ဂျပန်တိုက်ခိုက်ရေးသမား ယူရှင်အိုကာမီနဲ့ ရင်ဆိုင်ယှဉ်ပြိုင်ရဖွယ်ရှိနေတဲ့ အောင်လအန်ဆန်

 828

ဂျန်ဇက် (NP News) - အောက်တိုဘာ ၁၇

ONE Championship ချန်ပီယံဟောင်းဖြစ်သလို မြန်မာစပါးအုံးမြွေလို့တင်စားခံရတဲ့ အောင်လအန်ဆန်းဟာ ဂျပန်နာမည်ကျော်တိုက်ခိုက်ရေးသမား ယူရှင်အိုကာမီ နဲ့လာမယ့် နိုဝင်ဘာလအတွင်း ယှဉ်ပြိုင်ထိုးသတ်ရဖွယ်ရှိတယ်လို့ သိရပါတယ်။

ONE Championship အမှုဆောင်အရာရှိချုပ် ချာထရီဆစ်ယော့တောင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဂျပန်သတင်းဌာန ABEMA နဲ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ အောင်လန်အန်ဆန်ပွဲစဉ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။

အောင်လအန်ဆန် နဲ့ အိုကာမီတို့နှစ်ဦးဟာ ၄င်းတို့မျိုးဆက် တိုက်ခိုက်ရေးသမားတွေထဲမှာအကောင်းဆုံးတိုက်ခိုက်ရေးသမားတွေဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံမှာ နိုဝင်ဘာ ၁၉ ရက်နေ့အတွင်း ယှဉ်ပြိုင်မယ့် ONE 163: ပွဲစဉ်အတွင်း အောင်လအန်ဆန် နဲ့ ယူရှင်အိုကာမီတို့ ပွဲစဉ်ကို ထည့်သွင်းကျင်းပသွားဖွယ်ရှိနေကြောင်း ဆိုပါတယ်။ အောင်လအန်ဆန် နဲ့ ယူရှင်အိုကာမီတို့ နှစ်ဦးစလုံးကိုယ်တိုင်လည်း ထိပ်တိုက်ရင်ဆိုင်ဖို့ လိုလားနေကြတယ်လို့ သိရပါတယ်။

ONE Championship အမှုဆောင်အရာရှိချုပ် က "ကျွန်တော်တို့ဟာ အောင်လအန်ဆန် နဲ့ ယူရှင်အိုကာမီတို့ တွဲဆိုင်းကိုစီစဉ်ပေးဖို့ ဆုံးဖြတ်လိုက်ချိန်မှာ အဲဒီပွဲစဉ်က နှစ်ဦးစလုံးအတွက်လွယ်ကူတဲ့ ပွဲစဉ်ဖြစ်လာစေမှာပါ။ အောင်လအန်ဆန် နဲ့ ယူရှင်အိုကာမီတို့နှစ်ဦးစလုံးဟာထိပ်တိုက်ရင်ဆိုင်ဖို့ လိုလားနေသူများဖြစ်တယ်။ အောင်လအန်ဆန် နဲ့ ယူရှင်အိုကာမိတို့ပွဲစဉ်က အလွန်စိတ်ဝင်စားဖွယ်ကောင်းမယ့်ပွဲ ဖြစ်လာမှာပါ။ ဒီပွဲစဉ်ဟာ အနိုင်/အရှုံး အဖြေထွက်မယ့် ပွဲစဉ်မျိုးဖြစ်တယ်။ ကျွန်တော်အမြင်တော့ ယူရှင်အိုကာမီက နပန်းချုပ်ကွက် ပိုမိုကောင်းမွန်မယ်ဆိုတာ ယုံကြည်ပါတယ်" လို့ပြောပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိ ကချင်တိုင်းရင်းသားအောင်လအန်ဆန်ဟာ ONE Championship မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံဖြစ်ဟောင်းတစ်ဦးဖြစ်ပါတယ်။
၄င်းဟာ ၂ဝ၂ဝ ပြည့်နှစ် ONE Championship မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ် ကာကွယ်ပွဲမှာ နယ်သာလန်တိုက်ခိုက်ရေးသမား ဒီရစ်ဒါကို ရှုံးနိမ့်ကာ မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကို စွန့်လွတ်ခဲ့ရသလို ၂ဝ၂၁ ခုနှစ်မှာလည်း လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲအတွက် ဒီရစ်ဒါနဲ့ထပ်မံယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့ပြီး လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်ကို စွန့်လွှတ်ခဲ့ရပါတယ်။

