ယူကရိန်း၏ စွမ်းအင်အခြေခံအဆောက်အဦးများကို အရှိန်မြှင့်တိုက်ခိုက်နေကြောင်း ရုရှားစစ်ဘက်ဆို

 1110

ဖြိုးခန့် (NP News) - အောက်တိုဘာ ၁၈

ရုရှားတိုက်လေယာဥ်များနှင့် စစ်သင်္ဘောများသည် ယူကရိန်း၏ စစ်တပ်ကွပ်ကဲရေးစင်တာများနှင့် စွမ်းအင်အခြေခံအဆောက်အဦးများအား အဝေးမှ ပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ (၁၇) ရက်နေ့တွင် ပြောကြားခဲ့သည်၊၊

ယူကရိန်း၏ စွမ်းအင်အခြေခံအဆောက်အဦးများအပေါ် ရုရှား၏တိုက်ခိုက်မှုများသည် ပြီးခဲ့သည့်သီတင်းပတ်တွင် ပိုမိုပြင်းထန်လာခဲ့ကြောင်းသိရသည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက "ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုဟာ သတ်မှတ်ထားတဲ့ပစ်မှတ်တွေအားလုံးကို ထိမှန်ခဲ့ပါတယ်၊” ဟု ပြောဆိုခဲ့သည်။

ရုရှား၏ ဒရုန်းများဖြင့်တိုက်ခိုက်မှုကြောင့် ကိယက်ဗ်မြို့ရှိ စွမ်းအင်အဆောက်အအုံများ ပျက်စီးခဲ့ပြီး အရှေ့ပိုင်းရှိ Dnepropetrovsk မြို့ နှင့် မြောက်ပိုင်းရှိ Sumy မြို့တို့၏ အရေးကြီးသောအဆောက်အဦးများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းခံခဲ့ရကြောင်း ယူကရိန်းဝန်ကြီး ဒန်းနစ်စ်ရှမီဂယ်လ်က ပြောဆိုခဲ့သည်။

ယူကရိန်းဝန်ကြီးဒန်းနစ်စ်ရှမီဂယ်လ် က "အဲဒီတိုက်ခိုက်မှုကြောင့် ရာနဲ့ချီတဲ့ လူနေရပ်ကွက်တွေဟာ လျှပ်စစ်ဓာတ်အားပြတ်တောက်သွားခဲ့ပါတယ်။ လျှပ်စစ်ဓာတ်အားပြန်လည်ရရှိဖို့အတွက် တာဝန်ရှိသူတွေက ဆက်လက်လုပ်ဆောင်နေကြပါတယ်” ဟု ဆိုသည်။

ရုရှား၏ ဒရုန်းသည် တိုက်ခန်းတစ်ခုကို ဝင်တိုက်ခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် လူ(၃)ဦးသေဆုံးခဲ့ပြီး အခြား(၃)ဦးမှာ ဆေးရုံတင်ထားရကြောင်း ကိယက်ဗ်မြို့တော်ဝန် ဗစ်တာလီကလစ်စ်ကိုက ပြောကြားခဲ့သည်။

ယူကရိန်းသည် ရုရှားပြည်မကြီးနှင့် ခရိုင်းမီးယားကိုဆက်သွယ်ထားသော တံတားကို ဗုံးခွဲတိုက်ခိုက်ခဲ့သည်ဟု ရုရှားက စွပ်စွဲပြောဆိုပြီးနောက် ယခုလတွင် ရုရှားသည် ယူကရိန်း၏ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်းများအပါအဝင် စွမ်းအင်အခြေခံအဆောက်အဦးများအား ပစ်မှတ်ထားတိုက်ခိုက်မှုများကို ပိုမိုအရှိန်မြင့်လုပ်ဆောင်လာခဲ့ကြောင်းသိရသည်။

Zawgyi Version;
ယူကရိန္း၏ စြမ္းအင္အေျခခံအေဆာက္အဦးမ်ားကို အရွိန္ျမႇင့္တိုက္ခိုက္ေနေၾကာင္း ႐ုရွားစစ္ဘက္ဆို
ၿဖိဳးခန႔္ (NP News) - ေအာက္တိုဘာ ၁၈

