိုက်လိုင်းက ဖြစ်နေတာကို အမေရိကန်က မကျေနပ်ပါဘူး။ ဒါ့အပြင် လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ အမေရိကန်ဟာ နော့ဒ်စထရင်း ၂ ပိုက်လိုင်း တည်ဆောက်နေတဲ့ကိစ္စ ပယ်ဖျက်ပစ်ဖို့ ဥရောပနိုင်ငံတွေကို သံတမန်ရေးအရဖိအားတွေ ပေးခဲ့ပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့သက်တမ်း နောက်ဆုံးနှစ်ထဲမှာ ကွန်ဂရက်လွှတ်တော်က ရုရှားနဲ့ ဂျာမဏီ အကြား နော့ဒ်စထရင်း၂ ဓါတ်ငွေ့ပိုက်လိုင်းတည်ဆောက်နေတဲ့လုပ်ငန်းမှာ ပါဝင်ပတ်သက်နေတဲ့ကုမ္ပဏီတွေကို အ‌ရေးယူကန့်သတ်မှုတွေလုပ်ဖို့ ဥပဒေပြုခဲ့ပါတယ်။ ဒါပေမဲ့ လုပ်ငန်းတွေက အပြီးသတ်ခါနီးနေပြီမို့ အတော် နောက်ကျသွားပြီလို့လည်း ဝေဖန်ခဲ့ကြပါတယ်။

နော့ဒ်စထရင်း ၂ ပိုက်လိုင်းတည်ဆောက်ရေးဟာ ဥရောပတိုက်အဖို့ အလွန်ကြီးမားတဲ့ စီမံကိန်းကြီးပါ။ အမေရိကန် အဖို့ကတော့ သူ့မဟာမိတ် ဥရောပနိုင်ငံတွေအကြားမှာ အထိတ်တလန့်ဖြစ်အောင် ခြောက်လှန့်ပြောဆိုနေရတဲ့ ကိစ္စလည်းဖြစ်ပါတယ်။ ဒီပိုက်လိုင်းပြီးစီးသွားရင် ရုရှားကနေ ဂျာမဏီကို မူလကထက် ဓါတ်ငွေ့ နှစ်ဆ တိုက်ရိုက် တင်ပို့နိုင်မှာမို့ ဂျာမဏီဟာ ရုရှားစွမ်းအင်ရင်းမြစ်တွေအပေါ် ပိုမိုမှီခိုလာရမှာဖြစ်တဲ့အတွက် စွမ်းအင်လုံခြုံရေး အားနည်းတယ်လို့ သတိပေးနေတာပါ။

အမေရိကန်တကယ်စိတ်ပူတာက သူ့နိုင်ငံရဲ့ ရှေးလ်ကျောက်ထဲကထွက်တဲ့ ဓါတ်ငွေ့ကို ဝယ်သူမရှိ ဖြစ်နေမှာကိုပါ။ ဒီ ရှေးလ်ကျောက်ထဲကထွက်တဲ့ဓါတ်ငွေ့တွေကို (LNG) အရည်အဖြစ်ပြောင်းပြီး ဥရောပကို ရောင်းချင်နေတာပါ။ ဒါပေမဲ့ အမေရိကန်တင်ပို့တဲ့ဓါတ်ငွေ့အရည်တွေဟာ ခရီးဝေးလာရတာဖြစ်လို့ ရုရှားက ဓါတ်ငွေ့စျေးနှုန်းကို မယှဉ် နိုင်ပါဘူး။

ဒါကြောင့်လည်း ဂျာမဏီအနေနဲ့ လောင်စာစွမ်းအင်နဲ့ပတ်သက်ရင် ရုရှားဆီကအများစု ဝယ်ယူနေရတာပါ။ ဒါက ပူတင်ကိုဆန့်ကျင်ရေးမှာ နေတိုးအဖွဲ့အတွင်း ညီညွတ်ရေးကိုထိခိုက်စေတဲ့အဓိကအကြောင်း အချက်တစ်ခုလည်း ဖြစ်ပါတယ်။ နော့ဒ်စထရင်းကို ဖျက်ဆီးပစ်လိုက်ခြင်းအားဖြင့် ဒီအကြောင်းအချက်ကို ပယ်ဖျက်ပစ်လိုက်နိုင်မှာ ဖြစ်ပြီး၊ အမေရိကန်ဆီက ဓါတ်ငွေ့အရည် LNG ကိုလည်း မဖြစ်မနေဝယ်ယူရတော့မှာ ဖြစ်ပါတယ်။

အဲဒီလိုလုပ်ချင်နေတာအတွက် ဗြောင်ကျတဲ့ သက်သေအထောက်အထားကတော့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ၂ဝ၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ၇ ရက်နေ့က ပြောခဲ့တဲ့မှတ်ချက်ပါ။