အောင်လအန်ဆန်ဟာ ONE Championship ပွဲစဉ်နောက်ဆုံးလေးပွဲမှာ ဘရာဇီးတိုက်ခိုက်ရေးသမား လီအန်ဒရိုကိုအနိုင်ရခဲ့ပြီး နယ်သာလန်တိုက်ခိုက်ရေးသမား ဒီရစ်ဒါကို နှစ်ကြိမ်ရှုံးနိမ့်ခဲ့သလို ပြိုင်ဘက်ဟောင်း ဗစ်တာလီဘစ်ချ်ဒက်ကို တစ်ကြိမ်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

Zawgyi Version;
ဂ်ပန္တိုက္ခိုက္ေရးသမား ယူရွင္အိုကာမီနဲ႔ ရင္ဆိုင္ယွဥ္ၿပိဳင္ရဖြယ္ရွိေနတဲ့ ေအာင္လအန္ဆန္
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၁၇

ONE Championship ခ်န္ပီယံေဟာင္းျဖစ္သလို ျမန္မာစပါးအုံးေႁမြလို႔တင္စားခံရတဲ့ ေအာင္လအန္ဆန္းဟာ ဂ်ပန္နာမည္ေက်ာ္တိုက္ခိုက္ေရးသမား ယူရွင္အိုကာမီ နဲ႔လာမယ့္ ႏိုဝင္ဘာလအတြင္း ယွဥ္ၿပိဳင္ထိုးသတ္ရဖြယ္ရွိတယ္လို႔ သိရပါတယ္။

ONE Championship အမႈေဆာင္အရာရွိခ်ဳပ္ ခ်ာထရီဆစ္ေယာ့ေတာင္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက ဂ်ပန္သတင္းဌာန ABEMA နဲ႔ျပဳလုပ္တဲ့သတင္းစာရွင္းလင္းပြဲမွာ ေအာင္လန္အန္ဆန္ပြဲစဥ္နဲ႔ပတ္သက္ၿပီး ထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ေအာင္လအန္ဆန္ နဲ႔ အိုကာမီတို႔ႏွစ္ဦးဟာ ၄င္းတို႔မ်ိဳးဆက္ တိုက္ခိုက္ေရးသမားေတြထဲမွာအေကာင္းဆုံးတိုက္ခိုက္ေရးသမားေတြျဖစ္ေၾကာင္း၊ စင္ကာပူႏိုင္ငံမွာ ႏိုဝင္ဘာ ၁၉ ရက္ေန႔အတြင္း ယွဥ္ၿပိဳင္မယ့္ ONE 163: ပြဲစဥ္အတြင္း ေအာင္လအန္ဆန္ နဲ႔ ယူရွင္အိုကာမီတို႔ ပြဲစဥ္ကို ထည့္သြင္းက်င္းပသြားဖြယ္ရွိေနေၾကာင္း ဆိုပါတယ္။ ေအာင္လအန္ဆန္ နဲ႔ ယူရွင္အိုကာမီတို႔ ႏွစ္ဦးစလုံးကိုယ္တိုင္လည္း ထိပ္တိုက္ရင္ဆိုင္ဖို႔ လိုလားေနၾကတယ္လို႔ သိရပါတယ္။

