ထိုင်ဝမ်ကို တရုတ်ကျူးကျော်လာနိုင်မယ့်အလားအလာအတွက် တုံ့ပြန်ရန် အသင့်ရှိနေဖို့ ပြင်ဆင်ထားကြောင်း အမေရိကန်ပြော

 568

ရောင်နီ (NP News) - အောက်တိုဘာ ၂၁

ထိုင်ဝမ်ကို ယခုနှစ်အတွင်း တရုတ်က ကျူးကျော်ဝင်ရောက်လာနိုင်တဲ့အလားအလာကို အမေရိကန်စစ်တပ်က တုံ့ပြန်ရန်အသင့်ရှိနေကြောင်း အကြီးတန်း ရေတပ်ဗိုလ်ချုပ်ကြီး တစ်ဦးက ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၁၉ ရက်) က ပြောကြားခဲ့ပါတယ်။

အမေရိကန် ရေတပ်စစ်ဆင်ရေးအကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး မစ်ရှယ်ဂီဒေး က တရုတ်က ထိုင်ဝမ်ကို သိမ်းယူရန် ယခင်ကထက် များစွာ ဆန္ဒရှိနေမှာကို စိုးရိမ်မိကြောင်း ဆိုပါတယ်။ ကျွန်းကို ကျူးကျော်ရန် ကြိုးပမ်းမှု ပျက်ပြားပြီး တရုတ်နိုင်ငံဟာ နိုင်ငံတကာအပယ်ခံအဖြစ် ရောက်ရှိသွားမှာဖြစ်ကြောင်း ထိုင်ဝမ်လုံခြုံရေးထိပ်တန်း အရာရှိက သတိပေးလိုက်ပြီးနောက် တရုတ်နိုင်ငံဘက်မှ အမြန်ဆုံးသိမ်းပိုက်မယ့် မှတ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ တရုတ်သမ္မတရှီကျင်းဖင်ဟာ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံမှာ တတိယမြောက် ငါးနှစ်သက်တမ်းကို ဆက်လက်ချုပ်ကိုင်ထားပြီး တနင်္ဂနွေနေ့က အထင်ကရ ကွန်မြူနစ်ပါတီကွန်ဂရက်မိန့်ခွန်းမှာ ထိုင်ဝမ်နဲ့ ပြန်လည် ပေါင်းစည်းဖို့ တင်းတင်းကျပ်ကျပ်လုပ်ဆောင်ဖို့ ကတိပြုထားပါတယ်။

ပေကျင်းဟာ ထိုင်ဝမ်နဲ့ "ငြိမ်းချမ်းသော ပြန်လည်ပေါင်းစည်းရေး" အတွက် ကြိုးပမ်းနေသည်မှာ ကြာမြင့်ပြီဖြစ်ပေ မယ့်လည်း အထူးသဖြင့် ကျွန်းမှာ လိုအပ်ပါက အင်အားသုံးပိုင်ခွင့်ကို ကန့်သတ်ထားပါတယ်။ ထိုင်ဝမ်အပေါ် ပြောင် ပြောင်တင်းတင်းပြောဆိုမှုတွေနဲ့လုပ်ရပ်များဟာ တရုတ်ရဲ့သက်တမ်းကြာ ခေါင်းဆောင်ရှီ အောက်မှာ ပိုထင်ရှား လာကာ စစ်တပ်ဟာ ကျူးကျော်မှုကိုဖယ်ရှားဖို့ရည်ရွယ်တဲ့ကိရိယာတွေ ဝယ်ယူမှုကို အရှိန်မြှင့်ခဲ့ပါတယ်။ ယူကရိန်း ကို ရုရှားရဲ့ကျူးကျော်မှုနဲ့ပတ်သက်ပြီး ရှုတ်ချခြင်းမရှိတဲ့တရုတ်ဟာ ထိုင်ဝမ်ကိုလည်း အလားတူလုပ်ရပ်များ လုပ်ဆောင်လာမလားဆိုတဲ့စိုးရိမ်မှုတွေ တိုးလာခဲ့ပါတယ်။ အောက်တိုဘာလ ၁၇ ရက်၊ တနင်္လာနေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်က ဘေဂျင်းဟာ ထိုင်ဝမ်ကို ယခင်က ယူဆထားသည်ထက် ပိုမိုမြန်ဆန် တဲ့ အချိန်ဇယားနဲ့သိမ်းယူလိုနေကြောင်းပြောကြားခဲ့ပြီး ထိုင်ဝမ်နဲ့ပတ်သက်တဲ့ မည်သည့်စစ်ပွဲမဆို ကမ္ဘာ့ ကုန်သွယ်ရေးအပေါ် ကြီးမားတဲ့သက်ရောက်မှုရှိလာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