" U.S. President Joe Biden: "If Russia invades (Ukraine), then there will be no longer Nord Stream 2. We will bring an end to it.” Before adding "I promise you we will be able to do it." “တကယ်လို့ ရုရှားက (ယူကရိန်းကို) ကျူးကျော်တိုက်ခိုက်မယ်ဆိုရင်၊ နော့ဒ်စထရင်း ၂ ပိုက်လိုင်းက ဆက်လက်တည်ရှိတော့မှာ မဟုတ်ဘူး။ ကျွန်တော်တို့ ဒါကိုအဆုံးသတ်ပေးမှာပါ။ ဒါကိုလုပ်နိုင်လိမ့်မယ်ဆိုတာ ခင်ဗျားတို့ကို ကျွန်တော်ကတိပေးပါတယ်” ဆိုတဲ့ စကားပါ။

ဒါ့အပြင် ယခုအခင်းဖြစ်ပွားတဲ့နေရာဒေသဟာ အမေရိကန်ထောက်လှမ်းရေးတွေ လုံးဝဥဿုံ ထိန်းချုပ်ထားနိုင်တဲ့ ဧရိယာဖြစ်တဲ့အတွက်၊ အမေရိကန်အနေနဲ့ အဖျက်အမှောင့်လုပ်ငန်းလုပ်မယ်ဆိုရင် ရုရှားနဲ့ ယူကရိန်းတို့ထက် ပိုမို ပြီး သတင်းထိန်းချုပ်နိုင်စွမ်းရှိတဲ့အပြင် ပိုမိုလွယ်ကူမှာဖြစ်တဲ့ကြောင်းရေးသားဖော်ပြလိုက်ပါတယ်။
ရဲထွန်း (သီပေါ)

Zawgyi Version;
Nord Stream ပိုက္လိုင္းေတြကို ဘယ္သူဖ်က္ဆီးသလဲ
ရဲထြန္း(သီေပါ) (NP News) - ေအာက္တိုဘာ ၁၁

စက္တင္ဘာလ ၂၆ ရက္ေန႔မွာ ဒိန္းမတ္ ေျမငလ်င္တိုင္းတာေရးဌာနက ေျမႀကီးတုန္ခါမႈႏွစ္ခုကို မွတ္တမ္းတင္ခဲ့ တယ္။ တစ္ခုက ေဒသစံေတာ္ခ်ိန္ ၂ နာရီမွာျဖစ္ၿပီး ေနာက္တစ္ခုက ညပိုင္း ၇ နာရီမွာပါ။ ခ်က္ျခင္းဆိုသလိုပဲ ဓါတ္ေငြ႕ပိုက္လိုင္းေတြမွာ ဖိအားေလ်ာ့က်သြားတာကို ဂ်ာမဏီႏိုင္ငံကလည္း သတိျပဳမိလိုက္ပါတယ္။

ဒိန္းမတ္အစိုးရက F-16 ၾကားျဖတ္တိုက္ေလယာဥ္ေတြေစလႊတ္ၿပီး စုံစမ္းစစ္ေဆးတဲ့အခါ ပင္လယ္ေရျပင္မွာ ဓါတ္ေငြ႕ေတြ ပြက္ထေနတာကိုေတြ႕ခဲ့ရတယ္။ ေနာက္ေတာ့ တုန္ခါလႈပ္ရွားမႈျဖစ္တဲ့ဗဟိုခ်က္ေနရာဟာ အဲဒီ ဓါတ္ေငြ႕ယိုထြက္တဲ့ေနရာ အနီးမွာပဲဆိုတာကို ေျမငလ်င္တိုင္းတာေရးစခန္းက အတည္ျပဳခဲ့ပါတယ္။ အဲဒီေနာက္ ဒိန္းမတ္နဲ႔ ဆြီဒင္ႏိုင္ငံေတြက Absalon ဆိုတဲ့ စစ္ေရယာဥ္အပါအဝင္ စစ္ေရယာဥ္ေတြေစလႊတ္ၿပီး ျဖစ္ပြားတဲ့ေနရာ ကို အရပ္ဖက္သေဘၤာမ်ား ေရွာင္ကြင္းသြားႏႈိင္ေစဖို႔ သတိေပးတားျမစ္တာေတြလုပ္ခဲ့ပါတယ္။



ေနတိုးအဖြဲ႕စည္းမ်ဥ္းရဲ႕ အပိုဒ္ ၅ မွာ တစ္ႏိုင္ငံကို တိုက္ခိုက္ရင္၊ အားလုံးကိုတိုက္ခိုက္တာပဲလို႔မွတ္ယူမယ္ဆိုတဲ့ ျပဌာန္းခ်က္ပါရွိပါတယ္။ အခုျဖစ္ပြားတဲ့ေနရာေတြက ဒိန္းမတ္ပိုင္ ဘြန္းဟုမ္း Bornholm ကြၽန္းနဲ႔နီးပါတယ္။ ေပါက္ကြဲမႈျဖစ္တဲ့ေနရာက ဒိန္းမတ္ႏိုင္ငံရဲ႕စီးပြားေရးဇုန္အတြင္းျဖစ္ခဲ့တာပါ။ သူ႔ေရျပင္ပိုင္နက္ထဲ ေတာ့မဟုတ္ပါ ဘူး။ ဒါေၾကာင့္ အပိုဒ္ ၅ နဲ႔ေတာ့ မၿငိစြန္းဘူးလို႔ဆိုႏိုင္ပါတယ္။ ေနာက္ေပါက္ကြဲမႈတစ္ ခုက ဆြီဒင္စီးပြားေရး ဇုန္ထဲမွာ ျဖစ္ပြားတာျဖစ္ၿပီး သူ႔ရဲ႕ေရျပင္ပိုင္နက္ထဲမွာ မဟုတ္ပါဘူး။ ေနာက္တခ်က္က ဆြီဒင္ဟာ ယေန႔ထိ ေနတိုး အဖြဲ႕ဝင္မျဖစ္ေသးပါဘူး။ ဒါေၾကာင့္ ဒီေပါက္ကြဲမႈႏွစ္ခုလုံးဟာ ေနတိုးအဖြဲ႕ရဲ႕စည္းမ်ဥ္ အပိုဒ္ ၅ နဲ႔ လုံးဝ မညိစြန္း တာ ေသခ်ာပါတယ္။

