Harry Potter ရုပ်ရှင်စီးရီးမှ ပရိသတ်အားလုံးရဲ့အချစ်တော် ဟက်ဂရစ် ကွယ်လွန်

882

ရောင်နီ (NP News) - အောက်တိုဘာ ၁၅
Harry Potter ရုပ်ရှင်စီးရီးမှာ ပရိသတ်ရဲ့ အချစ်တော် လူသန်ကြီး ဟက်ဂရစ်အဖြစ် ပြောင်မြောက်စွာ သရုပ်ဆောင်ခဲ့တဲ့ စကော့တလန်မင်းသားကြီး ရောလီကောလ်ထရိန်းဟာ သောကြာနေ့ (အောက်တိုဘာ ၁၄ ရက်)က ကွယ်လွန်သွားခဲ့ကြောင်း ၎င်းရဲ့ အေးဂျင့်က ပြောကြားခဲ့ပါတယ်။
၎င်းဟာကွယ်လွန်ချိန်မှာ အသက် ၇၂ နှစ် အရွယ်ရှိပြီဖြစ်ပါတယ်။
ကောလ်ထရိန်းကို ၁၉၅ဝ ခုနှစ်၊ မတ်လ ၃ဝ ရက်မှာ တောင်ပိုင်း လာနက်ခ်ရှီရီ၊ ရူသန်ဂမ်မှာမွေးဖွားခဲ့ပြီး The Comic Strip Presents " anthology စီးရီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ကာ ထူးချွန်ပြောင်မြောက်သော ရုပ်ပြသရုပ်ဆောင် လောကကို ရောက်ရှိခဲ့ပါတယ်။ ကောလ်ထရိန်းဟာ ဆယ်စုနှစ်လေးစုကျော်ကြာ သရုပ်ဆောင်အဖြစ် အသက်မွေးဝမ်းကြောင်းခဲ့ပြီး James Bond ဇာတ်ကားများဖြစ်တဲ့ "GoldenEye" နဲ့ "The World Is Not Enough" မှာ ပါဝင်သရုပ်ဆောင်ခဲ့သလို ၁၉၉ဝ ပြည့်နှစ် ရုပ်ရှင်များဖြစ်တဲ့ ဗြိတိန်တီဗီစီးရီး "Cracker"မှာလည်း ရာဇဝတ်မှုဆိုင်ရာ စိတ်ပညာရှင် ဒေါက်တာ အက်ဝေါ့ဖစ်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
Harry Potter စာရေးဆရာမ J.K. Rowling က "သူဟာ မယုံနိုင်လောက်စရာ အ ရည်အချင်းရှိသူပါ၊ ပြီးပြည့်စုံသူတစ်ယောက်ပါ၊ သူ့ကို သိခွင့်ရပြီး အတူတူ အလုပ်လုပ်ခွင့်ရတာ ကံကောင်းလွန်းပါတယ်"လို့ တွစ်တာမှာ ချီးကျူးစကား ဆိုခဲ့ပါတယ်။
Harry Potter မင်းသား ဒယ်နီရယ်ရက်ကလစ်ဖ်ကလည်း " ကောလ်ထရန်းကို စတွေ့တုန်းက သူဟာ အသက် ၃၃ နှစ်ပဲ ရှိပါသေးတယ်၊ ကျွန်တော်တွေ့ဖူးတဲ့ ရယ်မောစရာ အကောင်းဆုံးလူတွေထဲက တစ်ယောက်ပါပဲ" လို့ ဆိုခဲ့ပါတယ်။
ကောလ်ထရိန်း (သို့မဟုတ်) ရူဘက်ဟက်ဂရစ်ဟာ Harry Potter ရုပ်ရှင်စီးရီးမှာ ဟော့ဝေါ့ရဲ့ သော့များနဲ့ ဥယျာဉ်မြေပြင်များကို စောင့်ရှောက်သူဖြစ်ပြီး အဓိက ဇာတ်ကောင်တစ်ဦးလည်း ဖြစ်ပါတယ်။ ကောလ်ထရိန်းရဲ့အေးဂျင့် ဘီလင်ဒါဝိတ် က ကောလ်ထရိန်းကို "ထူးခြားသောစွမ်းရည်" ရှိသူလို့ ခေါ်ဆိုခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရှိ ကလေးများအတွက် ပျော်ရွှင်မှုယူဆောင်လာသူ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ "အံ့သြစရာကောင်းတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်သလို အလုပ်လုပ်ရာမှာလည်း ထက်ထက်မြက်မြက်ရှိတာကြောင့် သူ့ရဲ့အေးဂျင့်အဖြစ် နှစ်၄ဝ ကြာ အလုပ်လုပ်ခဲ့ရတာ ဂုဏ်ယူမိပါတယ်၊ အခုတော့ လွမ်းဆွတ်နေမိတော့မှာပါ" လို့ ပြောကြားခဲ့ပါတယ်။