ONE Championship အမႈေဆာင္အရာရွိခ်ဳပ္ က "ကြၽန္ေတာ္တို႔ဟာ ေအာင္လအန္ဆန္ နဲ႔ ယူရွင္အိုကာမီတို႔ တြဲဆိုင္းကိုစီစဥ္ေပးဖို႔ ဆုံးျဖတ္လိုက္ခ်ိန္မွာ အဲဒီပြဲစဥ္က ႏွစ္ဦးစလုံးအတြက္လြယ္ကူတဲ့ ပြဲစဥ္ျဖစ္လာေစမွာပါ။ ေအာင္လအန္ဆန္ နဲ႔ ယူရွင္အိုကာမီတို႔ႏွစ္ဦးစလုံးဟာထိပ္တိုက္ရင္ဆိုင္ဖို႔ လိုလားေနသူမ်ားျဖစ္တယ္။ ေအာင္လအန္ဆန္ နဲ႔ ယူရွင္အိုကာမိတို႔ပြဲစဥ္က အလြန္စိတ္ဝင္စားဖြယ္ေကာင္းမယ့္ပြဲ ျဖစ္လာမွာပါ။ ဒီပြဲစဥ္ဟာ အႏိုင္/အရႈံး အေျဖထြက္မယ့္ ပြဲစဥ္မ်ိဳးျဖစ္တယ္။ ကြၽန္ေတာ္အျမင္ေတာ့ ယူရွင္အိုကာမီက နပန္းခ်ဳပ္ကြက္ ပိုမိုေကာင္းမြန္မယ္ဆိုတာ ယုံၾကည္ပါတယ္" လို႔ေျပာပါတယ္။

အသက္ ၃၇ ႏွစ္အ႐ြယ္ရွိ ကခ်င္တိုင္းရင္းသားေအာင္လအန္ဆန္ဟာ ONE Championship မစ္ဒယ္ဝိတ္တန္းနဲ႔ လိုက္ဟဲဗီးဝိတ္တန္းခ်န္ပီယံျဖစ္ေဟာင္းတစ္ဦးျဖစ္ပါတယ္။
၄င္းဟာ ၂ဝ၂ဝ ျပည့္ႏွစ္ ONE Championship မစ္ဒယ္ဝိတ္တန္း ခ်န္ပီယံခါးပတ္ ကာကြယ္ပြဲမွာ နယ္သာလန္တိုက္ခိုက္ေရးသမား ဒီရစ္ဒါကို ရႈံးနိမ့္ကာ မစ္ဒယ္ဝိတ္တန္းခ်န္ပီယံခါးပတ္ကို စြန႔္လြတ္ခဲ့ရသလို ၂ဝ၂၁ ခုႏွစ္မွာလည္း လိုက္ဟဲဗီးဝိတ္တန္း ခ်န္ပီယံခါးပတ္ကာကြယ္ပြဲအတြက္ ဒီရစ္ဒါနဲ႔ထပ္မံယွဥ္ၿပိဳင္ခဲ့ရာ ရႈံးနိမ့္ခဲ့ၿပီး လိုက္ဟဲဗီးဝိတ္တန္း ခ်န္ပီယံခါးပတ္ကို စြန႔္လႊတ္ခဲ့ရပါတယ္။

ေအာင္လအန္ဆန္ဟာ ONE Championship ပြဲစဥ္ေနာက္ဆုံးေလးပြဲမွာ ဘရာဇီးတိုက္ခိုက္ေရးသမား လီအန္ဒ႐ိုကိုအႏိုင္ရခဲ့ၿပီး နယ္သာလန္တိုက္ခိုက္ေရးသမား ဒီရစ္ဒါကို ႏွစ္ႀကိမ္ရႈံးနိမ့္ခဲ့သလို ၿပိဳင္ဘက္ေဟာင္း ဗစ္တာလီဘစ္ခ်္ဒက္ကို တစ္ႀကိမ္ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

Picture

pyin nyar

17/10/2022 20:44

မြန်မာနိုင်ငံသားမဟုတ်​သော ကချင် အ​မေရိကန်အခွန်​ဆောင်အ​မေရိကန်လက်​အောက်ခံ လုံးဝလုံးဝ အားမ​ပေး​တော့

Related news

© 2021. All rights reserved.