"နျူကလီးယားစစ်ကြီး တကယ်ဖြစ်နိုင်လား၊ ယူကရိန်းစစ်၊ မြန်မာနှင့် ကမ္ဘာအရပ်ရပ် သွေးချောင်းစီးပဋိပက္ခများ ချုပ်ငြိမ်းစေလိုလျှင်" (ဆောင်းပါး)

 1854

Htay Oung (NP News) - အောက်တိုဘာ ၁၈

၁၉၆၂ ခုနှစ် ကျူးဘားနိုင်ငံ ဒုံးကျည်ပစ်စင်များ တည်ဆောက်နေရာမှာ ရုရှားကျွမ်း ကျင်သူ စစ်အကြံပေးများ ပါဝင်နေကြောင်း အမေရိကန် ယူ-တူး ထောက်လှမ်းရေးလေယာဉ်များက ဓါတ်ပုံရိုက်ကူးယူနိုင်ခဲ့ပါတယ်။

ဘာကြောင့် ထောက်လှမ်းရေးလေယာဉ်တွေကို အားကိုးရသလဲဆိုတော့ ၁၉၅၉ ခုနှစ် ဘာတစ္စတာ အစိုးရပြုတ်ကျပြီးနောက် ဖီဒယ်ကတ်စ်ထရိုတို့ အာဏာရလာခဲ့တဲ့ ကျူးဘားကျွန်းမှာ CIA သူလျှိုတွေဟာ သေသူသေ အဖမ်းခံရသူခံရနဲ့ တစ်ယောက်မှ မကျန်တော့လို့ ဖြစ်ပါတယ်။

အရှေ့-အနောက် စစ်အေးတိုက်ပွဲ အပြင်းထန်ဆုံးအချိန် အမေရိကန်နဲ့ ပင်လယ် အော်တစ်ခုသာ ကွာဝေးတဲ့ ကျူးဘားကျွန်းမှာ ရုရှားက ဒုံးကျည်ပစ်စင်များတည် ဆောက်လာခြင်းဟာ ဝါရှင်တန်အပေါ် စစ်ပြုဖို့ ခြေလှမ်းဖြစ်ကြောင်း၊ ကျူးဘားကျွန်းကို ဦးတည်လာတဲ့ မည်သည့် ရုရှားသင်္ဘောကိုမဆို အမေရိကန်ရေတပ်က ကြားဖြတ် ဟန့်တားပြီး တက်ရောက်ရှာဖွေမှုများ ပြုလုပ်ဖို့ သမ္မတကနေဒီက အမိန့်ထုတ်လိုက်ပါတယ်။

မော်စကိုကို ချိန်ရွယ်နိုင်တဲ့ ဒုံးပျံတွေကို အီတလီနဲ့ တူရကီမှာ ဝါရှင်တန်က ဖြန့်ကျက်ထားတဲ့အတွက် ကျူးဘားမှာ သူတို့လက်နက်တည်ဆောက်ခြင်းဟာ တရားမျှတကြောင်း ဆိုဗီယက်ယူနီယံ ခေါင်းဆောင် ခရူးရှော့ဗ်က ပြောဆိုပြီး သူ့သင်္ဘောတွေကို ဟန့်တားတဲ့ အပြုအမူမှန်သမျှ စစ်ကြေညာခြင်းအဖြစ် သတ်မှတ်မယ်လို့ တုန့်ပြန်ပါတယ်။

ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်ကြီးပြီးလို့မှ အနှစ် ၂ဝ မပြည့်ခင် ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံအကြား "ကျူးဘားဒုံးကျည် အကျပ်အတည်း" ဖြစ်ပေါ်လာပြီး စစ်အေးတိုက်ပွဲကနေ နျူကလီယာစစ်ပူကြီးအထိ ဦးတည်လာမှာကို တစ်ကမ္ဘာလုံး ရင်တမမ ဖြစ်ခဲ့ရပါတယ်။

