ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင် ဈေးထွက်ဝယ်သည့်လင်မယား(၂)ဦး သေနတ်ဖြင့်အပစ်ခံခဲ့ရပြီး အမျိုးသားဖြစ်သူသေဆုံး

 1377

NP News - အောက်တိုဘာ ၂၃

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင် ဈေးထွက်ဝယ်သည့်လင်မယား(၂)ဦး သေနတ်ဖြင့်အပစ်ခံခဲ့ရပြီး အမျိုးသားဖြစ်သူ သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ(၂၂)ရက် ၊ နံနက်(၁ဝ)နာရီအချိန်ခန့်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ (၃၂)ရပ်ကွက်ရှိ ဦးကြင်ဥဈေးအနီး၌ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆို သည်။

အဆိုပါဖြစ်စဉ်မှာ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ (၃၁)ရပ်ကွက်တွင်နေထိုင်သူ ဦးအောင်ပြည့်ဖြိုး(၄၁)နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်အေမီလှိုင်(၃၄)နှစ်တို့သည် “ဦးကြင်ဥဈေး”သို့ ဈေးဝယ်ရန်ထွက်လာချိန် ဈေးအနီးသို့အရောက်တွင် ၎င်းတို့၏ အနောက်မှ ဆိုင်ကယ်ဖြင့်လိုက်လာသည့် အကြမ်းဖက်သမား(၂)ဦးက သေနတ်ဖြင့်ပစ်ခတ်ထွက် ပြေးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးအောင်ပြည့်ဖြိုးသည် နဖူးကျည်ဖောက်ဝင်ဒဏ် ရာ(၁)ချက်၊ နောက်ကျောကျည်ဖောက်ဝင်ဒဏ်ရာ(၂)ချက်တို့ဖြင့် အခင်းဖြစ်ရာနေ ရာတွင် သေဆုံးခဲ့ပြီး ဒေါ်အေမီလှိုင်တွင် ဝမ်းဗိုက်နှင့် ပေါင်တို့တွင် ကျည်ဖောက် ဝင်ဒဏ်ရာ(၂)ချက် ရရှိခဲ့သဖြင့် ဆေးကုသရန် တပ်မတော်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ထို့ပြင် အခင်းဖြစ်ရာနေရာအနီးမှ NRC 9 MM LUGER ကျည်ခွံ(၄)ခု သိမ်းဆည်းရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

အလားတူ နံနက်(၄)နာရီခွဲအချိန်ခန့်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဒေါနခြံရပ်ကွက်ရှိ ကန်သာယာဈေးတွင် အမျိုးသမီးတစ်ဦးအား အကြမ်းဖက်သမာများက သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆက်လက်ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ မုံရွာမြို့၊ ကော်ရဗျကျေးရွာတွင် နေထိုင်သူ ဒေါ်နွဲ့ရီ(၄၁)နှစ်သည် ကန်သာယာဈေးတွင် ဈေးဝယ်နေစဉ် အကြမ်းဖက်သမား(၂)ဦးက ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။

ပစ်ခတ်ခံရမှုကြောင့် ဒေါ်နွဲ့ရီသည် ဦးခေါင်းနောက်စေ့ကျည်ထိမှန်ဒဏ်ရာတစ်ချက် ရရှိကာ အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။

အထက်ပါဖြစ်စဉ်များတွင် လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)တြင္ ေဈးထြက္ဝယ္သည့္လင္မယား(၂)ဦး ေသနတ္ျဖင့္အပစ္ခံခဲ့ရၿပီး အမ်ိဳးသားျဖစ္သူေသဆုံး
NP News - ေအာက္တိုဘာ ၂၃

ရန္ကုန္ၿမိဳ႕၊ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)တြင္ ေဈးထြက္ဝယ္သည့္လင္မယား(၂)ဦး ေသနတ္ျဖင့္အပစ္ခံခဲ့ရၿပီး အမ်ိဳးသားျဖစ္သူ ေသဆုံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ေအာက္တိုဘာလ(၂၂)ရက္ ၊ နံနက္(၁ဝ)နာရီအခ်ိန္ခန႔္တြင္ ဒဂုံၿမိဳ႕သစ္ (ေျမာက္ပိုင္း)၊ (၃၂)ရပ္ကြက္ရွိ ဦးၾကင္ဥေဈးအနီး၌ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆို သည္။

