စစ်ကိုင်းတိုင်း၌ အကြမ်းဖက်များ၏ သတ်ဖြတ်ခံရမှုကြောင့် အမျိုးသား(၅)ဦးအပါအဝင် (၁ဝ) ဦးသေဆုံး

1549

NP News - အောက်တိုဘာ ၂၁
စစ်ကိုင်းတိုင်းတွင် အောက်တိုဘာ(၁၉)ရက်နေ့၌ အကြမ်းဖက်များ၏ သတ်ဖြတ်ခံရမှုကြောင့် အမျိုးသား(၅)ဦး အပါအဝင် စုစုပေါင်း (၁ဝ) ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ(၁၉)ရက် နံနက်(၈)နာရီအချိန်တွင် စစ်ကိုင်းတိုင်း၊ တမူးမြို့၊ စော်ဘွား(၅)ရပ်ကွက်၊ နန်းမြင့်ဟန် တံတားအနီးတွင် အမျိုးသမီး(၂)ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။
စစ်ကိုင်းတိုင်း၊ တမူးမြို့၊ မြို့မ(၁၂-ခ) ရပ်ကွက်တွင် နေထိုင်သူများဖြစ်သည့် ဒေါ်ခင်ဌေးဝင်းနှင့် ၎င်း၏သမီးဖြစ်သူ ဒေါ်သန်းသန်းဝင်းတို့(၂)ဦးသည် အင်ဒိုကျေးရွာသို့ ဆိုင်ကယ်ဖြင့်သွားစဉ် အခင်းဖြစ်ရာနေရာအရောက်တွင် အကြမ်းဖက်သမားများက သေနတ်၊ ဓားများဖြင့် ဝိုင်းဝန်းပစ်ခတ် ထိုးခုတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ပြောသည်။
သေနတ်များ၊ ဓားများဖြင့် ပစ်ခတ်ထိုးခုတ်ခံရမှုကြောင့် ဒေါ်ခင်ဌေးဝင်းတွင် နဖူးညိုမဲဒဏ်ရာ၊ မေးစေ့ပြတ်ရှဒဏ်ရာ၊ ပခုံးပေါက်ပြဲဒဏ်ရာ၊ ကျည်ဖောက်ဝင်ဒဏ်ရာ(၂)ချက်ဖြင့်လည်း ကောင်း၊ ၎င်း၏သမီးဖြစ်သူတွင် နံဘေးမှကျည်ဖောက်ဝင် ဒဏ်ရာ၊ မျက်နှာပြတ်ရှဒဏ်ရာ၊ ရင်ဘတ်၌ ထိုးသွင်းဒဏ်ရာ(၁ဝ)ချက်တို့ဖြင့် အသီးသီးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
အလားတူ ညနေ(၄)နာရီအချိန်တွင် ရွှေဘိုမြို့နယ်၊ ချီပါ(တောင်)ကျေးရွာတွင် နေထိုင်သူ ဦးညိုကြီးသည် ချီပါ(တောင်) ကျေးရွာနှင့် မြောက်ရွာကြားရှိ ဘောလုံးကွင်း၌ ကျင်းပသည့် မင်္ဂလာဆောင်တွင် ထမင်းချက်ပေးနေစဉ် အကြမ်းဖက်သမား (၄)ဦးက ဆိုင်ကယ်(၂)စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးညိုကြီးသည် နားထင်၊ လည်ပင်းနှင့် လက်မောင်းတို့တွင် ကျည်ထိမှန်ဒဏ်ရာ(၃)ချက် ရရှိခဲ့ပြီး အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။
ထို့ပြင် ည(၈)နာရီခွဲအချိန်တွင် စစ်ကိုင်းမြို့နယ်၊ သဇင်ကျေးရွာ၌ နေထိုင်ကြသည့် ဦးတိုးရွှင်၊ ၎င်း၏သားဖြစ်သူ ဦးသိန်းမင်းဦး၊ ဦးသိန်းမင်းဦး၏ ဇနီးဖြစ်သူ ဒေါ်နိုင်နိုင်မော်၊ ဦးဝင်းကို၊ ၎င်း၏ဇနီးဖြစ်သူ ဒေါ်ငွေခင်၊ ဦးဝင်းကို၏ သမီးနှင့် သားမက်များဖြစ်သည့် မနန်းမြတ်နွယ်နှင့် ကိုသန်းနိုင်ဌေးတို့ (၇)ဦးအား ၎င်းတို့၏နေအိမ်များမှ အကြမ်းဖက်သမား(၂ဝ)ခန့်က လာ ရောက်ဖမ်းဆီးသွားကြောင်း သိရသည်။
ထို့နောက် ၎င်းတို့အား အကြမ်းဖက်သမားများက သဇင်ကျေးရွာ၏ အရှေ့ဘက် တောအုပ်အတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး “သတင်းပေး၊ ဒလန်” များဟု စွပ်စွဲ၍ သတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