အကျပ်အတည်းမှာ ကြားဝင်ဖြေရှင်းပေးသူက အဲ့ဒီ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအ တွင်းရေးမှူး မြန်မာနိုင်ငံသား ဦးသန့်နဲ့ ဗြိတိန်နိုင်ငံသာ ဒဿနပညာရှင် ဘာထရန်ရပ်ဆဲလ်တို့ဖြစ်ပါတယ်။ ကနေဒီနဲ့ ခရူးရှော့ဗ်တို့ အကြိမ်ကြိမ်ဆွေးနွေးပြီးနောက် အမေရိကန်ကလည်း အီတလီ-တူရကီက ဒုံးကျည်တွေ ပြန်ရုတ်သိမ်း၊ ရုရှားကလည်း ကျူးဘားက ဒုံးကျည်ပစ်စင်တွေ ပြန်လှန်ရုတ်သိမ်းပေးဖို့ ဈေးတည့်သွားပြီး "ကျူးဘားဒုံးကျည် အကျပ်အတည်း"ဟာ ၁၃ ရက် အကြာမှာ ပြေလည်သွားခဲ့ပါတယ်။

၂ဝ၁၄ ခုနှစ်မှာ ရုရှားက ခရိုင်းမီးယားကို သိမ်းယူတယ်။ ယခုနှစ် ဖေဖော်ဝါရီလမှာ မော်စကိုက "အထူးစစ်ဆင်ရေး"လို့ အမည်ပေးပြီး ယူကရိန်းနိုင်ငံအတွင်း ရုရှားတပ်များစေလွှတ်တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသနယ်မြေကြီး (၄)ခုကို ရုရှားနဲ့ပေါင်းစည်းကြောင်း ကရင်မလင်က လွန်ခဲ့တဲ့ရက်မှာ ကြေညာလိုက်ပြီး အဲ့ဒီနယ်မြေတွေကို ထိပါးခြင်းဟာ ရုရှားနိုင်ငံအပေါ် ကျူးကျော်ခြင်းဖြစ်တယ်လို့ နျူလက်နက်နဲ့ ခြိမ်းခြောက်နေပါတယ်။

အဲ့ဒီအထိဆို သာမန်အားဖြင့် စဉ်းစားရင် ရုရှားဟာ အတော်လွန်တယ်လို့ ပြောကြမှာ သေချာပါတယ်။ ဒါပေမဲ့ ၁၉၉၁ ခုနှစ် ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက် ယူကရိန်းအပါအဝင် လွတ်လပ်တဲ့သမ္မတနိုင်ငံများဖြစ်သွားကြတဲ့ ယခင် ဆိုရှယ်လစ်တိုင်းပြည်တွေမှာ နေတိုးနဲ့ အမေရိကန်တို့က ဘာတွေလုပ်ခဲ့တယ်။ ၂ဝ၁၄ ခုနှစ် ခရိုင်းမီးယားကို ရုရှားက သိမ်းရလောက်အောင် အဲဒီတိုင်းပြည်တွေနဲ့ ယူကရိန်းမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ဒီနေ့ အနောက်အုပ်စုလက်ဝါးကြီးအုပ်ထားတဲ့ ဘယ် နိုင်ငံတကာမီဒီယာမှ မရေးပြကြပါဘူး။

ကျွန်တော့အမြင်မှာတော့ ၁၉၆၂ ကျူးဘားဒုံးကျည်အရေးအခင်းဖြစ်ရတဲ့ အီတလီ-တူရကီ အမေရိကန်ဒုံးပျံတွေထက် လက်ရှိအကျပ်အတည်းဖြစ်ပေါ်လာရတဲ့ နောက်ခံသမိုင်းကြောင်းက ပိုမိုများပြား ပိုပြီး ဆီလျော်ပါတယ်။

ဇီလန်စကီး ပြုတ်ကျသွားရင် ယူကရိန်းစစ်ပွဲ ချုပ်ငြိမ်းသွားလိမ့်မယ်လို့ မိတ်ဆွေတချို့ရေးတာ ဖတ်ရပါတယ်။

