ယူကရိန်းနဲ့စစ်ဖြစ်နေချိန်မှာပဲ ရုရှားဦးဆောင်ပြီး (CSTO) အဖွဲ့ဝင်နိုင်ငံများ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများပြုလုပ်

 847

ဂျန်ဇက် (NP News) – အောက်တိုဘာ ၁၈

ယူကရိန်းနဲ့ စစ်ရေးပဋိပက္ခများရှိနေချိန်မှာပဲ ရုရှားဦးဆောင်တဲ့မဟာမိတ်အဖွဲ့များဟာ အောက်တိုဘာ ၁၇ ရက်နေ့ က တာဂျစ်ကစ္စတန်နိုင်ငံမှာ ပူးတွဲ စစ်ရေးလေ့ကျင့်ခန်းများ စတင်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ရုရှားဦးဆောင်တဲ့ လုံခြုံရေးပူးပေါင်ေးဆာင်ရွက်ရေးစာချုပ် အဖွဲ့ (CSTO) အဖွဲ့ဝင်နိုင်ငံတွေဟာ Rubezh-2022 အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်ခန်းအစီအစဉ်များကို စတင်ခဲ့ခြင်းဖြစ်ပြီး အာဖန်ဂန်နစ္စတန်နိုင်ငံဘက်ခြမ်းမှ စစ်သွေးကြွများရဲ့နယ်စပ်ဒေသကျူးကျော်မှုများကို တုံ့ပြန်နိုင်အောင် စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ပိုမို ကောင်းမွန်စေဖို့ ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါစစ်ရေးလေ့ကျင့်ခန်းအစီအစဉ်ကို (CSTO) အဖွဲ့ဝင်နိုင်ငံများက စစ်သားပေါင်း ၁ဝဝဝ၊ စစ်ဘက်သုံးယာဉ် ပေါင်း ၃ဝဝ၊ စစ်လေယာဉ်များ၊ ဒရုန်းများနဲ့ ရဟတ်ယာဉ်များ ပူးပေါင်းပါဝင်လေ့ကျင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ရေးလေ့ကျင့်ခန်းအစီစဉ်များကို ၆ ရက်ကြာ လုပ်ဆောင်သွားမှာဖြစ်ပြီး (CSTO) အဖွဲ့ကို ရုရှားနဲ့ ဘီလာရုစ့်နိုင်ငံ တို့က ဦးဆောင်ကာ အမြဲတမ်းအဖွဲ့ဝင် ၆ နိုင်ငံ၊ လေ့လာသူတစ်နိုင်ငံ တို့နဲ့ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။
စစ်ရေးလေ့ကျင့်ခန်းမှာ ဦးဆောင်ပါဝင်မယ့် ရုရှားဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်တဲ့ အနာတိုလီ ဆီဒိုရောဗ့်က စစ်ရေး လေ့ကျင့်ခန်းအစီအစဉ်ဟာ စစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုများကိုကာကွယ်ဖို့အပြင် နိုင်ငံနယ်စပ်ဒေသ လုံခြုံရေး အတွက် ရည်ရွယ်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှားဟာ လက်ရှိအချိန်မှာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ယူကရိန်းနဲ့ စစ်ပွဲဖြစ်ပွားနေပြီး ယူကရိန်းကို တိုက်ခိုက်မှုတွေကြောင့် အမေရိကန်၊နေတိုးမဟာမိတ်အဖွဲ့၊ ဥရောပသမဂ္ဂနိုင်ငံများရဲ့ ပစ်မှတ်ထားပိတ်ဆို့မှုများရင်ဆိုင်နေရကာ အမေရိကန်၊ နေတိုးအဖွဲ့တို့နဲ့ တင်းမာမှုများလည်းရှိနေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းမြို့တော် ကိဗ့်ကို ဒုံးကျည်၊ ဗုံးများနဲ့ အဆက်မပြတ်တိုက်ခိုက်ခဲ့ရာ လက်ရှိအချိန်မှာ ယူကရိန်းနဲ့ ရုရှားကြား တိုက်ပွဲအရှိန်မြင့်တက်လျက်ရှိနေတယ်လို့ သိရပါတယ်။

Zawgyi Version;
ယူကရိန္းနဲ႔စစ္ျဖစ္ေနခ်ိန္မွာပဲ ႐ုရွားဦးေဆာင္ၿပီး (CSTO) အဖြဲ႕ဝင္ႏိုင္ငံမ်ား ပူးတြဲစစ္ေရးေလ့က်င့္ခန္းမ်ားျပဳလုပ္
ဂ်န္ဇက္ (NP News) – ေအာက္တိုဘာ ၁၈