ဒီပိုက္လိုင္းေတြကို ႐ုရွားဂက္စ္ပ႐ြန္း Gazprom ကုမၸဏီက အဓိကပိုင္ဆိုင္ပါတယ္။ ဂ်ာမဏီ၊ ဒတ္ခ်္နဲ႔ ျပင္သစ္ ကုမၸဏီေတြက ရွယ္ယာတခ်ိဳ႕ပိုင္ပါတယ္။ ပိုက္လိုင္းႏွစ္ခုလုံးက ျပႆနာျဖစ္တဲ့ကာလမွာ လုပ္ငန္းတာဝန္ထမ္း ေဆာင္ျခင္းမရွိေပ။

႐ုရွားႏိုင္ငံက ေနာ့စထရင္း ၁ ကေန ပို႔ေဆာင္မႈကို စက္တင္ဘာလ ၂ ရက္ေန႔မွာ စတင္ရပ္ဆိုင္းခဲ့ၿပီးျဖစ္ပါတယ္။ တရားဝင္ေျပာတဲ့အေၾကာင္းျပခ်က္ကေတာ့ “စီးပြားေရးပိတ္ဆို႔အေရးယူမႈခံရလို႔၊ ေျဖရွင္းလို႔မရတဲ့ နည္းပညာ ျပႆနာေတြရွိေနတဲ့အတြက္ေၾကာင့္လို႔ ဆိုပါတယ္။ အေနာက္တိုင္းကေတာ့ ဒီအေၾကာင္းျပခ်က္ကို လက္မခံပါ ဘူး။ ဂ်ာမဏီကို ေဆာင္းတြင္းမွာ အေအးဒဏ္ခံရေအာင္နဲ႔ ေနတိုးမဟာမိတ္အဖြဲ႕ရဲ႕စည္းလုံးညီၫြတ္မႈကို ၿပိဳကြဲ‌ ေအာင္လုပ္တာသက္သက္ပဲလို႔ စြပ္စြဲပါတယ္။

ေနာ့စထရင္း ၂ ပိုက္လိုင္းက အသစ္ျဖစ္ၿပီးေတာ့ ပို႔ေဆာင္မႈေတြကို ၂ဝ၂၂ ခုႏွစ္မွာ စတင္ဖို႔ျဖစ္ပါတယ္။ ဒါ‌ေပမဲ့ ႐ုရွားက ယူကရိန္းကိုဝင္ေရာက္တိုက္ခိုက္ခဲ့တဲ့အတြက္ ဂ်ာမဏီက အဲဒီပိုက္လိုင္းက ဓါတ္ေငြ႕ပို႔တာကို လက္မခံပါ ဘူး။ ဓါတ္ေငြ႕ပို႔လႊတ္တာမရွိဘူးဆိုေပမယ့္လည္း ႐ုရွားက ပိုက္လိုင္းေတြကို ဖိအားသြင္းထားတဲ့အတြက္ ဓါတ္ေငြ႕ ယိုစိမ့္မႈျဖစ္ပါတယ္။ ေရေအာက္ေပါက္ကြဲမႈေတြေၾကာင့္ ဒီဧရာမ သံမဏိပိုက္လိုင္းႀကီးေတြမွာ ပ်က္စီးမႈေတြျဖစ္ တယ္။ ေျမလႊာတုန္ခါမႈေတြဟာ သမ႐ိုးက်ငလ်င္ေတြနဲ႔ မတူညီပါဘူး။ ဒီျဖစ္ရပ္ဟာ မေတာ္တဆဆိုတာေတာ့ လုံးဝ မဟုတ္ႏိုင္ပါ။ ေနာ့စထရင္း ၁ နဲ႔ ေနာ့စထရင္း ၂ တို႔ဟာ သီးျခားစီတည္ရွိတဲ့ ပိုက္လိုင္းႏွစ္ခုပါ။