အမှန်တော့ ဒီစစ်ပွဲဟာ ဇီလင်စကီးအပေါ် မူတည်နေခြင်းမရှိပဲ ရုရှားကတစ်ဖက်- အမေရိကန် နေတိုးတို့က တစ်ဖက် အင်အား ပြိုင်ဆိုင်နေကြခြင်းသာဖြစ်ပြီး ယူကရိန်းဟာ Proxy ကိုယ်စားပြုနယ်ရုပ်လေးသာဖြစ်ပါတယ်။

ခုချိန် ပူတင်နဲ့ ဇီလန်စကီးတို့ လက်ဆွဲနှုတ်ဆက်ကြ၊ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဖြစ်ကြမယ်ဆိုရင်တောင် ယူကရိန်းစစ်ပွဲကြီး ပြီးဆုံးသွားစရာ မရှိပါ၊ အမေရိကန်-ဗြိတိန်နဲ့ လက်ရှိဂျာမန်ခေါင်းဆောင်တွေက စစ်ပွဲကို ဆက်လက်ဖန်တီးနေမှာဖြစ်ပြီး စစ်ပွဲမှာ ယူကရိန်းတွေ အသေအကြေတိုက်ကြဖို့ “ဒီမိုကရေစီနဲ့ စစ်နယ်ချဲမှု တားဆီးရေး" ဆိုတာကြီးကို အပြီအပြင် ထည့်သွင်းပေးထားခဲ့ပြီးပါပြီ။

မနေ့(အောက်တိုဘာလ ၁၇ ရက်)ကဆို အမေရိကန်ပါ နေတိုး ၁၄ နိုင်ငံတို့ရဲ့ Steadfast Noon “သံဓိဋ္ဌာန် မွန်းတည့်" လို့ အမည်ပေးထားတဲ့ နျူကလီယာစစ်ရေးလေ့ကျင့်ပွဲကြီး စတင်နေပါပြီ။

ဆိုတော့ကာ ခုချိန် ဦးသန့်နဲ့ ဘာထရန်ရပ်ဆဲလ်တို့ သေရာက ငုတ်တုပ်ပြန်ရှင်လာပြီး ယူကရိန်းစစ် ကြားဝင် စေ့စပ်ရင်တောင် “ဒလန်စွပ်စွဲပြီး ခေါင်းဖြတ်ဖို့" မြှောက် ပင့်ပေးမယ့် မီဒီယာတွေ ကောင်းစားနေကြပါတယ်။

အမေရိကန်နဲ့ ဗြိတိန် ဂျာမနီတို့ဘက်ကကြည့်ရင်လဲ အတော် တွက်ချေကိုက်ပါတယ်။

အနှစ်နှစ်အလလ ရန်သူဖြစ်ခဲ့တဲ့ ရုရှားကို အင်အားချိနဲ့သွားစေဖို့ ကိုယ့်စစ်သားတစ်ယောက်မှ သွေးမြေမကျစေရပဲ ပိုက်ဆံ-လက်နက်ပေးယုံနဲ့ ရနိုင်တာမျိုး ဘယ် လက်လွတ်ခံနိုင်ပါ့မလဲ။ “ဒီမိုကရေစီ၊ လွတ်လပ်ခွင့်၊ အချုပ် အခြာအာဏာနဲ့ နယ် မြေပိုင်ဆိုင်မှု ကာကွယ်ရေး" ခေါင်းစဉ်လှလှလေးမှာ ရုရှားနဲ့ ယူကရိန်းအရွယ် ကောင်းတွေသာမက မိန်းမ-ကလေး-သက်ကြီးရွယ်အို-မသန်စွမ်းသူတွေမှာ စစ်ရဲ့သားကောင်ဖြစ်ရပါလိမ့်မယ်။

စစ်ဆိုတာ နိုင်ငံရေးနည်းနဲ့ အဖြေရှာမရတဲ့အခါ အသုံးပြုတဲ့ နည်းလမ်းဖြစ်ပါတယ်။ ရှုံးသူ မသာပေါ်ပြီး နိုင်သူတွေ အမှန်သတ်မှတ်ခံရတာ သမိုင်းဖြစ်နေခဲ့ပါပြီ။

