အထူးစီးပွားရေးဇုန်များအကောင်အထည်ဖော်ရာ၌ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်သည့်အခါ မိမိနိုင်ငံ၏ အကျိုးစီးပွားကို အဓိကထားရမည်ဟုဆို

 1300

ဖူးပြည့် (NP News) - အောက်တိုဘာ ၁၃

မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်(၃)ခုကို နိုင်ငံအသီးသီးနှင့် ပူးပေါင်းကာအ ကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သည့်အခါ မိမိနိုင်ငံ၏ အကျိုးစီးပွားကိုသာ အဓိကထားရမည်ဖြစ်ကြောင်း မြန်မာအထူးစီးပွား ရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကပြောသည်။

၎င်းက အောက်တိုဘာလ ၁၂ ရက်တွင် ကျင်းပသည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေး (၁/၂ဝ၂၂)တွင် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အတူ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကိုလည်း အလေးထားကြရမည် ဖြစ်ကြောင်း ၎င်းကပြောသည်။

မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်နေသည့် အထူးစီးပွားရေးဇုန် (၃)ခုမှ သီလဝါအထူးစီးပွားရေးဇုန်ကို ဂျပန်နိုင်ငံနှင့်လည်းကောင်း၊ ကျောက်ဖြူအထူး စီးပွားရေးဇုန်ကို တရုတ်နိုင်ငံနှင့် လည်းကောင်း၊ ထားဝယ် အထူးစီးပွားရေးဇုန်ကို ထိုင်းနိုင်ငံနှင့်လည်းကောင်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

“နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အနေနဲ့ စီးပွားရေး ဦးတည်ချက်(၃)ရပ်အနက် ဈေးကွက် စီးပွားရေးစနစ် တည်ငြိမ်အောင် ဖော်ဆောင်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ မှုတွေကို ဖိတ်ခေါ်မှာဖြစ်ပါတယ်။ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေးသည် အရေးကြီးတဲ့ ဦးတည်ချက်တစ်ခု ဖြစ်ပါတယ်”ဟု မြန်မာအထူးစီးပွား ရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ ဥက္ကဋ္ဌက ပြောသည်။

အထူးစီးပွားရေးဇုန် (၃) ခုရှိသည့်အနက် သီလဝါ အထူးစီးပွားရေးဇုန်သည် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသော ဇုန်တစ်ခုဖြစ်သည့်အတွက် စံပြဇုန်အဖြစ် ရပ်တည်နေသည့်ဇုန်လည်းဖြစ်သည်။ လုပ်ငန်းကုမ္ပဏီ အသစ်များနှင့် ရင်းနှီး မြှုပ်နှံမှုများ တိုးတက်လာရန်နှင့် လက်ရှိ ရင်းနှီးမြှုပ်နှံသူများအတွက် လုပ်ငန်းများ ချောမွေ့စွာ လည်ပတ်နိုင်ရန် သက်ဆိုင်သည့် ဝန်ကြီးဌာနများက ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ကျောက်ဖြူ အထူးစီးပွားရေးဇုန်မှ ရေနက်ဆိပ်ကမ်း စီမံကိန်း၏ မူဘောင်သဘောတူညီချက်ကို ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ရေးထိုးနိုင်ခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီတွင် Shareholder Agreement နှင့် နိုဝင်ဘာလတွင် Concession Agreement ကို နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ် ကြောင်းသိရသည်။ ယခင်က နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့သည့် စာချုပ်များနှင့်ပတ်သက်၍ နိုင်ငံရေး အကဲဆတ်မှုကို သတိပြုကာ တစ်ဖက်နှင့်တစ်ဖက် အပြန် အလှန် ညှိနှိုင်းမှုများဖြင့် Win Win Situation ဖြစ်အောင် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်းသိရသည်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းသည် တရုတ်နိုင်ငံ၏ (Belt & Road) စီမံကိန်းနှင့် များစွာ ဆက်စပ်မှု ရှိနေသည့်အတွက် နှစ်နိုင်ငံ အကျိုးပြုမှုများရရှိပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကိုပါ ရရှိစေမည်ဖြစ်သည်။

