ပြည်ပကုမ္ပဏီကြီးအချို့ မြန်မာနိုင်ငံမှာလုပ်ငန်းလုပ်ကိုင်မှုများ ပြန်ရုတ်သိမ်းခဲ့ပေမယ့် ဂျပန်တိုယိုတာကုမ္ပဏီက မြန်မာနိုင်ငံမှာ ကားထုတ်လုပ်မှုများ စတင်လုပ်ကိုင်နေ

1214

ဂျန်ဇက် (NP News) - အောက်တိုဘာ ၁၂
ဂျပန်နိုင်ငံအခြေစိုက် တိုယိုတာကုမ္ပဏီဟာ မြန်မာနိုင်ငံရှိ စက်ရုံမှာ ကားထုတ်လုပ်ရေးလုပ်ငန်းများ စတင်လုပ်ကိုင်နေပြီဖြစ်ကြောင်း ဂျပန်သတင်းဌာန asia.nikkei က ဖော်ပြထားပါတယ်။
တိုယိုတာကုမ္ပဏီဟာ မြန်မာနိုင်ငံရှိ စက်ရုံမှာ ကားထုတ်လုပ်ရေးလုပ်ငန်းများလုပ်ကိုင်ဖို့ ၁၉ လကြာ နှောင့်နေးခဲ့ပြီးနောက် သီလဝါအထူးစီးပွားရေးဇုန်ရှိ စက်ရုံမှာ ကားထုတ်လုပ်မှုများစတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
တိုယိုတာကုမ္ပဏီအနေနဲ့သီလဝါအထူးစီးပွားရေးဇုန်ရှိ စက်ရုံမှာ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကားထုတ်လုပ်ရေးလုပ်ငန်းတွေ စတင်လုပ်ကိုင်ဖို့စီစဉ်ခဲ့ပေမယ့် မြန်မာနိုင်ငံမှာ အဲဒီလအတွင်း အာဏာသိမ်းမှုဖြစ်ပွားခဲ့ရာ ကားထုတ်လုပ်ရေးလုပ်ငန်းတွေ စတင်ဖို့ နှောင့်နေးခဲ့ရပါတယ်။
တိုယိုတာ ကားထုတ်လုပ်ရေးကုမ္ပဏီက ကားထုတ်လုပ်ရေးလုပ်ငန်းများကို စက်တင်ဘာလအတွင်း စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
သြဂုတ်လနောက်ပိုင်းမှာ တိုယိုတာကုမ္ပဏီဟာ အထူးစီးပွားရေးဇုန်ရဲ့ခွင့်ပြုချက်များကိုအကောင်အထည်ဖော်ဖို့လုပ်ဆောင်ခဲ့ပြီး ဟိုင်းလပ် ပစ်ကပ်ထရက်ကားများ တပ်ဆင်ခြင်းများစတင်လုပ်ကိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါစက်ရုံနဲ့နီးစပ်တဲ့သတင်းအရစ်အမြစ်က စက်တင်ဘာလမှာ စက်ရုံအတွင်း ကားထုတ်လုပ်တင်ဆင်မှုများကို တစ်ရက် ခုဂဏန်းလောက်သာ ထုတ်လုပ်တပ်ဆင်နိုင်သေးကြောင်း၊ တစ်လအတွင်းဆိုရင်တော့ ထုတ်လုပ်တပ်ဆင်နိုင်တဲ့ကားအရေအတွက် ဒါဇင်အနည်းငယ်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရှိ တိုယိုတာ ကားရောင်းသူများဟာ ဟိုင်းလပ်ကားများအတွက် အော်ဒါကောက်ခံမှုတွေကို အောက်တိုဘာ ၁၁ ရက်နေ့မှစတင်ကာ ကောက်ခံနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။
ကားတပ်ဆင်ထုတ်လုပ်မှုတွေကို အကန့်အသတ်နဲ့သာလုပ်ဆောင်နေရတဲ့အတွက် ကားရရှိနိုင်မယ့် ရက်အတိအကျကိုတော့ ပြောလို့မရနိုင်သေးကြောင်း ကားရောင်းဝယ်သူတစ်ဦးရဲ့ပြောပြချက်အရ သိရပါတယ်။
တိုယိုတာ ကားကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၆ သန်း ရင်းနှီးမြှုပ် နှံထားပြီး တစ်နှစ်ကို ဟိုင်းလပ်ကားအစီရေအတွက် ၂၅ဝဝ ခန့်ထုတ်လုပ်မယ်လို့ ပြီးခဲ့တဲ့ ၂ဝ၁၉ ခုနှစ် မေလက သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။
