ဟာရီကိန်းမုန်တိုင်း ဖီယိုနာ တိုက်ခတ်ခံထားရတဲ့ ပွာတိုရီကိုအတွက် LNG shipping waiver ၁ နှစ်ကြာ ရုပ်သိမ်းမှာဖြစ်ကြောင်း အမေရိကန်အတည်ပြု

 536

ရောင်နီ (NP News) - အောက်တိုဘာ ၁၈

ဟာရီကိန်းဖီယိုနာ တိုက်ခတ်ခံရပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ကြိုးပမ်းလုပ်ဆောင်နေတဲ့ ပွာတိုရီကိုကို အရေးပေါ်လိုအပ်နေတဲ့ သဘာဝဓာတ်ငွေ့ရည် (LNG) ပို့ဆောင်ဖို့အတွက် အမေရိကန်ဟာ အောက်တိုဘာလ ၁၆ ရက်၊ တနင်္ဂနွေနေ့နှောင်းပိုင်းမှာ LNG LNG shipping waiver ပို့ဆောင်ရေးစည်းမျဉ်းများကို စွန့်လွှတ်ကြောင်း အတည်ပြုခဲ့ပါတယ်။

အမိမြေလုံခြုံရေးဌာန (DHS) ဟာ ဟာရီကိန်းဖီယိုနာမှ ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုများ ဆက်လက်လုပ်ဆောင်နေချိန်မှာ အမေရိကန် အလံတင်ကုန်စည်သင်္ဘောများနဲ့ US ဆိပ်ကမ်းများကြား ရာစုနှစ်တစ်ခုရှိပြီဖြစ်တဲ့ Jones Act ကို စွန့်လွှတ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

DHS ဟာ စက်တင်ဘာလနှောင်းပိုင်းက ပေါ်တိုရီကိုမှာ လျှပ်စစ်ဓာတ်အားအတွက် လိုအပ်တဲ့ မီးစက်တွေ လည်ပတ်ဖို့်ဖို့ အရေးကြီးသော အဆောက်အဦးများလည်ပတ်ရန်အတွက် ဒီဇယ်အလုံအလောက်ရှိစေရန်အတွက် Jones Act requirements လျှော့ချပေးလိုက်ကြောင်း အတည်ပြုခဲ့ပါတယ်။

ပွာတိုရီကိုမှာ စစ်တင်ဘာ ၁၈ ရက်နေ့က ဟာရီကိန်းဖီအိုနာ ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် လူပေါင်း ၃ ဒသမ ၃ သန်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ မုန်တိုင်းတိုက်ခတ်မှု ပြီးနောက် နေအိမ်များ၊ စီးပွားရေးလုပ်ငန်းများနဲ့ လူမှုအသိုက်အဝန်းများ ပြန်လည်တည်ဆောက်ဖို့အတွက် လောင်စာရရှိမှုတိုးမြှင့်နိုင်ဖို့ တစ်နှစ်စာ LNG Act စွန့်လွှတ်ပေးဖို့ အိမ်ဖြူတော်ကို ပွာတိုရီကို ပြည်နယ်အုပ်ချုပ်ရေးမှူး ပီဒရိုပါလူစီ က တောင်းဆိုခဲ့တာပါ။

၂ဝ၁၇ ခုနှစ်၊ သမ္မတ ဒေါ်နယ်ထရန့် လက်ထက်ကလည်း ဟာရီကိန်း အီရန်မာ နဲ့ ဟာရီကိန်း ဟာဗေး တိုက်ခတ်မှုကြောင့် ပြန်လည်ထူထောင်ရေးကြိုးပမ်းနေတဲ့နိုင်ငံများအတွက် Jones Act requirements ကို တစ်ပတ်ကြာ စွန့်လွှတ်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ဟာရီကိန္းမုန္တိုင္း ဖီယိုနာ တိုက္ခတ္ခံထားရတဲ့ ပြာတိုရီကိုအတြက္ LNG shipping waiver ၁ ႏွစ္ၾကာ ႐ုပ္သိမ္းမွာျဖစ္ေၾကာင္း အေမရိကန္အတည္ျပဳ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၈