Zawgyi Version;
ထိုင္ဝမ္ကို တ႐ုတ္က်ဴးေက်ာ္လာႏိုင္မယ့္အလားအလာအတြက္ တုံ႔ျပန္ရန္ အသင့္ရွိေနဖို႔ ျပင္ဆင္ထားေၾကာင္း အေမရိကန္ေျပာ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂၁

ထိုင္ဝမ္ကို ယခုႏွစ္အတြင္း တ႐ုတ္က က်ဴးေက်ာ္ဝင္ေရာက္လာႏိုင္တဲ့အလားအလာကို အေမရိကန္စစ္တပ္က တုံ႔ျပန္ရန္အသင့္ရွိေနေၾကာင္း အႀကီးတန္း ေရတပ္ဗိုလ္ခ်ဳပ္ႀကီး တစ္ဦးက ဗုဒၶဟူးေန႔ (ေအာက္တိုဘာ ၁၉ ရက္) က ေျပာၾကားခဲ့ပါတယ္။

အေမရိကန္ ေရတပ္စစ္ဆင္ေရးအႀကီးအကဲ ေရတပ္ဗိုလ္ခ်ဳပ္ႀကီး မစ္ရွယ္ဂီေဒး က တ႐ုတ္က ထိုင္ဝမ္ကို သိမ္းယူရန္ ယခင္ကထက္ မ်ားစြာ ဆႏၵရွိေနမွာကို စိုးရိမ္မိေၾကာင္း ဆိုပါတယ္။ ကြၽန္းကို က်ဴးေက်ာ္ရန္ ႀကိဳးပမ္းမႈ ပ်က္ျပားၿပီး တ႐ုတ္ႏိုင္ငံဟာ ႏိုင္ငံတကာအပယ္ခံအျဖစ္ ေရာက္ရွိသြားမွာျဖစ္ေၾကာင္း ထိုင္ဝမ္လုံၿခဳံေရးထိပ္တန္း အရာရွိက သတိေပးလိုက္ၿပီးေနာက္ တ႐ုတ္ႏိုင္ငံဘက္မွ အျမန္ဆုံးသိမ္းပိုက္မယ့္ မွတ္ခ်က္မ်ား ထြက္ေပၚလာျခင္း ျဖစ္ပါတယ္။ တ႐ုတ္သမၼတရွီက်င္းဖင္ဟာ ကမာၻ႔လူဦးေရအမ်ားဆုံးႏိုင္ငံမွာ တတိယေျမာက္ ငါးႏွစ္သက္တမ္းကို ဆက္လက္ခ်ဳပ္ကိုင္ထားၿပီး တနဂၤေႏြေန႔က အထင္ကရ ကြန္ျမဴနစ္ပါတီကြန္ဂရက္မိန႔္ခြန္းမွာ ထိုင္ဝမ္နဲ႔ ျပန္လည္ ေပါင္းစည္းဖို႔ တင္းတင္းက်ပ္က်ပ္လုပ္ေဆာင္ဖို႔ ကတိျပဳထားပါတယ္။