တိုယိုတာ မြန်မာကုမ္ပဏီကို ဂျပန်အခြေစိုက်တိုယိုတာက ၈၅ ရာခိုင်နှုန်း၊ တိုယိုတာ တီဆူဟို ကုမ္ပဏီက ၁၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမေရိကန်ဦးဆောင်တဲ့ အနောက် အုပ်စုနိုင်ငံများက နစကအပေါ် စီးပွားရေးပိတ်ဆို့မှုများချမှတ်နေချိန် နဲ့ မြန်မာနိုင်ငံမှာလုပ်ကိုင်နေတဲ့ တယ်လီနော၊ အော်ရီဒူး၊ Total Energies နဲ့ Chevron ကုမ္ပဏီတို့ မြန်မာနိုင်ငံအတွင်းမှ လုပ်ငန်းများပြန်ရုတ်သိမ်းနေချိန်မှာ တိုယိုတာကုမ္ပဏီက ကားထုတ်လုပ်မှုများပြန်လည်စတင်ခဲ့တာမျိုးဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကားအစီးရေရောင်းချမှုဟာ ဇန်နဝါရီလကနေ သြဂုတ်လအထိ ၆၅ဝဝ ယူနစ်ရောင်းချနိုင်ခဲ့ပြီး အာဏာသိမ်းမှုမဖြစ်ပွားခင်က ရောင်းချနိုင်မှုအရေအတွက်တစ်ဝက်ခန့်လျော့နည်းသွားခဲ့တယ်လို့ သိရပါတယ်။
နစကဟာ နိုင်ငံခြားအရန်ငွေများ စီးဝင်မှုတွေကိုတားဆီးနိုင်ဖို့ ကားထုတ်လုပ်ရေးနဲ့ပတ်သက်တဲ့အစိတ်အပိုင်းများကို ပြည်ပနိုင်ငံများမှတင်သွင်းခြင်းကိုကန့်သတ်ထားရာ မြန်မာနိုင်ငံမှာကားထုတ်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူတွေအတွင် ခက်ခဲဖွယ်ရှိနေတယ်လို့ သိရပါတယ်။

Zawgyi Version;
ျပည္ပကုမၸဏီႀကီးအခ်ိဳ႕ ျမန္မာႏိုင္ငံမွာလုပ္ငန္းလုပ္ကိုင္မႈမ်ား ျပန္႐ုတ္သိမ္းခဲ့ေပမယ့္ ဂ်ပန္တိုယိုတာကုမၸဏီက ျမန္မာႏိုင္ငံမွာ ကားထုတ္လုပ္မႈမ်ား စတင္လုပ္ကိုင္ေန
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၁၂
ဂ်ပန္ႏိုင္ငံအေျခစိုက္ တိုယိုတာကုမၸဏီဟာ ျမန္မာႏိုင္ငံရွိ စက္႐ုံမွာ ကားထုတ္လုပ္ေရးလုပ္ငန္းမ်ား စတင္လုပ္ကိုင္ေနၿပီျဖစ္ေၾကာင္း ဂ်ပန္သတင္းဌာန asia.nikkei က ေဖာ္ျပထားပါတယ္။
တိုယိုတာကုမၸဏီဟာ ျမန္မာႏိုင္ငံရွိ စက္႐ုံမွာ ကားထုတ္လုပ္ေရးလုပ္ငန္းမ်ားလုပ္ကိုင္ဖို႔ ၁၉ လၾကာ ေႏွာင့္ေနးခဲ့ၿပီးေနာက္ သီလဝါအထူးစီးပြားေရးဇုန္ရွိ စက္႐ုံမွာ ကားထုတ္လုပ္မႈမ်ားစတင္လုပ္ကိုင္ခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။
တိုယိုတာကုမၸဏီအေနနဲ႔သီလဝါအထူးစီးပြားေရးဇုန္ရွိ စက္႐ုံမွာ ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလအတြင္း ကားထုတ္လုပ္ေရးလုပ္ငန္းေတြ စတင္လုပ္ကိုင္ဖို႔စီစဥ္ခဲ့ေပမယ့္ ျမန္မာႏိုင္ငံမွာ အဲဒီလအတြင္း အာဏာသိမ္းမႈျဖစ္ပြားခဲ့ရာ ကားထုတ္လုပ္ေရးလုပ္ငန္းေတြ စတင္ဖို႔ ေႏွာင့္ေနးခဲ့ရပါတယ္။