Zawgyi Version;
စစ္ကိုင္းတိုင္း၌ အၾကမ္းဖက္မ်ား၏ သတ္ျဖတ္ခံရမႈေၾကာင့္ အမ်ိဳးသား(၅)ဦးအပါအဝင္ (၁ဝ) ဦးေသဆုံး
NP News - ေအာက္တိုဘာ ၂၁
စစ္ကိုင္းတိုင္းတြင္ ေအာက္တိုဘာ(၁၉)ရက္ေန႔၌ အၾကမ္းဖက္မ်ား၏ သတ္ျဖတ္ခံရမႈေၾကာင့္ အမ်ိဳးသား(၅)ဦး အပါအဝင္ စုစုေပါင္း (၁ဝ) ဦး ေသဆုံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ေအာက္တိုဘာ(၁၉)ရက္ နံနက္(၈)နာရီအခ်ိန္တြင္ စစ္ကိုင္းတိုင္း၊ တမူးၿမိဳ႕၊ ေစာ္ဘြား(၅)ရပ္ကြက္၊ နန္းျမင့္ဟန္ တံတားအနီးတြင္ အမ်ိဳးသမီး(၂)ဦး ေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။
စစ္ကိုင္းတိုင္း၊ တမူးၿမိဳ႕၊ ၿမိဳ႕မ(၁၂-ခ) ရပ္ကြက္တြင္ ေနထိုင္သူမ်ားျဖစ္သည့္ ေဒၚခင္ေဌးဝင္းႏွင့္ ၎၏သမီးျဖစ္သူ ေဒၚသန္းသန္းဝင္းတို႔(၂)ဦးသည္ အင္ဒိုေက်း႐ြာသို႔ ဆိုင္ကယ္ျဖင့္သြားစဥ္ အခင္းျဖစ္ရာေနရာအေရာက္တြင္ အၾကမ္းဖက္သမားမ်ားက ေသနတ္၊ ဓားမ်ားျဖင့္ ဝိုင္းဝန္းပစ္ခတ္ ထိုးခုတ္ခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕မွ ေျပာသည္။
ေသနတ္မ်ား၊ ဓားမ်ားျဖင့္ ပစ္ခတ္ထိုးခုတ္ခံရမႈေၾကာင့္ ေဒၚခင္ေဌးဝင္းတြင္ နဖူးညိဳမဲဒဏ္ရာ၊ ေမးေစ့ျပတ္ရွဒဏ္ရာ၊ ပခုံးေပါက္ၿပဲဒဏ္ရာ၊ က်ည္ေဖာက္ဝင္ဒဏ္ရာ(၂)ခ်က္ျဖင့္လည္း ေကာင္း၊ ၎၏သမီးျဖစ္သူတြင္ နံေဘးမွက်ည္ေဖာက္ဝင္ ဒဏ္ရာ၊ မ်က္ႏွာျပတ္ရွဒဏ္ရာ၊ ရင္ဘတ္၌ ထိုးသြင္းဒဏ္ရာ(၁ဝ)ခ်က္တို႔ျဖင့္ အသီးသီးေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။
အလားတူ ညေန(၄)နာရီအခ်ိန္တြင္ ေ႐ႊဘိုၿမိဳ႕နယ္၊ ခ်ီပါ(ေတာင္)ေက်း႐ြာတြင္ ေနထိုင္သူ ဦးညိဳႀကီးသည္ ခ်ီပါ(ေတာင္) ေက်း႐ြာႏွင့္ ေျမာက္႐ြာၾကားရွိ ေဘာလုံးကြင္း၌ က်င္းပသည့္ မဂၤလာေဆာင္တြင္ ထမင္းခ်က္ေပးေနစဥ္ အၾကမ္းဖက္သမား (၄)ဦးက ဆိုင္ကယ္(၂)စီးျဖင့္ ေရာက္ရွိလာၿပီး ေသနတ္ျဖင့္ ပစ္ခတ္ထြက္ေျပးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။
ေသနတ္ျဖင့္ပစ္ခတ္ခံရမႈေၾကာင့္ ဦးညိဳႀကီးသည္ နားထင္၊ လည္ပင္းႏွင့္ လက္ေမာင္းတို႔တြင္ က်ည္ထိမွန္ဒဏ္ရာ(၃)ခ်က္ ရရွိခဲ့ၿပီး အခင္းျဖစ္ရာေနရာတြင္ ေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွသိရသည္။
ထို႔ျပင္ ည(၈)နာရီခြဲအခ်ိန္တြင္ စစ္ကိုင္းၿမိဳ႕နယ္၊ သဇင္ေက်း႐ြာ၌ ေနထိုင္ၾကသည့္ ဦးတိုး႐ႊင္၊ ၎၏သားျဖစ္သူ ဦးသိန္းမင္းဦး၊ ဦးသိန္းမင္းဦး၏ ဇနီးျဖစ္သူ ေဒၚႏိုင္ႏိုင္ေမာ္၊ ဦးဝင္းကို၊ ၎၏ဇနီးျဖစ္သူ ေဒၚေငြခင္၊ ဦးဝင္းကို၏ သမီးႏွင့္ သားမက္မ်ားျဖစ္သည့္ မနန္းျမတ္ႏြယ္ႏွင့္ ကိုသန္းႏိုင္ေဌးတို႔ (၇)ဦးအား ၎တို႔၏ေနအိမ္မ်ားမွ အၾကမ္းဖက္သမား(၂ဝ)ခန႔္က လာ ေရာက္ဖမ္းဆီးသြားေၾကာင္း သိရသည္။
ထို႔ေနာက္ ၎တို႔အား အၾကမ္းဖက္သမားမ်ားက သဇင္ေက်း႐ြာ၏ အေရွ႕ဘက္ ေတာအုပ္အတြင္းသို႔ ဖမ္းဆီးေခၚေဆာင္သြားၿပီး “သတင္းေပး၊ ဒလန္” မ်ားဟု စြပ္စြဲ၍ သတ္ျဖတ္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။