မလေးရှားနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၁၉ ရက်နေ့မှာ ကျင်းပမယ်

 550

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂ဝ

မလေးရှားနိုင်ငံမှာ လာမယ့် နိုဝင်ဘာ ၁၉ ရက်နေ့မှာ အထွေထွေရွေးကောက်ပွဲကျင်းပသွားမှာဖြစ်ကြောင်း မလေးရှားရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်လိုက်ပါတယ်။

မလေးရှားဝန်ကြီးချုပ် အစ္စမေးလ် ဆာဘရီ ယက်ကော့ဘ်ဟာ ဒီနှစ်မကုန်ခင် ရွေးကောက်ပွဲကျင်းပသွားမှာဖြစ်ပြီး လွှတ်တော်ကို ဖျက်သိမ်းသွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့အောက်တိုဘာ ၁ဝ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပီရက်၊ ပါလစ်၊ ပါဟန် စတဲ့ပြည်နယ်တွေမှာ လွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီး အထွေထွေ ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်နေပြီဖြစ်တယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းများဟာ နိုဝင်ဘာ ၅ ရက်နေ့မှာ စတင်အမည်စာရင်းပေးသွားရမှာဖြစ်ပြီး မဲဆွယ်စည်းရုံးဖို့အချိန် ၁၄ ရက်ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

မလေးရှားရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခွင့်ရှိသူအရေအတွက်ဟာ ၂၁ ဒသမ ၁ သန်းရှိပြီး ကြိုတင်မဲပေးခွင့်ကို နိုဝင်ဘာ ၁၅ ရက်နေ့မှာ စတင်မဲပေးခွင့်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ မလေးရှားမှာ ရှင်သန်နေထိုင်မှုမြင့်တက်ခြင်းနဲ့ အကျင့်ပျက်လာဘ်စားမှုပြဿနာများကြောင့် မလေးရှားနိုင်ငံရေးပါတီများကြား အငြင်းပွားမှုတွေ ရှိနေခဲ့တယ်လို့ သိရပါတယ်။

မလေးရှားဝန်ကြီးချုပ် အစ္စမေးလ် ဆာဘရီယက်ကော့ဘ် ဦးဆောင်တဲ့ (Umno) ပါတီဟာ ဗြိတိန်နိုင်ငံထံမှ လွတ်လပ်ရေးရယူခဲ့တဲ့ ၁၉၅၇ ခုနှစ် နောက်ပိုင်းကတည်းက မလေးရှားနိုင်ငံမှာ လွှမ်းမိုးမှု အရှိဆုံးပါတီဖြစ်ခဲ့ပြီး မလေးရှားညွှန်ပေါင်းအစိုးရမှာ ဦးဆောင်နေတဲ့ပါတီလည်းဖြစ်ပါတယ်။

Zawgyi Version;
မေလးရွားႏိုင္ငံမွာ အေထြေထြေ႐ြးေကာက္ပြဲကို ႏိုဝင္ဘာ ၁၉ ရက္ေန႔မွာ က်င္းပမယ္
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂ဝ

မေလးရွားႏိုင္ငံမွာ လာမယ့္ ႏိုဝင္ဘာ ၁၉ ရက္ေန႔မွာ အေထြေထြေ႐ြးေကာက္ပြဲက်င္းပသြားမွာျဖစ္ေၾကာင္း မေလးရွားေ႐ြးေကာက္ပြဲေကာ္မရွင္က သတင္းထုတ္ျပန္လိုက္ပါတယ္။

မေလးရွားဝန္ႀကီးခ်ဳပ္ အစၥေမးလ္ ဆာဘရီ ယက္ေကာ့ဘ္ဟာ ဒီႏွစ္မကုန္ခင္ ေ႐ြးေကာက္ပြဲက်င္းပသြားမွာျဖစ္ၿပီး လႊတ္ေတာ္ကို ဖ်က္သိမ္းသြားမွာျဖစ္ေၾကာင္း ၿပီးခဲ့တဲ့ေအာက္တိုဘာ ၁ဝ ရက္ေန႔က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ပီရက္၊ ပါလစ္၊ ပါဟန္ စတဲ့ျပည္နယ္ေတြမွာ လႊတ္ေတာ္ကို ဖ်က္သိမ္းလိုက္ၿပီး အေထြေထြ ေ႐ြးေကာက္ပြဲက်င္းပဖို႔ စီစဥ္ေနၿပီျဖစ္တယ္လို႔ သိရပါတယ္။ ေ႐ြးေကာက္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္းမ်ားဟာ ႏိုဝင္ဘာ ၅ ရက္ေန႔မွာ စတင္အမည္စာရင္းေပးသြားရမွာျဖစ္ၿပီး မဲဆြယ္စည္း႐ုံးဖို႔အခ်ိန္ ၁၄ ရက္ရရွိမွာျဖစ္တယ္လို႔ သိရပါတယ္။

မေလးရွားေ႐ြးေကာက္ပြဲမွာ ဆႏၵမဲေပးခြင့္ရွိသူအေရအတြက္ဟာ ၂၁ ဒသမ ၁ သန္းရွိၿပီး ႀကိဳတင္မဲေပးခြင့္ကို ႏိုဝင္ဘာ ၁၅ ရက္ေန႔မွာ စတင္မဲေပးခြင့္ေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။ မေလးရွားမွာ ရွင္သန္ေနထိုင္မႈျမင့္တက္ျခင္းနဲ႔ အက်င့္ပ်က္လာဘ္စားမႈျပႆနာမ်ားေၾကာင့္ မေလးရွားႏိုင္ငံေရးပါတီမ်ားၾကား အျငင္းပြားမႈေတြ ရွိေနခဲ့တယ္လို႔ သိရပါတယ္။

မေလးရွားဝန္ႀကီးခ်ဳပ္ အစၥေမးလ္ ဆာဘရီယက္ေကာ့ဘ္ ဦးေဆာင္တဲ့ (Umno) ပါတီဟာ ၿဗိတိန္ႏိုင္ငံထံမွ လြတ္လပ္ေရးရယူခဲ့တဲ့ ၁၉၅၇ ခုႏွစ္ ေနာက္ပိုင္းကတည္းက မေလးရွားႏိုင္ငံမွာ လႊမ္းမိုးမႈ အရွိဆုံးပါတီျဖစ္ခဲ့ၿပီး မေလးရွားၫႊန္ေပါင္းအစိုးရမွာ ဦးေဆာင္ေနတဲ့ပါတီလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.