ယူကရိန်းစွမ်းအင်အဆောက်အဦးများကို ရုရှားတို့ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေကြောင်း ယူကရိန်းသမ္မတဆို

 444

ဖြိုးခန့်(NP News) - အောက်တိုဘာ ၂၁

ယူကရိန်းနိုင်ငံ၏ ဓာတ်အားပေးစက်ရုံများနှင့် လျှပ်စစ်ဓာတ်အားခွဲရုံများကို ရုရှားက တိုက်ခိုက်ခြင်းကြောင့် ယူကရိန်းသည် ဆောင်းရာသီတွင် အနွေးဓါတ်များရရှိရန်အတွက် ရုန်းကန်ရဖွယ်ရှိနေကြောင်းသိရသည်။

ယူကရိန်းသည် ဆောင်းရာသီတွင် အနွေးဓါတ်များရရှိနိုင်ရန်အတွက် ဓါတ်ငွေ့နှင့်လျှပ်စစ်ဓာတ်အားထောက်ပံ့မှုများကို ပြုပြင် ရန်နှင့် အစားထိုးရန် ကြိုးပမ်းလျက်ရှိနေကြောင်းသိရသည်။ ယူကရိန်းသည် ရုရှားနှင့်စစ်ပွဲများဖြစ်ပွားနေသည့်အတွက် စွမ်းအင်အကျပ်အတည်းများနှင့်လည်းရင်ဆိုင်နေရသလို ကမ္ဘာတဝှမ်းတွင် စွမ်းအင်နှင့်ပတ်သက်ပြီး ကုန်ကျစရိတ်များ မြင့်တက်နေလျက်ရှိကြောင်းသိရသည်။

ရုရှားသည် ဆောင်းရာသီကို လက်နက်သဖွယ်အသုံးပြုရန်ကြိုးပမ်းနေပြီး ယူကရိန်း၏စွမ်းအင်အဆောက်အအုံများကို ရည်ရွယ် ချက်ရှိရှိတိုက်ခိုက်နေကြောင်း ယူကရိန်းအစိုးရတာဝန်ရှိသူများက ပြောကြားခဲ့သည်။ ရုရှား၏ ဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်ခြင်းကြောင့် ယူကရိန်း၏ဓာတ်အားပေးစက်ရုံအချို့ပျက်စီးသွားခဲ့ရာ ဆောင်းရာသီမဝင်မီ ယူကရိန်းနိုင်ငံတစ်ဝှမ်းရှိ လျှပ်စစ်ဓာတ်အားသုံးစွဲမှုများကို ကန့်သတ်လိုက်သလိုဖြစ်စေခဲ့ကြောင်း ရိုက်တာသတင်းဌာနက အောက်တိုဘာ(၂ဝ)ရက်နေ့ တွင် ဖော်ပြခဲ့သည်။

ယူကရိန်းသမ္မတ ဇီလန်စကီးက “ကျွန်တော်တို့ဟာ ဆောင်းရာသီနှင့်ပတ်သက်ပြီး အမျိုးမျိုးသောအခြေအနေတွေအတွက် ပြင်ဆင်မှုတွေပြုလုပ်နေပါတယ်။ ယူကရိန်းနိုင်ငံရဲ့မိတ်ဖက်နိုင်ငံတွေ အကူအညီနဲ့ ရုရှားရဲ့ ဒရုန်းတွေနဲ့ ဒုံးကျည်တွေကို (၁ဝဝ) ရာခိုင်နှုန်း ပစ်မချနိုင်ခင်အထိ ရုရှားဟာ ယူကရိန်းစွမ်းအင်အဆောက်အဦးတွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်နေဦး မယ်လို့ ကျွန်တော်တို့ယူဆပါတယ်” ဟု ပြောဆိုခဲ့သည်။