zawgyi version
Harry Potter ႐ုပ္ရွင္စီးရီးမွ ပရိသတ္အားလုံးရဲ႕အခ်စ္ေတာ္ ဟက္ဂရစ္ ကြယ္လြန္
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၅
Harry Potter ႐ုပ္ရွင္စီးရီးမွာ ပရိသတ္ရဲ႕ အခ်စ္ေတာ္ လူသန္ႀကီး ဟက္ဂရစ္အျဖစ္ ေျပာင္ေျမာက္စြာ သ႐ုပ္ေဆာင္ခဲ့တဲ့ စေကာ့တလန္မင္းသားႀကီး ေရာလီေကာလ္ထရိန္းဟာ ေသာၾကာေန႔ (ေအာက္တိုဘာ ၁၄ ရက္)က ကြယ္လြန္သြားခဲ့ေၾကာင္း ၎ရဲ႕ ေအးဂ်င့္က ေျပာၾကားခဲ့ပါတယ္။
၎ဟာကြယ္လြန္ခ်ိန္မွာ အသက္ ၇၂ ႏွစ္ အ႐ြယ္ရွိၿပီျဖစ္ပါတယ္။
ေကာလ္ထရိန္းကို ၁၉၅ဝ ခုႏွစ္၊ မတ္လ ၃ဝ ရက္မွာ ေတာင္ပိုင္း လာနက္ခ္ရွီရီ၊ ႐ူသန္ဂမ္မွာေမြးဖြားခဲ့ၿပီး The Comic Strip Presents " anthology စီးရီးမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ကာ ထူးခြၽန္ေျပာင္ေျမာက္ေသာ ႐ုပ္ျပသ႐ုပ္ေဆာင္ ေလာကကို ေရာက္ရွိခဲ့ပါတယ္။ ေကာလ္ထရိန္းဟာ ဆယ္စုႏွစ္ေလးစုေက်ာ္ၾကာ သ႐ုပ္ေဆာင္အျဖစ္ အသက္ေမြးဝမ္းေၾကာင္းခဲ့ၿပီး James Bond ဇာတ္ကားမ်ားျဖစ္တဲ့ "GoldenEye" နဲ႔ "The World Is Not Enough" မွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့သလို ၁၉၉ဝ ျပည့္ႏွစ္ ႐ုပ္ရွင္မ်ားျဖစ္တဲ့ ၿဗိတိန္တီဗီစီးရီး "Cracker"မွာလည္း ရာဇဝတ္မႈဆိုင္ရာ စိတ္ပညာရွင္ ေဒါက္တာ အက္ေဝါ့ဖစ္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။
Harry Potter စာေရးဆရာမ J.K. Rowling က "သူဟာ မယုံႏိုင္ေလာက္စရာ အ ရည္အခ်င္းရွိသူပါ၊ ၿပီးျပည့္စုံသူတစ္ေယာက္ပါ၊ သူ႔ကို သိခြင့္ရၿပီး အတူတူ အလုပ္လုပ္ခြင့္ရတာ ကံေကာင္းလြန္းပါတယ္"လို႔ တြစ္တာမွာ ခ်ီးက်ဴးစကား ဆိုခဲ့ပါတယ္။
Harry Potter မင္းသား ဒယ္နီရယ္ရက္ကလစ္ဖ္ကလည္း " ေကာလ္ထရန္းကို စေတြ႕တုန္းက သူဟာ အသက္ ၃၃ ႏွစ္ပဲ ရွိပါေသးတယ္၊ ကြၽန္ေတာ္ေတြ႕ဖူးတဲ့ ရယ္ေမာစရာ အေကာင္းဆုံးလူေတြထဲက တစ္ေယာက္ပါပဲ" လို႔ ဆိုခဲ့ပါတယ္။
ေကာလ္ထရိန္း (သို႔မဟုတ္) ႐ူဘက္ဟက္ဂရစ္ဟာ Harry Potter ႐ုပ္ရွင္စီးရီးမွာ ေဟာ့ေဝါ့ရဲ႕ ေသာ့မ်ားနဲ႔ ဥယ်ာဥ္ေျမျပင္မ်ားကို ေစာင့္ေရွာက္သူျဖစ္ၿပီး အဓိက ဇာတ္ေကာင္တစ္ဦးလည္း ျဖစ္ပါတယ္။ ေကာလ္ထရိန္းရဲ႕ေအးဂ်င့္ ဘီလင္ဒါဝိတ္ က ေကာလ္ထရိန္းကို "ထူးျခားေသာစြမ္းရည္" ရွိသူလို႔ ေခၚဆိုခဲ့ၿပီး ကမာၻတစ္ဝွမ္းရွိ ကေလးမ်ားအတြက္ ေပ်ာ္႐ႊင္မႈယူေဆာင္လာသူ ျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ "အံ့ၾသစရာေကာင္းတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္သလို အလုပ္လုပ္ရာမွာလည္း ထက္ထက္ျမက္ျမက္ရွိတာေၾကာင့္ သူ႔ရဲ႕ေအးဂ်င့္အျဖစ္ ႏွစ္၄ဝ ၾကာ အလုပ္လုပ္ခဲ့ရတာ ဂုဏ္ယူမိပါတယ္၊ အခုေတာ့ လြမ္းဆြတ္ေနမိေတာ့မွာပါ" လို႔ ေျပာၾကားခဲ့ပါတယ္။