မန်ယူအသင်းကစားသမားများကို စာချုပ်သက်တမ်းအပေါ်အာရုံမစိုက်ဘဲ ကစားပွဲအပေါ်ကိုသာ အာရုံစိုက်စေချင်ကြောင်း နည်းပြတန်ဟက်ပြောဆို

366

ဖြိုးခန့် (NP News) - အောက်တိုဘာ ၂ဝ
မန်ယူအသင်းနည်းပြတန်ဟက်က မန်ယူအသင်းနှင့် စာချုပ်သက်တမ်းနောက်ဆုံးနှစ်တွင်ရောက်ရှိနေသော စီရော်နယ်ဒို၊ ဒီဂီယာနှင့် ရက်ရှ်ဖို့ဒ်တို့ကို စာချုပ်ဆွေးနွေးပွဲများသို့ အာရုံမစိုက်ဘဲ ၎င်းတို့၏ စွမ်းဆောင်ရည်များနှင့် ကစားပွဲများအပေါ်တွင် သာ အာရုံစိုက်ထားစေလိုကြောင်း တိုက်တွန်းပြောဆိုခဲ့သည်။
အောက်တိုဘာ(၁၆)ရက်နေ့ နယူးကာဆယ်အသင်းနှင့် သရေကျခဲ့သောပွဲတွင် ကစားခဲ့သောစီရော်နယ်ဒို၊ ဒီဂီယာနှင့် ရက်ရှိဖို့ဒ်တို့သည် စာချုပ်သက်တမ်းတစ်နှစ် ထပ်တိုးရန် ရွေးချယ်ခွင့်ရှိကြောင်း သိရသည်။
နည်းပြတန်ဟက်က “ဒီအခြေအနေမှာ အသင်းနဲ့စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကိုရောက်ရှိနေတဲ့ ကစားသမားတွေကို ကစားပွဲတွေမှာ ခြေစွမ်းပြကစားနိုင်ဖို့နဲ့ စွမ်းဆောင်ရည်ပိုင်းတွေအပေါ်မှာပဲ အာရုံစိုက်ထားစေချင်ပါတယ်၊၊ ကျွန်တော်တို့ ဆက်ကစားရမယ့်ကစားပွဲတွေ အများကြီးရှိပါတယ်၊၊ ဒါကြောင့် သူတို့ရဲ့စာချုပ်ဆွေးနွေးပွဲတွေမှာ ဝင်ရောက်မစွက်ဖက်စေ ချင်ပါဘူး။ ဒါကြောင့် ကျွန်တော်အနေနဲ့ စာချုပ်ကိစ္စဆွေးနွေးမှုတွေက ကစားသမားတွေရဲ့ခြေစွမ်းကို ဟန့်တားနှောင့်ယှက် သလိုဖြစ်မှာကို မလိုလားပါဘူး။ ဒါဟာ သူတို့ကို ကျွန်တော်လုပ်စေချင်တဲ့ အရာတစ်ခုပါ။ တချို့ကစားသမားတွေဟာ စာချုပ် သက်တမ်းတိုးနိုင်ဖို့အတွက် စိတ်အားထက်သန်စွာကစားတာမျိုး မရှိပါဘူး။ ကျွန်တော်တို့အသင်းမှာ အသင်းကစားလိုတဲ့ ပုံစံအတိုင်း စိတ်အားထက်သန်ပြီး စွမ်းဆောင်ရည်ပိုင်းကောင်းမွန်တဲ့ ကစားသမားတွေ လိုအပ်ပါတယ်။ ဒီလိုကစားသမားမျိုး ကို ကျွန်တော်တို့ရှာနေစရာမလိုပါဘူး။ ကံကောင်းစွာနဲ့ပဲ ကျွန်တော်တို့အသင်းမှာ အဲဒီလိုမျိုး ကစားသမားတွေ ရှိပါတယ်” ဟု ပြောဆိုခဲ့သည်။
မန်ယူအသင်းသည် လက်ရှိပရီးမီးယားလိဂ်ရာသီအမှတ်ပေးဇယားတွင် (၁၆)မှတ်ဖြင့် အဆင့်(၅)နေရာမှာ ရပ်တည်နေပြီး အောက်တိုဘာ(၁၉)ရက်နေ့ ညတွင် စပါးအသင်းနှင့်ယှဥ်ပြိုင်ကစားမည်ဖြစ်သည်။