ရုရှား၏လေကြောင်းတိုက်ခိုက်မှုကြောင့် ယူကရိန်းရှိ ဓာတ်အားပေးစက်ရုံများ၏ သုံးပုံတစ်ပုံခန့်ထိခိုက်ပျက်စီးခဲ့ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက ယခုသီတင်းပတ်အစောပိုင်းတွင် ပြောကြားခဲ့သည်။ရုရှား၏တိုက်ခိုက်မှုများကြောင့် ကိယက်ဗ် မြို့အနောက်မြောက်ဖက်ရှိ ဘူခါဆင်ခြေဖုံးရပ်ကွက်တွင် ဓါတ်ငွေ့လိုင်းများပြတ်တောက်ခဲ့ပြီး အပူပေးစနစ်တစ်ခုလုံး ထိခိုက်ခဲ့ကြောင်းသိရသည်။

Zawgyi Version;
ယူကရိန္းစြမ္းအင္အေဆာက္အဦးမ်ားကို ႐ုရွားတို႔ရည္႐ြယ္ခ်က္ရွိရွိ တိုက္ခိုက္ေနေၾကာင္း ယူကရိန္းသမၼတဆို
ၿဖိဳးခန႔္(NP News) - ေအာက္တိုဘာ ၂၁

ယူကရိန္းႏိုင္ငံ၏ ဓာတ္အားေပးစက္႐ုံမ်ားႏွင့္ လွ်ပ္စစ္ဓာတ္အားခြဲ႐ုံမ်ားကို ႐ုရွားက တိုက္ခိုက္ျခင္းေၾကာင့္ ယူကရိန္းသည္ ေဆာင္းရာသီတြင္ အေႏြးဓါတ္မ်ားရရွိရန္အတြက္ ႐ုန္းကန္ရဖြယ္ရွိေနေၾကာင္းသိရသည္။

ယူကရိန္းသည္ ေဆာင္းရာသီတြင္ အေႏြးဓါတ္မ်ားရရွိႏိုင္ရန္အတြက္ ဓါတ္ေငြ႕ႏွင့္လွ်ပ္စစ္ဓာတ္အားေထာက္ပံ့မႈမ်ားကို ျပဳျပင္ ရန္ႏွင့္ အစားထိုးရန္ ႀကိဳးပမ္းလ်က္ရွိေနေၾကာင္းသိရသည္။ ယူကရိန္းသည္ ႐ုရွားႏွင့္စစ္ပြဲမ်ားျဖစ္ပြားေနသည့္အတြက္ စြမ္းအင္အက်ပ္အတည္းမ်ားႏွင့္လည္းရင္ဆိုင္ေနရသလို ကမာၻတဝွမ္းတြင္ စြမ္းအင္ႏွင့္ပတ္သက္ၿပီး ကုန္က်စရိတ္မ်ား ျမင့္တက္ေနလ်က္ရွိေၾကာင္းသိရသည္။

႐ုရွားသည္ ေဆာင္းရာသီကို လက္နက္သဖြယ္အသုံးျပဳရန္ႀကိဳးပမ္းေနၿပီး ယူကရိန္း၏စြမ္းအင္အေဆာက္အအုံမ်ားကို ရည္႐ြယ္ ခ်က္ရွိရွိတိုက္ခိုက္ေနေၾကာင္း ယူကရိန္းအစိုးရတာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။ ႐ုရွား၏ ဒ႐ုန္းမ်ား၊ ဒုံးက်ည္မ်ားျဖင့္ တိုက္ခိုက္ျခင္းေၾကာင့္ ယူကရိန္း၏ဓာတ္အားေပးစက္႐ုံအခ်ိဳ႕ပ်က္စီးသြားခဲ့ရာ ေဆာင္းရာသီမဝင္မီ ယူကရိန္းႏိုင္ငံတစ္ဝွမ္းရွိ လွ်ပ္စစ္ဓာတ္အားသုံးစြဲမႈမ်ားကို ကန႔္သတ္လိုက္သလိုျဖစ္ေစခဲ့ေၾကာင္း ႐ိုက္တာသတင္းဌာနက ေအာက္တိုဘာ(၂ဝ)ရက္ေန႔ တြင္ ေဖာ္ျပခဲ့သည္။