ယူကရိန်းစစ်ပွဲသာမက မြန်မာနဲ့ ကမ္ဘာအရပ်ရပ် သွေးချောင်းစီး ပဋိက္ခတွေကို ရပ် တန့်ဖို့အတွက် ဘက်လိုက်-သတင်း မှောင်ချ-လိုရာဆွဲရေးတတ်တဲ့ မီဒီယာနာမည်ခံ လုပ်စားတွေ ပျောက်ကွယ်သွားရင်တော့ ဖြစ်နိုင်ပါတယ်။

zawgyi version
"န်ဴကလီးယားစစ္ႀကီး တကယ္ျဖစ္ႏိုင္လား၊ ယူကရိန္းစစ္၊ ျမန္မာႏွင့္ ကမာၻအရပ္ရပ္ ေသြးေခ်ာင္းစီးပဋိပကၡမ်ား ခ်ဳပ္ၿငိမ္းေစလိုလွ်င္" (ေဆာင္းပါး)
Htay Oung (NP News) - ေအာက္တိုဘာ ၁၈

၁၉၆၂ ခုႏွစ္ က်ဴးဘားႏိုင္ငံ ဒုံးက်ည္ပစ္စင္မ်ား တည္ေဆာက္ေနရာမွာ ႐ုရွားကြၽမ္း က်င္သူ စစ္အႀကံေပးမ်ား ပါဝင္ေနေၾကာင္း အေမရိကန္ ယူ-တူး ေထာက္လွမ္းေရးေလယာဥ္မ်ားက ဓါတ္ပုံ႐ိုက္ကူးယူႏိုင္ခဲ့ပါတယ္။

ဘာေၾကာင့္ ေထာက္လွမ္းေရးေလယာဥ္ေတြကို အားကိုးရသလဲဆိုေတာ့ ၁၉၅၉ ခုႏွစ္ ဘာတစၥတာ အစိုးရျပဳတ္က်ၿပီးေနာက္ ဖီဒယ္ကတ္စ္ထ႐ိုတို႔ အာဏာရလာခဲ့တဲ့ က်ဴးဘားကြၽန္းမွာ CIA သူလွ်ိဳေတြဟာ ေသသူေသ အဖမ္းခံရသူခံရနဲ႔ တစ္ေယာက္မွ မက်န္ေတာ့လို႔ ျဖစ္ပါတယ္။

အေရွ႕-အေနာက္ စစ္ေအးတိုက္ပြဲ အျပင္းထန္ဆုံးအခ်ိန္ အေမရိကန္နဲ႔ ပင္လယ္ ေအာ္တစ္ခုသာ ကြာေဝးတဲ့ က်ဴးဘားကြၽန္းမွာ ႐ုရွားက ဒုံးက်ည္ပစ္စင္မ်ားတည္ ေဆာက္လာျခင္းဟာ ဝါရွင္တန္အေပၚ စစ္ျပဳဖို႔ ေျခလွမ္းျဖစ္ေၾကာင္း၊ က်ဴးဘားကြၽန္းကို ဦးတည္လာတဲ့ မည္သည့္ ႐ုရွားသေဘၤာကိုမဆို အေမရိကန္ေရတပ္က ၾကားျဖတ္ ဟန႔္တားၿပီး တက္ေရာက္ရွာေဖြမႈမ်ား ျပဳလုပ္ဖို႔ သမၼတကေနဒီက အမိန႔္ထုတ္လိုက္ပါတယ္။

ေမာ္စကိုကို ခ်ိန္႐ြယ္ႏိုင္တဲ့ ဒုံးပ်ံေတြကို အီတလီနဲ႔ တူရကီမွာ ဝါရွင္တန္က ျဖန႔္က်က္ထားတဲ့အတြက္ က်ဴးဘားမွာ သူတို႔လက္နက္တည္ေဆာက္ျခင္းဟာ တရားမွ်တေၾကာင္း ဆိုဗီယက္ယူနီယံ ေခါင္းေဆာင္ ခ႐ူးေရွာ့ဗ္က ေျပာဆိုၿပီး သူ႔သေဘၤာေတြကို ဟန႔္တားတဲ့ အျပဳအမူမွန္သမွ် စစ္ေၾကညာျခင္းအျဖစ္ သတ္မွတ္မယ္လို႔ တုန႔္ျပန္ပါတယ္။