အဆိုပါျဖစ္စဥ္မွာ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)၊ (၃၁)ရပ္ကြက္တြင္ေနထိုင္သူ ဦးေအာင္ျပည့္ၿဖိဳး(၄၁)ႏွစ္ႏွင့္ ဇနီးျဖစ္သူ ေဒၚေအမီလႈိင္(၃၄)ႏွစ္တို႔သည္ “ဦးၾကင္ဥေဈး”သို႔ ေဈးဝယ္ရန္ထြက္လာခ်ိန္ ေဈးအနီးသို႔အေရာက္တြင္ ၎တို႔၏ အေနာက္မွ ဆိုင္ကယ္ျဖင့္လိုက္လာသည့္ အၾကမ္းဖက္သမား(၂)ဦးက ေသနတ္ျဖင့္ပစ္ခတ္ထြက္ ေျပးခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။

ေသနတ္ျဖင့္ပစ္ခတ္ခံရမႈေၾကာင့္ ဦးေအာင္ျပည့္ၿဖိဳးသည္ နဖူးက်ည္ေဖာက္ဝင္ဒဏ္ ရာ(၁)ခ်က္၊ ေနာက္ေက်ာက်ည္ေဖာက္ဝင္ဒဏ္ရာ(၂)ခ်က္တို႔ျဖင့္ အခင္းျဖစ္ရာေန ရာတြင္ ေသဆုံးခဲ့ၿပီး ေဒၚေအမီလႈိင္တြင္ ဝမ္းဗိုက္ႏွင့္ ေပါင္တို႔တြင္ က်ည္ေဖာက္ ဝင္ဒဏ္ရာ(၂)ခ်က္ ရရွိခဲ့သျဖင့္ ေဆးကုသရန္ တပ္မေတာ္ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွသိရသည္။

ထို႔ျပင္ အခင္းျဖစ္ရာေနရာအနီးမွ NRC 9 MM LUGER က်ည္ခြံ(၄)ခု သိမ္းဆည္းရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

အလားတူ နံနက္(၄)နာရီခြဲအခ်ိန္ခန႔္တြင္ စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕၊ ေဒါနၿခံရပ္ကြက္ရွိ ကန္သာယာေဈးတြင္ အမ်ိဳးသမီးတစ္ဦးအား အၾကမ္းဖက္သမာမ်ားက ေသနတ္ျဖင့္ပစ္ခတ္ထြက္ေျပးသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆက္လက္ထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ မုံ႐ြာၿမိဳ႕၊ ေကာ္ရဗ်ေက်း႐ြာတြင္ ေနထိုင္သူ ေဒၚႏြဲ႕ရီ(၄၁)ႏွစ္သည္ ကန္သာယာေဈးတြင္ ေဈးဝယ္ေနစဥ္ အၾကမ္းဖက္သမား(၂)ဦးက ဆိုင္ကယ္ျဖင့္ေရာက္ရွိလာၿပီး ေသနတ္ျဖင့္ ပစ္ခတ္ထြက္ေျပးသြားေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။

ပစ္ခတ္ခံရမႈေၾကာင့္ ေဒၚႏြဲ႕ရီသည္ ဦးေခါင္းေနာက္ေစ့က်ည္ထိမွန္ဒဏ္ရာတစ္ခ်က္ ရရွိကာ အခင္းျဖစ္ရာေနရာတြင္ ေသဆုံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွသိရသည္။

အထက္ပါျဖစ္စဥ္မ်ားတြင္ လုပ္ႀကံသတ္ျဖတ္မႈက်ဴးလြန္ခဲ့သည့္ အၾကမ္းဖက္သမားမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အျပစ္ေပးအေရးယူႏိုင္ရန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

© 2021. All rights reserved.