စီးပွားရေးအစီအစဉ် အမှားများအတွက် ဗြိတိန်ဝန်ကြီးချုပ်အသစ် ပြန်လည်တောင်းပန်

 473

ဂျန်ဇက် (NP News) – အောက်တိုဘာ ၁၈

ဗြိတိန်ဝန်ကြီးချုပ်အသစ် လစ်ထရက်ဟာ ဗြိတိန်နိုင်ငံအတွင်းရင်းနှီးမြှုပ်နှံသူတွေရဲ့ယုံကြည်မှုများကို ထိခိုက် စေခဲ့တဲ့ သူမရဲ့စီးပွားရေးအစီအစဉ်များ အမှားအယွင်းဖြစ်ခဲ့ခြင်းများအပေါ် ပြန်လည်တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။

လစ်ထရက်ဟာ ဗြိတိန်ဝန်ကြီးချုပ်အသစ်အဖြစ် တာဝန်ယူပြီးနောက် နိုင်ငံ့စီးပွားရေးနဲ့ပတ်သက်ပြီး အစီအစဉ် အသစ်များချမှတ်ခဲ့ရာ ဝေဖန်ပြစ်တင်မှုများရင်ဆိုင်ခဲ့ရပြီး ရာထူးမှ နှုတ်ထွက်ဖို့ တောင်းဆိုမှုများလည်းရှိနေခဲ့ပါ တယ်။

အမေရိကန်သမ္မတဂျိုဘိုင်ဒန်က ဗြိတိန်ုနိုင်ငံသုံး ပေါင်ငွေ တန်ဖိုး ကျဆင်းခြင်းဟာ ဗြိတိန်ဝန်ကြီးချုပ်အသစ် လစ်ထရက်ရဲ့စီးပွားရေးအစီအစဉ်တွေရဲ့ အမှားအယွင်းများကြောင့်ဖြစ်တယ်လို့ မကြာသေးမီက ဝေဖန်ခဲ့ဖူး ပါတယ်။ လစ်ထရက်ဟာ နိုင်ငံ စီးပွားရေးကျဆင်းများကြောင့် ရာထူးက နှုတ်ထွက်ပေးဖို့ တောင်းဆိုခံရပေမယ့် လက်ရှိအချိန်မှာတော့ ရာထူးကနေ နှုတ်ထွက်မှာမဟုတ်ကြောင်း ဆိုခဲ့ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်အသစ်က "ကျွန်မ လုပ်ခဲ့တဲ့ စီးပွားရေးအစီစဉ်များနဲ့ပတ်သက်ပြီး မှားယွင်းခဲ့တဲ့အပေါ် တောင်းပန်ပါတယ်။ အဲဒီအမှားတွေအတွက်လည်း တာဝန်ယူခြင်း၊ တာဝန်ခံခြင်းများရှိဖို့ လက်ခံသွားမှာပါ။ ကျွန်မဟာ နိုင်ငံ့ စီးပွားရေးကျဆင်းခြင်းများ ပြန်လည်တိုးတက်စေဖို့ လုပ်ဆောင်စရာရှိတာ လုပ်ဆောင်သွားမှာပါ။ အခွန်တိုးမြှင့်ကောက်ခံခြင်းတွေ၊ စွမ်းအင်စရိတ်ကြီးမြင့်တွေနဲ့ပတ်သက်ပြီး ပြည်သူတွေကို အကူအညီပေးနိုင် အောင် လုပ်ဆောင်မှာပါ" လို့ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဗြိတိန်ဘဏ္ဍာရေးဝန်ကြီးအသစ်အဖြစ် ခန့်အပ်ခံရတဲ့ ဂျရေမီ ဟန့်ဟာ ဗြိတိန်နိုင်ငံအတွင်း စွမ်းအင် နဲ့ပတ်သက်ပြီး ကူညီပံ့ပိုးပေးမှုအစီစဉ်အများအပါအဝင် အခွန်လျော့ကျကောက်ခံမယ့် ကျန်ရှိတဲ့ အစီအစဉ်များကို စွန့်ပယ်ခဲ့ကြောင်းသိရပါတယ်။ ဗြိတိန်နိုင်ငံမှာ စွမ်းအင်စျေးနှုန်းမြင့်တက်မှုများကြောင့် ရှင်သန် နေထိုင်မှုစရိတ်များမြင့်တက်လာခဲ့ရာ ပြည်သူတွေဟာ အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုတွေ မကြာခဏလုပ်ဆောင် လျက်ရှိပါတယ်။

