ရုရှားတွင် လေ့ကျင်ရေးများပြုလုပ်နေသည့် စစ်လေယာဥ်တစ်စင်းပျက်ကျမှုကြောင့် အနည်းဆုံးလူ ၁၃ ဦးသေဆုံး

 778

ဖြိုးခန့် (NP News) - အောက်တိုဘာ ၁၈

ရုရှားနိုင်ငံတောင်ပိုင်း Yeysk မြို့ရှိ လူနေရပ်ကွက်တစ်ခုအတွင်း စစ်လေယာဥ်တစ်စင်းပျက်ကျမှုကြောင့် အနည်းဆုံးလူ(၁၃)ဦး သေဆုံးခဲ့ပြီး၊ (၂၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

အဆိုပါစစ်လေယာဥ်ပျက်ကျမှုကြောင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကိုလုပ်ဆောင်ခဲ့ရပြီး လူများကို ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးခဲ့ရကြောင်းသိရသည်။ အဆိုပါစစ်လေယာဥ်သည် Su-34 ဗုံးကြဲလေယာဥ်တစ်စင်း ဖြစ်ပြီး အောက်တိုဘာ(၁၇)ရက်၊ ညနေပိုင်းက လေ့ကျင့်ရေးများလုပ်ဆောင်နေစဥ် ၎င်း၏အင်ဂျင်တစ်လုံးမှာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အဆိုပါစစ်လေယာဥ်ပျက်ကျမှုဖြစ်ပွားပြီးနောက် လေထီးတစ်စုံနှင့်အတူ မြေပြင်ပေါ်တွင် လဲကျနေသော လေယာဥ် မှူးထဲမှတစ်ယောက်ကို ဒေသခံပြည်သူများက ကူညီပေးရန် ကြိုးပမ်းနေသည့် ဗီဒီယိုဖိုင်တစ်ခု ထွက်လာခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာန က “လေယာဥ်ပျက်ကျမှုကနေ လွတ်မြောက်ခဲ့တဲ့ လေယာဥ်မှူးရဲ့ပြောပြချက်အရ အဆိုပါစစ်လေယာဥ်ပျက်ကျမှုဟာ ပျံတက်နေတဲ့အချိန်မှာ အင်ဂျင်တစ်လုံး မီးလောင်ကျွမ်းသွားခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် Su-34 ဗုံးကြဲလေယာဥ်ဟာ လူနေရပ်ကွက်တစ်ခုထဲကိုပျက်ကျခဲ့ပြီး လေယာဥ်ရဲ့ လောင်စာဆီကန်က မီးထလောင်ခဲ့ခြင်းဖြစ်ပါတယ်” ဟု ဆိုသည်။

Yeysk မြို့၏တစ်စိတ်တစ်ပိုင်းဖြစ်သော ကရက်စ်နိုဒါရပ်ကွက်၏အုပ်ချုပ်ရေးမှူးက ၎င်းသည် အဆိုပါမြို့သို့ သွားရောက်ခဲ့ချိန်တွင် ဒေသဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်အားလုံးသည် မီးငြိမ်းသတ်ရန်ကြိုးပမ်းနေသည်ကို တွေ့ရှိခဲ့ ကြောင်း ပြောကြားခဲ့သည်။

အဆိုပါစစ်လေယာဥ်ပျက်ကျမှုကြောင့် အထပ်ပေါင်း(၅)ထပ်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ မီးလောင်ကျွမ်းမှုဖြစ်ပွားပြီးနောက် အနီးအနားရှိ အလယ်တန်းကျောင်းမှ ကျောင်းသားများကို ဘေးလွတ်ကင်းရာ သို့ ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း သိရသည်။ ကရင်မလင်နန်းတော်သည် Yeysk မြို့လယ်ရှိ မီးဘေးသင့်ဒုက္ခသည် များကို လိုအပ်သော အကူအညီများပေးရန် ဒေသဆိုင်ရာအာဏာပိုင်များကို ညွှန်ကြားထားပြီး အကြီးတန်းအစိုးရ အရာရှိများကို အကျပ်အတည်းတုံ့ပြန်ရေးစင်တာနှင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် စေလွှတ်ခဲ့ကြောင်း သိရသည်။

ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက အဆိုပါစစ်လေယာဥ်ပျက်ကျမှုကို ရာဇတ်မှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးရေးမှူးများကို လေယာဉ်ပျက်ကျရာနေရာသို့စေလွှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

Zawgyi Version;
႐ုရွားတြင္ ေလ့က်င္ေရးမ်ားျပဳလုပ္ေနသည့္ စစ္ေလယာဥ္တစ္စင္းပ်က္က်မႈေၾကာင့္ အနည္းဆုံးလူ ၁၃ ဦးေသဆုံး
ၿဖိဳးခန႔္ (NP News) - ေအာက္တိုဘာ ၁၈

႐ုရွားႏိုင္ငံေတာင္ပိုင္း Yeysk ၿမိဳ႕ရွိ လူေနရပ္ကြက္တစ္ခုအတြင္း စစ္ေလယာဥ္တစ္စင္းပ်က္က်မႈေၾကာင့္ အနည္းဆုံးလူ(၁၃)ဦး ေသဆုံးခဲ့ၿပီး၊ (၂၅)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္းသိရသည္။