ဒီလိုနဲ႔ ဒုတိယကမာၻစစ္ႀကီးၿပီးလို႔မွ အႏွစ္ ၂ဝ မျပည့္ခင္ ကမာၻ႔အင္အားႀကီးႏွစ္ႏိုင္ငံအၾကား "က်ဴးဘားဒုံးက်ည္ အက်ပ္အတည္း" ျဖစ္ေပၚလာၿပီး စစ္ေအးတိုက္ပြဲကေန န်ဴကလီယာစစ္ပူႀကီးအထိ ဦးတည္လာမွာကို တစ္ကမာၻလုံး ရင္တမမ ျဖစ္ခဲ့ရပါတယ္။

အက်ပ္အတည္းမွာ ၾကားဝင္ေျဖရွင္းေပးသူက အဲ့ဒီ ကမာၻ႔ကုလသမဂၢအေထြေထြအ တြင္းေရးမႉး ျမန္မာႏိုင္ငံသား ဦးသန႔္နဲ႔ ၿဗိတိန္ႏိုင္ငံသာ ဒႆနပညာရွင္ ဘာထရန္ရပ္ဆဲလ္တို႔ျဖစ္ပါတယ္။ ကေနဒီနဲ႔ ခ႐ူးေရွာ့ဗ္တို႔ အႀကိမ္ႀကိမ္ေဆြးေႏြးၿပီးေနာက္ အေမရိကန္ကလည္း အီတလီ-တူရကီက ဒုံးက်ည္ေတြ ျပန္႐ုတ္သိမ္း၊ ႐ုရွားကလည္း က်ဴးဘားက ဒုံးက်ည္ပစ္စင္ေတြ ျပန္လွန္႐ုတ္သိမ္းေပးဖို႔ ေဈးတည့္သြားၿပီး "က်ဴးဘားဒုံးက်ည္ အက်ပ္အတည္း"ဟာ ၁၃ ရက္ အၾကာမွာ ေျပလည္သြားခဲ့ပါတယ္။

၂ဝ၁၄ ခုႏွစ္မွာ ႐ုရွားက ခ႐ိုင္းမီးယားကို သိမ္းယူတယ္။ ယခုႏွစ္ ေဖေဖာ္ဝါရီလမွာ ေမာ္စကိုက "အထူးစစ္ဆင္ေရး"လို႔ အမည္ေပးၿပီး ယူကရိန္းႏိုင္ငံအတြင္း ႐ုရွားတပ္မ်ားေစလႊတ္တိုက္ခိုက္ခဲ့ပါတယ္။ ယူကရိန္းအေရွ႕ပိုင္း ဒြန္ဘတ္စ္ေဒသနယ္ေျမႀကီး (၄)ခုကို ႐ုရွားနဲ႔ေပါင္းစည္းေၾကာင္း ကရင္မလင္က လြန္ခဲ့တဲ့ရက္မွာ ေၾကညာလိုက္ၿပီး အဲ့ဒီနယ္ေျမေတြကို ထိပါးျခင္းဟာ ႐ုရွားႏိုင္ငံအေပၚ က်ဴးေက်ာ္ျခင္းျဖစ္တယ္လို႔ န်ဴလက္နက္နဲ႔ ၿခိမ္းေျခာက္ေနပါတယ္။