ထို့ပြင် ထားဝယ်အထူးစီးပွားရေးဇုန်ကို ၂ဝဝ၈ ခုနှစ်ကတည်းက အကောင်အထည် ဖော်ခဲ့သော်လည်း သိသာထင်ရှားသည့် တိုးတက်မှုများမရှိခဲ့သည့်အပြင် ယခင်က ရင်းနှီးတည်ဆောက်သူအဖြစ် ရွေးချယ်တာဝန်ပေးအပ်ခဲ့သည့် အီတာလျံ-ထိုင်း ကုမ္ပဏီနှင့် လုပ်ငန်းဆက်လက်လုပ်ဆောင်ခြင်းမရှိတော့သည့်အတွက် ရင်းနှီးတည် ဆောက်သူ အသစ်ထပ်မံ ဖိတ်ခေါ်နိုင်ရေး နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အထူးစီးပွားရေးဇုန်များ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်လာမှသာ နိုင်ငံ၏စီးပွား ရေး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အ ခွင့်အလမ်းများနှင့် လူနေမှုအဆင့်အတန်းများ ဖွံ့ဖြိုးတိုးတက်မှု ရရှိလာမည် ဖြစ် သည်။

zawgyi version
အထူးစီးပြားေရးဇုန္မ်ားအေကာင္အထည္ေဖာ္ရာ၌ ႏွစ္ႏိုင္ငံပူးေပါင္း ေဆာင္႐ြက္သည့္အခါ မိမိႏိုင္ငံ၏ အက်ိဳးစီးပြားကို အဓိကထားရမည္ဟုဆို
ဖူးျပည့္ (NP News) - ေအာက္တိုဘာ ၁၃

ျမန္မာႏိုင္ငံတြင္ အထူးစီးပြားေရးဇုန္(၃)ခုကို ႏိုင္ငံအသီးသီးႏွင့္ ပူးေပါင္းကာအ ေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ရွိၿပီး ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္သည့္အခါ မိမိႏိုင္ငံ၏ အက်ိဳးစီးပြားကိုသာ အဓိကထားရမည္ျဖစ္ေၾကာင္း ျမန္မာအထူးစီးပြား ေရးဇုန္ဆိုင္ရာ ဗဟိုအဖြဲ႕ ဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းကေျပာသည္။

၎က ေအာက္တိုဘာလ ၁၂ ရက္တြင္ က်င္းပသည့္ ျမန္မာအထူးစီးပြားေရးဇုန္ဆိုင္ရာ ဗဟိုအဖြဲ႕အစည္းအေဝး (၁/၂ဝ၂၂)တြင္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ထို႔အတူ ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ရင္းႏွီးမႈကိုလည္း အေလးထားၾကရမည္ ျဖစ္ေၾကာင္း ၎ကေျပာသည္။

ျမန္မာႏိုင္ငံတြင္ အေကာင္အထည္ေဖာ္ေနသည့္ အထူးစီးပြားေရးဇုန္ (၃)ခုမွ သီလဝါအထူးစီးပြားေရးဇုန္ကို ဂ်ပန္ႏိုင္ငံႏွင့္လည္းေကာင္း၊ ေက်ာက္ျဖဴအထူး စီးပြားေရးဇုန္ကို တ႐ုတ္ႏိုင္ငံႏွင့္ လည္းေကာင္း၊ ထားဝယ္ အထူးစီးပြားေရးဇုန္ကို ထိုင္းႏိုင္ငံႏွင့္လည္းေကာင္း ပူးေပါင္းေဆာင္႐ြက္လ်က္ရွိသည္။

“ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ အေနနဲ႔ စီးပြားေရး ဦးတည္ခ်က္(၃)ရပ္အနက္ ေဈးကြက္ စီးပြားေရးစနစ္ တည္ၿငိမ္ေအာင္ ေဖာ္ေဆာင္ၿပီး ႏိုင္ငံတကာ ရင္းႏွီးျမႇဳပ္ႏွံ မႈေတြကို ဖိတ္ေခၚမွာျဖစ္ပါတယ္။ တိုင္းရင္းသား ျပည္သူတစ္ရပ္လုံးရဲ႕ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေဆာင္႐ြက္ေရးသည္ အေရးႀကီးတဲ့ ဦးတည္ခ်က္တစ္ခု ျဖစ္ပါတယ္”ဟု ျမန္မာအထူးစီးပြား ေရးဇုန္ဆိုင္ရာ ဗဟိုအဖြဲ႕ ဥကၠ႒က ေျပာသည္။