Zawgyi Version;
မန္ယူအသင္းကစားသမားမ်ားကို စာခ်ဳပ္သက္တမ္းအေပၚအာ႐ုံမစိုက္ဘဲ ကစားပြဲအေပၚကိုသာ အာ႐ုံစိုက္ေစခ်င္ေၾကာင္း နည္းျပတန္ဟက္ေျပာဆို
ၿဖိဳးခန႔္ (NP News) - ေအာက္တိုဘာ ၂ဝ
မန္ယူအသင္းနည္းျပတန္ဟက္က မန္ယူအသင္းႏွင့္ စာခ်ဳပ္သက္တမ္းေနာက္ဆုံးႏွစ္တြင္ေရာက္ရွိေနေသာ စီေရာ္နယ္ဒို၊ ဒီဂီယာႏွင့္ ရက္ရွ္ဖို႔ဒ္တို႔ကို စာခ်ဳပ္ေဆြးေႏြးပြဲမ်ားသို႔ အာ႐ုံမစိုက္ဘဲ ၎တို႔၏ စြမ္းေဆာင္ရည္မ်ားႏွင့္ ကစားပြဲမ်ားအေပၚတြင္ သာ အာ႐ုံစိုက္ထားေစလိုေၾကာင္း တိုက္တြန္းေျပာဆိုခဲ့သည္။
ေအာက္တိုဘာ(၁၆)ရက္ေန႔ နယူးကာဆယ္အသင္းႏွင့္ သေရက်ခဲ့ေသာပြဲတြင္ ကစားခဲ့ေသာစီေရာ္နယ္ဒို၊ ဒီဂီယာႏွင့္ ရက္ရွိဖို႔ဒ္တို႔သည္ စာခ်ဳပ္သက္တမ္းတစ္ႏွစ္ ထပ္တိုးရန္ ေ႐ြးခ်ယ္ခြင့္ရွိေၾကာင္း သိရသည္။
နည္းျပတန္ဟက္က “ဒီအေျခအေနမွာ အသင္းနဲ႔စာခ်ဳပ္သက္တမ္း ေနာက္ဆုံးႏွစ္ကိုေရာက္ရွိေနတဲ့ ကစားသမားေတြကို ကစားပြဲေတြမွာ ေျခစြမ္းျပကစားႏိုင္ဖို႔နဲ႔ စြမ္းေဆာင္ရည္ပိုင္းေတြအေပၚမွာပဲ အာ႐ုံစိုက္ထားေစခ်င္ပါတယ္၊၊ ကြၽန္ေတာ္တို႔ ဆက္ကစားရမယ့္ကစားပြဲေတြ အမ်ားႀကီးရွိပါတယ္၊၊ ဒါေၾကာင့္ သူတို႔ရဲ႕စာခ်ဳပ္ေဆြးေႏြးပြဲေတြမွာ ဝင္ေရာက္မစြက္ဖက္ေစ ခ်င္ပါဘူး။ ဒါေၾကာင့္ ကြၽန္ေတာ္အေနနဲ႔ စာခ်ဳပ္ကိစၥေဆြးေႏြးမႈေတြက ကစားသမားေတြရဲ႕ေျခစြမ္းကို ဟန႔္တားေႏွာင့္ယွက္ သလိုျဖစ္မွာကို မလိုလားပါဘူး။ ဒါဟာ သူတို႔ကို ကြၽန္ေတာ္လုပ္ေစခ်င္တဲ့ အရာတစ္ခုပါ။ တခ်ိဳ႕ကစားသမားေတြဟာ စာခ်ဳပ္ သက္တမ္းတိုးႏိုင္ဖို႔အတြက္ စိတ္အားထက္သန္စြာကစားတာမ်ိဳး မရွိပါဘူး။ ကြၽန္ေတာ္တို႔အသင္းမွာ အသင္းကစားလိုတဲ့ ပုံစံအတိုင္း စိတ္အားထက္သန္ၿပီး စြမ္းေဆာင္ရည္ပိုင္းေကာင္းမြန္တဲ့ ကစားသမားေတြ လိုအပ္ပါတယ္။ ဒီလိုကစားသမားမ်ိဳး ကို ကြၽန္ေတာ္တို႔ရွာေနစရာမလိုပါဘူး။ ကံေကာင္းစြာနဲ႔ပဲ ကြၽန္ေတာ္တို႔အသင္းမွာ အဲဒီလိုမ်ိဳး ကစားသမားေတြ ရွိပါတယ္” ဟု ေျပာဆိုခဲ့သည္။
မန္ယူအသင္းသည္ လက္ရွိပရီးမီးယားလိဂ္ရာသီအမွတ္ေပးဇယားတြင္ (၁၆)မွတ္ျဖင့္ အဆင့္(၅)ေနရာမွာ ရပ္တည္ေနၿပီး ေအာက္တိုဘာ(၁၉)ရက္ေန႔ ညတြင္ စပါးအသင္းႏွင့္ယွဥ္ၿပိဳင္ကစားမည္ျဖစ္သည္။