စွမ်းအင်စျေးနှုန်းမြင့်တက်ခြင်းကြောင့် ဗြိတိန်နိုင်ငံအတွင်းရှိ စက်မှုလုပ်ငန်းအချို့လည်း ထုတ်ကုန်များကို လျော့ ထုတ်လုပ်ခြင်း၊ ရပ်တန့်ထားခြင်းများ ရှိနေခဲ့ကြောင်း သတင်းများထွက်ပေါ်နေခဲ့ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်အသစ် လစ်ထရက်က သူမရဲ့အစီအစဉ်များက နိုင်ငံတဝှမ်းရှိ မိသားစုများကိုအလွန်ခက်ခဲစေခဲ့ခြင်းကို နားလည်ကြောင်း၊ နိုင်ငံတဝှမ်းရှိမိသားစုများကို ကူညီပေးနိုင်ောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဆိုပါတယ်။

Zawgyi Version;
စီးပြားေရးအစီအစဥ္ အမွားမ်ားအတြက္ ၿဗိတိန္ဝန္ႀကီးခ်ဳပ္အသစ္ ျပန္လည္ေတာင္းပန္
ဂ်န္ဇက္ (NP News) – ေအာက္တိုဘာ ၁၈

ၿဗိတိန္ဝန္ႀကီးခ်ဳပ္အသစ္ လစ္ထရက္ဟာ ၿဗိတိန္ႏိုင္ငံအတြင္းရင္းႏွီးျမႇဳပ္ႏွံသူေတြရဲ႕ယုံၾကည္မႈမ်ားကို ထိခိုက္ ေစခဲ့တဲ့ သူမရဲ႕စီးပြားေရးအစီအစဥ္မ်ား အမွားအယြင္းျဖစ္ခဲ့ျခင္းမ်ားအေပၚ ျပန္လည္ေတာင္းပန္ခဲ့တယ္လို႔ သိရပါတယ္။

လစ္ထရက္ဟာ ၿဗိတိန္ဝန္ႀကီးခ်ဳပ္အသစ္အျဖစ္ တာဝန္ယူၿပီးေနာက္ ႏိုင္ငံ့စီးပြားေရးနဲ႔ပတ္သက္ၿပီး အစီအစဥ္ အသစ္မ်ားခ်မွတ္ခဲ့ရာ ေဝဖန္ျပစ္တင္မႈမ်ားရင္ဆိုင္ခဲ့ရၿပီး ရာထူးမွ ႏႈတ္ထြက္ဖို႔ ေတာင္းဆိုမႈမ်ားလည္းရွိေနခဲ့ပါ တယ္။

အေမရိကန္သမၼတဂ်ိဳဘိုင္ဒန္က ၿဗိတိႏ္ုႏိုင္ငံသုံး ေပါင္ေငြ တန္ဖိုး က်ဆင္းျခင္းဟာ ၿဗိတိန္ဝန္ႀကီးခ်ဳပ္အသစ္ လစ္ထရက္ရဲ႕စီးပြားေရးအစီအစဥ္ေတြရဲ႕ အမွားအယြင္းမ်ားေၾကာင့္ျဖစ္တယ္လို႔ မၾကာေသးမီက ေဝဖန္ခဲ့ဖူး ပါတယ္။ လစ္ထရက္ဟာ ႏိုင္ငံ စီးပြားေရးက်ဆင္းမ်ားေၾကာင့္ ရာထူးက ႏႈတ္ထြက္ေပးဖို႔ ေတာင္းဆိုခံရေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ရာထူးကေန ႏႈတ္ထြက္မွာမဟုတ္ေၾကာင္း ဆိုခဲ့ပါတယ္။