ဒီေဖာက္ခြဲမႈေတြလုပ္ဖို႔အတြက္ စစ္ဖက္သုံးေရယာဥ္ရွိမွ ျဖစ္တာမဟုတ္ပါဘူး။ ႐ိုး႐ိုးအရပ္သုံး ေရယာဥ္တစ္စီးစီးက ေဖာက္ခြဲေရးပစၥည္းေတြ တင္ေဆာင္လာၿပီး လူကေရေအာက္ဆင္းၿပီး ေဖာက္ခြဲရင္လည္းျဖစ္ႏိုင္တာပါပဲ။ သဘာဝ ပတ္ဝန္းက်င္ပ်က္စီးတာကိုထည့္မတြက္ဘဲေျပာမယ္ဆိုရင္ေတာင္ ဒီပ်က္စီးမႈက အေတာ့္ကိုႀကီးမားပါတယ္။ ခ်က္ခ်င္းျပင္ဆင္မႈေတြ မလုပ္ႏႈိင္ဘူးဆိုရင္ ပင္လယ္ေရနဲ႔ထိေတြ႕တဲ့ ဒီပိုက္လိုင္းအတြင္းသားေတြဟာ လုံးဝ သုံးမရ ေအာင္ျဖစ္သြားႏိုင္ပါတယ္။ ေနာ့ဒ္စထရင္း ၁ ရဲ႕တန္ဖိုးက အေမရိကန္ေဒၚလာ ၁၅ ဘီလ်ံတန္ပါတယ္။ Nord Stream-2 ရဲ႕တန္ဖိုးက ၁၁ ဘီလ်ံေဒၚလာ ေလာက္ရွိပါတယ္။ ဒါက လုံးဝ အရင္းအစား ျပန္မရႏႈိင္တဲ့ဆုံးရႈံးမႈပါ။

ဒီလိုအတိုက္ခိုက္ခံရမႈမ်ိဳးႀကဳံရႏိုင္တယ္လို႔ စီအိုင္ေအက ဂ်ာမဏီကို သတိေပးေၾကာင္း ဒီမတိုင္ခင္ သီတင္းပတ္ အခ်ိဳ႕က ဂ်ာမန္အပတ္စဥ္ မဂၢဇင္း ဒါစပီဂယ္ က ေရးပါတယ္။

ဒီလို အဖ်က္အေမွာင့္လုပ္ငန္းကို ဘယ္သူေတြလုပ္ခ်င္ၾကမလဲ စဥ္းစားၾကည့္ၾကရေအာင္။

(၁) ႐ုရွား အစိုးရလား။
႐ုရွားက ယူကရိန္းက်ဴးေက်ာ္စစ္ပြဲကို စတင္တိုက္ခိုက္ခဲ့သူျဖစ္သလို၊ Nord Stream-1 ပိုက္လိုင္းက ဓါတ္ေငြ႕ ပို႔လႊတ္မႈကိုလည္း စက္တင္ဘာလ ၂ ရက္ကတည္းက ပိတ္ခ်လိုက္ၿပီးျဖစ္ပါတယ္။ ေရွ႕တန္း စစ္မ်က္ႏွာကို ပို႔လႊတ္ ဖို႔ စစ္သားေထာင္ေပါင္းမ်ားစြာကိုလည္း စစ္မႈမထမ္းမေနရ ဥပေဒအရ ဆင့္ေခၚထားတယ္။ ဒါေၾကာင့္ လူေတာ္ ေတာ္မ်ားမ်ားက ပူတင္အစိုးရအေနနဲ႔ ဒီလိုအဖ်က္လုပ္ရပ္မွာ တာဝန္ရွိတယ္လို႔ ထင္ၾကတာဟာ သိပ္ေတာ့ မထူးဆန္းလွဘူး။ ဒါေပမဲ့ ဒီကိစၥမွာ ျဖစ္ႏိုင္ေခ်ရွိတာထက္ပိုၿပီး စိတ္ဝင္စားစရာေကာင္းတဲ့ ေျခပုန္းခုတ္မႈေတြရွိေန ပါတယ္။ ဒီမွာ လက္သည္ဟာ ႐ုရွားအစိုးရ မျဖစ္ႏႈိင္ဘူးဆိုတဲ့ အဓိက သက္ေသခံအခ်က္အလက္ေတြလည္း ရွိေနပါ တယ္။ အဲဒါက ပူတင္ အေနနဲ႔ ဂ်ာမဏီကို ဓါတ္ေငြ႕ ပို႔မယ္/မပို႔ဘူးဆိုတဲ့ထိန္းခ်ဳပ္မႈကို ဒီပိုက္လိုင္းေပါက္ကြဲမႈ မတိုင္ခင္ကပဲ ေကာင္းေကာင္းလုပ္ခဲ့ၿပီးျဖစ္ပါတယ္။ ပိုက္လိုင္းကို ေဖာက္ခြဲပစ္စရာမလိုပါ။

ပိုက္လိုင္းေဖာက္ခြဲခံရမႈသတင္းေၾကာင့္ ဓါတ္ေငြ႕ေစ်းေတြ ေထာင္တက္ကုန္ပါတယ္။ ဒါေပမဲ့ ကာလလတ္ ပို႔လႊတ္မႈ ပိတ္ပင္တာကို လုပ္ခဲ့ၿပီးျဖစ္လို႔ ေစ်းတက္တာကေန ႐ုရွားက အက်ိဳးအျမတ္ရၿပီးျဖစ္ပါတယ္။ အခုပိုက္လိုင္းကို ေဖာက္ခြဲပစ္လိုက္တဲ့အတြက္ သူ႔အေနနဲ႔ အဲဒီပို႔လႊတ္မႈကေန အက်ိဳးအျမတ္ရစရာကို မေမွ်ာ္လင့္ႏိုင္ေတာ့ပါဘူး။ ေဖာက္ခြဲဖ်က္ဆီးမႈကို သူကိုယ္တိုင္လုပ္တယ္ဆိုရင္ တစ္ေန႔တစ္လုံး ေ႐ႊဥ ဥေပးေနတဲ့ ငန္းကို သတ္လိုက္သလိုျဖစ္ သြားမွာပါ။ ႐ုရွားက အဲဒီေလာက္ မိုက္မဲပါ့မလား။