ယူကရိန္းနဲ႔ စစ္ေရးပဋိပကၡမ်ားရွိေနခ်ိန္မွာပဲ ႐ုရွားဦးေဆာင္တဲ့မဟာမိတ္အဖြဲ႕မ်ားဟာ ေအာက္တိုဘာ ၁၇ ရက္ေန႔ က တာဂ်စ္ကစၥတန္ႏိုင္ငံမွာ ပူးတြဲ စစ္ေရးေလ့က်င့္ခန္းမ်ား စတင္လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

႐ုရွားဦးေဆာင္တဲ့ လုံၿခဳံေရးပူးေပါင္ေးဆာင္႐ြက္ေရးစာခ်ဳပ္ အဖြဲ႕ (CSTO) အဖြဲ႕ဝင္ႏိုင္ငံေတြဟာ Rubezh-2022 အမည္ေပးထားတဲ့ စစ္ေရးေလ့က်င့္ခန္းအစီအစဥ္မ်ားကို စတင္ခဲ့ျခင္းျဖစ္ၿပီး အာဖန္ဂန္နစၥတန္ႏိုင္ငံဘက္ျခမ္းမွ စစ္ေသြးႂကြမ်ားရဲ႕နယ္စပ္ေဒသက်ဴးေက်ာ္မႈမ်ားကို တုံ႔ျပန္ႏိုင္ေအာင္ စစ္ေရးပူးေပါင္းေဆာင္႐ြက္မႈေတြ ပိုမို ေကာင္းမြန္ေစဖို႔ ရည္႐ြယ္လုပ္ေဆာင္ျခင္းျဖစ္တယ္လို႔ သိရပါတယ္။

အဆိုပါစစ္ေရးေလ့က်င့္ခန္းအစီအစဥ္ကို (CSTO) အဖြဲ႕ဝင္ႏိုင္ငံမ်ားက စစ္သားေပါင္း ၁ဝဝဝ၊ စစ္ဘက္သုံးယာဥ္ ေပါင္း ၃ဝဝ၊ စစ္ေလယာဥ္မ်ား၊ ဒ႐ုန္းမ်ားနဲ႔ ရဟတ္ယာဥ္မ်ား ပူးေပါင္းပါဝင္ေလ့က်င့္မွာ ျဖစ္တယ္လို႔ သိရပါတယ္။

စစ္ေရးေလ့က်င့္ခန္းအစီစဥ္မ်ားကို ၆ ရက္ၾကာ လုပ္ေဆာင္သြားမွာျဖစ္ၿပီး (CSTO) အဖြဲ႕ကို ႐ုရွားနဲ႔ ဘီလာ႐ုစ့္ႏိုင္ငံ တို႔က ဦးေဆာင္ကာ အၿမဲတမ္းအဖြဲ႕ဝင္ ၆ ႏိုင္ငံ၊ ေလ့လာသူတစ္ႏိုင္ငံ တို႔နဲ႔ဖြဲ႕စည္းထားတယ္လို႔ သိရပါတယ္။
စစ္ေရးေလ့က်င့္ခန္းမွာ ဦးေဆာင္ပါဝင္မယ့္ ႐ုရွားဗိုလ္ခ်ဳပ္ႀကီးတစ္ဦးျဖစ္တဲ့ အနာတိုလီ ဆီဒိုေရာဗ့္က စစ္ေရး ေလ့က်င့္ခန္းအစီအစဥ္ဟာ စစ္ေသြးႂကြေတြရဲ႕တိုက္ခိုက္မႈမ်ားကိုကာကြယ္ဖို႔အျပင္ ႏိုင္ငံနယ္စပ္ေဒသ လုံၿခဳံေရး အတြက္ ရည္႐ြယ္ျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။

႐ုရွားဟာ လက္ရွိအခ်ိန္မွာ အိမ္နီးခ်င္းႏိုင္ငံျဖစ္တဲ့ ယူကရိန္းနဲ႔ စစ္ပြဲျဖစ္ပြားေနၿပီး ယူကရိန္းကို တိုက္ခိုက္မႈေတြေၾကာင့္ အေမရိကန္၊ေနတိုးမဟာမိတ္အဖြဲ႕၊ ဥေရာပသမဂၢႏိုင္ငံမ်ားရဲ႕ ပစ္မွတ္ထားပိတ္ဆို႔မႈမ်ားရင္ဆိုင္ေနရကာ အေမရိကန္၊ ေနတိုးအဖြဲ႕တို႔နဲ႔ တင္းမာမႈမ်ားလည္းရွိေနပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက ႐ုရွားတပ္ဖြဲ႕ေတြဟာ ယူကရိန္းၿမိဳ႕ေတာ္ ကိဗ့္ကို ဒုံးက်ည္၊ ဗုံးမ်ားနဲ႔ အဆက္မျပတ္တိုက္ခိုက္ခဲ့ရာ လက္ရွိအခ်ိန္မွာ ယူကရိန္းနဲ႔ ႐ုရွားၾကား တိုက္ပြဲအရွိန္ျမင့္တက္လ်က္ရွိေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.