ၿဗိတိန္ဝန္ႀကီးခ်ဳပ္အသစ္က "ကြၽန္မ လုပ္ခဲ့တဲ့ စီးပြားေရးအစီစဥ္မ်ားနဲ႔ပတ္သက္ၿပီး မွားယြင္းခဲ့တဲ့အေပၚ ေတာင္းပန္ပါတယ္။ အဲဒီအမွားေတြအတြက္လည္း တာဝန္ယူျခင္း၊ တာဝန္ခံျခင္းမ်ားရွိဖို႔ လက္ခံသြားမွာပါ။ ကြၽန္မဟာ ႏိုင္ငံ့ စီးပြားေရးက်ဆင္းျခင္းမ်ား ျပန္လည္တိုးတက္ေစဖို႔ လုပ္ေဆာင္စရာရွိတာ လုပ္ေဆာင္သြားမွာပါ။ အခြန္တိုးျမႇင့္ေကာက္ခံျခင္းေတြ၊ စြမ္းအင္စရိတ္ႀကီးျမင့္ေတြနဲ႔ပတ္သက္ၿပီး ျပည္သူေတြကို အကူအညီေပးႏိုင္ ေအာင္ လုပ္ေဆာင္မွာပါ" လို႔ေျပာပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ၿဗိတိန္ဘ႑ာေရးဝန္ႀကီးအသစ္အျဖစ္ ခန႔္အပ္ခံရတဲ့ ဂ်ေရမီ ဟန႔္ဟာ ၿဗိတိန္ႏိုင္ငံအတြင္း စြမ္းအင္ နဲ႔ပတ္သက္ၿပီး ကူညီပံ့ပိုးေပးမႈအစီစဥ္အမ်ားအပါအဝင္ အခြန္ေလ်ာ့က်ေကာက္ခံမယ့္ က်န္ရွိတဲ့ အစီအစဥ္မ်ားကို စြန႔္ပယ္ခဲ့ေၾကာင္းသိရပါတယ္။ ၿဗိတိန္ႏိုင္ငံမွာ စြမ္းအင္ေစ်းႏႈန္းျမင့္တက္မႈမ်ားေၾကာင့္ ရွင္သန္ ေနထိုင္မႈစရိတ္မ်ားျမင့္တက္လာခဲ့ရာ ျပည္သူေတြဟာ အစိုးရကို ဆန႔္က်င္ဆႏၵျပမႈေတြ မၾကာခဏလုပ္ေဆာင္ လ်က္ရွိပါတယ္။

စြမ္းအင္ေစ်းႏႈန္းျမင့္တက္ျခင္းေၾကာင့္ ၿဗိတိန္ႏိုင္ငံအတြင္းရွိ စက္မႈလုပ္ငန္းအခ်ိဳ႕လည္း ထုတ္ကုန္မ်ားကို ေလ်ာ့ ထုတ္လုပ္ျခင္း၊ ရပ္တန႔္ထားျခင္းမ်ား ရွိေနခဲ့ေၾကာင္း သတင္းမ်ားထြက္ေပၚေနခဲ့ပါတယ္။ ၿဗိတိန္ဝန္ႀကီးခ်ဳပ္အသစ္ လစ္ထရက္က သူမရဲ႕အစီအစဥ္မ်ားက ႏိုင္ငံတဝွမ္းရွိ မိသားစုမ်ားကိုအလြန္ခက္ခဲေစခဲ့ျခင္းကို နားလည္ေၾကာင္း၊ ႏိုင္ငံတဝွမ္းရွိမိသားစုမ်ားကို ကူညီေပးႏိုင္ောင္ လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း ဆိုပါတယ္။

Related news

© 2021. All rights reserved.