တိုယိုတာ ကားထုတ္လုပ္ေရးကုမၸဏီက ကားထုတ္လုပ္ေရးလုပ္ငန္းမ်ားကို စက္တင္ဘာလအတြင္း စတင္လုပ္ကိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။
ၾသဂုတ္လေနာက္ပိုင္းမွာ တိုယိုတာကုမၸဏီဟာ အထူးစီးပြားေရးဇုန္ရဲ႕ခြင့္ျပဳခ်က္မ်ားကိုအေကာင္အထည္ေဖာ္ဖို႔လုပ္ေဆာင္ခဲ့ၿပီး ဟိုင္းလပ္ ပစ္ကပ္ထရက္ကားမ်ား တပ္ဆင္ျခင္းမ်ားစတင္လုပ္ကိုင္ခဲ့တယ္လို႔ သိရပါတယ္။
အဆိုပါစက္႐ုံနဲ႔နီးစပ္တဲ့သတင္းအရစ္အျမစ္က စက္တင္ဘာလမွာ စက္႐ုံအတြင္း ကားထုတ္လုပ္တင္ဆင္မႈမ်ားကို တစ္ရက္ ခုဂဏန္းေလာက္သာ ထုတ္လုပ္တပ္ဆင္ႏိုင္ေသးေၾကာင္း၊ တစ္လအတြင္းဆိုရင္ေတာ့ ထုတ္လုပ္တပ္ဆင္ႏိုင္တဲ့ကားအေရအတြက္ ဒါဇင္အနည္းငယ္ရွိလာႏိုင္တယ္လို႔ ဆိုပါတယ္။
ျမန္မာႏိုင္ငံရွိ တိုယိုတာ ကားေရာင္းသူမ်ားဟာ ဟိုင္းလပ္ကားမ်ားအတြက္ ေအာ္ဒါေကာက္ခံမႈေတြကို ေအာက္တိုဘာ ၁၁ ရက္ေန႔မွစတင္ကာ ေကာက္ခံေနၿပီျဖစ္တယ္လို႔လည္း သိရပါတယ္။
ကားတပ္ဆင္ထုတ္လုပ္မႈေတြကို အကန႔္အသတ္နဲ႔သာလုပ္ေဆာင္ေနရတဲ့အတြက္ ကားရရွိႏိုင္မယ့္ ရက္အတိအက်ကိုေတာ့ ေျပာလို႔မရႏိုင္ေသးေၾကာင္း ကားေရာင္းဝယ္သူတစ္ဦးရဲ႕ေျပာျပခ်က္အရ သိရပါတယ္။
တိုယိုတာ ကားကုမၸဏီဟာ ျမန္မာႏိုင္ငံမွာ အေမရိကန္ေဒၚလာ ၅၂ ဒသမ ၆ သန္း ရင္းႏွီးျမႇဳပ္ ႏွံထားၿပီး တစ္ႏွစ္ကို ဟိုင္းလပ္ကားအစီေရအတြက္ ၂၅ဝဝ ခန႔္ထုတ္လုပ္မယ္လို႔ ၿပီးခဲ့တဲ့ ၂ဝ၁၉ ခုႏွစ္ ေမလက သတင္းထုတ္ျပန္ခဲ့ဖူးပါတယ္။
တိုယိုတာ ျမန္မာကုမၸဏီကို ဂ်ပန္အေျခစိုက္တိုယိုတာက ၈၅ ရာခိုင္ႏႈန္း၊ တိုယိုတာ တီဆူဟို ကုမၸဏီက ၁၅ ရာခိုင္ႏႈန္း ပိုင္ဆိုင္ထားတယ္လို႔ သိရပါတယ္။
ျမန္မာႏိုင္ငံမွာ အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း အေမရိကန္ဦးေဆာင္တဲ့ အေနာက္ အုပ္စုႏိုင္ငံမ်ားက နစကအေပၚ စီးပြားေရးပိတ္ဆို႔မႈမ်ားခ်မွတ္ေနခ်ိန္ နဲ႔ ျမန္မာႏိုင္ငံမွာလုပ္ကိုင္ေနတဲ့ တယ္လီေနာ၊ ေအာ္ရီဒူး၊ Total Energies နဲ႔ Chevron ကုမၸဏီတို႔ ျမန္မာႏိုင္ငံအတြင္းမွ လုပ္ငန္းမ်ားျပန္႐ုတ္သိမ္းေနခ်ိန္မွာ တိုယိုတာကုမၸဏီက ကားထုတ္လုပ္မႈမ်ားျပန္လည္စတင္ခဲ့တာမ်ိဳးျဖစ္ပါတယ္။
ျမန္မာႏိုင္ငံမွာ ကားအစီးေရေရာင္းခ်မႈဟာ ဇန္နဝါရီလကေန ၾသဂုတ္လအထိ ၆၅ဝဝ ယူနစ္ေရာင္းခ်ႏိုင္ခဲ့ၿပီး အာဏာသိမ္းမႈမျဖစ္ပြားခင္က ေရာင္းခ်ႏိုင္မႈအေရအတြက္တစ္ဝက္ခန႔္ေလ်ာ့နည္းသြားခဲ့တယ္လို႔ သိရပါတယ္။
နစကဟာ ႏိုင္ငံျခားအရန္ေငြမ်ား စီးဝင္မႈေတြကိုတားဆီးႏိုင္ဖို႔ ကားထုတ္လုပ္ေရးနဲ႔ပတ္သက္တဲ့အစိတ္အပိုင္းမ်ားကို ျပည္ပႏိုင္ငံမ်ားမွတင္သြင္းျခင္းကိုကန႔္သတ္ထားရာ ျမန္မာႏိုင္ငံမွာကားထုတ္လုပ္ေရးလုပ္ငန္းလုပ္ကိုင္သူေတြအတြင္ ခက္ခဲဖြယ္ရွိေနတယ္လို႔ သိရပါတယ္။