အဲ့ဒီအထိဆို သာမန္အားျဖင့္ စဥ္းစားရင္ ႐ုရွားဟာ အေတာ္လြန္တယ္လို႔ ေျပာၾကမွာ ေသခ်ာပါတယ္။ ဒါေပမဲ့ ၁၉၉၁ ခုႏွစ္ ဆိုဗီယက္ယူနီယံၿပိဳကြဲၿပီးေနာက္ ယူကရိန္းအပါအဝင္ လြတ္လပ္တဲ့သမၼတႏိုင္ငံမ်ားျဖစ္သြားၾကတဲ့ ယခင္ ဆိုရွယ္လစ္တိုင္းျပည္ေတြမွာ ေနတိုးနဲ႔ အေမရိကန္တို႔က ဘာေတြလုပ္ခဲ့တယ္။ ၂ဝ၁၄ ခုႏွစ္ ခ႐ိုင္းမီးယားကို ႐ုရွားက သိမ္းရေလာက္ေအာင္ အဲဒီတိုင္းျပည္ေတြနဲ႔ ယူကရိန္းမွာ ဘာေတြျဖစ္ခဲ့တယ္ဆိုတာ ဒီေန႔ အေနာက္အုပ္စုလက္ဝါးႀကီးအုပ္ထားတဲ့ ဘယ္ ႏိုင္ငံတကာမီဒီယာမွ မေရးျပၾကပါဘူး။

ကြၽန္ေတာ့အျမင္မွာေတာ့ ၁၉၆၂ က်ဴးဘားဒုံးက်ည္အေရးအခင္းျဖစ္ရတဲ့ အီတလီ-တူရကီ အေမရိကန္ဒုံးပ်ံေတြထက္ လက္ရွိအက်ပ္အတည္းျဖစ္ေပၚလာရတဲ့ ေနာက္ခံသမိုင္းေၾကာင္းက ပိုမိုမ်ားျပား ပိုၿပီး ဆီေလ်ာ္ပါတယ္။

ဇီလန္စကီး ျပဳတ္က်သြားရင္ ယူကရိန္းစစ္ပြဲ ခ်ဳပ္ၿငိမ္းသြားလိမ့္မယ္လို႔ မိတ္ေဆြတခ်ိဳ႕ေရးတာ ဖတ္ရပါတယ္။

အမွန္ေတာ့ ဒီစစ္ပြဲဟာ ဇီလင္စကီးအေပၚ မူတည္ေနျခင္းမရွိပဲ ႐ုရွားကတစ္ဖက္- အေမရိကန္ ေနတိုးတို႔က တစ္ဖက္ အင္အား ၿပိဳင္ဆိုင္ေနၾကျခင္းသာျဖစ္ၿပီး ယူကရိန္းဟာ Proxy ကိုယ္စားျပဳနယ္႐ုပ္ေလးသာျဖစ္ပါတယ္။

ခုခ်ိန္ ပူတင္နဲ႔ ဇီလန္စကီးတို႔ လက္ဆြဲႏႈတ္ဆက္ၾက၊ ၿငိမ္းခ်မ္းေရးစာခ်ဳပ္ ခ်ဳပ္ျဖစ္ၾကမယ္ဆိုရင္ေတာင္ ယူကရိန္းစစ္ပြဲႀကီး ၿပီးဆုံးသြားစရာ မရွိပါ၊ အေမရိကန္-ၿဗိတိန္နဲ႔ လက္ရွိဂ်ာမန္ေခါင္းေဆာင္ေတြက စစ္ပြဲကို ဆက္လက္ဖန္တီးေနမွာျဖစ္ၿပီး စစ္ပြဲမွာ ယူကရိန္းေတြ အေသအေၾကတိုက္ၾကဖို႔ “ဒီမိုကေရစီနဲ႔ စစ္နယ္ခ်ဲမႈ တားဆီးေရး" ဆိုတာႀကီးကို အၿပီအျပင္ ထည့္သြင္းေပးထားခဲ့ၿပီးပါၿပီ။

မေန႔(ေအာက္တိုဘာလ ၁၇ ရက္)ကဆို အေမရိကန္ပါ ေနတိုး ၁၄ ႏိုင္ငံတို႔ရဲ႕ Steadfast Noon “သံဓိ႒ာန္ မြန္းတည့္" လို႔ အမည္ေပးထားတဲ့ န်ဴကလီယာစစ္ေရးေလ့က်င့္ပြဲႀကီး စတင္ေနပါၿပီ။