႐ုရွားတိုက္ေလယာဥ္မ်ားႏွင့္ စစ္သေဘၤာမ်ားသည္ ယူကရိန္း၏ စစ္တပ္ကြပ္ကဲေရးစင္တာမ်ားႏွင့္ စြမ္းအင္အေျခခံအေဆာက္အဦးမ်ားအား အေဝးမွ ပစ္ခတ္တိုက္ခိုက္ျခင္းမ်ားကို ဆက္လက္လုပ္ေဆာင္ေနေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ေအာက္တိုဘာ (၁၇) ရက္ေန႔တြင္ ေျပာၾကားခဲ့သည္၊၊

ယူကရိန္း၏ စြမ္းအင္အေျခခံအေဆာက္အဦးမ်ားအေပၚ ႐ုရွား၏တိုက္ခိုက္မႈမ်ားသည္ ၿပီးခဲ့သည့္သီတင္းပတ္တြင္ ပိုမိုျပင္းထန္လာခဲ့ေၾကာင္းသိရသည္။

႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက "ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္မႈဟာ သတ္မွတ္ထားတဲ့ပစ္မွတ္ေတြအားလုံးကို ထိမွန္ခဲ့ပါတယ္၊” ဟု ေျပာဆိုခဲ့သည္။

႐ုရွား၏ ဒ႐ုန္းမ်ားျဖင့္တိုက္ခိုက္မႈေၾကာင့္ ကိယက္ဗ္ၿမိဳ႕ရွိ စြမ္းအင္အေဆာက္အအုံမ်ား ပ်က္စီးခဲ့ၿပီး အေရွ႕ပိုင္းရွိ Dnepropetrovsk ၿမိဳ႕ ႏွင့္ ေျမာက္ပိုင္းရွိ Sumy ၿမိဳ႕တို႔၏ အေရးႀကီးေသာအေဆာက္အဦးမ်ားကို ပစ္မွတ္ထားတိုက္ခိုက္ျခင္းခံခဲ့ရေၾကာင္း ယူကရိန္းဝန္ႀကီး ဒန္းနစ္စ္ရွမီဂယ္လ္က ေျပာဆိုခဲ့သည္။

ယူကရိန္းဝန္ႀကီးဒန္းနစ္စ္ရွမီဂယ္လ္ က "အဲဒီတိုက္ခိုက္မႈေၾကာင့္ ရာနဲ႔ခ်ီတဲ့ လူေနရပ္ကြက္ေတြဟာ လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္သြားခဲ့ပါတယ္။ လွ်ပ္စစ္ဓာတ္အားျပန္လည္ရရွိဖို႔အတြက္ တာဝန္ရွိသူေတြက ဆက္လက္လုပ္ေဆာင္ေနၾကပါတယ္” ဟု ဆိုသည္။

႐ုရွား၏ ဒ႐ုန္းသည္ တိုက္ခန္းတစ္ခုကို ဝင္တိုက္ခဲ့ျခင္းေၾကာင့္ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးတစ္ဦးအပါအဝင္ လူ(၃)ဦးေသဆုံးခဲ့ၿပီး အျခား(၃)ဦးမွာ ေဆး႐ုံတင္ထားရေၾကာင္း ကိယက္ဗ္ၿမိဳ႕ေတာ္ဝန္ ဗစ္တာလီကလစ္စ္ကိုက ေျပာၾကားခဲ့သည္။

ယူကရိန္းသည္ ႐ုရွားျပည္မႀကီးႏွင့္ ခ႐ိုင္းမီးယားကိုဆက္သြယ္ထားေသာ တံတားကို ဗုံးခြဲတိုက္ခိုက္ခဲ့သည္ဟု ႐ုရွားက စြပ္စြဲေျပာဆိုၿပီးေနာက္ ယခုလတြင္ ႐ုရွားသည္ ယူကရိန္း၏ အပူစြမ္းအင္သုံး ဓာတ္အားေပးစက္႐ုံမ်ား၊ ဓာတ္အားလိုင္းမ်ားအပါအဝင္ စြမ္းအင္အေျခခံအေဆာက္အဦးမ်ားအား ပစ္မွတ္ထားတိုက္ခိုက္မႈမ်ားကို ပိုမိုအရွိန္ျမင့္လုပ္ေဆာင္လာခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.