အထူးစီးပြားေရးဇုန္ (၃) ခုရွိသည့္အနက္ သီလဝါ အထူးစီးပြားေရးဇုန္သည္ လုပ္ငန္းမ်ားကို ေအာင္ျမင္စြာ ေဆာင္႐ြက္လ်က္ရွိေသာ ဇုန္တစ္ခုျဖစ္သည့္အတြက္ စံျပဇုန္အျဖစ္ ရပ္တည္ေနသည့္ဇုန္လည္းျဖစ္သည္။ လုပ္ငန္းကုမၸဏီ အသစ္မ်ားႏွင့္ ရင္းႏွီး ျမႇဳပ္ႏွံမႈမ်ား တိုးတက္လာရန္ႏွင့္ လက္ရွိ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားအတြက္ လုပ္ငန္းမ်ား ေခ်ာေမြ႕စြာ လည္ပတ္ႏိုင္ရန္ သက္ဆိုင္သည့္ ဝန္ႀကီးဌာနမ်ားက ပူးေပါင္းေဆာင္ ႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အလားတူ ေက်ာက္ျဖဴ အထူးစီးပြားေရးဇုန္မွ ေရနက္ဆိပ္ကမ္း စီမံကိန္း၏ မူေဘာင္သေဘာတူညီခ်က္ကို ၂ဝ၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ ၈ ရက္တြင္ ေရးထိုးႏိုင္ခဲ့ၿပီး ၂ဝ၂ဝ ျပည့္ႏွစ္ ဇန္နဝါရီတြင္ Shareholder Agreement ႏွင့္ ႏိုဝင္ဘာလတြင္ Concession Agreement ကို ႏွစ္ဖက္သေဘာတူ လက္မွတ္ေရးထိုးခဲ့ၿပီး ျဖစ္ ေၾကာင္းသိရသည္။ ယခင္က ႏွစ္ႏိုင္ငံအၾကား လက္မွတ္ေရးထိုးခဲ့သည့္ စာခ်ဳပ္မ်ားႏွင့္ပတ္သက္၍ ႏိုင္ငံေရး အကဲဆတ္မႈကို သတိျပဳကာ တစ္ဖက္ႏွင့္တစ္ဖက္ အျပန္ အလွန္ ညႇိႏႈိင္းမႈမ်ားျဖင့္ Win Win Situation ျဖစ္ေအာင္ ေဆာင္႐ြက္သြားၾကမည္ျဖစ္ေၾကာင္းသိရသည္။ ေက်ာက္ျဖဴ အထူးစီးပြားေရးဇုန္စီမံကိန္းသည္ တ႐ုတ္ႏိုင္ငံ၏ (Belt & Road) စီမံကိန္းႏွင့္ မ်ားစြာ ဆက္စပ္မႈ ရွိေနသည့္အတြက္ ႏွစ္ႏိုင္ငံ အက်ိဳးျပဳမႈမ်ားရရွိၿပီး ေဒသတြင္းဖြံ႕ၿဖိဳးတိုးတက္မႈကိုပါ ရရွိေစမည္ျဖစ္သည္။

ထို႔ျပင္ ထားဝယ္အထူးစီးပြားေရးဇုန္ကို ၂ဝဝ၈ ခုႏွစ္ကတည္းက အေကာင္အထည္ ေဖာ္ခဲ့ေသာ္လည္း သိသာထင္ရွားသည့္ တိုးတက္မႈမ်ားမရွိခဲ့သည့္အျပင္ ယခင္က ရင္းႏွီးတည္ေဆာက္သူအျဖစ္ ေ႐ြးခ်ယ္တာဝန္ေပးအပ္ခဲ့သည့္ အီတာလ်ံ-ထိုင္း ကုမၸဏီႏွင့္ လုပ္ငန္းဆက္လက္လုပ္ေဆာင္ျခင္းမရွိေတာ့သည့္အတြက္ ရင္းႏွီးတည္ ေဆာက္သူ အသစ္ထပ္မံ ဖိတ္ေခၚႏိုင္ေရး ႏိုင္ငံတကာ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။

အထူးစီးပြားေရးဇုန္မ်ား ျမန္ျမန္ဆန္ဆန္ ဖြံ႕ၿဖိဳးတိုးတက္လာမွသာ ႏိုင္ငံ၏စီးပြား ေရး ဖြံ႕ၿဖိဳးတိုးတက္လာမည္ျဖစ္ၿပီး ေဒသခံျပည္သူမ်ားအတြက္ အလုပ္အကိုင္အ ခြင့္အလမ္းမ်ားႏွင့္ လူေနမႈအဆင့္အတန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္မႈ ရရွိလာမည္ ျဖစ္ သည္။

Picture

Ko Moe

13/10/2022 17:37

Foreign Investment များ အနေနဲ့ မြန်မာနိုင်ငံ၏ အရေးကြီးသောဥပဒေတွေကို မသိမတာ ချိူးဖေါက်မိရင်တောင် အပြစ်ကြီးကြောင်း သိစေရန်အတွက် ဥပဒေအသစ်တစ်ခု ချမှတ်ကြရမည် ဖြစ်ပါတယ်။

Picture

nm fh

13/10/2022 23:05

good

Related news

© 2021. All rights reserved.