ဆိုေတာ့ကာ ခုခ်ိန္ ဦးသန႔္နဲ႔ ဘာထရန္ရပ္ဆဲလ္တို႔ ေသရာက ငုတ္တုပ္ျပန္ရွင္လာၿပီး ယူကရိန္းစစ္ ၾကားဝင္ ေစ့စပ္ရင္ေတာင္ “ဒလန္စြပ္စြဲၿပီး ေခါင္းျဖတ္ဖို႔" ေျမႇာက္ ပင့္ေပးမယ့္ မီဒီယာေတြ ေကာင္းစားေနၾကပါတယ္။

အေမရိကန္နဲ႔ ၿဗိတိန္ ဂ်ာမနီတို႔ဘက္ကၾကည့္ရင္လဲ အေတာ္ တြက္ေခ်ကိုက္ပါတယ္။

အႏွစ္ႏွစ္အလလ ရန္သူျဖစ္ခဲ့တဲ့ ႐ုရွားကို အင္အားခ်ိနဲ႔သြားေစဖို႔ ကိုယ့္စစ္သားတစ္ေယာက္မွ ေသြးေျမမက်ေစရပဲ ပိုက္ဆံ-လက္နက္ေပးယုံနဲ႔ ရႏိုင္တာမ်ိဳး ဘယ္ လက္လြတ္ခံႏိုင္ပါ့မလဲ။ “ဒီမိုကေရစီ၊ လြတ္လပ္ခြင့္၊ အခ်ဳပ္ အျခာအာဏာနဲ႔ နယ္ ေျမပိုင္ဆိုင္မႈ ကာကြယ္ေရး" ေခါင္းစဥ္လွလွေလးမွာ ႐ုရွားနဲ႔ ယူကရိန္းအ႐ြယ္ ေကာင္းေတြသာမက မိန္းမ-ကေလး-သက္ႀကီး႐ြယ္အို-မသန္စြမ္းသူေတြမွာ စစ္ရဲ႕သားေကာင္ျဖစ္ရပါလိမ့္မယ္။

စစ္ဆိုတာ ႏိုင္ငံေရးနည္းနဲ႔ အေျဖရွာမရတဲ့အခါ အသုံးျပဳတဲ့ နည္းလမ္းျဖစ္ပါတယ္။ ရႈံးသူ မသာေပၚၿပီး ႏိုင္သူေတြ အမွန္သတ္မွတ္ခံရတာ သမိုင္းျဖစ္ေနခဲ့ပါၿပီ။

ယူကရိန္းစစ္ပြဲသာမက ျမန္မာနဲ႔ ကမာၻအရပ္ရပ္ ေသြးေခ်ာင္းစီး ပဋိကၡေတြကို ရပ္ တန႔္ဖို႔အတြက္ ဘက္လိုက္-သတင္း ေမွာင္ခ်-လိုရာဆြဲေရးတတ္တဲ့ မီဒီယာနာမည္ခံ လုပ္စားေတြ ေပ်ာက္ကြယ္သြားရင္ေတာ့ ျဖစ္ႏိုင္ပါတယ္။

Picture

Nay Tawe

18/10/2022 11:29

မွန္ပါတယ္ႏႉစစ္ျဖစ္ဖိ့ိ80%

Picture

L Mone

18/10/2022 14:52

စစ်သတင်းဆို လူတွေကဘအရမ်းကြည့်ချင်ကြတယ်။အရမ်းလည်း စိတ်ဝင်စားကြပါတယ်။ဘောလုံးပွဲထက် စိတ်ဝင်စားနေကြတဲ့ ခောတ်ဆိုတာ သေချာတော့နေပါပြီ။အမိမြေက ‌‌ပြည်ထောင်စုသားတွေဟာသတင်းလိမ် သတင်းမှားတွေကြားမှာ ခွက်ခွက်လန်အောင်သောက်ပြီး ခွက်ခွက်လန်အောင်မိုက် ကာ ခွက်ခွက်လန်အောင် သေကြေနေကြရတော့ပါ၏။စာဖတ်တယ်ဆိုတာ အဖက်ဖက်က မျက်နှာစာတွေဆီကနေ လာနေတဲ့ အမြင်တွေကို မြင်နိုင်အောင်ကြည့်ကြသင့်ပါ၏။

Related news

© 2021. All rights reserved.