ေပက်င္းဟာ ထိုင္ဝမ္နဲ႔ "ၿငိမ္းခ်မ္းေသာ ျပန္လည္ေပါင္းစည္းေရး" အတြက္ ႀကိဳးပမ္းေနသည္မွာ ၾကာျမင့္ၿပီျဖစ္ေပ မယ့္လည္း အထူးသျဖင့္ ကြၽန္းမွာ လိုအပ္ပါက အင္အားသုံးပိုင္ခြင့္ကို ကန႔္သတ္ထားပါတယ္။ ထိုင္ဝမ္အေပၚ ေျပာင္ ေျပာင္တင္းတင္းေျပာဆိုမႈေတြနဲ႔လုပ္ရပ္မ်ားဟာ တ႐ုတ္ရဲ႕သက္တမ္းၾကာ ေခါင္းေဆာင္ရွီ ေအာက္မွာ ပိုထင္ရွား လာကာ စစ္တပ္ဟာ က်ဴးေက်ာ္မႈကိုဖယ္ရွားဖို႔ရည္႐ြယ္တဲ့ကိရိယာေတြ ဝယ္ယူမႈကို အရွိန္ျမႇင့္ခဲ့ပါတယ္။ ယူကရိန္း ကို ႐ုရွားရဲ႕က်ဴးေက်ာ္မႈနဲ႔ပတ္သက္ၿပီး ရႈတ္ခ်ျခင္းမရွိတဲ့တ႐ုတ္ဟာ ထိုင္ဝမ္ကိုလည္း အလားတူလုပ္ရပ္မ်ား လုပ္ေဆာင္လာမလားဆိုတဲ့စိုးရိမ္မႈေတြ တိုးလာခဲ့ပါတယ္။ ေအာက္တိုဘာလ ၁၇ ရက္၊ တနလၤာေန႔က အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးအန္တိုနီဘလင္ကန္က ေဘဂ်င္းဟာ ထိုင္ဝမ္ကို ယခင္က ယူဆထားသည္ထက္ ပိုမိုျမန္ဆန္ တဲ့ အခ်ိန္ဇယားနဲ႔သိမ္းယူလိုေနေၾကာင္းေျပာၾကားခဲ့ၿပီး ထိုင္ဝမ္နဲ႔ပတ္သက္တဲ့ မည္သည့္စစ္ပြဲမဆို ကမာၻ႔ ကုန္သြယ္ေရးအေပၚ ႀကီးမားတဲ့သက္ေရာက္မႈရွိလာႏိုင္တယ္လို႔ သတိေပးခဲ့ပါတယ္။

Picture

L Mone

21/10/2022 10:59

တရုတ်က ပြောင်ပြောင်တင်းတင်း ထိပ်တိုက်ပွဲကို နည်းမျိူးစုံနဲ့ ကြမ်းသင့်ပါပြီ။အထူးသဖြင့် ရုရှားနဲ့ အတူတူ ဗြောင်းဆန်အောင် နာနာလေး ကျူးဘားသို့မဟုတ် ဘင်နီဇွဲလား ဘရာဇီးတို့ကနေ ကြမ်းသင်ပါပြီ။ တရုတ်ကို ကြောက်နေတာပါ။ကမ္ဘာပတ်လမ်း စီမံကိန်းကို တိုက်ခိုက်ချင်နေကြတာပါ။ ထိုင်ဝမ်ဟာ မျှားကောင်အဖြစ်သာ တရုတ်တို့သုံးသင့်ပါတယ်။အမေရိကန် အမြီးကုတ်သွားဖို့အတွက် နည်းကောင်းကောင်းရုကြရမှာပဲ ဖြစ်ပါတယ်။

Picture

L Mone

21/10/2022 11:04

ဒီကောင်တွေကို လုပ်နည်းက လွယ်ပါတယ် တရုတ်ကို မူစလင်နဲ့ ရန်တိုက်နေတာ လေးကိုပဲ စဉ်းစားပြီး လုပ်ကြည့်ကြရမှာပဲ ဖြစ်ပါတယ်။မြန်မာကို ခေါင်းထဲဘမထည့်ကြသင့်ပါဘူး။မြန်မာက ယူကရိန်းလို မရူးပါဘူးဆိုတာ တရုတ်နားလည်ကြရမှာပဲ ဖြစ်ပါတယ်။

Picture

09970228227

22/10/2022 14:31

အမေရိကန်တွေက သူတို့အသက်မသေရင် အကုန်မြှောက်ပေးတယ်။

Related news

© 2021. All rights reserved.