ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အစ္စရေးကို ရုရှားသမ္မတဟောင်း သတိပေးပြောဆို

 903

ဂျန်ဇက် (NP News) – အောက်တိုဘာ ၁၈

ရုရှားသမ္မဟောင်း မက်ဗီဒက်ဗ့်ဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အစ္စရေးနိုင်ငံကို သတိပေးပြောဆိုလိုက်တယ်လို့ သိရပါတယ်။

အစ္စရေးနိုင်ငံဟာ ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးမယ်ဆိုရင် အစ္စရေးနဲ့ ရုရှားနိုင်ငံကြား အပြန်အလှန်ဆက်ဆံရေးများကိုထိခိုက်နိုင်ကြောင်း ရုရှားသမ္မတဟောင်းက သတိပေးပြောဆိုခဲ့တာမျိုးဖြစ်ပါ တယ်။

ရုရှားအမျိုးသားလုံခြုံရေးကောင်စီရဲ့ ဒုတိယဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ မက်ဗီဒက်ဗ့်ဟာ အစ္စရေးဝန်ကြီး တစ်ဦးဖြစ်တဲ့ နက်မန်ရှီယာ ပြောစကားများနဲ့ပတ်သက်ပြီး အခုလိုမျိုးပြောဆိုခဲ့တာဖြစ်ပါတယ်။ နက်မန်ရှီယာက အစ္စရေးဟာ နေတိုးမဟာမိတ်အဖွဲ့လုပ်ဆောင်နေသလိုမျိုး ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ ပေးရမယ့်အချိန်ဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြောဆိုခဲ့ဖူးတယ်လို့ သိရပါတယ်။

ရုရှားသမ္မတဟောင်းက ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးမယ့် အစ္စရေးရဲ့ဆုံးဖြတ်ချက်တွေဟာ အလွန်အမင်း အဆင်ခြင်မဲ့လွန်းတဲ့လုပ်ရပ်မျိုးဖြစ်လာနိုင်သလို နှစ်နိုင်ငံကြားအပြန်အလှန်ဆက်ဆံရေးကို ဖျက်ဆီးလိုက်သလိုမျိုးဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပါတယ်။

ယူကရိန်းကို ရုရှားတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးဟာ ယူကရိန်းကို လူသားချင်းဆိုင်ရာအကူအညီတွေပေးခဲ့သလို ရုရှားရဲ့တိုက်ခိုက်မှုတွေကိုလည်း ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ဒါပေမယ့် အစ္စရေးဟာ ရုရှားကို စီးပွားရေးပိတ်ဆို့မှုချမှတ်တာမျိုးမလုပ်ခဲ့သလို ယူကရိန်းကိုလည်း စစ်လက်နက်ပစ္စည်း ကူညီပေးတာမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။

ရုရှားနဲ့စစ်ပွဲစတင်ခဲ့ပြီးနောက် ယူကရိန်းဟာ အစ္စရေးကို နာမည်ကျော် Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ် ကူညီပေးဖို့တောင်းဆိုခဲ့ပေမယ့် အစ္စရေးဘက်က တောင်းဆိုမှုတွေ ငြင်းဆန်ခဲ့ပါတယ်။ အစ္စရေးက ၎င်းတို့ စစ်လက်နက်ပစ္စည်းများဟာ နိုင်ငံကာကွယ်ရေးအတွက်သာ အဓိကထားကြောင်း ဆိုထားပါတယ်။ အစ္စရေးနိုင်ငံမှာ ရုရှားဘာသာစကားပြောတဲ့ အစ္စရေးနိုင်ငံသား ၁ ဒသမ ၃ သန်းရှိနေပြီး နိုင်ငံလူဦးရေရဲ့ ၁၅ ရာခိုင်နှုန်းဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး အစၥေရးကို ႐ုရွားသမၼတေဟာင္း သတိေပးေျပာဆို
ဂ်န္ဇက္ (NP News) – ေအာက္တိုဘာ ၁၈

႐ုရွားသမၼေဟာင္း မက္ဗီဒက္ဗ့္ဟာ ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး အစၥေရးႏိုင္ငံကို သတိေပးေျပာဆိုလိုက္တယ္လို႔ သိရပါတယ္။

အစၥေရးႏိုင္ငံဟာ ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ား ကူညီေထာက္ပံ့ေပးမယ္ဆိုရင္ အစၥေရးနဲ႔ ႐ုရွားႏိုင္ငံၾကား အျပန္အလွန္ဆက္ဆံေရးမ်ားကိုထိခိုက္ႏိုင္ေၾကာင္း ႐ုရွားသမၼတေဟာင္းက သတိေပးေျပာဆိုခဲ့တာမ်ိဳးျဖစ္ပါ တယ္။