ဒါေၾကာင့္ ဒီေဖာက္ခြဲမႈကို ႐ုရွားလုပ္တာဆိုတဲ့စြပ္စြဲခ်က္က မဆီေလ်ာ္လွပါ။ ေရရွည္မွာ ဒီပိုက္လိုင္းရွိတာေၾကာင့္ ဓါတ္ေငြ႕ေစ်းေတြက က်ဆင္းဖို႔ပဲ ရွိပါတယ္။ အခုပိုက္လိုင္းမရွိေတာ့တဲ့အတြက္ အေနာက္တိုင္းက ရင္းႏွီးျမႇဳပ္ႏွံသူ ေတြဟာ တျခားေ႐ြးခ်ယ္စရာဓါတ္ေငြ႕လုပ္ငန္းေတြမွာ အျပည့္အဝ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ႏိုင္ၾကပါလိမ့္မယ္။

ေနာက္ၿပီး တခ်ိဳ႕က ေျပာတာရွိပါေသးတယ္။ ႐ုရွားက စာခ်ဳပ္အတိုင္း အျပည့္အဝအေကာင္အထည္မေဖာ္ႏိုင္လို႔ အေၾကာင္းျပခ်က္တစ္ခုရေအာင္ ပိုက္လိုင္းကိုဖ်က္ဆီးတာလို႔လည္း စြပ္စြဲတာပါ။ ဒါေပမဲ့ ႐ုရွားက ဓါတ္ေငြ႕အေပၚ မွာ ေကာင္းေကာင္းထိန္းခ်ဳပ္ထားခဲ့ၿပီးျဖစ္ပါတယ္။ ပူတင္က သေဘာတူညီခ်က္ကို ေလးစားလိုက္နာတာဟာ သူအဓိက ဦးစားေပးတဲ့အရာမဟုတ္ဘူးဆိုတာ ျပခဲ့ၿပီးပါၿပီ။

“နည္းပညာျပႆနာ” ေၾကာင့္ဆိုတာနဲ႔ အေၾကာင္းျပၿပီးဓါတ္ေငြ႕ပို႔လႊတ္မႈကို ရပ္ဆိုင္းခဲ့ၿပီးျဖစ္ပါတယ္။ ပိုက္လိုင္း ကို အျပစ္မဖို႔ဘဲ အေနာက္အုပ္စုက ဆန္ရွင္လုပ္ ပိတ္ဆို႔အေရးယူမႈေၾကာင့္လို႔ ေျပာၿပီးပါၿပီ။

ေနာက္ထပ္ ေတြးဆခ်က္တစ္ခုကေတာ့ ႐ုရွားဟာ ဒီပိုက္လိုင္းကို ေဖာက္ခြဲလိုက္ျခင္းအားျဖင့္ ေနာက္ထပ္ ပိုက္လိုင္းေတြကိုလည္း ေဖာက္ခြဲဖ်က္ဆီးပစ္ႏိုင္တယ္ဆိုၿပီး အေနာက္တိုင္းကိုၿခိမ္းေျခာက္ခ်င္တာလို႔ဆိုၾကတဲ့ အခ်က္ပါ။ ဒါေပမဲ့ ဒီျဖစ္ႏိုင္ေခ်နဲ႔ပတ္သက္ၿပီး တိက်တဲ့အခ်က္အလက္မရွိပါဘူး။ ဒါ့အျပင္ ႐ုရွားက ဒီလို မၿခိမ္း ေျခာက္လည္း လုပ္မယ္ဆိုရင္ လုပ္ႏိုင္တဲ့အစြမ္းရွိတယ္ဆိုတာ ဘယ္ႏိုင္ငံျခားေထာက္လွမ္းေရးဌာနကမွ အျငင္း ပြားၾကမယ္မထင္ပါ။