ဟာရီကိန္းဖီယိုနာ တိုက္ခတ္ခံရၿပီးေနာက္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းစဥ္မ်ား ႀကိဳးပမ္းလုပ္ေဆာင္ေနတဲ့ ပြာတိုရီကိုကို အေရးေပၚလိုအပ္ေနတဲ့ သဘာဝဓာတ္ေငြ႕ရည္ (LNG) ပို႔ေဆာင္ဖို႔အတြက္ အေမရိကန္ဟာ ေအာက္တိုဘာလ ၁၆ ရက္၊ တနဂၤေႏြေန႔ေႏွာင္းပိုင္းမွာ LNG LNG shipping waiver ပို႔ေဆာင္ေရးစည္းမ်ဥ္းမ်ားကို စြန႔္လႊတ္ေၾကာင္း အတည္ျပဳခဲ့ပါတယ္။

အမိေျမလုံၿခဳံေရးဌာန (DHS) ဟာ ဟာရီကိန္းဖီယိုနာမွ ျပန္လည္ထူေထာင္ေရး ႀကိဳးပမ္းမႈမ်ား ဆက္လက္လုပ္ေဆာင္ေနခ်ိန္မွာ အေမရိကန္ အလံတင္ကုန္စည္သေဘၤာမ်ားနဲ႔ US ဆိပ္ကမ္းမ်ားၾကား ရာစုႏွစ္တစ္ခုရွိၿပီျဖစ္တဲ့ Jones Act ကို စြန႔္လႊတ္ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။

DHS ဟာ စက္တင္ဘာလေႏွာင္းပိုင္းက ေပၚတိုရီကိုမွာ လွ်ပ္စစ္ဓာတ္အားအတြက္ လိုအပ္တဲ့ မီးစက္ေတြ လည္ပတ္ဖို႔္ဖို႔ အေရးႀကီးေသာ အေဆာက္အဦးမ်ားလည္ပတ္ရန္အတြက္ ဒီဇယ္အလုံအေလာက္ရွိေစရန္အတြက္ Jones Act requirements ေလွ်ာ့ခ်ေပးလိုက္ေၾကာင္း အတည္ျပဳခဲ့ပါတယ္။

ပြာတိုရီကိုမွာ စစ္တင္ဘာ ၁၈ ရက္ေန႔က ဟာရီကိန္းဖီအိုနာ ဝင္ေရာက္တိုက္ခတ္ခဲ့ၿပီးေနာက္ လူေပါင္း ၃ ဒသမ ၃ သန္း လွ်ပ္စစ္ဓာတ္အား ျပတ္ေတာက္မႈနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ မုန္တိုင္းတိုက္ခတ္မႈ ၿပီးေနာက္ ေနအိမ္မ်ား၊ စီးပြားေရးလုပ္ငန္းမ်ားနဲ႔ လူမႈအသိုက္အဝန္းမ်ား ျပန္လည္တည္ေဆာက္ဖို႔အတြက္ ေလာင္စာရရွိမႈတိုးျမႇင့္ႏိုင္ဖို႔ တစ္ႏွစ္စာ LNG Act စြန္႔လႊတ္ေပးဖို႔ အိမ္ျဖဴေတာ္ကို ပြာတိုရီကို ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး ပီဒ႐ိုပါလူစီ က ေတာင္းဆိုခဲ့တာပါ။

၂ဝ၁၇ ခုႏွစ္၊ သမၼတ ေဒၚနယ္ထရန္႔ လက္ထက္ကလည္း ဟာရီကိန္း အီရန္မာ နဲ႔ ဟာရီကိန္း ဟာေဗး တိုက္ခတ္မႈေၾကာင့္ ျပန္လည္ထူေထာင္ေရးႀကိဳးပမ္းေနတဲ့ႏိုင္ငံမ်ားအတြက္ Jones Act requirements ကို တစ္ပတ္ၾကာ စြန႔္လႊတ္ခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.