ယူကရိန္းသမၼတ ဇီလန္စကီးက “ကြၽန္ေတာ္တို႔ဟာ ေဆာင္းရာသီႏွင့္ပတ္သက္ၿပီး အမ်ိဳးမ်ိဳးေသာအေျခအေနေတြအတြက္ ျပင္ဆင္မႈေတြျပဳလုပ္ေနပါတယ္။ ယူကရိန္းႏိုင္ငံရဲ႕မိတ္ဖက္ႏိုင္ငံေတြ အကူအညီနဲ႔ ႐ုရွားရဲ႕ ဒ႐ုန္းေတြနဲ႔ ဒုံးက်ည္ေတြကို (၁ဝဝ) ရာခိုင္ႏႈန္း ပစ္မခ်ႏိုင္ခင္အထိ ႐ုရွားဟာ ယူကရိန္းစြမ္းအင္အေဆာက္အဦးေတြကို အၾကမ္းဖက္တိုက္ခိုက္မႈေတြ ျပဳလုပ္ေနဦး မယ္လို႔ ကြၽန္ေတာ္တို႔ယူဆပါတယ္” ဟု ေျပာဆိုခဲ့သည္။

႐ုရွား၏ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ယူကရိန္းရွိ ဓာတ္အားေပးစက္႐ုံမ်ား၏ သုံးပုံတစ္ပုံခန႔္ထိခိုက္ပ်က္စီးခဲ့ေၾကာင္း ယူကရိန္းသမၼတဇီလန္စကီးက ယခုသီတင္းပတ္အေစာပိုင္းတြင္ ေျပာၾကားခဲ့သည္။႐ုရွား၏တိုက္ခိုက္မႈမ်ားေၾကာင့္ ကိယက္ဗ္ ၿမိဳ႕အေနာက္ေျမာက္ဖက္ရွိ ဘူခါဆင္ေျခဖုံးရပ္ကြက္တြင္ ဓါတ္ေငြ႕လိုင္းမ်ားျပတ္ေတာက္ခဲ့ၿပီး အပူေပးစနစ္တစ္ခုလုံး ထိခိုက္ခဲ့ေၾကာင္းသိရသည္။

Picture

L Mone

21/10/2022 10:53

ယူကရိန်းနဲ့ မြန်မာ ဘယ်သူပိုနာနေရသလဲ စဉ်းစားမိတယ်။မအေလိုး နေတိုးက မြန်မာကို တွန်းပို့ထားသလို ယူကရိန်းကိုလည်း ဖျက်ဆီးဖို့ စိတ်ကူးထားပြီးသားဖြစ်ပါတယ်။မနေလိုစိတ်အင်မတန်များတဲ့ နေတိုးကို ပြန်ပြီး လုပ်ဖို့ ရုရှားတရုတ်အိန္ဒိယပေါင်းပြီး အီရန်အာဖဂန် ပါကစ္စတန် မြောက်ကိုးရိးယား မြန်မာ ကျူဘား ဘင်နီဇွဲလား ဆော်ဒီ တူရကီ ဘရာဇီး တို့ပူးပေါင်းကြသင့်ပါတယ်။ရုရှားရဲ့ ဆီတိုးလည်း ပါနေတာမို့ ကုတ်သွားအောင်တော့ လုပ်ပြစ်သင့်ပါပြီ။ကုလသမဂ္ဂကို အမေရိကန်အစား တခြားနေရာ ရွေ့ကြသင့်ပြီ။ အရှေ့အလည်ပိုင်းဖြစ်တဲ့ အီဂျစ်လောက်ဆိုရင် မဆိုးပါဘူး။

Related news

© 2021. All rights reserved.