ေနာက္ဆုံးအေနနဲ႔ စဥ္းစားရမယ့္အခ်က္က ပိုက္လိုင္းေဖာက္ခြဲဖ်က္ဆီးခံရတဲ့ေနရာ ပတ္ဝန္းက်င္ပါ။ ႐ုရွားက သာ အဲဒီေဖာက္ခြဲဖ်က္ဆီးတာကိုလုပ္ခဲ့မယ္ဆိုရင္ ေရငုပ္သေဘၤာ ဒါမွမဟုတ္ ေရငုပ္သေဘၤာသားေတြ ေစလႊတ္ၿပီး လုပ္ရမွာျဖစ္ပါတယ္။ ေပါက္ကြဲမႈျဖစ္ပြားတဲ့ေနရာဟာ ဒိန္းမတ္၊ ဆြီဒင္၊ ဂ်ာမန္ နဲ႔ ပိုလန္ ကမ္းေျခေစာင့္ တပ္ဖြဲ႕ေတြ နဲ႔ ေရတပ္တို႔ အၿမဲတန္းမ်က္ေျခမျပတ္ေစာင့္ၾကည့္ေနတဲ့ဧရိယာျဖစ္ပါတယ္။ ဒီႏိုင္ငံေတြအားလုံးက ႐ုရွားနဲ႔ မတည့္တဲ့ႏိုင္ငံေတြပါ။ ႐ုရွားက အဲဒီေနရာကိုသြားဖို႔ဆိုရင္ ႐ုရွားပိုင္ ေဘာလ္တစ္ ပင္လယ္ကမ္းေျခ ဆိပ္ကမ္းၿမိဳ႕ တစ္ၿမိဳ႕ျဖစ္တဲ့ ကာလင္နင္ဂရက္ ကေနသြားရမွာပါ။ ကာလင္နင္ဂရက္ၿမိဳ႕ဟာ ႐ုရွားပိုင္ျဖစ္ေပမယ့္ ေတာင္ဖက္မွာ ပိုလန္ႏိုင္ငံ၊ ေျမာက္နဲ႔ အေရွ႕ဖက္မွာ လစ္သူေယးနီးယားႏိုင္ငံနဲ႔ အေနာက္ေျမာက္ဖက္မွာ ေဘာလတစ္ပင္လယ္တို႔ ပတ္ဝိုင္းထားတဲ့ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ပါတယ္။

ကာလင္နင္ဂရက္ ကေန ပိုက္လိုင္းေဖာက္ခြဲခံရတဲ့ေနရာဟာ အေတာ္ေဝးပါတယ္။ တကယ္လို႔ အဲဒီေဖာက္ခြဲ ဖ်က္ဆီးတဲ့ကိစၥ ႐ုရွားက သြားလုပ္တာဆိုခဲ့ရင္ မိမိကိုဆန႔္က်င္သူေတြ ပတ္လည္ဝိုင္းေနတဲ့ေနရာမွာ သဲလြန္စ အေထာက္အထား မက်န္ေအာင္လုပ္ဖို႔ အေတာ္ခက္ခဲပါလိမ့္မယ္။

အထက္ကေဖာ္ျပခဲ့တဲ့အခ်က္အလက္ေတြေၾကာင့္ ဒီအဖ်က္အေမွာင့္လုပ္ငန္းကို ႐ုရွားက လုပ္ေဆာင္ခဲ့တာ မျဖစ္ႏိုင္ပါဘူး။

(၂) ယူကရိန္း ျဖစ္ႏိုင္လား။
႐ုရွားကုမၸဏီတစ္ခု ရွယ္ယာအမ်ားစုပိုင္ဆိုင္တဲ့ဓါတ္ေငြ႕ပိုက္လိုင္းကို ၄င္းနဲ႔ စစ္မက္ဖက္ၿပိဳင္တိုက္ခိုက္ေနတဲ့ ယူကရိန္း က ေဖာက္ခြဲဖ်က္ဆီးလိုက္တာလို႔ယူဆရင္ အလြန္ကို က်ိဳးေၾကာင္းဆီေလ်ာ္တဲ့ကိစၥပါပဲ။

ဒီဓါတ္ေငြ႕ပိုက္လိုင္း လုံးဝပ်က္စီးသြားျခင္းက ႐ုရွားရဲ႕စီးပြားေရးကို ထိခိုက္ေစမွာပါ။ ပူတင္အစိုးရရဲ႕ ဝင္ေငြကို လည္း ေလ်ာ့နည္းသြားေစမွာျဖစ္ၿပီး ယူကရိန္းစစ္ပြဲအေပၚလည္း သက္ေရာက္မႈရွိမွာျဖစ္ပါတယ္။ လတ္တေလာမွာ ပိုက္လိုင္းကေန ဓါတ္ေငြ႕ပို႔လႊတ္မႈရပ္ဆိုင္းထားတယ္ဆိုေပမယ့္ မၾကာခင္မွာ ဓါတ္ေငြ႕အေရာင္းအဝယ္ ျပန္စဖို႔ရွိ တယ္ဆိုတဲ့သတင္းအခ်ိဳ႕ကို ယူကရိန္းက ရရွိထားတယ္လို႔ဆိုပါတယ္။ ဒါကိုတားဆီးဖို႔ ယူကရိန္းက ေဖာက္ခြဲလိုက္ တာလို႔ ယူဆႏိုင္ေပမယ့္ တိက်တဲ့သတင္းအခ်က္အလက္ေတာ့ မရွိပါဘူး။