႐ုရွားအမ်ိဳးသားလုံၿခဳံေရးေကာင္စီရဲ႕ ဒုတိယဥကၠ႒အျဖစ္တာဝန္ယူထားတဲ့ မက္ဗီဒက္ဗ့္ဟာ အစၥေရးဝန္ႀကီး တစ္ဦးျဖစ္တဲ့ နက္မန္ရွီယာ ေျပာစကားမ်ားနဲ႔ပတ္သက္ၿပီး အခုလိုမ်ိဳးေျပာဆိုခဲ့တာျဖစ္ပါတယ္။ နက္မန္ရွီယာက အစၥေရးဟာ ေနတိုးမဟာမိတ္အဖြဲ႕လုပ္ေဆာင္ေနသလိုမ်ိဳး ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ား ကူညီေထာက္ပံ့ ေပးရမယ့္အခ်ိန္ျဖစ္တယ္လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ေျပာဆိုခဲ့ဖူးတယ္လို႔ သိရပါတယ္။

႐ုရွားသမၼတေဟာင္းက ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ား ကူညီေထာက္ပံ့ေပးမယ့္ အစၥေရးရဲ႕ဆုံးျဖတ္ခ်က္ ေတြဟာ အလြန္အမင္း အဆင္ျခင္မဲ့လြန္းတဲ့လုပ္ရပ္မ်ိဳးျဖစ္လာႏိုင္သလို ႏွစ္ႏိုင္ငံၾကားအျပန္အလွန္ဆက္ဆံေရးကို ဖ်က္ဆီးလိုက္သလိုမ်ိဳးျဖစ္လာႏိုင္ေၾကာင္း သတိေပးခဲ့ပါတယ္။

ယူကရိန္းကို ႐ုရွားတပ္ဖြဲ႕ဝင္မ်ား တိုက္ခိုက္ခဲ့ၿပီးေနာက္ အစၥေရးဟာ ယူကရိန္းကို လူသားခ်င္းဆိုင္ရာအကူအညီေတြေပးခဲ့သလို ႐ုရွားရဲ႕တိုက္ခိုက္မႈေတြကိုလည္း ျပစ္တင္ရႈတ္ခ်ခဲ့ပါတယ္။ ဒါေပမယ့္ အစၥေရးဟာ ႐ုရွားကို စီးပြားေရးပိတ္ဆို႔မႈခ်မွတ္တာမ်ိဳးမလုပ္ခဲ့သလို ယူကရိန္းကိုလည္း စစ္လက္နက္ပစၥည္း ကူညီေပးတာမ်ိဳးမရွိခဲ့ဘူးလို႔ သိရပါတယ္။

႐ုရွားနဲ႔စစ္ပြဲစတင္ခဲ့ၿပီးေနာက္ ယူကရိန္းဟာ အစၥေရးကို နာမည္ေက်ာ္ Iron Dome ဒုံးက်ည္ကာကြယ္ေရးစနစ္ ကူညီေပးဖို႔ေတာင္းဆိုခဲ့ေပမယ့္ အစၥေရးဘက္က ေတာင္းဆိုမႈေတြ ျငင္းဆန္ခဲ့ပါတယ္။ အစၥေရးက ၎တို႔ စစ္လက္နက္ပစၥည္းမ်ားဟာ ႏိုင္ငံကာကြယ္ေရးအတြက္သာ အဓိကထားေၾကာင္း ဆိုထားပါတယ္။ အစၥေရးႏိုင္ငံမွာ ႐ုရွားဘာသာစကားေျပာတဲ့ အစၥေရးႏိုင္ငံသား ၁ ဒသမ ၃ သန္းရွိေနၿပီး ႏိုင္ငံလူဦးေရရဲ႕ ၁၅ ရာခိုင္ႏႈန္းျဖစ္တယ္လို႔ သိရပါတယ္။

Picture

L Mone

18/10/2022 15:00

ရုရှားလူမျိူးကလည်း ကမ္ဘာပြန့်နှံ့နှူံးမနည်းပါဘူး။လေ့လာကြည့်သလောက် အမေရိကန် အချောင်ဘောရသွားတာပါ။ရုရှားလူမျိူး အမေရိကန်မှာ သုံးသန်းကျော်လောက်ရှိပါတယ်

Related news

© 2021. All rights reserved.