အဆိုပါစစ္ေလယာဥ္ပ်က္က်မႈေၾကာင့္ အေရးေပၚကယ္ဆယ္ေရးလုပ္ငန္းမ်ားကိုလုပ္ေဆာင္ခဲ့ရၿပီး လူမ်ားကို ေဘးကင္းရာသို႔ ေျပာင္းေ႐ႊ႕ေပးခဲ့ရေၾကာင္းသိရသည္။ အဆိုပါစစ္ေလယာဥ္သည္ Su-34 ဗုံးႀကဲေလယာဥ္တစ္စင္း ျဖစ္ၿပီး ေအာက္တိုဘာ(၁၇)ရက္၊ ညေနပိုင္းက ေလ့က်င့္ေရးမ်ားလုပ္ေဆာင္ေနစဥ္ ၎၏အင္ဂ်င္တစ္လုံးမွာ မီးေလာင္ကြၽမ္းခဲ့ျခင္းျဖစ္ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။

အဆိုပါစစ္ေလယာဥ္ပ်က္က်မႈျဖစ္ပြားၿပီးေနာက္ ေလထီးတစ္စုံႏွင့္အတူ ေျမျပင္ေပၚတြင္ လဲက်ေနေသာ ေလယာဥ္ မႉးထဲမွတစ္ေယာက္ကို ေဒသခံျပည္သူမ်ားက ကူညီေပးရန္ ႀကိဳးပမ္းေနသည့္ ဗီဒီယိုဖိုင္တစ္ခု ထြက္လာခဲ့သည္။

႐ုရွားကာကြယ္ေရးဝန္ႀကီးဌာန က “ေလယာဥ္ပ်က္က်မႈကေန လြတ္ေျမာက္ခဲ့တဲ့ ေလယာဥ္မႉးရဲ႕ေျပာျပခ်က္အရ အဆိုပါစစ္ေလယာဥ္ပ်က္က်မႈဟာ ပ်ံတက္ေနတဲ့အခ်ိန္မွာ အင္ဂ်င္တစ္လုံး မီးေလာင္ကြၽမ္းသြားခဲ့ျခင္းေၾကာင့္ ျဖစ္ပါတယ္။ ဒါေၾကာင့္ Su-34 ဗုံးႀကဲေလယာဥ္ဟာ လူေနရပ္ကြက္တစ္ခုထဲကိုပ်က္က်ခဲ့ၿပီး ေလယာဥ္ရဲ႕ ေလာင္စာဆီကန္က မီးထေလာင္ခဲ့ျခင္းျဖစ္ပါတယ္” ဟု ဆိုသည္။

Yeysk ၿမိဳ႕၏တစ္စိတ္တစ္ပိုင္းျဖစ္ေသာ ကရက္စ္ႏိုဒါရပ္ကြက္၏အုပ္ခ်ဳပ္ေရးမႉးက ၎သည္ အဆိုပါၿမိဳ႕သို႔ သြားေရာက္ခဲ့ခ်ိန္တြင္ ေဒသဆိုင္ရာ မီးသတ္တပ္ဖြဲ႕ဝင္အားလုံးသည္ မီးၿငိမ္းသတ္ရန္ႀကိဳးပမ္းေနသည္ကို ေတြ႕ရွိခဲ့ ေၾကာင္း ေျပာၾကားခဲ့သည္။

အဆိုပါစစ္ေလယာဥ္ပ်က္က်မႈေၾကာင့္ အထပ္ေပါင္း(၅)ထပ္မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ေၾကာင္းသိရသည္။ မီးေလာင္ကြၽမ္းမႈျဖစ္ပြားၿပီးေနာက္ အနီးအနားရွိ အလယ္တန္းေက်ာင္းမွ ေက်ာင္းသားမ်ားကို ေဘးလြတ္ကင္းရာ သို႔ ေ႐ႊ႕ေျပာင္းေပးႏိုင္ခဲ့ေၾကာင္း သိရသည္။ ကရင္မလင္နန္းေတာ္သည္ Yeysk ၿမိဳ႕လယ္ရွိ မီးေဘးသင့္ဒုကၡသည္ မ်ားကို လိုအပ္ေသာ အကူအညီမ်ားေပးရန္ ေဒသဆိုင္ရာအာဏာပိုင္မ်ားကို ၫႊန္ၾကားထားၿပီး အႀကီးတန္းအစိုးရ အရာရွိမ်ားကို အက်ပ္အတည္းတုံ႔ျပန္ေရးစင္တာႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားျပဳလုပ္ရန္ ေစလႊတ္ခဲ့ေၾကာင္း သိရသည္။

႐ုရွားစုံစမ္းစစ္ေဆးေရးေကာ္မတီက အဆိုပါစစ္ေလယာဥ္ပ်က္က်မႈကို ရာဇတ္မႈဖြင့္ထားၿပီး စုံစမ္းစစ္ေဆးေရးမႉးမ်ားကို ေလယာဥ္ပ်က္က်ရာေနရာသို႔ေစလႊတ္ခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.