ယူကရိန္းကေန အခင္းျဖစ္ပြားတဲ့ေနရာကို ေဖာက္ခြဲေရးပစၥည္းေတြတင္ေဆာင္ၿပီးသြားမယ္ဆိုရင္ စစ္ေျမ ျပင္ျဖစ္ ေနတဲ့ပင္လယ္နက္ကို ျဖတ္သန္းရပါလိမ့္မယ္။ ေဘာ့စ္စဖိုရပ္ ေရလက္ၾကားကိုျဖတ္သန္းတဲ့အခါ စစ္ေဆးေရးဂိတ္ ကိုျဖတ္ရမွာပါ။ အဲဒီကမွတဆင့္ ေျမထဲပင္လယ္၊ ဂ်ီဘေရာ္လတာေရလက္ၾကား၊ ေနာက္ ဥေရာပတိုက္ကို ပတ္ၿပီး သြားပါမွ အခင္းျဖစ္တဲ့ေနရာကို ေရာက္ရွိမွာျဖစ္ပါတယ္။ ယူကရိန္းအေနနဲ႔ အဲဒီလို တေကြ႕တပတ္ႀကီးသြားတာ ထက္ ေဘာလတစ္ပင္လယ္အနီးတဝိုက္မွာပဲ လွ်ိဳ႕ဝွက္ျပင္ဆင္လုပ္ေဆာင္မယ္ဆိုရင္ ပိုမိုလြယ္ကူမွာျဖစ္ပါတယ္။ ဒါေပမဲ့ ယခုထိေတာ့ ခိုင္မာတဲ့အခ်က္အလက္အေထာက္အထား မရွိေသးပါ။

(၃) ဘယ္သူေတြ အက်ိဳးအျမတ္ႀကီးမလဲ။



ဒီပိုက္လိုင္းေပါက္ကြဲပ်က္စီးသြားတာေၾကာင့္ ဘယ္သူေတြအျမတ္ပိုရမလဲဆိုတဲ့ အေျခအေနကေန စဥ္းစားၾကည့္ ၾကပါစို႔။

အျမတ္ထြက္ႏိုင္တဲ့ႏိုင္ငံေတြကေတာ့ ကမာၻတဝွမ္းက ဓါတ္ေငြ႕ထုတ္လုပ္တဲ့ႏိုင္ငံေတြပါ။ ပိုက္လိုင္းေပါက္ကြဲ ပ်က္စီးသြားတဲ့အတြက္ ဂ်ာမဏီဟာ ေစ်းသက္သက္သာသာနဲ႔ ဓါတ္ေငြ႕မရႏိုင္ေတာ့ဘူး။ ဓါတ္ေငြ႕ေစ်းေတြ တက္ မယ္။ ဓါတ္ေငြ႕ထုတ္လုပ္တဲ့ႏိုင္ငံေတြ အက်ိဳးအျမတ္ရမယ္။ ဂ်ာမဏီကို ဓါတ္ေငြ႕တင္ပို႔ေနတဲ့ႏိုင္ငံေတြ အမ်ားဆုံးရ မယ္။ အဲဒီႏိုင္ငံေတြထဲမွာ အေမရိကန္၊ ယူေကနဲ႔ ျပင္သစ္တို႔ပါ ပါဝင္ပါတယ္။

႐ုရွားႏိုင္ငံကေန ဂ်ာမဏီက ဓါတ္ေငြ႕ဝယ္ယူေနတာကို မေက်မနပ္ျဖစ္ေနတာ ဘယ္ႏိုင္ငံေတြလဲ။
ဥေရာပကဝယ္ယူေနတဲ့ ဓါတ္ေငြ႕အားလုံးရဲ႕ ၄ဝ ရာခိုင္ႏႈန္းဟာ ႐ုရွား ေနာ့ဒ္စထရင္း ၁ ပိုက္လိုင္းက ျဖစ္ေနတာကို အေမရိကန္က မေက်နပ္ပါဘူး။ ဒါ့အျပင္ လြန္ခဲ့တဲ့ ႏွစ္ေတြအတြင္းမွာ အေမရိကန္ဟာ ေနာ့ဒ္စထရင္း ၂ ပိုက္လိုင္း တည္ေဆာက္ေနတဲ့ကိစၥ ပယ္ဖ်က္ပစ္ဖို႔ ဥေရာပႏိုင္ငံေတြကို သံတမန္ေရးအရဖိအားေတြ ေပးခဲ့ပါတယ္။

အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕သက္တမ္း ေနာက္ဆုံးႏွစ္ထဲမွာ ကြန္ဂရက္လႊတ္ေတာ္က ႐ုရွားနဲ႔ ဂ်ာမဏီ အၾကား ေနာ့ဒ္စထရင္း၂ ဓါတ္ေငြ႕ပိုက္လိုင္းတည္ေဆာက္ေနတဲ့လုပ္ငန္းမွာ ပါဝင္ပတ္သက္ေနတဲ့ကုမၸဏီေတြကို အ‌ေရးယူကန႔္သတ္မႈေတြလုပ္ဖို႔ ဥပေဒျပဳခဲ့ပါတယ္။ ဒါေပမဲ့ လုပ္ငန္းေတြက အၿပီးသတ္ခါနီးေနၿပီမို႔ အေတာ္ ေနာက္က်သြားၿပီလို႔လည္း ေဝဖန္ခဲ့ၾကပါတယ္။

ေနာ့ဒ္စထရင္း ၂ ပိုက္လိုင္းတည္ေဆာက္ေရးဟာ ဥေရာပတိုက္အဖို႔ အလြန္ႀကီးမားတဲ့ စီမံကိန္းႀကီးပါ။ အေမရိကန္ အဖို႔ကေတာ့ သူ႔မဟာမိတ္ ဥေရာပႏိုင္ငံေတြအၾကားမွာ အထိတ္တလန႔္ျဖစ္ေအာင္ ေျခာက္လွန႔္ေျပာဆိုေနရတဲ့ ကိစၥလည္းျဖစ္ပါတယ္။ ဒီပိုက္လိုင္းၿပီးစီးသြားရင္ ႐ုရွားကေန ဂ်ာမဏီကို မူလကထက္ ဓါတ္ေငြ႕ ႏွစ္ဆ တိုက္႐ိုက္ တင္ပို႔ႏိုင္မွာမို႔ ဂ်ာမဏီဟာ ႐ုရွားစြမ္းအင္ရင္းျမစ္ေတြအေပၚ ပိုမိုမွီခိုလာရမွာျဖစ္တဲ့အတြက္ စြမ္းအင္လုံၿခဳံေရး အားနည္းတယ္လို႔ သတိေပးေနတာပါ။

အေမရိကန္တကယ္စိတ္ပူတာက သူ႔ႏိုင္ငံရဲ႕ ေရွးလ္ေက်ာက္ထဲကထြက္တဲ့ ဓါတ္ေငြ႕ကို ဝယ္သူမရွိ ျဖစ္ေနမွာကိုပါ။ ဒီ ေရွးလ္ေက်ာက္ထဲကထြက္တဲ့ဓါတ္ေငြ႕ေတြကို (LNG) အရည္အျဖစ္ေျပာင္းၿပီး ဥေရာပကို ေရာင္းခ်င္ေနတာပါ။ ဒါေပမဲ့ အေမရိကန္တင္ပို႔တဲ့ဓါတ္ေငြ႕အရည္ေတြဟာ ခရီးေဝးလာရတာျဖစ္လို႔ ႐ုရွားက ဓါတ္ေငြ႕ေစ်းႏႈန္းကို မယွဥ္ ႏိုင္ပါဘူး။

ဒါေၾကာင့္လည္း ဂ်ာမဏီအေနနဲ႔ ေလာင္စာစြမ္းအင္နဲ႔ပတ္သက္ရင္ ႐ုရွားဆီကအမ်ားစု ဝယ္ယူေနရတာပါ။ ဒါက ပူတင္ကိုဆန႔္က်င္ေရးမွာ ေနတိုးအဖြဲ႕အတြင္း ညီၫြတ္ေရးကိုထိခိုက္ေစတဲ့အဓိကအေၾကာင္း အခ်က္တစ္ခုလည္း ျဖစ္ပါတယ္။ ေနာ့ဒ္စထရင္းကို ဖ်က္ဆီးပစ္လိုက္ျခင္းအားျဖင့္ ဒီအေၾကာင္းအခ်က္ကို ပယ္ဖ်က္ပစ္လိုက္ႏိုင္မွာ ျဖစ္ၿပီး၊ အေမရိကန္ဆီက ဓါတ္ေငြ႕အရည္ LNG ကိုလည္း မျဖစ္မေနဝယ္ယူရေတာ့မွာ ျဖစ္ပါတယ္။

အဲဒီလိုလုပ္ခ်င္ေနတာအတြက္ ေျဗာင္က်တဲ့ သက္ေသအေထာက္အထားကေတာ့ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒင္ ၂ဝ၂၂ ခုႏွစ္ ေဖေဖၚဝါရီလ ၇ ရက္ေန႔က ေျပာခဲ့တဲ့မွတ္ခ်က္ပါ။

" U.S. President Joe Biden: "If Russia invades (Ukraine), then there will be no longer Nord Stream 2. We will bring an end to it.” Before adding "I promise you we will be able to do it." “ တကယ္လို႔ ႐ုရွားက (ယူကရိန္းကို) က်ဴးေက်ာ္တိုက္ခိုက္မယ္ဆိုရင္၊ ေနာ့ဒ္စထရင္း ၂ ပိုက္လိုင္းက ဆက္လက္တည္ရွိေတာ့မွာ မဟုတ္ဘူး။ ကြၽန္ေတာ္တို႔ ဒါကိုအဆုံးသတ္ေပးမွာပါ။ ဒါကိုလုပ္ႏိုင္လိမ့္မယ္ဆိုတာ ခင္ဗ်ားတို႔ကို ကြၽန္ေတာ္ကတိေပးပါတယ္” ဆိုတဲ့ စကားပါ။

ဒါ့အျပင္ ယခုအခင္းျဖစ္ပြားတဲ့ေနရာေဒသဟာ အေမရိကန္ေထာက္လွမ္းေရးေတြ လုံးဝဥႆုံ ထိန္းခ်ဳပ္ထားႏိုင္တဲ့ ဧရိယာျဖစ္တဲ့အတြက္၊ အေမရိကန္အေနနဲ႔ အဖ်က္အေမွာင့္လုပ္ငန္းလုပ္မယ္ဆိုရင္ ႐ုရွားနဲ႔ ယူကရိန္းတို႔ထက္ ပိုမို ၿပီး သတင္းထိန္းခ်ဳပ္ႏိုင္စြမ္းရွိတဲ့အျပင္ ပိုမိုလြယ္ကူမွာျဖစ္တဲ့ေၾကာင္းေရးသားေဖာ္ျပလိုက္ပါတယ္။
ရဲထြန္း (သီေပါ)

Related news

© 2021. All rights reserved.